International

ဆဘစ်ဇာကို မန်ယူနိုက်တက်ရဲ့ ဖရီးကစ်ကန်သွင်းသူအဖြစ် သတ်မှတ်စေချင်နေတဲ့ ပရိသတ်များ

မာဆယ် ဆဘစ်ဇာဟာ အဇာဘိုင်ဂျန်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်မှာ ဩစတြီးယားအတွက် အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘော သွင်းဂိုးအပါအဝင် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ၆ လအငှားနဲ့ လာကစားနေတဲ့ အသက် ၂၉ နှစ်အရွယ် ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမားက ကာစီမီရို မပါဝင်နိုင်မှုကြောင့် အားနည်းနေတဲ့ ကွင်းလယ်ကို ကျားကန်ပေးထားခဲ့သူ ဖြစ်ပါတယ်။

ဆဘစ်ဇာဟာ အဲရစ် တန်ဟက်ရဲ့ ကွင်းလယ်အတွက် ပါဝင်ကစားခွင့်ရတဲ့အချိန်တိုင်း အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသနေခဲ့သူဖြစ်ပြီး ဩစတြီးယားက အဇာဘိုင်ဂျန်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ သောကြာနေ့ညမှာလည်း ပုံစံကောင်း ဆက်လက် ပြသခဲ့တာ ဖြစ်ပါတယ်။

အုပ်စု F ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် နည်းပြ ရန်းနစ်ရဲ့အသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီးနောက် လိုက်ပ်ဇစ်ကြယ်ပွင့်ဟောင်းဟာ ပွဲကစားချိန် ၂၇ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ မိုက်ကယ် ဂရီဂိုရစ်ချ်က ဩစတြီးယားအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားက တတိယမြောက်သွင်းဂိုးကို ဒုတိယပိုင်းမှာရခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ အံ့အားသင့်ဖွယ် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

“မာဆယ် ဆဘစ်ဇာက တည်ကန်ဘော အထူးကျွမ်းကျင်သူဆိုတာ ဘယ်သူမှလည်း ငါတို့ကို မပြောခဲ့ကြဘူး”လို့ ပရိသတ်တစ်ဦးက ဩစတြီးယားကွင်းလယ်ကြယ်ပွင့်ရဲ့ အလွတ်တည်ကန်ဘော ကျွမ်းကျင်မှုကို အံ့အားသင့်ခဲ့တဲ့ ပုံစံနဲ့ ပြောကြားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဆဘစ်ဇာ အလွတ်တည်ကန်ဘောမှာ ဘာလုပ်ခဲ့လဲဆိုတာ မြင်ခဲ့မယ်လို့ မျှော်လင့်မိပါတယ် တန်ဟက်။ ကျေးဇူးပြုပြီး သူ့ကို အလွတ်တည်ကန်ဘောမှာ ပိုလေ့ကျင့်နိုင်အောင် ကူညီပေးပြီး အသင်းရဲ့ အလွတ်တည်ကန်ဘော ကန်သွင်းသူအဖြစ် သတ်မှတ်ပေးပါလား”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မာဆယ္ ဆဘစ္ဇာဟာ အဇာဘိုင္ဂ်န္နဲ႔ ကစားခဲ့တဲ့ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲစဥ္မွာ ဩစႀတီးယားအတြက္ အံ့အားသင့္ဖြယ္ အလြတ္တည္ကန္ေဘာ သြင္းဂိုးအပါအဝင္ ၂ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကို ၆ လအငွားနဲ႔ လာကစားေနတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ကစားသမားက ကာစီမီ႐ို မပါဝင္ႏိုင္မႈေၾကာင့္ အားနည္းေနတဲ့ ကြင္းလယ္ကို က်ားကန္ေပးထားခဲ့သူ ျဖစ္ပါတယ္။

ဆဘစ္ဇာဟာ အဲရစ္ တန္ဟက္ရဲ႕ ကြင္းလယ္အတြက္ ပါဝင္ကစားခြင့္ရတဲ့အခ်ိန္တိုင္း အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ ျပသေနခဲ့သူျဖစ္ၿပီး ဩစႀတီးယားက အဇာဘိုင္ဂ်န္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ေသာၾကာေန႔ညမွာလည္း ပုံစံေကာင္း ဆက္လက္ ျပသခဲ့တာ ျဖစ္ပါတယ္။

အုပ္စု F ယူ႐ို ၂၀၂၄ ေျခစစ္ပြဲအတြက္ နည္းျပ ရန္းနစ္ရဲ႕အသင္းအတြက္ အသင္းေခါင္းေဆာင္အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရၿပီးေနာက္ လိုက္ပ္ဇစ္ၾကယ္ပြင့္ေဟာင္းဟာ ပြဲကစားခ်ိန္ ၂၇ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ မိုက္ကယ္ ဂရီဂိုရစ္ခ်္က ဩစႀတီးယားအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားက တတိယေျမာက္သြင္းဂိုးကို ဒုတိယပိုင္းမွာရခဲ့တဲ့ အလြတ္တည္ကန္ေဘာကေန အံ့အားသင့္ဖြယ္ သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

“မာဆယ္ ဆဘစ္ဇာက တည္ကန္ေဘာ အထူးကြၽမ္းက်င္သူဆိုတာ ဘယ္သူမွလည္း ငါတို႔ကို မေျပာခဲ့ၾကဘူး”လို႔ ပရိသတ္တစ္ဦးက ဩစႀတီးယားကြင္းလယ္ၾကယ္ပြင့္ရဲ႕ အလြတ္တည္ကန္ေဘာ ကြၽမ္းက်င္မႈကို အံ့အားသင့္ခဲ့တဲ့ ပုံစံနဲ႔ ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဆဘစ္ဇာ အလြတ္တည္ကန္ေဘာမွာ ဘာလုပ္ခဲ့လဲဆိုတာ ျမင္ခဲ့မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ တန္ဟက္။ ေက်းဇူးျပဳၿပီး သူ႔ကို အလြတ္တည္ကန္ေဘာမွာ ပိုေလ့က်င့္ႏိုင္ေအာင္ ကူညီေပးၿပီး အသင္းရဲ႕ အလြတ္တည္ကန္ေဘာ ကန္သြင္းသူအျဖစ္ သတ္မွတ္ေပးပါလား”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.