UCL&UEL

ဆီမီးတက်မယ့် ၄ သင်းကို ဟောကိန်းထုတ်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က သောကြာနေ့ ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲအပြီးမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ့်အသင်းတွေက ဘယ်အသင်းတွေလဲဆိုတာကို ဟောကိန်းထုတ်ခဲ့ပါတယ်။

ဥရောပထိပ်တန်းပြိုင်ပွဲထဲမှာ ကျန်ရှိနေသေးတဲ့အသင်း ၈ သင်းဟာ ၎င်းတို့ရဲ့ ကံကြမ္မာကို သောကြာနေ့ညနေမှာ သိရှိခဲ့ရတာဖြစ်ပြီး လက်ရှိချန်ပီယံတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့နှစ် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အတိုင်း ချဲလ်ဆီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နာပိုလီက အေစီမီလန်နဲ့ အတူတူ ကျရောက်ခဲ့တာဖြစ်ပါတယ်။ နာပိုလီဟာ ယခုရာသီ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှာ အဆင့် ၄ နေရာက အေစီမီလန်နဲ့ ရမှတ် ၂၀ အကွာမှာ ရပ်တည်နေတာဖြစ်ပြီး အင်တာမီလန်အသင်းကတော့ ဘင်ဖီကာအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

“နောက်တဆင့်တက်မယ့်အသင်းတွေက ရီးရဲလ်၊ စီးတီး၊ အင်တာ၊ နာပိုလီ”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ၎င်းရဲ့ ဟောကိန်းကို ရေးသားခဲ့ပြီး လက်ရှိ ကျန်ရှိနေတဲ့ ၈ သင်းထဲမှာ မန်ချက်စတာစီးတီး၊ နာပိုလီ၊ ဘင်ဖီကာတို့ ၃ သင်းသာ ချန်ပီယံလိဂ်ဖလားကို တစ်ခါမှ မရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ နာပိုလီကလည်း ယခုရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်မယ့် အသင်းဖြစ်တယ်လို့ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာရဲ့ အားပေးထောက်ခံမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

“နာပိုလီကစားတာ ကြည့်ရတာက တကယ်ကို စိတ်ပျော်ရွှင်စရာပါ။ သူတို့တွေက ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးကစားပုံမျိုးကို ကစားနေတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဒီရာသီ ချန်ပီယံလိဂ်မှာ သူတို့တွေ အနိုင်ရမယ့်ဘက်ကကနေ အရမ်းကို ရှားရှားပါးပါး လောင်းကြေးထပ်ခဲ့တာပါ“လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ေသာၾကာေန႔ ကြာတားဖိုင္နယ္အဆင့္ မဲခြဲပြဲအၿပီးမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မယ့္အသင္းေတြက ဘယ္အသင္းေတြလဲဆိုတာကို ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဥေရာပထိပ္တန္းၿပိဳင္ပြဲထဲမွာ က်န္ရွိေနေသးတဲ့အသင္း ၈ သင္းဟာ ၎တို႔ရဲ႕ ကံၾကမၼာကို ေသာၾကာေန႔ညေနမွာ သိရွိခဲ့ရတာျဖစ္ၿပီး လက္ရွိခ်န္ပီယံေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္က ၿပီးခဲ့တဲ့ႏွစ္ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္အတိုင္း ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းကလည္း မန္ခ်က္စတာစီးတီးအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး နာပိုလီက ေအစီမီလန္နဲ႔ အတူတူ က်ေရာက္ခဲ့တာျဖစ္ပါတယ္။ နာပိုလီဟာ ယခုရာသီ စီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးမွာ အဆင့္ ၄ ေနရာက ေအစီမီလန္နဲ႔ ရမွတ္ ၂၀ အကြာမွာ ရပ္တည္ေနတာျဖစ္ၿပီး အင္တာမီလန္အသင္းကေတာ့ ဘင္ဖီကာအသင္းနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

“ေနာက္တဆင့္တက္မယ့္အသင္းေတြက ရီးရဲလ္၊ စီးတီး၊ အင္တာ၊ နာပိုလီ”လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ၎ရဲ႕ ေဟာကိန္းကို ေရးသားခဲ့ၿပီး လက္ရွိ က်န္ရွိေနတဲ့ ၈ သင္းထဲမွာ မန္ခ်က္စတာစီးတီး၊ နာပိုလီ၊ ဘင္ဖီကာတို႔ ၃ သင္းသာ ခ်န္ပီယံလိဂ္ဖလားကို တစ္ခါမွ မရရွိခဲ့ဖူးတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ဗိုလ္စြဲဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့ေပမယ့္လည္း ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအသင္းကို ရႈံးနိမ့္သြားခဲ့တာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ နာပိုလီကလည္း ယခုရာသီမွာ ခ်န္ပီယံလိဂ္ဖလားကို ရယူသြားႏိုင္မယ့္ အသင္းျဖစ္တယ္လို႔ အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဂယ္ရီ လိုင္နီကာရဲ႕ အားေပးေထာက္ခံမႈကို ခံခဲ့ရတာျဖစ္ပါတယ္။

“နာပိုလီကစားတာ ၾကည့္ရတာက တကယ္ကို စိတ္ေပ်ာ္႐ႊင္စရာပါ။ သူတို႔ေတြက ဒီလို စိတ္လႈပ္ရွားစရာေကာင္းတဲ့ ေဘာလုံးကစားပုံမ်ိဳးကို ကစားေနတယ္။ လြန္ခဲ့တဲ့ လအနည္းငယ္ကတည္းက ဒီရာသီ ခ်န္ပီယံလိဂ္မွာ သူတို႔ေတြ အႏိုင္ရမယ့္ဘက္ကကေန အရမ္းကို ရွားရွားပါးပါး ေလာင္းေၾကးထပ္ခဲ့တာပါ“လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.