Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၃၀.၉.၂၀၂၀

– လီဗာပူးလ္အသင္းရဲ႕ အေျပာင္းအေရႊ႕လုပ္ေဆာင္မွဳေတြကေတာ့ မၿပီးေသးဘဲ ခံစစ္ကစားသမားေကာင္းတစ္ဦးေလာက္ ရႏိုင္ေသးရင္ ေခၚယူသြားဖို႔ စဥ္းစားေနသလို ဂ႐ူယစ္ခ်္၊ ဘ႐ူးစတားနဲ႔ ဝီလ္ဆန္တုိ႔ကို ေရာင္းခ်ၿပီး ေပါင္သန္း ၆၀ ေလာက္ ရွာေဖြသြားလိုေန။

– ဂ်ဳိတာကို ဂိုးမသြင္းနဲ႔လုိ႔ ထိန္းခ်ဳပ္ဖို႔ ခက္ခဲမယ္လို႔ လီဗာပူးလ္အသင္းရဲ႕ လက္ေထာက္နည္းျပက ေျပာလုိက္ၿပီး တုိက္စစ္ပုိင္းမွာ လက္ရွိ ေရွ႕တန္းလူသုံးဦးနဲ႔ တူညီတဲ့ နည္းစနစ္ပုိင္း ေက်ညက္ကၽြမ္းက်င္မွဳရွိသူမ်ဳိးလို႔ ခ်ီးက်ဴး။

– လီဗာပူးလ္ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ ၿပဳိင္ဘက္အသင္းေတြအတြက္ေတာ့ ႀကီးမားတဲ့ ၿခိမ္းေျခာက္မွဳတစ္ခု ျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲမွာ တစ္ဂိုးနဲ႔ ဖန္တီးမွဳ ႏွစ္ႀကိမ္ မွတ္တမ္းဝင္ႏုိင္ခဲ့သင့္တယ္လို႔ အလန္ ရွီးရားသုံးသပ္။

– လီဗာပူးလ္အသင္းက ေစာင့္ၾကည့္ေနတယ္လုိ႔ ယူဆရတဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီဟာ အသင္းကို ေရာက္ရွိလာရင္ ဖာဒီနန္နဲ႔ ဗီဒစ္အတြဲလိုမ်ဳိး ဗန္ဒိုက္နဲ႔အတူ ပရီးမီးယားလိဂ္မွာ ေျပာစမွတ္တြင္ရမယ့္သူေတြ ျဖစ္လာမယ္လို႔ တုိက္စစ္မွဴးေဟာင္း စတန္ ေကာ္လီမိုး ခန္႔မွန္း။

– ကိုဗစ္-၁၉ ဗုိင္းရပ္စ္ ကူးစက္ျခင္း ခံထားရတဲ့ ကြင္းလယ္လူသစ္ သီယာဂို အယ္လ္ကန္တာရာအေနနဲ႔ အိမ္မွာ ၁၀ ရက္ ခြဲျခားခံထားရမွာ ျဖစ္ၿပီး အသင္းရဲ႕ ပြဲစဥ္ေတြကိုေတာ့ ႏွစ္ပတ္ကေန သုံးပတ္အထိ လြဲေခ်ာ္ႏိုင္တယ္လုိ႔ ခန္႔မွန္းထား။

– လင္ကြန္းစီးတီးနဲ႔ အေဝးကြင္းပြဲစဥ္မွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ နီကို ဝီလီယမ္စ္နဲ႔ ခ်ာဒန္ ရွာက်ီရီတုိ႔ဟာ အာဆင္နယ္နဲ႔ ကာရာေဘာင္းဖလား ပြဲစဥ္မွာလည္း ပြဲထြက္ၿပီး ထပ္မံေျခစြမ္းျပႏိုင္မယ္လို႔ ယုံၾကည္ေနေၾကာင္း လက္ေထာက္နည္းျပ လိန္ဒါစ္ ေျပာၾကား။

HENDO

– လာမယ့္တစ္ပတ္ စေန၊ တနဂၤေႏြေလာက္မွာ အသင္းေခါင္းေဆာင္ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္အေနနဲ႔ ႀကံ့ခုိင္မွဳ ျပည့္ဝလာမယ္လို႔ သိရၿပီး တနလၤာေန႔ညမွာ ကစားမယ့္ အက္စ္တန္ဗီလာနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္မွာ ပါဝင္ႏုိင္ဖို႔ ျဖစ္ႏိုင္မယ္လို႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေကတော့ မပြီးသေးဘဲ ခံစစ်ကစားသမားကောင်းတစ်ဦးလောက် ရနိုင်သေးရင် ခေါ်ယူသွားဖို့ စဉ်းစားနေသလို ဂရူယစ်ချ်၊ ဘရူးစတားနဲ့ ဝီလ်ဆန်တို့ကို ရောင်းချပြီး ပေါင်သန်း ၆၀ လောက် ရှာဖွေသွားလိုနေ။

– ဂျိုတာကို ဂိုးမသွင်းနဲ့လို့ ထိန်းချုပ်ဖို့ ခက်ခဲမယ်လို့ လီဗာပူးလ်အသင်းရဲ့ လက်ထောက်နည်းပြက ပြောလိုက်ပြီး တိုက်စစ်ပိုင်းမှာ လက်ရှိ ရှေ့တန်းလူသုံးဦးနဲ့ တူညီတဲ့ နည်းစနစ်ပိုင်း ကျေညက်ကျွမ်းကျင်မှုရှိသူမျိုးလို့ ချီးကျူး။

– လီဗာပူးလ်ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ ပြိုင်ဘက်အသင်းတွေအတွက်တော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပြီး အာဆင်နယ်နဲ့ပွဲမှာ တစ်ဂိုးနဲ့ ဖန်တီးမှု နှစ်ကြိမ် မှတ်တမ်းဝင်နိုင်ခဲ့သင့်တယ်လို့ အလန် ရှီးရားသုံးသပ်။

– လီဗာပူးလ်အသင်းက စောင့်ကြည့်နေတယ်လို့ ယူဆရတဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီဟာ အသင်းကို ရောက်ရှိလာရင် ဖာဒီနန်နဲ့ ဗီဒစ်အတွဲလိုမျိုး ဗန်ဒိုက်နဲ့အတူ ပရီးမီးယားလိဂ်မှာ ပြောစမှတ်တွင်ရမယ့်သူတွေ ဖြစ်လာမယ်လို့ တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုး ခန့်မှန်း။

– ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတဲ့ ကွင်းလယ်လူသစ် သီယာဂို အယ်လ်ကန်တာရာအနေနဲ့ အိမ်မှာ ၁၀ ရက် ခွဲခြားခံထားရမှာ ဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေကိုတော့ နှစ်ပတ်ကနေ သုံးပတ်အထိ လွဲချော်နိုင်တယ်လို့ ခန့်မှန်းထား။

– လင်ကွန်းစီးတီးနဲ့ အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ နီကို ဝီလီယမ်စ်နဲ့ ချာဒန် ရှာကျီရီတို့ဟာ အာဆင်နယ်နဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာလည်း ပွဲထွက်ပြီး ထပ်မံခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေကြောင်း လက်ထောက်နည်းပြ လိန်ဒါစ် ပြောကြား။

– လာမယ့်တစ်ပတ် စနေ၊ တနင်္ဂနွေလောက်မှာ အသင်းခေါင်းဆောင်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝလာမယ်လို့ သိရပြီး တနင်္လာနေ့ညမှာ ကစားမယ့် အက်စ်တန်ဗီလာနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ဖြစ်နိုင်မယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.