– လက္စတာစီးတီးအသင္းအေနနဲ႔ စိန္႔အက္တီယန္ေနာက္ခံလူ ဝက္စ္လီ ဖိုဖာနာအတြက္ သေဘာတူညီမွဳ ရယူႏုိင္ခဲ့ၿပီျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ယူ႐ို ၃၅ သန္း+ခံစားခြင့္ ယူ႐ို ၅ သန္းနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေန။
– ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား မီခ်ဲလ္ ကီဇြန္႔စ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေခၚယူဖို႔ လိဒ္စ္ယူႏုိက္တက္အသင္း သေဘာတူညီႏုိင္ခဲ့ၿပီျဖစ္ၿပီး ဒီေန႔မွာ ေဆးစစ္ဖို႔ အဂၤလန္ကို ေရာက္လာဖြယ္ရွိေန။
– ၿပီးခဲ့တဲ့ ရာသီ ဒုတိယပုိင္းမွာမွ ခ်ဲလ္ဆီးအသင္းကေန ေျပာင္းေရႊ႕ေၾကး ယူ႐ို ၃ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ညာေနာက္ခံလူ တာရစ္ခ္ လမ့္ပ္ေတကို ဘုိင္ယန္ျမဴးနစ္အသင္းက စိတ္ဝင္စားေနၿပီး ယူ႐ို ၁၅ သန္းေပးဖို႔ ကမ္းလွမ္းထားသလို ဘ႐ိုက္တန္ကေတာ့ သန္း ၂၀ ရမွ ေရာင္းခ်မယ္လုိ႔ဆုိ။
– ၂၀၁၈-၁၉ ရာသီမွာ အသင္းကို တစ္ရာသီအငွားနဲ႔ လာေရာက္ကစားခဲ့ဖူးတဲ့ ခ်ဲလ္ဆီးေနာက္ခံလူ ကတ္ဇူးမားကို ေခၚယူဖို႔ အဲဗာတန္အသင္း ႀကဳိးစားသြားဖြယ္ရွိေနၿပီး လန္ဒန္ကလပ္အေနနဲ႔ ေပါင္ ၃၆ သန္း ရရွိရင္ လက္လႊတ္မယ္လို႔ ဆုိထား။
– ဘန္ေလအသင္းရဲ႕ အဂၤလန္-ပိုလန္ကျပား ေနာက္ခံလူ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးကို ေခၚယူဖို႔ ခံစစ္မွဴးေတြ အင္အားျဖည့္တင္းရမယ့္ လက္စတာစီးတီးအသင္းက ေပါင္ ၃၇ သန္းနဲ႔ ကမ္းလွမ္းထားၿပီး သေဘာတူညီမွဳရဖို႔ နီးစပ္ေန။
– ခ်ဲလ္ဆီးအသင္းနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ပါဝင္လာျခင္းမရွိတဲ့ စပါးစ္အသင္းရဲ႕ အဂၤလန္ကြင္းလယ္လူ ဒယ္လီ အယ္လီအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ ႀကဳိးစားေနဆဲျဖစ္တယ္လို႔ သတင္းေတြ ေဖာ္ျပေန။
– ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့အၿပီးမွာ သုံးပြဲစလုံး ရွဳံးနိမ့္ထားခဲ့တဲ့ ဖူလ္ဟမ္အသင္းအေနနဲ႔ အသင္းရဲ႕ တုိက္စစ္ပုိင္းအတြင္း RB လုိက္ပ္ဇစ္ရဲ႕ အဲဗာတန္ကစားသမားေဟာင္း အဒီမိုလာ လြတ္ခ္မန္းကို အငွားေခၚယူဖို႔ ႀကဳိးစားေန။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE:
– လက်စတာစီးတီးအသင်းအနေနဲ့ စိန့်အက်တီယန်နောက်ခံလူ ဝက်စ်လီ ဖိုဖာနာအတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း+ခံစားခွင့် ယူရို ၅ သန်းနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေ။
– ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား မီချဲလ် ကီဇွန့်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ လိဒ်စ်ယူနိုက်တက်အသင်း သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး ဒီနေ့မှာ ဆေးစစ်ဖို့ အင်္ဂလန်ကို ရောက်လာဖွယ်ရှိနေ။
– ပြီးခဲ့တဲ့ ရာသီ ဒုတိယပိုင်းမှာမှ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၃ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ညာနောက်ခံလူ တာရစ်ခ် လမ့်ပ်တေကို ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားနေပြီး ယူရို ၁၅ သန်းပေးဖို့ ကမ်းလှမ်းထားသလို ဘရိုက်တန်ကတော့ သန်း ၂၀ ရမှ ရောင်းချမယ်လို့ဆို။
– ၂၀၁၈-၁၉ ရာသီမှာ အသင်းကို တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့ဖူးတဲ့ ချဲလ်ဆီးနောက်ခံလူ ကတ်ဇူးမားကို ခေါ်ယူဖို့ အဲဗာတန်အသင်း ကြိုးစားသွားဖွယ်ရှိနေပြီး လန်ဒန်ကလပ်အနေနဲ့ ပေါင် ၃၆ သန်း ရရှိရင် လက်လွှတ်မယ်လို့ ဆိုထား။
– ဘန်လေအသင်းရဲ့ အင်္ဂလန်-ပိုလန်ကပြား နောက်ခံလူ ဂျိမ်းစ် တာကော့ဗ်စကီးကို ခေါ်ယူဖို့ ခံစစ်မှူးတွေ အင်အားဖြည့်တင်းရမယ့် လက်စတာစီးတီးအသင်းက ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းထားပြီး သဘောတူညီမှုရဖို့ နီးစပ်နေ။
– ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင်လာခြင်းမရှိတဲ့ စပါးစ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဒယ်လီ အယ်လီအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ သတင်းတွေ ဖော်ပြနေ။
– ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့အပြီးမှာ သုံးပွဲစလုံး ရှုံးနိမ့်ထားခဲ့တဲ့ ဖူလ်ဟမ်အသင်းအနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွင်း RB လိုက်ပ်ဇစ်ရဲ့ အဲဗာတန်ကစားသမားဟောင်း အဒီမိုလာ လွတ်ခ်မန်းကို အငှားခေါ်ယူဖို့ ကြိုးစားနေ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.