Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၃၀.၉.၂၀၂၀

– ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိရဲ႕ ေအးဂ်င့္က သူ႕ရဲ႕ ကစားသမားဟာ အာဆင္နယ္နဲ႔ ပီအက္စ္ဂ်ီအသင္းေတြကို ေျပာင္းေရႊ႕ဖို႔ ခ်ိတ္ဆက္ေနတယ္ဆုိတဲ့ သတင္းေတြ မဟုတ္မွန္ေၾကာင္း ျငင္းဆုိသြား။

– အသင္းနဲ႔အတူ စပါးစ္ကို ရွဳံးနိမ့္ခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ပထမဆုံး ပြဲထြက္ကစားခြင့္ရခဲ့တဲ့ ဆီနီေဂါလက္ေရြးစင္ဂိုးသမား ေအဒူယာ မန္ဒီအေနနဲ႔ ပြဲတြင္းကစားပုံကို ခ်ီးက်ဴးခံခဲ့ရေပမယ့္ ပင္နယ္တီကာကြယ္မွဳပုိင္းကိုေတာ့ ႀကဳိးစားေလ့က်င့္ရဦးမယ္လို႔ ပရိသတ္ေတြ ေဝဖန္ေန။

– ဒက္ကလန္ ႐ိုက္စ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕လာရင္ အမ်ားႀကီး တုိးတက္လာဦးမယ္လို႔ ခန္႔မွန္းေနၾကၿပီး ကြင္းလယ္ခံစစ္နဲ႔ လိုအပ္ရင္ ဗဟိုေနာက္ခံလူေနရာေတြမွာ ကစားႏုိင္တဲ့ အဂၤလန္သားအေနနဲ႔ သီယာဂို ေဆးလ္ဗားဆီက သင္ယူႏုိင္မယ္လုိ႔ဆုိေနၾက။

– ခ်ဲလ္ဆီးအသင္းကို ပြဲခ်ိန္အတြင္းမွာ အႏုိင္မရေစဘဲ ပင္နယ္တီမွာ ရွဳံးနိမ့္ေစခဲ့တဲ့ ဂိုးကို ခြင့္ျပဳခဲ့ရမွဳမွာ ဘယ္ေနာက္ခံလူ အီမာဆန္အေနနဲ႔ လုံးလုံးတာဝန္ရွိၿပီး သူ႕ေနရာကိုသူ အခ်ိန္မီ ေနရာျပန္မယူခဲ့ဘူးလို႔ တုိက္စစ္မွဴးေဟာင္း ဂ်င္မီ-ဖလြဳိက္ ဟက္ဆယ္ဘိန္႔ခ္ ေဝဖန္။

– ၿပီးခဲ့တဲ့ ရာသီက ဘုိင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ၿပီးမွ ေဈးႏွဳန္းညႇိႏွဳိင္းမရတာေၾကာင့္ ပ်က္ျပယ္ခဲ့ရတဲ့ အဂၤလန္လူငယ္ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြဳိင္းအေနနဲ႔ ဂ်ာမန္အသင္းဆီ ေျပာင္းေရႊ႕ဖုိ႔ စိတ္ဝင္စားဆဲျဖစ္တယ္လို႔ လီရြဳိင္း ဆာေနးရဲ႕ ဒူးဒဏ္ရာရွိသြားခ်ိန္မွာ သတင္းထြက္ေပၚလာ။

– ခ်ဲလ္ဆီးအသင္းအတြက္ ပြဲဦးထြက္ကစားခဲ့တဲ့ ဂိုးသမား ေအဒူယာ မန္ဒီအေနနဲ႔ ကာကြယ္မွဳေကာင္းေတြ ျပဳလုပ္ႏုိင္ခဲ့သလို ေဘာလုံး ထြက္ၿပီး ဖမ္းယူမွဳေတြမွာလည္း ေကာင္းမြန္ေၾကာင္း နည္းျပ ဖရန္႔ လမ္းပတ္ ခ်ီးက်ဴးသြား။

– UEFA က ေရြးခ်ယ္တဲ့ ဥကၠဌရဲ႕ ဂုဏ္ထူးေဆာင္အထူးဆုကို ရန္ပုံေငြ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းလွဴဒါန္းမွဳေတြ ျပဳလုပ္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ အုိင္ဗရီကို႔စ္တုိက္စစ္မွဴးေဟာင္း ဒီဒီေယး ဒေရာ့ဘာက ရရွိသြားခဲ့ၿပီး ဥကၠဌ အလက္ဇန္းဒါ ဆက္ဖရင္က ခ်ီးက်ဴးစကားေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားဟာ အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတွေကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ငြင်းဆိုသွား။

– အသင်းနဲ့အတူ စပါးစ်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဆီနီဂေါလက်ရွေးစင်ဂိုးသမား အေဒူယာ မန်ဒီအနေနဲ့ ပွဲတွင်းကစားပုံကို ချီးကျူးခံခဲ့ရပေမယ့် ပင်နယ်တီကာကွယ်မှုပိုင်းကိုတော့ ကြိုးစားလေ့ကျင့်ရဦးမယ်လို့ ပရိသတ်တွေ ဝေဖန်နေ။

– ဒက်ကလန် ရိုက်စ်အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာရင် အများကြီး တိုးတက်လာဦးမယ်လို့ ခန့်မှန်းနေကြပြီး ကွင်းလယ်ခံစစ်နဲ့ လိုအပ်ရင် ဗဟိုနောက်ခံလူနေရာတွေမှာ ကစားနိုင်တဲ့ အင်္ဂလန်သားအနေနဲ့ သီယာဂို ဆေးလ်ဗားဆီက သင်ယူနိုင်မယ်လို့ဆိုနေကြ။

– ချဲလ်ဆီးအသင်းကို ပွဲချိန်အတွင်းမှာ အနိုင်မရစေဘဲ ပင်နယ်တီမှာ ရှုံးနိမ့်စေခဲ့တဲ့ ဂိုးကို ခွင့်ပြုခဲ့ရမှုမှာ ဘယ်နောက်ခံလူ အီမာဆန်အနေနဲ့ လုံးလုံးတာဝန်ရှိပြီး သူ့နေရာကိုသူ အချိန်မီ နေရာပြန်မယူခဲ့ဘူးလို့ တိုက်စစ်မှူးဟောင်း ဂျင်မီ-ဖလွိုက် ဟက်ဆယ်ဘိန့်ခ် ဝေဖန်။

– ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ပြီးမှ ဈေးနှုန်းညှိနှိုင်းမရတာကြောင့် ပျက်ပြယ်ခဲ့ရတဲ့ အင်္ဂလန်လူငယ် တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ ဂျာမန်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားဆဲဖြစ်တယ်လို့ လီရွိုင်း ဆာနေးရဲ့ ဒူးဒဏ်ရာရှိသွားချိန်မှာ သတင်းထွက်ပေါ်လာ။

– ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက်ကစားခဲ့တဲ့ ဂိုးသမား အေဒူယာ မန်ဒီအနေနဲ့ ကာကွယ်မှုကောင်းတွေ ပြုလုပ်နိုင်ခဲ့သလို ဘောလုံး ထွက်ပြီး ဖမ်းယူမှုတွေမှာလည်း ကောင်းမွန်ကြောင်း နည်းပြ ဖရန့် လမ်းပတ် ချီးကျူးသွား။

– UEFA က ရွေးချယ်တဲ့ ဥက္ကဌရဲ့ ဂုဏ်ထူးဆောင်အထူးဆုကို ရန်ပုံငွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးဟောင်း ဒီဒီယေး ဒရော့ဘာက ရရှိသွားခဲ့ပြီး ဥက္ကဌ အလက်ဇန်းဒါ ဆက်ဖရင်က ချီးကျူးစကားပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.