Premier League

ဟာလန်းရဲ့ဝန်ခံစကားကြောင့် ဘယ်လိုအရာနဲ့ရင်ဆိုင်နေရလဲဆိုတာ သိခဲ့ရတဲ့ အာဆင်နယ်

အာလင်း ဟာလန်းဟာ စနေနေ့က ခရစ္စတယ် ပဲလေ့စ်ကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းဖို့ စောင့်ဆိုင်းနေချိန်မှာ ဂိုးသွင်းပြီးရင် ဘယ်လိုအောင်ပွဲခံရမလဲဆိုတာကို စဉ်းစားနေခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးရဲ့ ထိပ်တန်းစိတ်ဓာတ်ပိုင်းဟာ အာဆင်နယ်အသင်းကို ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းရာမှာ ရင်ဆိုင်ရမယ့် တိုက်ပွဲကို အချိန်ကိုက် သတိပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဆဲလ်ဟတ်စ်ပါ့ခ်မှာ အာလင်း ဟာလန်းရဲ့ ဒုတိယပိုင်း ပွဲကစားချိန်ပြီးဆုံးခါနီး ၁၀ မိနစ်ဝန်းကျင်အလိုမှာ သွင်းယူခဲ့တဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယနေ့ညနေ ခရာဗင် ကော့တေ့ချ်မှာ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်မှုကို ရမှတ် ၅ မှတ် ပြန်လည်တိုးမြှင့်သွားနိုင်မယ့် အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ပွဲကစားချိန် အများစုကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း အဖွင့်ဂိုးသွင်းယူနိုင်ဖို့ ၇၈ မိနစ်မှာ ဂန်ဒိုဝမ်ကို မိုက်ကယ် အိုလစ်ဆေးက ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ပင်နယ်တီ ရရှိခဲ့ပြီး ဟာလန်း ဂိုးကန်သွင်းသွားတဲ့အချိန်အထိ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဟာလန်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၈ ဂိုးမြောက်ဖြစ်လာမယ့် သွင်းဂိုးကို သွင်းယူဖို့ ဘောလုံးကို ရယူခဲ့ပြီး ဗင်ဆန်တေး ဂွိုက်တာကို ဘက်မှားပြီး ဒိုင်ဗင်မပစ်ခိုင်းမီ အချိန်အနည်းငယ် ယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီး တိုက်စစ်မှူးဟာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် စီးတီးပရိသတ်တွေရှိရာဆီကို ပြေးသွားခဲ့ပြီး မြက်ခင်းပေါ်မှာ လျှောတိုက်အောင်ပွဲခံခဲ့ပြီး လက်တွေကို မြှောက်ထားခဲ့တာဖြစ်ပါတယ်။ ဟာလန်းရဲ့ အေးဆေးတည်ငြိမ်မှုက အဆင့်အတန်းသစ်တစ်ခုကို ရောက်ရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ မန်ချက်စတာစီးတီးတိုက်စစ်မှူးက ၎င်းအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တဲ့အချိန်မှာ ဘယ်လို တုံ့ပြန်မလဲဆိုတာကို စဉ်းစားထားပြီးသားဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ဂိုးထဲကို ဘောလုံးသွင်းလိုက်ရုံပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အောင်ပွဲခံမယ့်ပုံစံကို ဂိုးကန်သွင်းမှု မလုပ်ခင်မှာ စဉ်းစားခဲ့တာပါ။ ကျွန်တော် အောင်ပွဲခံရတာကို အများကြီး နှစ်သက်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးတဲ့နောက်မှာ ပြုံးပြီး ကင်မရာကို ငုံ့ကြည့်ခဲ့ပြီး အာဆင်နယ်အနေနဲ့ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကို အရင်တုန်းက မသိခဲ့ရင်တောင် အခုတော့ ကျိန်းသေပေါက် သိရှိသွားလောက်ပြီဖြစ်ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးလူစာရင်းထဲမှာ ဆုဖလားမရရှိဖူးသေးတဲ့ ကစားသမားအနည်းငယ်တွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းထဲကို ထိပ်တန်းစိတ်ဓာတ်ပိုင်းတွေ ယူဆောင်လာပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာလင္း ဟာလန္းဟာ စေနေန႔က ခရစၥတယ္ ပဲေလ့စ္ကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီ ကန္သြင္းဖို႔ ေစာင့္ဆိုင္းေနခ်ိန္မွာ ဂိုးသြင္းၿပီးရင္ ဘယ္လိုေအာင္ပြဲခံရမလဲဆိုတာကို စဥ္းစားေနခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ ထိပ္တန္းစိတ္ဓာတ္ပိုင္းဟာ အာဆင္နယ္အသင္းကို ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းရာမွာ ရင္ဆိုင္ရမယ့္ တိုက္ပြဲကို အခ်ိန္ကိုက္ သတိေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဆဲလ္ဟတ္စ္ပါ့ခ္မွာ အာလင္း ဟာလန္းရဲ႕ ဒုတိယပိုင္း ပြဲကစားခ်ိန္ၿပီးဆုံးခါနီး ၁၀ မိနစ္ဝန္းက်င္အလိုမွာ သြင္းယူခဲ့တဲ့ ပင္နယ္တီသြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္နဲ႔ ၂ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ယေန႔ညေန ခရာဗင္ ေကာ့ေတ့ခ်္မွာ ဖူလ္ဟမ္နဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲစဥ္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္မႈကို ရမွတ္ ၅ မွတ္ ျပန္လည္တိုးျမႇင့္သြားႏိုင္မယ့္ အခြင့္အေရး ရွိေနတာ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ပြဲကစားခ်ိန္ အမ်ားစုကို လႊမ္းမိုးထားႏိုင္ခဲ့ေပမယ့္လည္း အဖြင့္ဂိုးသြင္းယူႏိုင္ဖို႔ ၇၈ မိနစ္မွာ ဂန္ဒိုဝမ္ကို မိုက္ကယ္ အိုလစ္ေဆးက ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ပင္နယ္တီ ရရွိခဲ့ၿပီး ဟာလန္း ဂိုးကန္သြင္းသြားတဲ့အခ်ိန္အထိ ေစာင့္ဆိုင္းခဲ့ရတာျဖစ္ပါတယ္။ ဟာလန္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ သြင္းဂိုး ၂၈ ဂိုးေျမာက္ျဖစ္လာမယ့္ သြင္းဂိုးကို သြင္းယူဖို႔ ေဘာလုံးကို ရယူခဲ့ၿပီး ဗင္ဆန္ေတး ဂြိဳက္တာကို ဘက္မွားၿပီး ဒိုင္ဗင္မပစ္ခိုင္းမီ အခ်ိန္အနည္းငယ္ ယူခဲ့တာျဖစ္ပါတယ္။

မန္စီးတီး တိုက္စစ္မႉးဟာ ပင္နယ္တီကေန ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ စီးတီးပရိသတ္ေတြရွိရာဆီကို ေျပးသြားခဲ့ၿပီး ျမက္ခင္းေပၚမွာ ေလွ်ာတိုက္ေအာင္ပြဲခံခဲ့ၿပီး လက္ေတြကို ေျမႇာက္ထားခဲ့တာျဖစ္ပါတယ္။ ဟာလန္းရဲ႕ ေအးေဆးတည္ၿငိမ္မႈက အဆင့္အတန္းသစ္တစ္ခုကို ေရာက္ရွိခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ မန္ခ်က္စတာစီးတီးတိုက္စစ္မႉးက ၎အေနနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အခ်ိန္မွာ ဘယ္လို တုံ႔ျပန္မလဲဆိုတာကို စဥ္းစားထားၿပီးသားျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“ဂိုးထဲကို ေဘာလုံးသြင္းလိုက္႐ုံပဲ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္ ေအာင္ပြဲခံမယ့္ပုံစံကို ဂိုးကန္သြင္းမႈ မလုပ္ခင္မွာ စဥ္းစားခဲ့တာပါ။ ကြၽန္ေတာ္ ေအာင္ပြဲခံရတာကို အမ်ားႀကီး ႏွစ္သက္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၿပီးတဲ့ေနာက္မွာ ၿပဳံးၿပီး ကင္မရာကို ငုံ႔ၾကည့္ခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ဘယ္လိုၿပိဳင္ဘက္မ်ိဳးနဲ႔ ရင္ဆိုင္ေနရလဲဆိုတာကို အရင္တုန္းက မသိခဲ့ရင္ေတာင္ အခုေတာ့ က်ိန္းေသေပါက္ သိရွိသြားေလာက္ၿပီျဖစ္ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာစီးတီးလူစာရင္းထဲမွာ ဆုဖလားမရရွိဖူးေသးတဲ့ ကစားသမားအနည္းငယ္ေတြထဲက တစ္ဦးျဖစ္ေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းထဲကို ထိပ္တန္းစိတ္ဓာတ္ပိုင္းေတြ ယူေဆာင္လာေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.