Premier League

ဘက်တစ်နဲ့ပွဲက ဒဟေးယားလက်စွမ်းကို စိတ်ပျက်ခဲ့ကြတဲ့ ပရိသတ်များ

ဒေးဗစ် ဒဟေးယားဟာ ရီးရဲလ် ဘက်တစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားဆီကို ဘောလုံး တန်းတန်းမတ်မတ် ပေးခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရပါတယ်။

စပိန်ဂိုးသမားဟာ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ၇ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်ရဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ရီးရဲလ် ဘက်တစ်နဲ့ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် မယုံနိုင်လောက်အောင် မတည်ငြိမ်တဲ့လက်စွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။

ဒဟေးယားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့နှစ်တွေမှာ အကြိမ်ပေါင်းများစွာကယ်တင်ပေးခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ နောက်တန်းကနေ ဘောလုံး ပေးပို့မှု ပြုလုပ်ဖို့တောင် ကောင်းသင့်သလောက် မကောင်းမွန်တော့ဘူးဆိုတဲ့ ခံစားချက်တွေ ရှိနေတာဖြစ်ပါတယ်။

ဒဟေးယားရဲ့ ဘောလုံးဖြန့်ဝေပေးနိုင်စွမ်းဟာ ရီးရဲလ် ဘက်တစ်နဲ့ပွဲမှာ တော်တော်လေး ဆိုးရွားခဲ့ပြီး ဘောလုံးကို ပြိုင်ဘက်ကစားသမားဆီ တိုက်ရိုက် ပေးပို့မိခဲ့ပြီးနောက် ဒုတိယမြောက်ဂိုးကို လက်ဆောင်ပေးမိလုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။ ကံကောင်းသွားတာက ရီးရဲလ်ဘက်တစ်အသင်းရဲ့ ဂိုးကန်သွင်းချက်ဟာ လူထိ လမ်းကြောင်းပြောင်းပြီးနောက် တိုင်ထိထွက်သွားခဲ့တာဖြစ်ပြီး ဒီမတိုင်ကလည်း စပိန်ဂိုးသမားဟာ အကြိမ်ပေါင်းများစွာ အများတွေ ပြုလုပ်ခဲ့သေးတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းအစောပိုင်းက တစ်ချိန်မှာဆိုရင် ဒဟေးယားဟာ ဘောလုံးကို အဝေးဘောမကန်တင်ဘဲ လီဆန်ဒရို မာတီနက်ဇ်ကို ဘောလုံးပေးပို့ခဲ့တာကြောင့် အာဂျင်တီးနားနောက်ခံလူဟာ ကြီးမားတဲ့ ဖိအားတွေအောက်ကို ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်အချို့ကလည်း ဒဟေးယာအနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အဖွင့်ဂိုးကို ချေပခဲ့တဲ့ အယိုဇီ ပီးရက်ဇ်ရဲ့ ချေပဂိုးကို ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ခံစားခဲ့ပြီး ရီးရဲလ်ဘက်တစ်နဲ့ပွဲစဉ်က လက်စွမ်းဟာ စပိန်ဂိုးသမားအနေနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ဂိုးသမားတစ်ဦး မဟုတ်တော့ဘူးဆိုတာ ပြသခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

“ဒေးဗစ် ဒဟေးယားကို စာချုပ်သက်တမ်းတိုးလို့မရနိုင်တာ အစစ်အမှန်ပဲ။ အသင်းက သက်တမ်းတိုးချင်ရင်တောင်မှ ကျွန်တော်ကတော့ ငြင်းဆန်ပါတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “ဒဟေးယားကတော့ ပြီးသွားပြီ။ ထိပ်တန်းအဆင့်မှာ ကစားနေတဲ့ ကစားသမားတစ်ယောက်က ဘောလုံးပေးတာ ဒီလောက်အထိ ညံ့ဖျင်းနေတာမျိုး ခွင့်ပြုလို့မရပါဘူး”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒးဗစ္ ဒေဟးယားဟာ ရီးရဲလ္ ဘက္တစ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမားဆီကို ေဘာလုံး တန္းတန္းမတ္မတ္ ေပးခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕ ျပစ္တင္ႀကိမ္းေမာင္းျခင္းကို ခံခဲ့ရပါတယ္။

စပိန္ဂိုးသမားဟာ လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာ ၇ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္ရဲ႕ ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ရီးရဲလ္ ဘက္တစ္နဲ႔ပြဲမွာလည္း ေနာက္ထပ္တစ္ႀကိမ္ မယုံႏိုင္ေလာက္ေအာင္ မတည္ၿငိမ္တဲ့လက္စြမ္းကို ျပသခဲ့တာျဖစ္ပါတယ္။

ဒေဟးယားဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အႀကိမ္ေပါင္းမ်ားစြာကယ္တင္ေပးခဲ့ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ ေနာက္တန္းကေန ေဘာလုံး ေပးပို႔မႈ ျပဳလုပ္ဖို႔ေတာင္ ေကာင္းသင့္သေလာက္ မေကာင္းမြန္ေတာ့ဘူးဆိုတဲ့ ခံစားခ်က္ေတြ ရွိေနတာျဖစ္ပါတယ္။

ဒေဟးယားရဲ႕ ေဘာလုံးျဖန႔္ေဝေပးႏိုင္စြမ္းဟာ ရီးရဲလ္ ဘက္တစ္နဲ႔ပြဲမွာ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ၿပီး ေဘာလုံးကို ၿပိဳင္ဘက္ကစားသမားဆီ တိုက္႐ိုက္ ေပးပို႔မိခဲ့ၿပီးေနာက္ ဒုတိယေျမာက္ဂိုးကို လက္ေဆာင္ေပးမိလုနီးပါးျဖစ္ခဲ့တာျဖစ္ပါတယ္။ ကံေကာင္းသြားတာက ရီးရဲလ္ဘက္တစ္အသင္းရဲ႕ ဂိုးကန္သြင္းခ်က္ဟာ လူထိ လမ္းေၾကာင္းေျပာင္းၿပီးေနာက္ တိုင္ထိထြက္သြားခဲ့တာျဖစ္ၿပီး ဒီမတိုင္ကလည္း စပိန္ဂိုးသမားဟာ အႀကိမ္ေပါင္းမ်ားစြာ အမ်ားေတြ ျပဳလုပ္ခဲ့ေသးတာ ျဖစ္ပါတယ္။

ဒုတိယပိုင္းအေစာပိုင္းက တစ္ခ်ိန္မွာဆိုရင္ ဒေဟးယားဟာ ေဘာလုံးကို အေဝးေဘာမကန္တင္ဘဲ လီဆန္ဒ႐ို မာတီနက္ဇ္ကို ေဘာလုံးေပးပို႔ခဲ့တာေၾကာင့္ အာဂ်င္တီးနားေနာက္ခံလူဟာ ႀကီးမားတဲ့ ဖိအားေတြေအာက္ကို ေရာက္ရွိခဲ့ရတာ ျဖစ္ပါတယ္။

ပရိသတ္အခ်ိဳ႕ကလည္း ဒေဟးယာအေနနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ အဖြင့္ဂိုးကို ေခ်ပခဲ့တဲ့ အယိုဇီ ပီးရက္ဇ္ရဲ႕ ေခ်ပဂိုးကို ကာကြယ္ႏိုင္ခဲ့သင့္တယ္လို႔ ခံစားခဲ့ၿပီး ရီးရဲလ္ဘက္တစ္နဲ႔ပြဲစဥ္က လက္စြမ္းဟာ စပိန္ဂိုးသမားအေနနဲ႔ ကမာၻ႔ထိပ္တန္းအဆင့္ ဂိုးသမားတစ္ဦး မဟုတ္ေတာ့ဘူးဆိုတာ ျပသခဲ့ပုံေပၚခဲ့တာျဖစ္ပါတယ္။

“ေဒးဗစ္ ဒေဟးယားကို စာခ်ဳပ္သက္တမ္းတိုးလို႔မရႏိုင္တာ အစစ္အမွန္ပဲ။ အသင္းက သက္တမ္းတိုးခ်င္ရင္ေတာင္မွ ကြၽန္ေတာ္ကေတာ့ ျငင္းဆန္ပါတယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “ဒေဟးယားကေတာ့ ၿပီးသြားၿပီ။ ထိပ္တန္းအဆင့္မွာ ကစားေနတဲ့ ကစားသမားတစ္ေယာက္က ေဘာလုံးေပးတာ ဒီေလာက္အထိ ညံ့ဖ်င္းေနတာမ်ိဳး ခြင့္ျပဳလို႔မရပါဘူး”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.