Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု – ၂၉.၉.၂၀၂၀

– ဒီရက်ပိုင်းအတွင်းမှာ ဆေးစစ်ဖို့ ရောမမြေကို ယူနိုက်တက်ကွင်းလယ်လူ အန်းဒရိစ် ပါရဲရား ရောက်လာလိမ့်မယ်လို့ လာဇီယို အားကစားဒါရိုက်တာ အီဂလီ တာရီက ပြောလိုက်ပြီး နည်းပြ ဆီမိုနီ အင်ဇာဂီကလည်း အရည်အသွေးမြင့်ကစားသမားလို့ ချီးကျူးနေ။

– ပေါ်တိုဘက်ကို အဲလက်စ် တဲလက်စ်အတွက် ပေါင် ၁၂ သန်း ကနဦး ပေးချေသွားမယ့် ကမ်းလှမ်းမှုကို တရားဝင်လုပ်ဆောင်လိုက်ပြီလို့ ဂါးဒီးယန်းသတင်းဌာန ဖော်ပြခဲ့ပြီး ဒိုင်နမိုကိဗ်ရဲ့ မီကိုလန်ကို,ကိုလည်း အရန်သင့် ခေါ်ယူမှု ပြုလုပ်နိုင်ဖို့ ယူနိုက်တက် စောင့်ကြည့်နေ။

– ဂျေဒန် ဆန်ချိုအတွက် လက်လျှော့လိုက်တဲ့ အရိပ်လက္ခဏာဖြစ်တဲ့ ဝတ်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ဘက်က စုံစမ်းမှု ပြုလုပ်ခဲ့တယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြခဲ့ပြီး ပေါင်သန်း ၄၀ ပေးချေရနိုင်သလို အငှားခေါ်ယူခွင့်ရှိမှာ မဟုတ်ဘူးလို့ သိရ။

– ဒေါ့မွန်အသင်းရဲ့ မန်နေဂျာ မိုက်ကယ် ဇော့ခ်ကတော့ သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ ဂျေဒန် ဆန်ချိုနဲ့ ဒန်-အိတ်ဇယ် ဇာဂါဒူးတို့ဟာ အသင်းမှာ လေးရာသီမြောက်အဖြစ် ဆက်လက်ကစားသွားမှာဖြစ်တယ်လို့ ဆိုထား။

– ဘရူနို ဖာနန်ဒက်စ်ကို အိုးလ်ထရက်ဖို့ဒ်မှာ အသားကျဖို့ ကူညီပေးခဲ့သူတစ်ဦးဖြစ်တဲ့ လူငယ်နောက်ခံလူ ဒီယိုဂို ဒါလော့ကတော့ အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်ရနိုင်ချိန်မှာ အေစီမီလန်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထား။

– အသင်းရဲ့ ကစားသမားအရေအတွက်နဲ့ လစာငွေကို လျှော့ချနိုင်ရင် အကျိုးရှိမယ့် ယူနိုက်တက်အနေနဲ့ နောက်ခံလူ ခရစ္စ စမောလင်းအတွက် တစ်ကျော့ပြန် ဆွေးနွေးမှုတွေကို ရိုးမားအသင်းနဲ့ကြားမှာ ပြန်လည်စတင်နေပြီဖြစ်ပြီး ကစားသမားက တွန်းအားပေးနေ။

– မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ နာပိုလီတိုက်စစ်မှူး အာကေးဒီးယပ်ရှ် မီလစ်ခ်အတွက် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းက သူတို့ရဲ့ ဒဏ်ရာရ ကစားသမားတွေနေရာမှာ အစားထိုးနိုင်ဖို့ ယှဉ်ပြိုင်ခေါ်ယူဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:








REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.