Match Report Premier League

အဆုံးသတ္ လိုအပ္ခ်က္ေတြနဲ႔ အာဆင္နယ္ကို အန္းဖီးလ္မွာ ဖိကစားၿပီး သုံးမွတ္ယူခဲ့တဲ့ လီဗာပူးလ္

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ လီဗာပူးလ္ကို ရင္ဆုိင္ရာမွာ ကြန္ျမဴနတီဒိုင္းမွာ အႏိုင္ရရွိခဲ့တဲ့ လူစာရင္းရဲ႕ ဂိုးသမား မာတီနက္ဇ္၊ ေတာင္ပံသမား ဆာကာ၊ တုိက္စစ္မွဴး နကီးတီးယားတုိ႔ သုံးေနရာကို အေျပာင္းအလဲလုပ္ၿပီး ပြဲထြက္လာခဲ့သလို ပိုမိုေတာင့္တင္းတဲ့ လူစာရင္းျဖစ္ခဲ့ေပမယ့္ အဲ့ဒီအခ်ိန္ကထက္ ပုိမိုေကာင္းမြန္လာခဲ့တဲ့ လီဗာပူးလ္ကိုေတာ့ ခက္ခက္ခဲခဲ ယွဥ္ၿပဳိင္ခဲ့ရပါတယ္။

ခံစစ္ကို က်စ္က်စ္လ်စ္လ်စ္ ကစားဖို႔ ျပင္ဆင္လာခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ တန္ျပန္ထိုးေဖာက္မွဳေတြနဲ႔ အလုပ္လုပ္ဖို႔ ႀကဳိးစားခဲ့ေပမယ့္ ဒီေန႔ပြဲမွာ ပါဝင္လာတဲ့ ဝီလီယန္ဟာ ဆာကာေလာက္ ထိေရာက္တဲ့ ပုံစံကို မျပသႏုိင္တာနဲ႔ လီဗာပူးလ္ညာျခမ္းက နီကို ဝီလီယမ္စ္မဟုတ္ဘဲ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ျဖစ္ေနခဲ့တာကေတာ့ ဒီပြဲရဲ႕ အရင္ပြဲကေနဲ႔ ကြာျခားမွဳေတြျဖစ္ၿပီး ဒါေတြက အိမ္ရွင္ေတြကို အားသာေစခဲ့ပါတယ္။

တစ္ခ်ိန္လုံး လီဗာပူးလ္အသင္းကပဲ ေတာက္ေလွ်ာက္ထိုးေဖာက္ေနခဲ့သလို အာဆင္နယ္ခံစစ္က ကာကြယ္ဖ်က္ထုတ္ေနခဲ့ရၿပီး စိုးရိမ္ေနခဲ့ရေပမယ့္ အဖြင့္ဂိုးကိုေတာ့ မထင္မွတ္တဲ့ အေနအထားကေန ေနာက္ခံလူ ေရာဘတ္ဆန္ရဲ႕ အမွားေၾကာင့္ ေဘာလုံးရသြားတဲ့ လာကာဇက္က ပြဲခ်ိန္ ၂၅ မိနစ္မွာ သြင္းယူႏုိင္ခဲ့တာမို႔ ဧည့္သည္ေတြ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၂၈ မိနစ္မွာပဲ လီဗာပူးလ္တုိ႔ ျပန္လည္ေခ်ပႏုိင္ခဲ့ၿပီး ဒဏ္ရာေၾကာင့္ ကစားပုံေလ်ာ့က်ေနတဲ့ တီယာနီအေနနဲ႔ ဆာလားကို ထိန္းခ်ဳပ္ႏုိင္ဖို႔ ႐ုန္းကန္ေနရမွဳကို အခြင့္ေကာင္းယူၿပီး အီဂ်စ္သားက ျဖတ္ေက်ာ္ေျပးထြက္ၿပီး ကန္သြင္းတဲ့ ေဘာလုံးကို ဂိုးသမား ပုတ္ထုတ္ခဲ့ၿပီး ျပန္ထြက္လာတာမွာ မာေနးက အသာအယာပဲ ပိတ္သြင္းယူႏုိင္ခဲ့ပါတယ္။

ေနာက္ထပ္ ၆ မိနစ္အၾကာ ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ေရာဘတ္ဆန္က သူ႕ရဲ႕ အမွားကို ေခ်ဖ်က္တဲ့ အေနနဲ႔ ဦးေဆာင္ဂိုးကို ျပန္လည္သြင္းယူႏုိင္ခဲ့ၿပီး ညာျခမ္းက ျဖတ္တင္ေဘာကို အာဆင္နယ္ရဲ႕ ဟိုးလ္ဒင္းနဲ႔ ဘယ္လာရင္တုိ႔ မျပတ္မသား ေခါင္းတုိက္မွဳကေန ျပန္က်လာတာကို စေကာ့တလန္ကပၸတိန္က ကန္သြင္းသြားခဲ့တာျဖစ္သလို ပထမပုိင္းမွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ အခြင့္အေရး ျပန္ရခဲ့ေပမယ့္ ၅၉ မိနစ္မွာ လြတ္ထြက္သြားတဲ့ ေဘာလုံးကို လာကာဇက္က အူဘာမီယန္းကို မေပးဘဲ ကန္ခဲ့ရာမွာ ဂိုးသမား ကာကြယ္သြားႏုိင္ခဲ့သလုိ ၆၄ မိနစ္မွာလည္း တစ္ေယာက္ခ်င္းေတြ႕ခဲ့တာကို လွည့္စားကန္သြင္းခ်က္က မေအာင္ျမင္ခဲ့လို႔ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

အသင္းအတြက္ လူစားဝင္လာတဲ့ စီဘာေယာ့စ္ ေျခစြမ္းျပခဲ့ေပမယ့္ ေပေပနဲ႔ နကီးတီးယားတုိ႔ကေတာ့ အလုပ္မျဖစ္ခဲ့တာေၾကာင့္ အာဆင္နယ္တုိက္စစ္က မထိေရာက္ေတာ့ခ်ိန္မွာ ကြင္းလယ္ကို ၿမဳိင္ၿမဳိင္ဆုိင္ဆုိင္ကစားျပေနခဲ့တဲ့ လီဗာပူးလ္ဘက္က ဂ်ဳိတာနဲ႔ မီလ္နာကို လူစားသြင္းခဲ့တာကေတာ့ ဒီပြဲရဲ႕ ေနာက္ထပ္ အလွည့္အေျပာင္းလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ေရွ႕က အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ေနခဲ့တဲ့ ဂ်ဳိတာက ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ေခါင္းတုိက္ခ်က္ကေန ျပန္က်လာတာကို ရင္ဘတ္နဲ႔ ထိန္းၿပီး ကန္သြင္းခဲ့တာမွာ ေနာက္ခံလူနဲ႔ ထိၿပီး လမ္းေၾကာင္းအနည္းငယ္ေျပာင္းသြားခဲ့လို႔ အာဆင္နယ္ဂိုးသမား လီႏို ငုတ္တုတ္ေမ့ခဲ့ရၿပီး တတိယေျမာက္ အႏုိင္ဂိုးနဲ႔ သူ႕ရဲ႕ အန္းဖီးလ္ပြဲဦးထြက္မွာ ပြဲသိမ္းဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။

ဒီပြဲရဲ႕ ရလဒ္ေၾကာင့္ လီဗာပူးလ္တုိ႔ ရာႏွဳန္းျပည့္အႏုိင္နဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ မွာ ရပ္တည္ႏုိင္ခဲ့ေပမယ့္ အာဆင္နယ္ကေတာ့ ရွဳံးပြဲေၾကာင့္ ၂ ပြဲကစားၿပီး ၆ မွတ္ရရွိေနတဲ့ အက္စတန္ဗီလာရဲ႕ေအာက္ အဆင့္ ၅ ကို ဆင္းေပးခဲ့ရၿပီး လာမယ့္ သုံးရက္အၾကာ ကာရာေဘာင္းဖလားေတြ႕ဆုံမွဳက်ရင္ ရွဳံးေၾကြးျပန္ဆပ္ႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ လီဗာပူးလ်ကို ရင်ဆိုင်ရာမှာ ကွန်မြူနတီဒိုင်းမှာ အနိုင်ရရှိခဲ့တဲ့ လူစာရင်းရဲ့ ဂိုးသမား မာတီနက်ဇ်၊ တောင်ပံသမား ဆာကာ၊ တိုက်စစ်မှူး နကီးတီးယားတို့ သုံးနေရာကို အပြောင်းအလဲလုပ်ပြီး ပွဲထွက်လာခဲ့သလို ပိုမိုတောင့်တင်းတဲ့ လူစာရင်းဖြစ်ခဲ့ပေမယ့် အဲ့ဒီအချိန်ကထက် ပိုမိုကောင်းမွန်လာခဲ့တဲ့ လီဗာပူးလ်ကိုတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။

ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားဖို့ ပြင်ဆင်လာခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ တန်ပြန်ထိုးဖောက်မှုတွေနဲ့ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ပွဲမှာ ပါဝင်လာတဲ့ ဝီလီယန်ဟာ ဆာကာလောက် ထိရောက်တဲ့ ပုံစံကို မပြသနိုင်တာနဲ့ လီဗာပူးလ်ညာခြမ်းက နီကို ဝီလီယမ်စ်မဟုတ်ဘဲ အလက်ဇန်းဒါး-အာနိုးလ်ဒ် ဖြစ်နေခဲ့တာကတော့ ဒီပွဲရဲ့ အရင်ပွဲကနေဲ့ ကွာခြားမှုတွေဖြစ်ပြီး ဒါတွေက အိမ်ရှင်တွေကို အားသာစေခဲ့ပါတယ်။

တစ်ချိန်လုံး လီဗာပူးလ်အသင်းကပဲ တောက်လျှောက်ထိုးဖောက်နေခဲ့သလို အာဆင်နယ်ခံစစ်က ကာကွယ်ဖျက်ထုတ်နေခဲ့ရပြီး စိုးရိမ်နေခဲ့ရပေမယ့် အဖွင့်ဂိုးကိုတော့ မထင်မှတ်တဲ့ အနေအထားကနေ နောက်ခံလူ ရောဘတ်ဆန်ရဲ့ အမှားကြောင့် ဘောလုံးရသွားတဲ့ လာကာဇက်က ပွဲချိန် ၂၅ မိနစ်မှာ သွင်းယူနိုင်ခဲ့တာမို့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၂၈ မိနစ်မှာပဲ လီဗာပူးလ်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် ကစားပုံလျော့ကျနေတဲ့ တီယာနီအနေနဲ့ ဆာလားကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရမှုကို အခွင့်ကောင်းယူပြီး အီဂျစ်သားက ဖြတ်ကျော်ပြေးထွက်ပြီး ကန်သွင်းတဲ့ ဘောလုံးကို ဂိုးသမား ပုတ်ထုတ်ခဲ့ပြီး ပြန်ထွက်လာတာမှာ မာနေးက အသာအယာပဲ ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာ ပွဲချိန် ၃၄ မိနစ်မှာတော့ ရောဘတ်ဆန်က သူ့ရဲ့ အမှားကို ချေဖျက်တဲ့ အနေနဲ့ ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းက ဖြတ်တင်ဘောကို အာဆင်နယ်ရဲ့ ဟိုးလ်ဒင်းနဲ့ ဘယ်လာရင်တို့ မပြတ်မသား ခေါင်းတိုက်မှုကနေ ပြန်ကျလာတာကို စကော့တလန်ကပ္ပတိန်က ကန်သွင်းသွားခဲ့တာဖြစ်သလို ပထမပိုင်းမှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ အခွင့်အရေး ပြန်ရခဲ့ပေမယ့် ၅၉ မိနစ်မှာ လွတ်ထွက်သွားတဲ့ ဘောလုံးကို လာကာဇက်က အူဘာမီယန်းကို မပေးဘဲ ကန်ခဲ့ရာမှာ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့သလို ၆၄ မိနစ်မှာလည်း တစ်ယောက်ချင်းတွေ့ခဲ့တာကို လှည့်စားကန်သွင်းချက်က မအောင်မြင်ခဲ့လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

အသင်းအတွက် လူစားဝင်လာတဲ့ စီဘာယော့စ် ခြေစွမ်းပြခဲ့ပေမယ့် ပေပေနဲ့ နကီးတီးယားတို့ကတော့ အလုပ်မဖြစ်ခဲ့တာကြောင့် အာဆင်နယ်တိုက်စစ်က မထိရောက်တော့ချိန်မှာ ကွင်းလယ်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကစားပြနေခဲ့တဲ့ လီဗာပူးလ်ဘက်က ဂျိုတာနဲ့ မီလ်နာကို လူစားသွင်းခဲ့တာကတော့ ဒီပွဲရဲ့ နောက်ထပ် အလှည့်အပြောင်းလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ရှေ့က အခွင့်အရေးတွေကို ဖြုန်းတီးပစ်နေခဲ့တဲ့ ဂျိုတာက ဒေးဗစ် လူးဝစ်ဇ်ရဲ့ ခေါင်းတိုက်ချက်ကနေ ပြန်ကျလာတာကို ရင်ဘတ်နဲ့ ထိန်းပြီး ကန်သွင်းခဲ့တာမှာ နောက်ခံလူနဲ့ ထိပြီး လမ်းကြောင်းအနည်းငယ်ပြောင်းသွားခဲ့လို့ အာဆင်နယ်ဂိုးသမား လီနို ငုတ်တုတ်မေ့ခဲ့ရပြီး တတိယမြောက် အနိုင်ဂိုးနဲ့ သူ့ရဲ့ အန်းဖီးလ်ပွဲဦးထွက်မှာ ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ရလဒ်ကြောင့် လီဗာပူးလ်တို့ ရာနှုန်းပြည့်အနိုင်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ မှာ ရပ်တည်နိုင်ခဲ့ပေမယ့် အာဆင်နယ်ကတော့ ရှုံးပွဲကြောင့် ၂ ပွဲကစားပြီး ၆ မှတ်ရရှိနေတဲ့ အက်စတန်ဗီလာရဲ့အောက် အဆင့် ၅ ကို ဆင်းပေးခဲ့ရပြီး လာမယ့် သုံးရက်အကြာ ကာရာဘောင်းဖလားတွေ့ဆုံမှုကျရင် ရှုံးကြွေးပြန်ဆပ်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.