Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၈.၉.၂၀၂၀

– အသင္းမွာ အဓိက တုိက္စစ္မွဴးေတြ ဒဏ္ရာေၾကာင့္ တစ္လေလာက္ အနည္းဆုံး ေပ်ာက္ဆုံးေနဦးမယ့္ မန္ခ်က္စတာစီးတီးအေနနဲ႔ နာပိုလီေရွ႕တန္းလူ အာေကးဒီးယပ္ရွ္ မီလစ္ကို ေခၚယူဖို႔ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္၊ တျခားပရီးမီးယားလိဂ္အသင္းအခ်ဳိ႕နဲ႔အၿပဳိင္ ႀကဳိးစားဖြယ္ရွိ။

– ဘင္ဖီကာအသင္းက ေရာင္းခ်ဖို႔ ေၾကျငာလုိက္ၿပီျဖစ္တဲ့ ဗဟိုေနာက္ခံလူသစ္ ႐ူဘင္ ဒီယက္စ္အေနနဲ႔ မန္စီးတီးအသင္းရဲ႕ ေက်ာနံပါတ္ ေရြးခ်ယ္မွဳမွာ ဗင္းဆင့္ ကြန္ပနီရဲ႕ နံပါတ္ ၄ ကိုပဲ ေရြးခ်ယ္သြားႏုိင္ၿပီး ခံစစ္မွဴးေတြရဲ႕ ေနာက္ထပ္နံပါတ္တစ္ခုလည္းျဖစ္တဲ့ ေက်ာနံပါတ္ ၃ လည္း လစ္လပ္ေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဘယ္ေနာက္ခံလူအျဖစ္ ကစားေနတဲ့ ယူကရိန္းသား အုိလက္ဇန္ဒါ ဇင္ခ်န္ကိုကို ေခၚယူႏုိင္တယ္လို႔ ဘာစီလိုနာအသင္းဆီကို ကမ္းလွမ္းထားခဲ့တဲ့တယ္လုိ႔ မြန္ဒို ဒီေပါ့တီဗို ေဖာ္ျပ။

– မန္စီးတီးအသင္းရဲ႕ ကြင္းလယ္လူ ႐ိုဒရီက လက္စတာပြဲက အရွဳံးနဲ႔ အားနည္းမွဳေတြကို သင္ခန္းစာယူဖို႔ ေျပာၾကား။ (တကယ္တမ္းမွာေတာ့ ဖာနန္ဒင္ညဳိကို လူစားလဲထုတ္လုိက္ခ်ိန္မွာ ကြင္းလယ္ခံစစ္အတြက္ တာဝန္ရွိၿပီး အမ်ားေတြ မ်ားခဲ့တာက သူသာျဖစ္ေန။)

– မန္ခ်က္စတာစီးတီးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူႏုိင္ဖို႔ ခရီးရွည္ႀကီးကို ျဖတ္ေက်ာ္ရဦးမွာျဖစ္ၿပီး လက္စတာနဲ႔ပြဲက သူတုိ႔ကို ပိုေကာင္းလာေစဖို႔ တြန္းအားျဖစ္ေပမယ့္ လီဗာပူးလ္ကို စိန္ေခၚႏုိင္မယ္လုိ႔ မထင္ေသးဘူးလို႔ ဂယ္ရီ နဗီးလ္ ေဝဖန္။

– ဘာစီလိုနာအသင္းအေနနဲ႔ ယူ႐ို ၁၈ သန္းနဲ႔ ၁၅ သန္း ေဈးဆစ္ပြဲျဖစ္ေနတဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ထပ္မံကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး လက္စတာနဲ႔ပဲြမွာ အမွားမ်ားခဲ့သလုိ စာခ်ဳပ္သစ္ မခ်ဳပ္ေသးဘဲ အာ႐ုံမ်ားေနတဲ့ သူ႕ကို စီးတီးဘက္က ေရာင္းထုတ္ဖြယ္ရွိ။

– ေနာက္ခံလူ ဂၽြန္စတုန္းစ္ဟာ မန္ခ်က္စတာစီးတီးအတြက္ ဂြါဒီယိုလာရဲ႕ ေပါင္သန္း ၄၀၀ ေက်ာ္ သုံးစြဲထားတဲ့ ခံစစ္ပုိင္းမွာ ေငြျဖဳန္းတီးမွဳ တစ္ရပ္သာျဖစ္ၿပီး သူ႕အတြက္ မထိုက္တန္ရဲ႕ ေဈးႀကီးႀကီးကို ေပးေခ်ခဲ့ရတယ္လို႔ ေစာင့္ၾကည့္သူေတြ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းမှာ အဓိက တိုက်စစ်မှူးတွေ ဒဏ်ရာကြောင့် တစ်လလောက် အနည်းဆုံး ပျောက်ဆုံးနေဦးမယ့် မန်ချက်စတာစီးတီးအနေနဲ့ နာပိုလီရှေ့တန်းလူ အာကေးဒီးယပ်ရှ် မီလစ်ကို ခေါ်ယူဖို့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်၊ တခြားပရီးမီးယားလိဂ်အသင်းအချို့နဲ့အပြိုင် ကြိုးစားဖွယ်ရှိ။

– ဘင်ဖီကာအသင်းက ရောင်းချဖို့ ကြေငြာလိုက်ပြီဖြစ်တဲ့ ဗဟိုနောက်ခံလူသစ် ရူဘင် ဒီယက်စ်အနေနဲ့ မန်စီးတီးအသင်းရဲ့ ကျောနံပါတ် ရွေးချယ်မှုမှာ ဗင်းဆင့် ကွန်ပနီရဲ့ နံပါတ် ၄ ကိုပဲ ရွေးချယ်သွားနိုင်ပြီး ခံစစ်မှူးတွေရဲ့ နောက်ထပ်နံပါတ်တစ်ခုလည်းဖြစ်တဲ့ ကျောနံပါတ် ၃ လည်း လစ်လပ်နေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံလူအဖြစ် ကစားနေတဲ့ ယူကရိန်းသား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို ခေါ်ယူနိုင်တယ်လို့ ဘာစီလိုနာအသင်းဆီကို ကမ်းလှမ်းထားခဲ့တဲ့တယ်လို့ မွန်ဒို ဒီပေါ့တီဗို ဖော်ပြ။

– မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ရိုဒရီက လက်စတာပွဲက အရှုံးနဲ့ အားနည်းမှုတွေကို သင်ခန်းစာယူဖို့ ပြောကြား။ (တကယ်တမ်းမှာတော့ ဖာနန်ဒင်ညိုကို လူစားလဲထုတ်လိုက်ချိန်မှာ ကွင်းလယ်ခံစစ်အတွက် တာဝန်ရှိပြီး အများတွေ များခဲ့တာက သူသာဖြစ်နေ။)

– မန်ချက်စတာစီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ခရီးရှည်ကြီးကို ဖြတ်ကျော်ရဦးမှာဖြစ်ပြီး လက်စတာနဲ့ပွဲက သူတို့ကို ပိုကောင်းလာစေဖို့ တွန်းအားဖြစ်ပေမယ့် လီဗာပူးလ်ကို စိန်ခေါ်နိုင်မယ်လို့ မထင်သေးဘူးလို့ ဂယ်ရီ နဗီးလ် ဝေဖန်။

– ဘာစီလိုနာအသင်းအနေနဲ့ ယူရို ၁၈ သန်းနဲ့ ၁၅ သန်း ဈေးဆစ်ပွဲဖြစ်နေတဲ့ နောက်ခံလူ အဲရစ် ဂါစီယာကို ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး လက်စတာနဲ့ပွဲမှာ အမှားများခဲ့သလို စာချုပ်သစ် မချုပ်သေးဘဲ အာရုံများနေတဲ့ သူ့ကို စီးတီးဘက်က ရောင်းထုတ်ဖွယ်ရှိ။

– နောက်ခံလူ ဂျွန်စတုန်းစ်ဟာ မန်ချက်စတာစီးတီးအတွက် ဂွါဒီယိုလာရဲ့ ပေါင်သန်း ၄၀၀ ကျော် သုံးစွဲထားတဲ့ ခံစစ်ပိုင်းမှာ ငွေဖြုန်းတီးမှု တစ်ရပ်သာဖြစ်ပြီး သူ့အတွက် မထိုက်တန်ရဲ့ ဈေးကြီးကြီးကို ပေးချေခဲ့ရတယ်လို့ စောင့်ကြည့်သူတွေ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.