Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၈.၉.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ ေျပာင္းေရႊ႕ေၾကး ညႇိႏွဳိင္းမွဳအတြက္ ေငြေၾကးမ်ားမ်ားစားစား မသုံးစြဲႏုိင္ခ်ိန္မွာ ကစားသမားရဲ႕ အသင္းေျပာင္းေရႊ႕လိုတဲ့ ဆႏၵက သူ႕အတြက္ အေထာက္အကူျဖစ္ႏုိင္ၿပီး အသင္းဥကၠဌ ယြန္း-မီရွယ္ အိုလာအေနနဲ႔ ေပါင္ ၃၆ သန္းကေန ၄၁ ၾကားမွာ လက္ခံမယ္လို႔ ေဈးႏွဳန္းေလွ်ာ့ခ်ေပးထားခဲ့ၿပီလို႔ သတင္းထြက္လာ။

– အာဆင္နယ္အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကေတာ့ လီယြန္ကြင္းလယ္လူ ေအာဝါကို အသင္းက ေခၚယူသြားမယ့္ အစီအစဥ္ကို သေဘာက်မိတယ္လို႔ ထုတ္ေဖာ္သြားခဲ့ၿပီး အျမန္ဆုံးျမင္ေတြ႕ခ်င္ေၾကာင္း ေျပာၾကား။

– လီဗာပူးလ္နဲ႔ပြဲမွာ အသင္းရဲ႕ အဓိက ေနာက္ခံလူ ကီရန္ တီယာနီ ျပန္လည္ပါဝင္ႏုိင္ဖို႔ ရွိေနၿပီး ညာေနာက္ခံလူ ဆီးဒရစ္ကေတာ့ လြဲေခ်ာ္ဦးမွာျဖစ္သလို လက္စတာအသင္းနဲ႔ ကစားခဲ့တဲ့ ကစားသမားအားလုံးကေတာ့ ႀကံ့ခိုင္မွဳ ျပည့္ဝေနတယ္လုိ႔ဆို။

– အူဘာမီယန္းအေနနဲ႔ အာဆင္နယ္အသင္းမဟုတ္ဘဲ ဘုိင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ရစ္၊ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းေတြလို အသင္းႀကီးေတြနဲ႔ ထိုက္တန္တယ္ဆုိတဲ့ ခ်ီးက်ဴးေရးသားမွဳတစ္ခုကို Like လုပ္ခဲ့လို႔ ပရိသတ္တခ်ဳိ႕က ေဝဖန္ေနၾက။

– ေတာ္ရဲရားကို ေခၚယူဖို႔ အက္သလက္တီကိုဘက္က အငွားကမ္းလွမ္းမွဳကို အာဆင္နယ္အသင္းက စဥ္းစားေနခ်ိန္မွာ ေသာမတ္စ္ ပါေတးကို ျပန္လည္ေခၚယူဖို႔ အစီအစဥ္က ျဖစ္ႏုိင္ေျခရွိေနတယ္လုိ႔ ဂရန္နာဒါနဲ႔ပြဲမွာ အရန္ခုံပဲ ထုိင္ေနခဲ့ရသလို အသင္းရဲ႕ ရာသီသစ္ ဓာတ္ပုံ႐ိုက္ကူးမွဳမွာ ဂါနာသား ပါဝင္မလာတဲ့ အေျခအေနကို ပရိသတ္ေတြ ခန္႔မွန္းေနၾက။

– အာဆင္နယ္နဲ႔ ရင္ဆုိင္ရမယ့္ လီဗာပူးလ္အသင္းမွာ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာနဲ႔ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာတုိ႔ ပြဲထြက္လာႏုိင္ဖို႔ ခက္ခဲေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ႀကံ့ခိုင္မွဳစစ္ေဆးရာမွာ မေအာင္ျမင္ခဲ့ဘူးလုိ႔ဆုိ။

– အာဆင္နယ္အသင္းရဲ႕ ကစားသမား ၇ ဦးကို ခ်ီးက်ဴးခဲ့တဲ့ လီဗာပူးလ္ဂႏၴဝင္ ဂေရမီ ေဆာင္းနက္စ္က ခ်န္ပီယံဆုကို စိန္ေခၚၿပီး ထိပ္ဆုံး ေလးသင္းထဲကို ဝင္ေရာက္လာႏုိင္ဖို႔ဆုိတာ အေျပာင္းအေရႊ႕ကာလတစ္ခုတည္းနဲ႔ လုံေလာက္ေအာင္ တည္ေဆာက္လို႔ရတဲ့အရာ မဟုတ္ဘူးလို႔ သတိေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုအတွက် ငွေကြေးများများစားစား မသုံးစွဲနိုင်ချိန်မှာ ကစားသမားရဲ့ အသင်းပြောင်းရွှေ့လိုတဲ့ ဆန္ဒက သူ့အတွက် အထောက်အကူဖြစ်နိုင်ပြီး အသင်းဥက္ကဌ ယွန်း-မီရှယ် အိုလာအနေနဲ့ ပေါင် ၃၆ သန်းကနေ ၄၁ ကြားမှာ လက်ခံမယ်လို့ ဈေးနှုန်းလျှော့ချပေးထားခဲ့ပြီလို့ သတင်းထွက်လာ။

– အာဆင်နယ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကတော့ လီယွန်ကွင်းလယ်လူ အောဝါကို အသင်းက ခေါ်ယူသွားမယ့် အစီအစဉ်ကို သဘောကျမိတယ်လို့ ထုတ်ဖော်သွားခဲ့ပြီး အမြန်ဆုံးမြင်တွေ့ချင်ကြောင်း ပြောကြား။

– လီဗာပူးလ်နဲ့ပွဲမှာ အသင်းရဲ့ အဓိက နောက်ခံလူ ကီရန် တီယာနီ ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေပြီး ညာနောက်ခံလူ ဆီးဒရစ်ကတော့ လွဲချော်ဦးမှာဖြစ်သလို လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ကစားသမားအားလုံးကတော့ ကြံ့ခိုင်မှု ပြည့်ဝနေတယ်လို့ဆို။

– အူဘာမီယန်းအနေနဲ့ အာဆင်နယ်အသင်းမဟုတ်ဘဲ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ရစ်၊ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေလို အသင်းကြီးတွေနဲ့ ထိုက်တန်တယ်ဆိုတဲ့ ချီးကျူးရေးသားမှုတစ်ခုကို Like လုပ်ခဲ့လို့ ပရိသတ်တချို့က ဝေဖန်နေကြ။

– တော်ရဲရားကို ခေါ်ယူဖို့ အက်သလက်တီကိုဘက်က အငှားကမ်းလှမ်းမှုကို အာဆင်နယ်အသင်းက စဉ်းစားနေချိန်မှာ သောမတ်စ် ပါတေးကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်က ဖြစ်နိုင်ခြေရှိနေတယ်လို့ ဂရန်နာဒါနဲ့ပွဲမှာ အရန်ခုံပဲ ထိုင်နေခဲ့ရသလို အသင်းရဲ့ ရာသီသစ် ဓာတ်ပုံရိုက်ကူးမှုမှာ ဂါနာသား ပါဝင်မလာတဲ့ အခြေအနေကို ပရိသတ်တွေ ခန့်မှန်းနေကြ။

– အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လီဗာပူးလ်အသင်းမှာ ဂိုးသမား အယ်လစ်ဆန် ဘက်ကာနဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာတို့ ပွဲထွက်လာနိုင်ဖို့ ခက်ခဲနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ကြံ့ခိုင်မှုစစ်ဆေးရာမှာ မအောင်မြင်ခဲ့ဘူးလို့ဆို။

– အာဆင်နယ်အသင်းရဲ့ ကစားသမား ၇ ဦးကို ချီးကျူးခဲ့တဲ့ လီဗာပူးလ်ဂန္ထဝင် ဂရေမီ ဆောင်းနက်စ်က ချန်ပီယံဆုကို စိန်ခေါ်ပြီး ထိပ်ဆုံး လေးသင်းထဲကို ဝင်ရောက်လာနိုင်ဖို့ဆိုတာ အပြောင်းအရွှေ့ကာလတစ်ခုတည်းနဲ့ လုံလောက်အောင် တည်ဆောက်လို့ရတဲ့အရာ မဟုတ်ဘူးလို့ သတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.