Match Report Premier League

ခံစစ္ပိုင္း ဆုိးရြားမွဳေတြနဲ႔ အိမ္ကြင္းမွာ ရွဳံးပြဲေတြ႕သြားခဲ့တဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အိမ္ကြင္းအစ္တီဟတ္မွာ လက္စတာကို ကစားခဲ့ရခ်ိန္မွာ မုိက္ကယ္ အုိဝင္နဲ႔ ေလာ္႐ိုတုိ႔လို ပြဲႀကဳိခန္႔မွန္းသူေတြက အိမ္ရွင္ေတြကို ၃-၀ ၄-၁ ရလဒ္ေတြနဲ႔ အႏုိင္ခန္႔မွန္းခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ ခံစစ္ပုိင္းက မွားခဲ့တဲ့ အမွားေတြနဲ႔ ရွဳံးနိမ့္ခဲ့ရပါတယ္။

ေစာေစာစီးစီးမွာပဲ ပြဲခ်ိန္ ၄ မိနစ္မွာ ရရွိတဲ့ ေထာင့္ကန္ေဘာကို ဒီဘ႐ိုင္းနား ကန္တင္ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို လက္စတာကစားသမားေဟာင္း မာရက္ဇ္က ညာေျခနဲ႔ အျပင္းကန္သြင္းခဲ့ရမွာ ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့လုိ႔ စီးတီးပရိသတ္ေတြ စိတ္ဓာတ္တက္ၾကြခဲ့ရေပမယ့္ ဟန္ခ်က္မညီတဲ့ အသင္းရဲ႕ ကစားပုံက အႏုတ္လကၡဏာေတြကို တျဖည္းျဖည္းေပးစြမ္းခဲ့ပါတယ္။

ညာျခမ္းက ဂါစီယာနဲ႔ ေဝၚလ္ကာၾကားမွာ အတက္အဆင္းမညီဘဲ ေနရာလြတ္ေတြ ေပါေနသလို ဒီအသင္းကို ေနရာမွားၿပီး ေရာက္လာတဲ့ မန္ဒီလို ကစားသမားမ်ဳိးရဲ႕ တုိက္စစ္ေရာ ခံစစ္ပါ အားမကိုးရမွဳကလည္း ဂြါဒီယိုလာအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ေတြျဖစ္ခဲ့ၿပီး ပထမပိုင္းပြဲခ်ိန္ေတြမွာ ေဘာလုံးပုိင္ဆုိင္မွဳအသာနဲ႔ ဦးေဆာင္ႏုိင္ခဲ့ေပမယ့္ လ်င္ျမန္တဲ့ လက္စတာရဲ႕ တုိးအားေအာက္မွာ စီးတီးတုိ႔ က်ဆုံးခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ပင္နယ္တီဧရိယာထဲကို ဆြဲဝင္လာခဲ့တဲ့ ဗာဒီကို ေဘာလုံးမေပးႏုိင္ဖို႔နဲ႔ မကန္ႏုိင္ဖို႔ ပိတ္ဆို႔ထားရမယ့္အစား ေနာက္က လက္ကို ဆြဲထားခဲ့တဲ့ ေဝၚလ္ကာေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒါကို ဗာဒီကပဲ အမွားအယြင္းမရွိ ကန္သြင္းေခ်ပႏုိင္ခဲ့လို႔ ပထမပုိင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ဖာနန္ဒင္ညဳိအစား ဒီလက္ပ္ကို ထည့္လုိက္တာက ကြင္းလယ္မွာ အေပါက္ေတြ ပုိမ်ားသြားေစခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ကက္စတာညာက ေတာက္ေလွ်ာက္ေျပးထြက္ၿပီး အနိမ့္ေဘာ ခ်ဳိးေပးခဲ့ရာမွာ လုိက္ပါဖို႔ ပ်က္ကြက္ခဲ့တဲ့ မန္ဒီ၊ အႏၲရာယ္ရဲ႕ အေငြ႕အသက္ကို မခံစားတတ္တဲ့ အဲရစ္ ဂါစီယာတုိ႔ေၾကာင့္ ဗာဒီက အနီးကပ္ပိတ္သြင္းၿပီး ဦးေဆာင္ဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ စီးတီးတုိ႔ ေနာက္ထပ္တစ္ဂိုး ထပ္ေပးခဲ့ရၿပီး ဘယ္ေတာင္ပံကေန ဗာဒီဆြဲထြက္တာကို တံေတာင္နဲ႔ ခုမိခဲ့တဲ့ အဲရစ္ ဂါစီယာေၾကာင့္ ပင္နယ္တီေပးခဲ့ရတာကို ဗာဒီကပဲ ဂြါဒီယိုလာလက္ထက္မွာ မန္စီးတီးအသင္းကို ၉ ဂိုးေျမာက္အျဖစ္ ကန္သြင္းယူခဲ့တာပါ။ ဒီဂိုးမွာေတာ့ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္က ၅၀-၅၀ အေနအထားမွာ ေပ်ာ့ေျပာင္းခဲ့တယ္လုိ႔ ဆုိရမွာျဖစ္ေပမယ့္ VAR ဒိုင္ေတြက ပင္နယ္တီေပးဖို႔ပဲ တုိက္တြန္းမွာျဖစ္လို႔ အလုပ္ရွဳပ္ မခံေတာ့တာလို႔ပဲ ယူဆမိပါတယ္။

ဒီဂိုးေပးအၿပီးမွာေတာ့ ကြင္းလယ္မွာ အလုပ္မျဖစ္တဲ့ ဖိုဒန္အစား ေတာရက္စ္ကို ထည့္ခဲ့ေပမယ့္ ကစားကြက္ကို ပုံေဖာ္မယ့္ ဒီဘ႐ိုင္းနားနဲ႔ နားလည္မွဳရွိတဲ့သူ ရွားပါးေနခဲ့တာက စီးတီးရဲ႕ ဂိုးေပါက္ေပ်ာက္ဆုံးမွဳကိုပဲ ျဖစ္ေစခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ လူစားဝင္လာခဲ့တဲ့ မက္ဒီဆန္က လွ်ပ္တစ္ျပက္ အငိုက္ဖမ္းၿပီး အေဝးကေန ကန္သြင္းခဲ့တာကို ေနရာယူပုံ အနည္းငယ္အားနည္းေနတဲ့ အီဒါဆန္ မကာကြယ္ႏုိင္ခဲ့လို႔ စတုတၳဂိုး ျဖစ္ခဲ့ရၿပီး ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာ ခံစစ္ကစားပုံကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ လက္စတာေနာက္ခံလူ အီဗန္စ္ နာသြားခဲ့လုိ႔ ဖုခ်္နဲ႔ လူစားလဲရခ်ိန္မွာ မန္စီးတီးတုိ႔ တင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ေအကီက သူ႕ရဲ႕ ပထမဆုံးဂိုးကို မာရက္ဇ္ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတုိက္သြင္းယူေပးႏုိင္ခဲ့ပါတယ္။

အိမ္ကြင္းမွာ လိုအပ္ေနတဲ့ ႏွစ္ဂိုးကို ခံစစ္ဗဟိုလူစစ္စစ္တစ္ဦးပဲ က်န္ေတာ့တဲ့ ဧည့္သည္အသင္းဆီ ဖိအားေပးႏုိင္မလားလို႔ ထင္ျမင္ေနတုန္း မွာပဲ ပြဲခ်ိန္ ၈၈ မိနစ္မွာ ဘာမွ အႏၲရာယ္မရွိတဲ့ အေနအထားကေန တစ္ခ်ိန္လုံး ညံ့ေနခဲ့တဲ့ မန္ဒီက မက္ဒီဆန္ကို ပင္နယ္တီဧရိယာထဲ တြန္းခ်ခဲ့လို႔ ဒိုင္လူႀကီးအတြက္ သတ္မွတ္ေပးဖို႔ ေဘာင္ဝင္သြားခဲ့ၿပီး ဒါကို ကြင္းလယ္လူ တီးလီးမန္းစ္က အျပင္းကန္သြင္းယူႏုိင္ခဲ့လို႔ ငါးဂိုး-ႏွစ္ဂိုးနဲ႔ အစ္တီဟတ္မွာ လက္စတာတို႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ စီးတီးတုိ႔ရဲ႕ ခံစစ္က ဘယ္လုိမွ အဆင့္မီတဲ့ ကစားဟန္ကို မေတြ႕ရသလို ခံစစ္ကို ကာကြယ္ေပးဖို႔ ႐ိုဒရီဟာလည္း ပ်က္ကြက္ေနခဲ့ၿပီး ဖာနန္ဒင္ညဳိမရွိေတာ့ခ်ိန္မွာ သူ႕တာဝန္ျဖစ္လာခဲ့တာကို လ်စ္လ်ဴရွဳခဲ့လို႔ တစ္ဂိုးကေန ငါးဂိုးအထိလည္း ျဖစ္သြားခဲ့ရတာပါ။ ဂြါဒီယိုလာအတြက္ေတာ့ တိုက္စစ္မွဴးမရွိခ်ိန္မွာ ခံစစ္ကို အဓိက ေဆာင္ရြက္သင့္ေနၿပီး သတင္းေတြ ထြက္ေနတဲ့ ႐ူဘင္ ဒီယက္စ္သာ ေရာက္လာခဲ့ရင္ေတာ့ အေျခအေန ေျပာင္းလာႏုိင္ေပမယ့္ မန္ဒီလို ကစားသမားမ်ဳိးကို ဆက္သုံးမလား၊ လူစားထိုးမလား၊ လူသစ္ေခၚမလားဆုိတာကို ဆုံးျဖတ္ရဦးမွာျဖစ္သလို ဒီပုံစံကို မျပင္ႏုိင္ရင္ေတာ့ လီဗာပူးလ္ဆီက ဖလားကို ျပန္ယူႏုိင္မယ့္သူဟာ စီးတီးတုိ႔ မျဖစ္ႏုိင္ေသးဘူးလို႔ပဲ သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ အိမ်ကွင်းအစ်တီဟတ်မှာ လက်စတာကို ကစားခဲ့ရချိန်မှာ မိုက်ကယ် အိုဝင်နဲ့ လော်ရိုတို့လို ပွဲကြိုခန့်မှန်းသူတွေက အိမ်ရှင်တွေကို ၃-၀ ၄-၁ ရလဒ်တွေနဲ့ အနိုင်ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ခံစစ်ပိုင်းက မှားခဲ့တဲ့ အမှားတွေနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

စောစောစီးစီးမှာပဲ ပွဲချိန် ၄ မိနစ်မှာ ရရှိတဲ့ ထောင့်ကန်ဘောကို ဒီဘရိုင်းနား ကန်တင်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို လက်စတာကစားသမားဟောင်း မာရက်ဇ်က ညာခြေနဲ့ အပြင်းကန်သွင်းခဲ့ရမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ စီးတီးပရိသတ်တွေ စိတ်ဓာတ်တက်ကြွခဲ့ရပေမယ့် ဟန်ချက်မညီတဲ့ အသင်းရဲ့ ကစားပုံက အနုတ်လက္ခဏာတွေကို တဖြည်းဖြည်းပေးစွမ်းခဲ့ပါတယ်။

ညာခြမ်းက ဂါစီယာနဲ့ ဝေါ်လ်ကာကြားမှာ အတက်အဆင်းမညီဘဲ နေရာလွတ်တွေ ပေါနေသလို ဒီအသင်းကို နေရာမှားပြီး ရောက်လာတဲ့ မန်ဒီလို ကစားသမားမျိုးရဲ့ တိုက်စစ်ရော ခံစစ်ပါ အားမကိုးရမှုကလည်း ဂွါဒီယိုလာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တွေဖြစ်ခဲ့ပြီး ပထမပိုင်းပွဲချိန်တွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လျင်မြန်တဲ့ လက်စတာရဲ့ တိုးအားအောက်မှာ စီးတီးတို့ ကျဆုံးခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲကို ဆွဲဝင်လာခဲ့တဲ့ ဗာဒီကို ဘောလုံးမပေးနိုင်ဖို့နဲ့ မကန်နိုင်ဖို့ ပိတ်ဆို့ထားရမယ့်အစား နောက်က လက်ကို ဆွဲထားခဲ့တဲ့ ဝေါ်လ်ကာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒါကို ဗာဒီကပဲ အမှားအယွင်းမရှိ ကန်သွင်းချေပနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဖာနန်ဒင်ညိုအစား ဒီလက်ပ်ကို ထည့်လိုက်တာက ကွင်းလယ်မှာ အပေါက်တွေ ပိုများသွားစေခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ကက်စတာညာက တောက်လျှောက်ပြေးထွက်ပြီး အနိမ့်ဘော ချိုးပေးခဲ့ရာမှာ လိုက်ပါဖို့ ပျက်ကွက်ခဲ့တဲ့ မန်ဒီ၊ အန္တရာယ်ရဲ့ အငွေ့အသက်ကို မခံစားတတ်တဲ့ အဲရစ် ဂါစီယာတို့ကြောင့် ဗာဒီက အနီးကပ်ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ စီးတီးတို့ နောက်ထပ်တစ်ဂိုး ထပ်ပေးခဲ့ရပြီး ဘယ်တောင်ပံကနေ ဗာဒီဆွဲထွက်တာကို တံတောင်နဲ့ ခုမိခဲ့တဲ့ အဲရစ် ဂါစီယာကြောင့် ပင်နယ်တီပေးခဲ့ရတာကို ဗာဒီကပဲ ဂွါဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်းကို ၉ ဂိုးမြောက်အဖြစ် ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးမှာတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ၅၀-၅၀ အနေအထားမှာ ပျော့ပြောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပေမယ့် VAR ဒိုင်တွေက ပင်နယ်တီပေးဖို့ပဲ တိုက်တွန်းမှာဖြစ်လို့ အလုပ်ရှုပ် မခံတော့တာလို့ပဲ ယူဆမိပါတယ်။

ဒီဂိုးပေးအပြီးမှာတော့ ကွင်းလယ်မှာ အလုပ်မဖြစ်တဲ့ ဖိုဒန်အစား တောရက်စ်ကို ထည့်ခဲ့ပေမယ့် ကစားကွက်ကို ပုံဖော်မယ့် ဒီဘရိုင်းနားနဲ့ နားလည်မှုရှိတဲ့သူ ရှားပါးနေခဲ့တာက စီးတီးရဲ့ ဂိုးပေါက်ပျောက်ဆုံးမှုကိုပဲ ဖြစ်စေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ လူစားဝင်လာခဲ့တဲ့ မက်ဒီဆန်က လျှပ်တစ်ပြက် အငိုက်ဖမ်းပြီး အဝေးကနေ ကန်သွင်းခဲ့တာကို နေရာယူပုံ အနည်းငယ်အားနည်းနေတဲ့ အီဒါဆန် မကာကွယ်နိုင်ခဲ့လို့ စတုတ္ထဂိုး ဖြစ်ခဲ့ရပြီး ပရိသတ်တွေအတွက် စိတ်ပျက်စရာ ခံစစ်ကစားပုံကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာနောက်ခံလူ အီဗန်စ် နာသွားခဲ့လို့ ဖုချ်နဲ့ လူစားလဲရချိန်မှာ မန်စီးတီးတို့ တင်ကစားခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ အေကီက သူ့ရဲ့ ပထမဆုံးဂိုးကို မာရက်ဇ်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ လိုအပ်နေတဲ့ နှစ်ဂိုးကို ခံစစ်ဗဟိုလူစစ်စစ်တစ်ဦးပဲ ကျန်တော့တဲ့ ဧည့်သည်အသင်းဆီ ဖိအားပေးနိုင်မလားလို့ ထင်မြင်နေတုန်း မှာပဲ ပွဲချိန် ၈၈ မိနစ်မှာ ဘာမှ အန္တရာယ်မရှိတဲ့ အနေအထားကနေ တစ်ချိန်လုံး ညံ့နေခဲ့တဲ့ မန်ဒီက မက်ဒီဆန်ကို ပင်နယ်တီဧရိယာထဲ တွန်းချခဲ့လို့ ဒိုင်လူကြီးအတွက် သတ်မှတ်ပေးဖို့ ဘောင်ဝင်သွားခဲ့ပြီး ဒါကို ကွင်းလယ်လူ တီးလီးမန်းစ်က အပြင်းကန်သွင်းယူနိုင်ခဲ့လို့ ငါးဂိုး-နှစ်ဂိုးနဲ့ အစ်တီဟတ်မှာ လက်စတာတို့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ စီးတီးတို့ရဲ့ ခံစစ်က ဘယ်လိုမှ အဆင့်မီတဲ့ ကစားဟန်ကို မတွေ့ရသလို ခံစစ်ကို ကာကွယ်ပေးဖို့ ရိုဒရီဟာလည်း ပျက်ကွက်နေခဲ့ပြီး ဖာနန်ဒင်ညိုမရှိတော့ချိန်မှာ သူ့တာဝန်ဖြစ်လာခဲ့တာကို လျစ်လျူရှုခဲ့လို့ တစ်ဂိုးကနေ ငါးဂိုးအထိလည်း ဖြစ်သွားခဲ့ရတာပါ။ ဂွါဒီယိုလာအတွက်တော့ တိုက်စစ်မှူးမရှိချိန်မှာ ခံစစ်ကို အဓိက ဆောင်ရွက်သင့်နေပြီး သတင်းတွေ ထွက်နေတဲ့ ရူဘင် ဒီယက်စ်သာ ရောက်လာခဲ့ရင်တော့ အခြေအန ေပြောင်းလာနိုင်ပေမယ့် မန်ဒီလို ကစားသမားမျိုးကို ဆက်သုံးမလား၊ လူစားထိုးမလား၊ လူသစ်ခေါ်မလားဆိုတာကို ဆုံးဖြတ်ရဦးမှာဖြစ်သလို ဒီပုံစံကို မပြင်နိုင်ရင်တော့ လီဗာပူးလ်ဆီက ဖလားကို ပြန်ယူနိုင်မယ့်သူဟာ စီးတီးတို့ မဖြစ်နိုင်သေးဘူးလို့ပဲ သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.