Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၇.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေပါင္သန္း ၉၀ တန္ ကမ္းလွမ္းမွဳ ျပဳလုပ္ထားတာ မွန္ကန္ေၾကာင္း သည္ဆန္းက ေဖာ္ျပခဲ့ၿပီး ခ်ဲလ္ဆီးရဲ႕ ရန္ပုံေငြရွာဖို႔ ေရာင္းခ်ခ်င္ေနတဲ့ အန္ဂိုလို ကြန္ေတကိုလည္း ေခၚယူဖို႔ အလိုရွိေန။

– အဲလက္စ္ တဲလက္စ္ကို ေခၚယူႏိုင္မယ္လို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းဘက္က ယုံၾကည္ေနၿပီး ယူ႐ိုသန္း ၂၀ ကို စစခ်င္းမွာ တစ္လုံးတစ္ခဲတည္း မေပးခ်င္တဲ့ တာဝန္ရွိသူေတြေၾကာင့္ ေပၚတိုဘက္က ခြဲေဝေပးေခ်မယ့္ ေဈးကို တုိးျမႇင့္လာခဲ့လို႔ ၾကန္႔ၾကာေနခဲ့တာလုိ႔ သိရ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အဓိက ျပႆနာဟာ အေျပာင္းအလဲ မလုပ္တတ္တဲ့ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားသာျဖစ္ၿပီး ေဂ်ဒန္ ဆန္ခ်ဳိနဲ႔ ေနာက္ခံအလယ္လူသစ္တစ္ေယာက္ကို မေခၚယူခင္ သူ႕ကို နည္းျပေကာင္းတစ္ေယာက္နဲ႔ အေျပာင္းအလဲလုပ္ဖို႔ ပရိသတ္ေတြ တုိက္တြန္းေနၾက။

– အုိးလ္ထရက္ဖို႔ဒ္ဘက္က ေဈးကိုင္ထားခဲ့လို႔ ႐ိုးမားအသင္းနဲ႔ အၿပီးသတ္အေျပာင္းအေရႊ႕ အဆင္မေျပတဲ့ ခရစၥ စေမာလင္းအတြက္ ေနာက္ထပ္အသင္းႀကီးတစ္သင္းကို ေျပာင္းေရႊ႕ဖို႔ အခြင့္အေရး ေပၚေပါက္လာခဲ့ၿပီး အင္တာမီလန္အသင္းက စုံစမ္းထား။

– မန္ခ်က္စတာယူႏုိက္တက္အတြက္ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တုိ႔ကို တစ္ၿပဳိင္တည္း သုံးစြဲဖို႔ မျဖစ္ႏုိင္ဘူးဆုိတာက သူတုိ႔ႏွစ္ဦးရဲ႕ ပ်င္းရိမွဳနဲ႔ ခံစစ္မကစားလိုမွဳေၾကာင့္ မဟုတ္ဘဲ တုိက္စစ္အားသန္တဲ့ ကစားသမားေတြအေနနဲ႔ ခံစစ္ကို လုိက္ပါရာမွာ အႏၲရာယ္ကို မခံစားတတ္တာေၾကာင့္ျဖစ္တယ္လို႔ ဒန္နီ မာဖီ သုံးသပ္။

– ဘ႐ိုက္တန္နဲ႔ပြဲကို ပါဝင္လာျခင္းမရွိတဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္အေနနဲ႔ လိဒ္စ္ယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ ေသခ်ာေနၿပီလို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကၿပီး ေဝးလ္ေတာင္ပံသမားအေနနဲ႔ ေယာ့ရွဳိင္းယားကလပ္ကို လာမယ့္အပတ္အတြင္း ေရာက္ရွိႏုိင္။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေဈးကြက္ထဲမွာ ေကာင္းေကာင္း မလွဳပ္ရွားႏုိင္တဲ့ ျပႆနာကို ေျဖရွင္းခ်င္ရင္ ခ်ဲလ္ဆီးအသင္းကေန ထြက္ခြာလာခဲ့တဲ့ နည္းစနစ္ဒါ႐ိုက္တာေဟာင္း မုိက္ကယ္ အီမန္နာလိုကို ခန္႔အပ္သြားသင့္တယ္လို႔ ကၽြမ္းက်င္သူေတြ အႀကံေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ဂျေဒန် ဆန်ချိုအတွက် ပေါင်သန်း ၉၀ တန် ကမ်းလှမ်းမှု ပြုလုပ်ထားတာ မှန်ကန်ကြောင်း သည်ဆန်းက ဖော်ပြခဲ့ပြီး ချဲလ်ဆီးရဲ့ ရန်ပုံငွေရှာဖို့ ရောင်းချချင်နေတဲ့ အန်ဂိုလို ကွန်တေကိုလည်း ခေါ်ယူဖို့ အလိုရှိနေ။

– အဲလက်စ် တဲလက်စ်ကို ခေါ်ယူနိုင်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းဘက်က ယုံကြည်နေပြီး ယူရိုသန်း ၂၀ ကို စစချင်းမှာ တစ်လုံးတစ်ခဲတည်း မပေးချင်တဲ့ တာဝန်ရှိသူတွေကြောင့် ပေါ်တိုဘက်က ခွဲဝေပေးချေမယ့် ဈေးကို တိုးမြှင့်လာခဲ့လို့ ကြန့်ကြာနေခဲ့တာလို့ သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ပြဿနာဟာ အပြောင်းအလဲ မလုပ်တတ်တဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားသာဖြစ်ပြီး ဂျေဒန် ဆန်ချိုနဲ့ နောက်ခံအလယ်လူသစ်တစ်ယောက်ကို မခေါ်ယူခင် သူ့ကို နည်းပြကောင်းတစ်ယောက်နဲ့ အပြောင်းအလဲလုပ်ဖို့ ပရိသတ်တွေ တိုက်တွန်းနေကြ။

– အိုးလ်ထရက်ဖို့ဒ်ဘက်က ဈေးကိုင်ထားခဲ့လို့ ရိုးမားအသင်းနဲ့ အပြီးသတ်အပြောင်းအရွှေ့ အဆင်မပြေတဲ့ ခရစ္စ စမောလင်းအတွက် နောက်ထပ်အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ပေါ်ပေါက်လာခဲ့ပြီး အင်တာမီလန်အသင်းက စုံစမ်းထား။

– မန်ချက်စတာယူနိုက်တက်အတွက် ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို တစ်ပြိုင်တည်း သုံးစွဲဖို့ မဖြစ်နိုင်ဘူးဆိုတာက သူတို့နှစ်ဦးရဲ့ ပျင်းရိမှုနဲ့ ခံစစ်မကစားလိုမှုကြောင့် မဟုတ်ဘဲ တိုက်စစ်အားသန်တဲ့ ကစားသမားတွေအနေနဲ့ ခံစစ်ကို လိုက်ပါရာမှာ အန္တရာယ်ကို မခံစားတတ်တာကြောင့်ဖြစ်တယ်လို့ ဒန်နီ မာဖီ သုံးသပ်။

– ဘရိုက်တန်နဲ့ပွဲကို ပါဝင်လာခြင်းမရှိတဲ့ ဒန်နီယယ်လ် ဂျိမ်းစ်အနေနဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သေချာနေပြီလို့ မီဒီယာတွေက ဖော်ပြခဲ့ကြပြီး ဝေးလ်တောင်ပံသမားအနေနဲ့ ယော့ရှိုင်းယားကလပ်ကို လာမယ့်အပတ်အတွင်း ရောက်ရှိနိုင်။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဈေးကွက်ထဲမှာ ကောင်းကောင်း မလှုပ်ရှားနိုင်တဲ့ ပြဿနာကို ဖြေရှင်းချင်ရင် ချဲလ်ဆီးအသင်းကနေ ထွက်ခွာလာခဲ့တဲ့ နည်းစနစ်ဒါရိုက်တာဟောင်း မိုက်ကယ် အီမန်နာလိုကို ခန့်အပ်သွားသင့်တယ်လို့ ကျွမ်းကျင်သူတွေ အကြံပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.