လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ၅-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ခံစားနေရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
လက်ရှိချန်ပီယံတွေဟာ ပထမပိုင်း အစောပိုင်းမှာ ၂-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာရဲ့ချေပဂိုး ၂ ဂိုး၊ မီလီတာအိုရဲ့ ခေါင်းတိုက်သွင်းဂိုး၊ ဘန်ဇီးမားရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဒုတိယအကျော့ ဘာနေဗျူးမှာ ကစားရမယ့်ပွဲစဉ်အတွက် အလွန်ကောင်းမွန်တဲ့ အားသာချက် ရရှိခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ မတ်လ ၁၅ ရက်နေ့မှာ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ထူးခြားဆန်းကြယ်တဲ့အရာတွေကို လုပ်ပြနိုင်မှသာ နောက်တဆင့် တက်ရောက်နိုင်တော့မှာဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ၂-၀ နဲ့ ဦးဆောင်ထားပြီးမှ ၃ ဂိုးကွာဟချက်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ချယ်လော့တီက ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်က ပြီးဆုံးသွားခဲ့ပြီလို့ ပြောလို့မရနိုင်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ကလော့ပ်က “ကာလိုက ဒီပွဲက ပြီးသွားပြီလို့ တွေးနေလိမ့်မယ်လို့ ထင်ပါတယ်။ ခုချိန်မှာ ကျွန်တော်လည်း အဲဒီလိုတွေးနေပါတယ်။ ဒါပေမယ့် ၃ ပတ်အတွင်းမှာ ပွဲကစားဖို့ နီးကပ်လာလေလေ ကျွန်တော်တို့ရဲ့ အခွင့်အရေးက ပိုပြီးတော့ ကြီးမားလာလေလေဖြစ်ပြီး ပွဲပြီးဆုံးသွားပြီဆိုတဲ့ အတွေးတွေက နည်းပါးလာလေလေပါပဲ”
“ဒါပေမယ့် ဒီညမှာ ၅-၂ နဲ့ ရှုံးနိမ့်ခဲ့တယ်။ ခင်ဗျားပွဲကို ကြည့်တဲ့အခါမှာ သူတို့တွေက တန်ပြန်တိုက်စစ်မှာ တော်တော်လေး ကောင်းပါတယ်။ ကျွန်တော်တို့ အဲဒီမှာ(ဘာနေဗျူး) ၃ ဂိုး သွင်းယူရမှာဖြစ်ပြီး အရဲစွန့်မှုအချို့ လုပ်ရမှာပါ။ အဲဒါက နည်းနည်း အန္တရာယ်များနိုင်ပါတယ်”
“ဒါပေမယ့် အဲဒါက ကျွန်တော့်စိတ်ထဲမှာ တကယ်မရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ အဲဒီကို သွားမယ်။ ကျွန်တော် အခုကတည်းက ပြောနိုင်တာက ပွဲကို ကြိုးစားပြီး အနိုင်ကစားသွားမယ်။ အဲဒါက ဖြစ်နိုင်မယ်ဆိုရင် ဒါမှမဟုတ် အခု မဖြစ်နိုင်ဘူးလား ကျွန်တော် မသိဘူး။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ကြိုးစားသွားမယ့်အရာဖြစ်ပြီး အဲဒီကျရင် တွေ့ရပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ယာဂန် ကလော့ပ်ရဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အစ္စတန်ဘူလ်ကို သွားဖို့ လက်မှတ်ကြိုဖြတ်ထားကြဖို့ ပြောဆိုခဲ့တဲ့စကားက တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အဲဒီစကားအတိုင်း လက်မလျှော့သေးပုံပေါ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ အန္းဖီးမွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ၅-၂ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးျဖစ္တယ္လို႔ ခံစားေနရလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
လက္ရွိခ်န္ပီယံေတြဟာ ပထမပိုင္း အေစာပိုင္းမွာ ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ေခ်ပဂိုး ၂ ဂိုး၊ မီလီတာအိုရဲ႕ ေခါင္းတိုက္သြင္းဂိုး၊ ဘန္ဇီးမားရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ ဒုတိယအေက်ာ့ ဘာေနဗ်ဴးမွာ ကစားရမယ့္ပြဲစဥ္အတြက္ အလြန္ေကာင္းမြန္တဲ့ အားသာခ်က္ ရရွိခဲ့တာျဖစ္ပါတယ္။
လီဗာပူးလ္အသင္းဟာ မတ္လ ၁၅ ရက္ေန႔မွာ ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ထူးျခားဆန္းၾကယ္တဲ့အရာေတြကို လုပ္ျပႏိုင္မွသာ ေနာက္တဆင့္ တက္ေရာက္ႏိုင္ေတာ့မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္သမိုင္းမွာ ၂-၀ နဲ႔ ဦးေဆာင္ထားၿပီးမွ ၃ ဂိုးကြာဟခ်က္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပထမဆုံးအသင္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္နည္းျပ ကာလို အန္ခ်ယ္ေလာ့တီက ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္က ၿပီးဆုံးသြားခဲ့ၿပီလို႔ ေျပာလို႔မရႏိုင္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း ကေလာ့ပ္က “ကာလိုက ဒီပြဲက ၿပီးသြားၿပီလို႔ ေတြးေနလိမ့္မယ္လို႔ ထင္ပါတယ္။ ခုခ်ိန္မွာ ကြၽန္ေတာ္လည္း အဲဒီလိုေတြးေနပါတယ္။ ဒါေပမယ့္ ၃ ပတ္အတြင္းမွာ ပြဲကစားဖို႔ နီးကပ္လာေလေလ ကြၽန္ေတာ္တို႔ရဲ႕ အခြင့္အေရးက ပိုၿပီးေတာ့ ႀကီးမားလာေလေလျဖစ္ၿပီး ပြဲၿပီးဆုံးသြားၿပီဆိုတဲ့ အေတြးေတြက နည္းပါးလာေလေလပါပဲ”
“ဒါေပမယ့္ ဒီညမွာ ၅-၂ နဲ႔ ရႈံးနိမ့္ခဲ့တယ္။ ခင္ဗ်ားပြဲကို ၾကည့္တဲ့အခါမွာ သူတို႔ေတြက တန္ျပန္တိုက္စစ္မွာ ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီမွာ(ဘာေနဗ်ဴး) ၃ ဂိုး သြင္းယူရမွာျဖစ္ၿပီး အရဲစြန႔္မႈအခ်ိဳ႕ လုပ္ရမွာပါ။ အဲဒါက နည္းနည္း အႏၲရာယ္မ်ားႏိုင္ပါတယ္”
“ဒါေပမယ့္ အဲဒါက ကြၽန္ေတာ့္စိတ္ထဲမွာ တကယ္မရွိပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အဲဒီကို သြားမယ္။ ကြၽန္ေတာ္ အခုကတည္းက ေျပာႏိုင္တာက ပြဲကို ႀကိဳးစားၿပီး အႏိုင္ကစားသြားမယ္။ အဲဒါက ျဖစ္ႏိုင္မယ္ဆိုရင္ ဒါမွမဟုတ္ အခု မျဖစ္ႏိုင္ဘူးလား ကြၽန္ေတာ္ မသိဘူး။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ္တို႔ ႀကိဳးစားသြားမယ့္အရာျဖစ္ၿပီး အဲဒီက်ရင္ ေတြ႕ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ယာဂန္ ကေလာ့ပ္ရဲ႕ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္အသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအတြက္ အစၥတန္ဘူလ္ကို သြားဖို႔ လက္မွတ္ႀကိဳျဖတ္ထားၾကဖို႔ ေျပာဆိုခဲ့တဲ့စကားက ေတာ္ေတာ္ေလး လႈပ္လႈပ္ခတ္ခတ္ ျဖစ္ေစခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာလည္း အဲဒီစကားအတိုင္း လက္မေလွ်ာ့ေသးပုံေပၚပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.