Premier League

ဟာလန်းလက်သစ်အတွက် ရီးရဲလ်ကို အလဲထိုးဖို့ ကမ်းလှမ်းမှုပြုလုပ်သွားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ အတ္တလန္တာတိုက်စစ်မှူး ရာ့စ်မွတ်စ် ဟိုရီလွန်းအတွက် ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အလဲထိုးဖို့ ကြီးမားတဲ့ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ အီတလီသတင်းဌာန La Repubblica က ဖော်ပြခဲ့ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ ကစားပေါက်ချင်း တူညီတာကြောင့် အာလင်း ဟာလန်း လက်သစ်လို့ သတ်မှတ်ခြင်း ခံခဲ့ရပြီး အရပ်အမောင်းမှာလည်း ၁.၉၀ မီတာကျော် မြင့်မားတာချင်း တူညီနေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒိန်းမတ် ယူ-၂၁ တိုက်စစ်မှူးကို သဘောကျနေပြီး ယခုနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာရင် ဘန်းဇီးမားရဲ့နေရာမှာ ကာလရှည်အစားထိုးခေါ်ယူမှုအဖြစ် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဟိုရီလွန်းအနေနဲ့ အတ္တလန္တာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ရင်တောင်မှ ရီးရဲလ်မက်ဒရစ်အသင်းဟာ လူငယ်တိုက်စစ်မှူးကို အရခေါ်ယူဖို့ စဉ်းစားသွားမှာဖြစ်ပြီး အန်ချယ်လော့တီရဲ့အသင်းမှာ ဘန်ဇီးမားပြီးရင် ကျောနံပါတ် ၉ အဖြစ် ကစားပေးနိုင်တဲ့ကစားသမားမျိုး မရှိတော့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆင်နယ်အသင်းကလည်း အထောင်တိုက်စစ်နေရာကို အင်အားဖြည့်တင်းဖို့အတွက် ဟိုရီလွန်းကို ခေါ်ယူအားဖြည့်ဖို့ စဉ်းစားနေတာဖြစ်ပြီး အာတီတာဟာ လက်ရှိမှာ ကျောနံပါတ် ၉ နေရာအတွက် ဂျေးဇုနဲ့ နကီးတီးယားတို့ ၂ ဦးသာ ရွေးချယ်စရာအဖြစ် ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၁၇ နှစ်အရွယ် အက်သလက်တီကို ပါရာနာအန်ဆီတိုက်စစ်မှူး ဗီတို ရော့က်ကိုလည်း ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယူရိုသန်း ၄၀ ပြောင်းရွှေ့ကြေးသတ်မှတ်ခံထားရတဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို ဘာစီလိုနာကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

အတ္တလန္တာအသင်းအနေနဲ့ ဟိုရီလွန်းအတွက် ဈေးနှုန်းဘယ်လောက်သတ်မှတ်မလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး စီးရီးအေကလပ်အသင်းဟာ ဒိန်းမတ်တိုက်စစ်မှူးကို ပြီးခဲ့တဲ့နွေရာသီမှာ စတူရမ် ဂရက်ဇ်ကနေ ယူရို ၁၇ သန်းနဲ့ ခေါ်ယူခ့တဖြစ်ပါတယ်။

ဟိုရီလွန်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲမှာ သွင်းဂိုး ၇ ဂိုးသွင်းယူပေးထားပြီး အတ္တလန္တာအသင်းရဲ့ ပွဲထွက် ၁၁ ဦးစာရင်းထဲမှာ လူးဝစ္စ မူရီယယ်လ်၊ ဒူဗန် ဇာပတာတို့ရဲ့နေရာမှာ ဖြည်းဖြည်းချင်း စတင်နေရာယူလာပြီဖြစ်ပြီး နည်းပြ ဂျန် ပီယဲရိုး ဂက်စ်ပါရီးနီ ပေးခဲ့တဲ့ ယုံကြည်မှုအတွက် ပြန်လည်ပေးဆပ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ အတၱလႏၲာတိုက္စစ္မႉး ရာ့စ္မြတ္စ္ ဟိုရီလြန္းအတြက္ ၿပိဳင္ပြဲမွာ ရီးရဲလ္မက္ဒရစ္ကို အလဲထိုးဖို႔ ႀကီးမားတဲ့ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ အီတလီသတင္းဌာန La Repubblica က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉးဟာ ကစားေပါက္ခ်င္း တူညီတာေၾကာင့္ အာလင္း ဟာလန္း လက္သစ္လို႔ သတ္မွတ္ျခင္း ခံခဲ့ရၿပီး အရပ္အေမာင္းမွာလည္း ၁.၉၀ မီတာေက်ာ္ ျမင့္မားတာခ်င္း တူညီေနတာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဒိန္းမတ္ ယူ-၂၁ တိုက္စစ္မႉးကို သေဘာက်ေနၿပီး ယခုေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကာရင္ ဘန္းဇီးမားရဲ႕ေနရာမွာ ကာလရွည္အစားထိုးေခၚယူမႈအျဖစ္ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဟိုရီလြန္းအေနနဲ႔ အတၱလႏၲာအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ဆုံးျဖတ္ခဲ့ရင္ေတာင္မွ ရီးရဲလ္မက္ဒရစ္အသင္းဟာ လူငယ္တိုက္စစ္မႉးကို အရေခၚယူဖို႔ စဥ္းစားသြားမွာျဖစ္ၿပီး အန္ခ်ယ္ေလာ့တီရဲ႕အသင္းမွာ ဘန္ဇီးမားၿပီးရင္ ေက်ာနံပါတ္ ၉ အျဖစ္ ကစားေပးႏိုင္တဲ့ကစားသမားမ်ိဳး မရွိေတာ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အာဆင္နယ္အသင္းကလည္း အေထာင္တိုက္စစ္ေနရာကို အင္အားျဖည့္တင္းဖို႔အတြက္ ဟိုရီလြန္းကို ေခၚယူအားျဖည့္ဖို႔ စဥ္းစားေနတာျဖစ္ၿပီး အာတီတာဟာ လက္ရွိမွာ ေက်ာနံပါတ္ ၉ ေနရာအတြက္ ေဂ်းဇုနဲ႔ နကီးတီးယားတို႔ ၂ ဦးသာ ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အသက္ ၁၇ ႏွစ္အ႐ြယ္ အက္သလက္တီကို ပါရာနာအန္ဆီတိုက္စစ္မႉး ဗီတို ေရာ့က္ကိုလည္း ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ယူ႐ိုသန္း ၄၀ ေျပာင္းေ႐ႊ႕ေၾကးသတ္မွတ္ခံထားရတဲ့ ဘရာဇီးလ္တိုက္စစ္မႉးကို ဘာစီလိုနာကလည္း ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

အတၱလႏၲာအသင္းအေနနဲ႔ ဟိုရီလြန္းအတြက္ ေဈးႏႈန္းဘယ္ေလာက္သတ္မွတ္မလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ၿပီး စီးရီးေအကလပ္အသင္းဟာ ဒိန္းမတ္တိုက္စစ္မႉးကို ၿပီးခဲ့တဲ့ေႏြရာသီမွာ စတူရမ္ ဂရက္ဇ္ကေန ယူ႐ို ၁၇ သန္းနဲ႔ ေခၚယူခ့တျဖစ္ပါတယ္။

ဟိုရီလြန္းဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၂၁ ပြဲမွာ သြင္းဂိုး ၇ ဂိုးသြင္းယူေပးထားၿပီး အတၱလႏၲာအသင္းရဲ႕ ပြဲထြက္ ၁၁ ဦးစာရင္းထဲမွာ လူးဝစၥ မူရီယယ္လ္၊ ဒူဗန္ ဇာပတာတို႔ရဲ႕ေနရာမွာ ျဖည္းျဖည္းခ်င္း စတင္ေနရာယူလာၿပီျဖစ္ၿပီး နည္းျပ ဂ်န္ ပီယဲ႐ိုး ဂက္စ္ပါရီးနီ ေပးခဲ့တဲ့ ယုံၾကည္မႈအတြက္ ျပန္လည္ေပးဆပ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.