Premier League

မန်ယူနိုက်တက် ချန်ပီယံဖြစ်နိုင်သေးပြီး လျှော့မတွက်ဖို့ သတိပေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင်

အာဆင်နယ်ဂန္တဝင် နီဂယ်လ် ဝင်းတားဘန်းက မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်းတည်ငြိမ်မှုကို ချီးကျူးလိုက်ပြီး တန်ဟက်ရဲ့အသင်းကို ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်ချက်စတာစီးတီးထက် ၂ မှတ်အသာ၊ မန်ချက်စတာယူနိုက်တက်ထက် ၅ မှတ်အသာနဲ့ ဦးဆောင်နေဆဲဖြစ်ပြီး အာတီတာရဲ့အသင်းက မန်ချက်စတာ ၂ သင်းစလုံးထက် ၁ ပွဲလျော့ကစားထားတာဖြစ်ပါတယ်။ အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတာဖြစ်ပေမယ့် ဝင်းဘားဘန်းက မြင်း ၃ ကောင် ပြေးတဲ့ပြိုင်ပွဲလို့ ယူဆလို့ ရနိုင်ဆဲဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ၁၅ ပွဲအထိ ကစားဖို့ ကျန်ရှိနေသေးတာကြောင့် အံ့အားသင့်စရာာ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်စရာရှိနေသေးတာဖြစ်ပြီး ဂန်းနားနောက်ခံတောင်ပံကစားသမားဟောင်းက ယူနိုက်တက်ရဲ့ခြေစွမ်းတည်ငြိမ်မှုက အာတီတာရဲ့အသင်းအတွက် ခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်က ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက မိနစ်တိုင်းမှာ ခြေစွမ်းတည်ငြိမ်မှု အများအပြားကို ပြသနေလို့ပါ။ သူတို့တွေက အာဆင်နယ်နဲ့ ၅ မှတ်ပဲ ကွာဟာနေပြီး အာဆင်နယ်က တစ်ပွဲလျော့ကစားထားပါတယ်။ ရာသီလက်ကျန်ပွဲစဉ်တွေမှာ ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျား မသိနိုင်ပေမယ့် သူတို့တွေက ဆုဖလားပြိုင်ပွဲထဲမှာရှိနေပါတယ်”

“အားလုံးက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးကိုပဲ ကြည့်နေကြတုန်းဖြစ်ပေမယ့် ခင်ဗျား နောက်မှာရှိနေတဲ့အသင်းတွေကိုလည်း လေးစားမှု ရှိရမှာပါ။ အထူးသဖြင့် သူတို့တွေက အခုအချိန်မှာ မန်ချက်စတာယူနိုက်တက် လုပ်နေသလိုမျိုး ခြေစွမ်းတည်ငြိမ်မှုအဆင့်အတန်းမျိုး ပြသနေတဲ့အခါမှာပေါ့”လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ၂ သင်းစလုံးဟာ ပြီးခဲ့တဲ့အပတ်မှာ နိုင်ပွဲရရှိခဲ့ပေမယ့် မန်ချက်စတာစီးတီးကတော့ နော်တင်ဟမ် ဖောရက်စ်ကို သရေကျခဲ့ပြီး အံ့အားသင့်ဖွယ် ရမှတ် လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ဝင်းတားဘန်းက အဲဒီလိုမျိုး ရလဒ်တွေက ဆုဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ပြောကြားခဲ့ပြီး နောက်ဆုံးမှာ ချန်ပီယံဖြစ်မယ့်အသင်းက ပြိုင်ဘက်တွေထက်ပိုပြီး မမျှော်လင့်ထားတဲ့ ခြေချော်မှုကို ရှောင်လွှဲနိုင်ရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ခင်ဗျား အနည်းဆုံးမျှော်မှန်းထားတဲ့အချိန်မှာ အသင်းတွေက ရမှတ်တွေ လျော့ကျတဲ့ပွဲစဉ်မျိုးတွေ ရှိလာမှာပါ။ ဒီရာသီမှာ အဲဒီလို အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ပြီးသားပါ။ အဲဒီလိုပွဲစဉ်တွေက ဘယ်သူက ဖလားရမလဲဆိုတာကို သတ်မှတ်ပေးပါလိမ့်မယ်။ အခုအချိန်မှာ အားလုံးက အာဆင်နယ်ကို အမီလိုက်ဖို့ ကစားနေတာဖြစ်ပြီး ဂန်းနားတွေက သူတို့ရဲ့ ကိုယ်ပိုင်ခြေစွမ်းတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သရွေ့ နောက်ကလိုက်နေတဲ့ အသင်းတွေအပေါ်မှာ ဖိအားပေးနိုင်မှာပါ”

“အဲဒါက ခင်ဗျားနဲ့ နောက်ကအသင်းတွေကြား အနည်းငယ် ကွာဟမှုကို ထိန်းသိမ်းထားနိုင်ဖို့ ရမှတ်တွေ ဆက်လက်ရယူခွင့်ပေးမျာပါ။ ရာသီကုန်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အဆုံးသတ်ဖြစ်လာတော့မယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္ နီဂယ္လ္ ဝင္းတားဘန္းက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေျခစြမ္းတည္ၿငိမ္မႈကို ခ်ီးက်ဴးလိုက္ၿပီး တန္ဟက္ရဲ႕အသင္းကို ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ ယူဆရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္ခ်က္စတာစီးတီးထက္ ၂ မွတ္အသာ၊ မန္ခ်က္စတာယူႏိုက္တက္ထက္ ၅ မွတ္အသာနဲ႔ ဦးေဆာင္ေနဆဲျဖစ္ၿပီး အာတီတာရဲ႕အသင္းက မန္ခ်က္စတာ ၂ သင္းစလုံးထက္ ၁ ပြဲေလ်ာ့ကစားထားတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ဆုဖလားကို ရယူႏိုင္ဖို႔ အေကာင္းဆုံးအေနအထားမွာ ရွိေနတာျဖစ္ေပမယ့္ ဝင္းဘားဘန္းက ျမင္း ၃ ေကာင္ ေျပးတဲ့ၿပိဳင္ပြဲလို႔ ယူဆလို႔ ရႏိုင္ဆဲျဖစ္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယခုရာသီမွာ ၁၅ ပြဲအထိ ကစားဖို႔ က်န္ရွိေနေသးတာေၾကာင့္ အံ့အားသင့္စရာာ အလွည့္အေျပာင္းေတြ ျဖစ္လာႏိုင္စရာရွိေနေသးတာျဖစ္ၿပီး ဂန္းနားေနာက္ခံေတာင္ပံကစားသမားေဟာင္းက ယူႏိုက္တက္ရဲ႕ေျခစြမ္းတည္ၿငိမ္မႈက အာတီတာရဲ႕အသင္းအတြက္ ၿခိမ္းေျခာက္မႈျဖစ္လာလိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္က ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိေနပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက မိနစ္တိုင္းမွာ ေျခစြမ္းတည္ၿငိမ္မႈ အမ်ားအျပားကို ျပသေနလို႔ပါ။ သူတို႔ေတြက အာဆင္နယ္နဲ႔ ၅ မွတ္ပဲ ကြာဟာေနၿပီး အာဆင္နယ္က တစ္ပြဲေလ်ာ့ကစားထားပါတယ္။ ရာသီလက္က်န္ပြဲစဥ္ေတြမွာ ဘာေတြျဖစ္လာမလဲဆိုတာ ခင္ဗ်ား မသိႏိုင္ေပမယ့္ သူတို႔ေတြက ဆုဖလားၿပိဳင္ပြဲထဲမွာရွိေနပါတယ္”

“အားလုံးက အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးကိုပဲ ၾကည့္ေနၾကတုန္းျဖစ္ေပမယ့္ ခင္ဗ်ား ေနာက္မွာရွိေနတဲ့အသင္းေတြကိုလည္း ေလးစားမႈ ရွိရမွာပါ။ အထူးသျဖင့္ သူတို႔ေတြက အခုအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ လုပ္ေနသလိုမ်ိဳး ေျခစြမ္းတည္ၿငိမ္မႈအဆင့္အတန္းမ်ိဳး ျပသေနတဲ့အခါမွာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ၂ သင္းစလုံးဟာ ၿပီးခဲ့တဲ့အပတ္မွာ ႏိုင္ပြဲရရွိခဲ့ေပမယ့္ မန္ခ်က္စတာစီးတီးကေတာ့ ေနာ္တင္ဟမ္ ေဖာရက္စ္ကို သေရက်ခဲ့ၿပီး အံ့အားသင့္ဖြယ္ ရမွတ္ ေလ်ာ့က်ခဲ့တာ ျဖစ္ပါတယ္။

ဝင္းတားဘန္းက အဲဒီလိုမ်ိဳး ရလဒ္ေတြက ဆုဖလားၿပိဳင္ပြဲကို အဆုံးအျဖတ္ေပးလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ဆုံးမွာ ခ်န္ပီယံျဖစ္မယ့္အသင္းက ၿပိဳင္ဘက္ေတြထက္ပိုၿပီး မေမွ်ာ္လင့္ထားတဲ့ ေျခေခ်ာ္မႈကို ေရွာင္လႊဲႏိုင္ရမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ခင္ဗ်ား အနည္းဆုံးေမွ်ာ္မွန္းထားတဲ့အခ်ိန္မွာ အသင္းေတြက ရမွတ္ေတြ ေလ်ာ့က်တဲ့ပြဲစဥ္မ်ိဳးေတြ ရွိလာမွာပါ။ ဒီရာသီမွာ အဲဒီလို အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ပ်က္ခဲ့ၿပီးသားပါ။ အဲဒီလိုပြဲစဥ္ေတြက ဘယ္သူက ဖလားရမလဲဆိုတာကို သတ္မွတ္ေပးပါလိမ့္မယ္။ အခုအခ်ိန္မွာ အားလုံးက အာဆင္နယ္ကို အမီလိုက္ဖို႔ ကစားေနတာျဖစ္ၿပီး ဂန္းနားေတြက သူတို႔ရဲ႕ ကိုယ္ပိုင္ေျခစြမ္းတည္ၿငိမ္မႈကို ထိန္းသိမ္းထားႏိုင္သေ႐ြ႕ ေနာက္ကလိုက္ေနတဲ့ အသင္းေတြအေပၚမွာ ဖိအားေပးႏိုင္မွာပါ”

“အဲဒါက ခင္ဗ်ားနဲ႔ ေနာက္ကအသင္းေတြၾကား အနည္းငယ္ ကြာဟမႈကို ထိန္းသိမ္းထားႏိုင္ဖို႔ ရမွတ္ေတြ ဆက္လက္ရယူခြင့္ေပးမ်ာပါ။ ရာသီကုန္မွာ စိတ္ဝင္စားစရာေကာင္းတဲ့ အဆုံးသတ္ျဖစ္လာေတာ့မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.