ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာကို ပြောင်းရွှေ့ပြီးကတည်းက ကစားသမားတွေရဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ပုံကို ပိုမိုကောင်းမွန်လာစေခဲ့တယ်လို့ အသင်းရဲ့ အာဟာရပညာရှင်က ပြောကြားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လမှာ ဆော်ဒီ အာရေဗျကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အယ်လ်နာဆာနဲ့ ဆော်ဒီ ပရိုလိဂ်ကို သိသိသာသာ တိုးတက်မှုတွေ ရှိလာအောင် ပြုလုပ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ၅ ပွဲကစားထားရာမှာ ၅ ဂိုးအထိ သွင်းယူထားပြီး ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ရှိနေဆဲဆိုတာကို ပြသထားပြီး ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းခေါင်းဆောင်ဟောင်း အဗ္ဗဒူလာလ် မာဒူဆီကနေ အသင်းခေါင်းဆောင် လက်ပတ်ကို ရယူခဲ့တာဖြစ်ပေမယ့်လည်း အဲဒီဆုံးဖြတ်ချက်ကို အသင်းသားတွေက ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကို ဒုတိယအကြိမ် ပြောင်းရွှေ့ခဲ့ချိန်မှာ ယူနိုက်တက်ကစားသမားတွေဟာ အစားအသောက်ပုံစံ အပြောင်းအလဲတွေ ရှိခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းတွေ ရှိခဲ့ပြီး အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့ချိန်မှာလည်း အလားတူဖြစ်ပျက်နေတာဖြစ်ပါတယ်။
ဟိုဆေး ဘလီဆာက ရော်နယ်လ်ဒိုရဲ့ လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး ပြောကြားရာမှာ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကိုပဲ ပြောကြားသွားခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ အစားအသောက်နဲ့ပတ်သက်လာရင် တင်းကြပ်တဲ့စားသောက်မှုပုံစံရှိသူလို့ လူသိများပြီး အယ်လ်နာဆာကစားသမားတွေကလည်း ဘလွန်ဒေါ ၅ ဆုရှင်အတိုင်း လိုက်စားသောက်ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
“သူနဲ့ တွဲလုပ်ရတာက ဘယ်လိုဖြစ်လာမလဲဆိုတာနဲ့ အသင်းက အများကြီး ပြောင်းလဲလာမလားဆိုတာကို တခြားလူတွေလိုပဲ ကျွန်တော်လည်း သေချာမသိခဲ့ပါဘူး။ ဒါပေမယ့် သူ့ထက်ပိုပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့ ဘောလုံးသမားမျိုး ကျွန်တော် မတွေ့ခဲ့ဖူးပါဘူး။ သူနဲ့ ပြောသမျှစကားလုံးတိုင်းက သင်ယူစရာတွေပါ။ ကျွန်တော်တို့ တွေ့ဆုံပြီး သူ့ရဲ့ စားသောက်မှုပုံစံအကြောင်း ပြောခဲ့ကြတယ်။ သူ ဒီဟာကို ဘယ်လောက်အထိ အရေးပါတယ်လို့ နားလည်ထားတဲ့အကြောင်းနဲ့ ကျန်တာက စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့အကြောင်းတွေပါ”
“သူက လေ့ကျင့်ကို ပထမဆုံးလာပြီး နောက်ဆုံးမှ ပြန်တဲ့သူပါ။ သူနဲ့ ဆက်ဆံရတာက အံ့အားသင့်စရာကောင်းပါတယ်။ ခရစ္စတီယာနိုက ကျွန်တော့်ကို အများကြီးအကူအညီပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကို နောက်ထပ် မသင်ကြားနိုင်တော့လို့ပါ။ ဒါပေမယ့် သူက သူ့နားမှာ သင်တန်းကျောင်းလေး ဖန်တီးထားတယ်။ ကျန်တဲ့ကစားသမားတွေအားလုံး သူလုပ်တာကို လုပ်ကြတယ်။ ဘာလို့လဲဆိုတော့ သူ လုပ်သမျှအားလုံးက သူ့ရဲ့စွမ်းဆောင်ရည်ကို တိုးတက်ဖို့ အံ့အားသင့်စရာကောင်းတဲ့အရာတွေမို့လို့ပါ။ သူ ဒီကို ရောက်လာပြီးကတည်းက ကစားသမားတွေအားလုံးက ပိုပြီး အားစိုက်လေ့ကျင့်လာပြီး ပိုပြီးတင်းကြပ်တဲ့စားသောက်မှုပုံစံကို လိုက်နာကြပါတယ်”
“ကစားသမားတွေကို မြင်တဲ့အချိန်ုတိုင်း သူတို့ရဲ့ ခန္ဓာကိုယ်အနေအထားက ၉၀ ရာခိုင်နှုန်းလောက် တိုးတက်လာတာမျိုး မမြင်ခဲ့ဖူးပါဘူး။ သူတို့တွေ အဆီပိုနည်းလာပြီး ကြွက်သားပိုများလာတယ်။ သူတို့တွေ ရသလောက် လေ့ကျင့်ခန်းအားလုံး လုပ်ကြတယ်။ အဲဒီမှာ အလုပ်လုပ်နေရတာက ဇိမ်ခံနေရသလိုမျိုးပဲ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ကစားသမားေတြရဲ႕ စားေသာက္မႈပုံစံနဲ႔ ေလ့က်င့္ပုံကို ပိုမိုေကာင္းမြန္လာေစခဲ့တယ္လို႔ အသင္းရဲ႕ အာဟာရပညာရွင္က ေျပာၾကားခဲ့ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့လမွာ ေဆာ္ဒီ အာေရဗ်ကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အယ္လ္နာဆာနဲ႔ ေဆာ္ဒီ ပ႐ိုလိဂ္ကို သိသိသာသာ တိုးတက္မႈေတြ ရွိလာေအာင္ ျပဳလုပ္ေပးထားခဲ့ၿပီးျဖစ္ပါတယ္။ အေစာပိုင္းကာလေတြမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၅ ပြဲကစားထားရာမွာ ၅ ဂိုးအထိ သြင္းယူထားၿပီး ကမာၻ႔ထိပ္တန္းအဆင့္မွာ ရွိေနဆဲဆိုတာကို ျပသထားၿပီး ျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအသင္းေခါင္းေဆာင္ေဟာင္း အဗၺဒူလာလ္ မာဒူဆီကေန အသင္းေခါင္းေဆာင္ လက္ပတ္ကို ရယူခဲ့တာျဖစ္ေပမယ့္လည္း အဲဒီဆုံးျဖတ္ခ်က္ကို အသင္းသားေတြက ႀကိဳဆိုခဲ့ၾကတာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ကို ဒုတိယအႀကိမ္ ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာ ယူႏိုက္တက္ကစားသမားေတြဟာ အစားအေသာက္ပုံစံ အေျပာင္းအလဲေတြ ရွိခဲ့တယ္ဆိုတဲ့ ဇာတ္လမ္းေတြ ရွိခဲ့ၿပီး အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာလည္း အလားတူျဖစ္ပ်က္ေနတာျဖစ္ပါတယ္။
ဟိုေဆး ဘလီဆာက ေရာ္နယ္လ္ဒိုရဲ႕ လႊမ္းမိုးမႈနဲ႔ပတ္သက္ၿပီး ေျပာၾကားရာမွာ အေပါင္းလကၡဏာေဆာင္တဲ့အရာေတြကိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ အစားအေသာက္နဲ႔ပတ္သက္လာရင္ တင္းၾကပ္တဲ့စားေသာက္မႈပုံစံရွိသူလို႔ လူသိမ်ားၿပီး အယ္လ္နာဆာကစားသမားေတြကလည္း ဘလြန္ေဒါ ၅ ဆုရွင္အတိုင္း လိုက္စားေသာက္ၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“သူနဲ႔ တြဲလုပ္ရတာက ဘယ္လိုျဖစ္လာမလဲဆိုတာနဲ႔ အသင္းက အမ်ားႀကီး ေျပာင္းလဲလာမလားဆိုတာကို တျခားလူေတြလိုပဲ ကြၽန္ေတာ္လည္း ေသခ်ာမသိခဲ့ပါဘူး။ ဒါေပမယ့္ သူ႔ထက္ပိုၿပီး ပေရာ္ဖက္ရွင္နယ္ပီသတဲ့ ေဘာလုံးသမားမ်ိဳး ကြၽန္ေတာ္ မေတြ႕ခဲ့ဖူးပါဘူး။ သူနဲ႔ ေျပာသမွ်စကားလုံးတိုင္းက သင္ယူစရာေတြပါ။ ကြၽန္ေတာ္တို႔ ေတြ႕ဆုံၿပီး သူ႔ရဲ႕ စားေသာက္မႈပုံစံအေၾကာင္း ေျပာခဲ့ၾကတယ္။ သူ ဒီဟာကို ဘယ္ေလာက္အထိ အေရးပါတယ္လို႔ နားလည္ထားတဲ့အေၾကာင္းနဲ႔ က်န္တာက စြမ္းေဆာင္ရည္နဲ႔ပတ္သက္တဲ့အေၾကာင္းေတြပါ”
“သူက ေလ့က်င့္ကို ပထမဆုံးလာၿပီး ေနာက္ဆုံးမွ ျပန္တဲ့သူပါ။ သူနဲ႔ ဆက္ဆံရတာက အံ့အားသင့္စရာေကာင္းပါတယ္။ ခရစၥတီယာႏိုက ကြၽန္ေတာ့္ကို အမ်ားႀကီးအကူအညီေပးခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို ေနာက္ထပ္ မသင္ၾကားႏိုင္ေတာ့လို႔ပါ။ ဒါေပမယ့္ သူက သူ႔နားမွာ သင္တန္းေက်ာင္းေလး ဖန္တီးထားတယ္။ က်န္တဲ့ကစားသမားေတြအားလုံး သူလုပ္တာကို လုပ္ၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူ လုပ္သမွ်အားလုံးက သူ႔ရဲ႕စြမ္းေဆာင္ရည္ကို တိုးတက္ဖို႔ အံ့အားသင့္စရာေကာင္းတဲ့အရာေတြမို႔လို႔ပါ။ သူ ဒီကို ေရာက္လာၿပီးကတည္းက ကစားသမားေတြအားလုံးက ပိုၿပီး အားစိုက္ေလ့က်င့္လာၿပီး ပိုၿပီးတင္းၾကပ္တဲ့စားေသာက္မႈပုံစံကို လိုက္နာၾကပါတယ္”
“ကစားသမားေတြကို ျမင္တဲ့အခ်ိႏ္ုတိုင္း သူတို႔ရဲ႕ ခႏၶာကိုယ္အေနအထားက ၉၀ ရာခိုင္ႏႈန္းေလာက္ တိုးတက္လာတာမ်ိဳး မျမင္ခဲ့ဖူးပါဘူး။ သူတို႔ေတြ အဆီပိုနည္းလာၿပီး ႂကြက္သားပိုမ်ားလာတယ္။ သူတို႔ေတြ ရသေလာက္ ေလ့က်င့္ခန္းအားလုံး လုပ္ၾကတယ္။ အဲဒီမွာ အလုပ္လုပ္ေနရတာက ဇိမ္ခံေနရသလိုမ်ိဳးပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.