တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဒိုင်ယာ၊ လွန်ဂလေနဲ့ ရိုမဲရိုးတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်၊ အီမာဆန် ရိုယဲလ်နဲ့ ဒေးဗီးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရစ်ချာလစ်ဆန်၊ ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ အော့ဘွန်နာ၊ ခယ်ရာနဲ့ အာဂွါဒ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒေါင်းစ်၊ ဘိုဝင်နဲ့ အန်တိုနီယိုတို့ကို တွဲဖက်ပေးခဲ့တာပါ။
အိမ်ရှင် စပါးစ်ခံစစ်ရဲ့ အထနှေးမှုကို ဝက်စ်ဟမ်းတို့ စောစောစီးစီး အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် ဘိုဝင်ရဲ့ ကန်ချက်က တိုင်ဘေးကပဲ လွဲခဲ့သလို ဟာရီကိန်းတို့အုပ်စုကတော့ အပိုင်အခွင့်အရေးတွေ သိပ်မရခဲ့သလို ဧည့်သည်တွေရဲ့ ခံစစ်မှာ အချိန်ပြည့်နီးပါး ပိတ်ကစားနေတာကြောင့်လည်း ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာတော့ စပါးစ်တို့ တိုက်စစ်နဲ့ စဖွင့်ခဲ့ပေမယ့် ရစ်ချာလစ်ဆန်ရဲ့ အဆုံးသတ်ပုံ မကောင်းမွန်မှုက စိတ်ပျက်စရာပဲဖြစ်ခဲ့သလို ဟာရီကိန်းကလည်း အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့တာကြောင့် သူတို့ရဲ့ ရှေ့တန်းတွေက ဝက်စ်ဟမ်းခံစစ်ကို မချိုးဖျက်နိုင်ဘဲဖြစ်နေခဲ့တာပါ။
ပွဲချိန် ၅၆ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ပြန်ရလာတဲ့ ဟွိုင်ဘယာ့ဂ်က ဘယ်တောင်ပံကို မျှောပေးခဲ့တဲ့ ဘောလုံးကို ဒေးဗီးစ်က ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ ကစားကွက်အရ တိုက်စစ်မှူးနေရာကို တက်ပြီး နေရာယူထားတဲ့ နောက်ခံလူ ရိုယဲလ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ အဲဗာတန်ကနေ စပါးစ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်ပွဲ ၁၅ ပွဲ ကစားရာမှာ တစ်ဂိုးမှ မရနိုင်သေးလို့ အလှောင်ပြောင်ခံနေရတဲ့ ဘရာဇီးလ်သား ရစ်ချာလစ်ဆန်အနေနဲ့ ဒီနေ့မှာလည်း ဘာမှ မလုပ်နိုင်ခဲ့တာကြောင့် သူ့အစား ဆွန်ဟောင်မင်နဲ့ လူစားလဲခဲ့ရပြီး အတွဲအဖက်မိဖို့ ကြိုးစားလာခဲ့တာပါ။
ပွဲချိန် ၇၂ မိနစ်မှာတော့ စပါးစ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အော့ဘွန်နာ ဘောလုံးရှင်းထုတ် မပီပြင်တာက ပြန်ရသွားခဲ့တဲ့ ဟာရီကိန်းက ဝက်စ်ဟမ်းနောက်ခံလူနှစ်ယောက်ကြားထဲကနေ ထိုးပေးတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ ညာဘက်ကို ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
နှစ်ဂိုးရှုံးသွားတဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ အန်တိုနီယို၊ ဒေါင်းစ်၊ အော့ဘွန်နာနဲ့ အီမာဆန်တို့အစား ဒန်နီ အင်းစ်၊ ဘင်ရာမာ၊ ဂျွန်ဆန်နဲ့ ဖော်နယ်လ်စ်တို့ကို လူစားလဲပြီး တိုက်စစ်မြှင့်လာခဲ့သလို စပါးစ်တို့ကတော့ လွန်ဂလေ၊ စကစ်ပ်နဲ့ ကူလူရှက်ဗ်စကီးတို့အစား ပါရီရှစ်ချ်၊ ဆားရ်နဲ့ လူးကပ်စ် မော်ရာတို့ကို ထည့်သွင်းပြီး ထိန်းကစားသွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ တော့တင်ဟမ်ဟော့စပါးစ်တို့အနေနဲ့ လန်ဒန်ဒါဘီမှာ ဝက်စ်ဟမ်းယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး သုံးမှတ် ရှာဖွေသွားနိုင်ခဲ့တာကြောင့် နိုင်ပွဲပျောက်နေတဲ့ နယူးကာဆယ်လ်တို့ထက် တစ်မှတ်အသာဖြစ်တဲ့ ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၄ နေရာကို သိမ်းပိုက်နိုင်ခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားခွင့်အတွက် ဆက်လက်ဆုပ်ကိုင်ထားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ ဒိုင္ယာ၊ လြန္ဂေလနဲ႔ ႐ိုမဲ႐ိုးတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ စကစ္ပ္၊ အီမာဆန္ ႐ိုယဲလ္နဲ႔ ေဒးဗီးစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္၊ ကူလူရွက္ဗ္စကီးနဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ဝက္စ္ဟမ္းယူႏိုက္တက္အသင္းကေတာ့ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ေအာ့ဘြန္နာ၊ ခယ္ရာနဲ႔ အာဂြါဒ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဆိုးခ်က္ခ္၊ ဆိုဖာလ္နဲ႔ အီမာဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေဒါင္းစ္၊ ဘိုဝင္နဲ႔ အန္တိုနီယိုတို႔ကို တြဲဖက္ေပးခဲ့တာပါ။
အိမ္ရွင္ စပါးစ္ခံစစ္ရဲ႕ အထေႏွးမႈကို ဝက္စ္ဟမ္းတို႔ ေစာေစာစီးစီး အသုံးခ်ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဘိုဝင္ရဲ႕ ကန္ခ်က္က တိုင္ေဘးကပဲ လြဲခဲ့သလို ဟာရီကိန္းတို႔အုပ္စုကေတာ့ အပိုင္အခြင့္အေရးေတြ သိပ္မရခဲ့သလို ဧည့္သည္ေတြရဲ႕ ခံစစ္မွာ အခ်ိန္ျပည့္နီးပါး ပိတ္ကစားေနတာေၾကာင့္လည္း ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၾကပါတယ္။
ဒုတိယပိုင္းမွာေတာ့ စပါးစ္တို႔ တိုက္စစ္နဲ႔ စဖြင့္ခဲ့ေပမယ့္ ရစ္ခ်ာလစ္ဆန္ရဲ႕ အဆုံးသတ္ပုံ မေကာင္းမြန္မႈက စိတ္ပ်က္စရာပဲျဖစ္ခဲ့သလို ဟာရီကိန္းကလည္း အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့တာေၾကာင့္ သူတို႔ရဲ႕ ေရွ႕တန္းေတြက ဝက္စ္ဟမ္းခံစစ္ကို မခ်ိဳးဖ်က္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။
ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ျပန္ရလာတဲ့ ဟြိဳင္ဘယာ့ဂ္က ဘယ္ေတာင္ပံကို ေမွ်ာေပးခဲ့တဲ့ ေဘာလုံးကို ေဒးဗီးစ္က ဧရိယာထိပ္ကို ခင္းေပးခဲ့ရာမွာ ကစားကြက္အရ တိုက္စစ္မႉးေနရာကို တက္ၿပီး ေနရာယူထားတဲ့ ေနာက္ခံလူ ႐ိုယဲလ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒီေနာက္မွာေတာ့ အဲဗာတန္ကေန စပါးစ္ကို ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့ၿပီးကတည္းက ပရီးမီးယားလိဂ္ပြဲ ၁၅ ပြဲ ကစားရာမွာ တစ္ဂိုးမွ မရႏိုင္ေသးလို႔ အေလွာင္ေျပာင္ခံေနရတဲ့ ဘရာဇီးလ္သား ရစ္ခ်ာလစ္ဆန္အေနနဲ႔ ဒီေန႔မွာလည္း ဘာမွ မလုပ္ႏိုင္ခဲ့တာေၾကာင့္ သူ႔အစား ဆြန္ေဟာင္မင္နဲ႔ လူစားလဲခဲ့ရၿပီး အတြဲအဖက္မိဖို႔ ႀကိဳးစားလာခဲ့တာပါ။
ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ စပါးစ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေအာ့ဘြန္နာ ေဘာလုံးရွင္းထုတ္ မပီျပင္တာက ျပန္ရသြားခဲ့တဲ့ ဟာရီကိန္းက ဝက္စ္ဟမ္းေနာက္ခံလူႏွစ္ေယာက္ၾကားထဲကေန ထိုးေပးတဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ဆြဲေျပးၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ ညာဘက္ကို ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။
ႏွစ္ဂိုးရႈံးသြားတဲ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ အန္တိုနီယို၊ ေဒါင္းစ္၊ ေအာ့ဘြန္နာနဲ႔ အီမာဆန္တို႔အစား ဒန္နီ အင္းစ္၊ ဘင္ရာမာ၊ ဂြၽန္ဆန္နဲ႔ ေဖာ္နယ္လ္စ္တို႔ကို လူစားလဲၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို စပါးစ္တို႔ကေတာ့ လြန္ဂေလ၊ စကစ္ပ္နဲ႔ ကူလူရွက္ဗ္စကီးတို႔အစား ပါရီရွစ္ခ်္၊ ဆားရ္နဲ႔ လူးကပ္စ္ ေမာ္ရာတို႔ကို ထည့္သြင္းၿပီး ထိန္းကစားသြားခဲ့တာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔အေနနဲ႔ လန္ဒန္ဒါဘီမွာ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး သုံးမွတ္ ရွာေဖြသြားႏိုင္ခဲ့တာေၾကာင့္ ႏိုင္ပြဲေပ်ာက္ေနတဲ့ နယူးကာဆယ္လ္တို႔ထက္ တစ္မွတ္အသာျဖစ္တဲ့ ရမွတ္ ၄၂ မွတ္နဲ႔ အဆင့္ ၄ ေနရာကို သိမ္းပိုက္ႏိုင္ခဲ့သလို လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ကစားခြင့္အတြက္ ဆက္လက္ဆုပ္ကိုင္ထားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.