Serie A

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့မယုံနိုင်ဖွယ် ဂိုးသွင်းစံချိန်ကို ရိုက်ချိုးခဲ့တဲ့ စီးရီးအေကြယ်ပွင့်

နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဟာ သောကြာနေ့က ဆက်ဆူအိုလိုကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က သွင်းဂိုးကြောင့် ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အိုဆိမန်ဟာ ကလပ်အသင်းနဲ့ နိုင်ငံအတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ အမြန်ဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တာဖြစ်ပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ၃၃ မိနစ်မှာ ခရာဗက်စ်စခီလီယာက အဖွင့်ဂိုးသွင်းယူပြီးနောက် နာပိုလီအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုးဟာ ဗစ်တာ အိုဆီမန်အတွက် ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ သွင်းဂိုး ဖြစ်လာခဲ့တာဖြစ်ပြီး ကလပ်အသင်းအဆင့်မှာ ၈၅ ဂိုး၊ နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက် ၁၅ ဂိုး သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထက် ပိုပြီးထူးခြားတာက နာပိုလီကြယ်ပွင့်ဟာ အဲဒီ စံချိန်ကို စုစုပေါင်း ၁၉၇ ပွဲတည်းနဲ့ ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့တုန်းကထက်တောင် ပိုမို မြန်ဆန်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက်ဖို့အတွက် ပွဲပေါင်း ၂၁၀ အထိ အချိန်ယူခဲ့ရသလို ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ပွဲပေါင်း ၃၁၀ အထိ စောင့်ဆိုင်းခဲ့ရတာဖြစ်ပြီး ဒီမျိုးဆက်မှာ နောက်ထပ် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဇလာတန် အီဘာဟီမိုဗစ်လည်း ၂၄၅ ပွဲအထိ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဝုလ်ဖ်စ်ဘာ့ဂ်က ကစားသမားဘဝကို နှေးကွေးစွာ စတင်ခဲ့ပြီးနောက်ပိုင်း အိုဆီမန်ဟာ ဘယ်လ်ဂျီယမ်လိဂ်က Charleroi အသင်းမှာ ခြေစွမ်းတဟုန်ထိုး တိုးတက်လာခဲ့ပြီး ပြင်သစ်လိဂ်က လီလ်အသင်းမှာ ဆက်လက် ခြေစွမ်း ပြသခဲ့တာဖြစ်ပါတယ်။ အိုဆီမန်ဟာ ၂၀၂၀ ခုနှစ်မှာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း ၇၀ နဲ့ နာပိုလီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက စုစုပေါင်း ပြိုင်ပွဲစုံ ၈၅ ပွဲမှာ သွင်းဂိုး ၄၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အိုဆီမန်ရဲ့ တောက်ပတဲ့ ခြေစွမ်းဟာ နာပိုလီအသင်းရဲ့ စီးရီးအေဖလား စိန်ခေါ်မှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပြီး စပယ်လက်တီရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ အင်တာမီလန်ထက် ၁ ပွဲပိုကစားထားပြီး ၁၈ မှတ်အထိ ဖြတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုဆီမန်ဟာ ကစားသမားဘဝ သွင်းဂိုး ၁၀၀ အမြန်ဆုံး ပြည့်မြောက်တဲ့စာရင်းမှာ ကစားသမား ၂ ဦးနောက်ကနေသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေက ပွဲ ၁၈၀ နဲ့ ဒုတိယ၊ မန်စီးတီးကြယ်ပွင့် အာလင်း ဟာလန်းက ၁၄၆ ပွဲနဲ့ ပထမနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆီမန္ဟာ ေသာၾကာေန႔က ဆက္ဆူအိုလိုကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္က သြင္းဂိုးေၾကာင့္ ကစားသမားဘဝ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။

အိုဆိမန္ဟာ ကလပ္အသင္းနဲ႔ ႏိုင္ငံအတြက္ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္တဲ့ အျမန္ဆုံးကစားသမားေတြထဲက တစ္ဦး ျဖစ္လာခဲ့တာျဖစ္ၿပီး ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ ၃၃ မိနစ္မွာ ခရာဗက္စ္စခီလီယာက အဖြင့္ဂိုးသြင္းယူၿပီးေနာက္ နာပိုလီအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အဲဒီသြင္းဂိုးဟာ ဗစ္တာ အိုဆီမန္အတြက္ ကစားသမားဘဝ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္တဲ့ သြင္းဂိုး ျဖစ္လာခဲ့တာျဖစ္ၿပီး ကလပ္အသင္းအဆင့္မွာ ၈၅ ဂိုး၊ ႏိုင္ဂ်ီးရီးယားလက္ေ႐ြးစင္အသင္းအတြက္ ၁၅ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အဲဒီထက္ ပိုၿပီးထူးျခားတာက နာပိုလီၾကယ္ပြင့္ဟာ အဲဒီ စံခ်ိန္ကို စုစုေပါင္း ၁၉၇ ပြဲတည္းနဲ႔ ေရးထိုးႏိုင္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔တုန္းကထက္ေတာင္ ပိုမို ျမန္ဆန္ခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ကစားသမားဘဝ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္ဖို႔အတြက္ ပြဲေပါင္း ၂၁၀ အထိ အခ်ိန္ယူခဲ့ရသလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း ပြဲေပါင္း ၃၁၀ အထိ ေစာင့္ဆိုင္းခဲ့ရတာျဖစ္ၿပီး ဒီမ်ိဳးဆက္မွာ ေနာက္ထပ္ ဂိုးသြင္းေကာင္းတဲ့ တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ ဇလာတန္ အီဘာဟီမိုဗစ္လည္း ၂၄၅ ပြဲအထိ ေစာင့္ဆိုင္းခဲ့ရတာျဖစ္ပါတယ္။

ဝုလ္ဖ္စ္ဘာ့ဂ္က ကစားသမားဘဝကို ေႏွးေကြးစြာ စတင္ခဲ့ၿပီးေနာက္ပိုင္း အိုဆီမန္ဟာ ဘယ္လ္ဂ်ီယမ္လိဂ္က Charleroi အသင္းမွာ ေျခစြမ္းတဟုန္ထိုး တိုးတက္လာခဲ့ၿပီး ျပင္သစ္လိဂ္က လီလ္အသင္းမွာ ဆက္လက္ ေျခစြမ္း ျပသခဲ့တာျဖစ္ပါတယ္။ အိုဆီမန္ဟာ ၂၀၂၀ ခုႏွစ္မွာ အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း ၇၀ နဲ႔ နာပိုလီကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက စုစုေပါင္း ၿပိဳင္ပြဲစုံ ၈၅ ပြဲမွာ သြင္းဂိုး ၄၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အိုဆီမန္ရဲ႕ ေတာက္ပတဲ့ ေျခစြမ္းဟာ နာပိုလီအသင္းရဲ႕ စီးရီးေအဖလား စိန္ေခၚမႈမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ေနတာျဖစ္ၿပီး စပယ္လက္တီရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ အင္တာမီလန္ထက္ ၁ ပြဲပိုကစားထားၿပီး ၁၈ မွတ္အထိ ျဖတ္ထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုဆီမန္ဟာ ကစားသမားဘဝ သြင္းဂိုး ၁၀၀ အျမန္ဆုံး ျပည့္ေျမာက္တဲ့စာရင္းမွာ ကစားသမား ၂ ဦးေနာက္ကေနသာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာေပက ပြဲ ၁၈၀ နဲ႔ ဒုတိယ၊ မန္စီးတီးၾကယ္ပြင့္ အာလင္း ဟာလန္းက ၁၄၆ ပြဲနဲ႔ ပထမေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.