Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၅.၉.၂၀၂၀

– လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ဒီေဗာ့ခ္ ေအာ္ရီဂီဟာ လုိဗရန္အသစ္ျဖစ္လာခဲ့တယ္လို႔ ပရိသတ္တစ္ဦးျဖစ္တဲ့ ခရစၥ ဘရက္ခ္က အသံလႊင့္ အစီအစဥ္မွာ ေျပာၾကားလုိက္ၿပီး လူေတြက သူ႕ကို အသင္းရဲ႕ မျမင္ခ်င္ေတာ့တဲ့ လူေဟာင္းတစ္ဦးအျဖစ္ သတ္မွတ္ထားတယ္လုိ႔ဆို။

– ခ်ဲလ္ဆီးနဲ႔ပြဲမွာ ရရွိသြားခဲ့တဲ့ ဒဏ္ရာေၾကာင့္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္အေနနဲ႔ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္ကို လြဲေခ်ာ္မွာျဖစ္ၿပီး ေနာက္ခံလူ ဂ်ဳိယယ္လ္ မာတစ္ပ္လည္း ဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ေသး။

– ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းမွာ ပါဝင္ရမယ့္ အခန္းက႑ကို သေဘာက်ေနတာေၾကာင့္ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတား အေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ တစ္ဂိုးမွ မရေသးတဲ့ ခရစၥ ဝိုင္လ္ဒါနဲ႔ လက္တြဲဖို႔ အေျပာင္းအေရႊ႕ကို အလုိရွိေန။

– လင္ကြန္းစီးတီးနဲ႔ပြဲမွာ ေနာက္ခံညာအတြင္းလူအျဖစ္ Ball Playing Role က ကစားသြားခဲ့တဲ့ အသက္ ၁၉ ႏွစ္အရြယ္ ေနာက္ခံလူ ရီးစ္ ဝီလီယမ္စ္ရဲ႕ စြမ္းေဆာင္ရည္ကို ပရိသတ္ေတြ ခ်ီးက်ဴးေနၾကၿပီး ေဘာလုံးေပးပုိ႔မွဳ ၉၆.၅ ရာခိုင္ႏွဳန္း ေသခ်ာခဲ့။

– ကစားထားၿပီးခဲ့တဲ့ ပြဲေတြမွာ ေျခစြမ္းမျပႏုိင္ေပမယ့္လည္း နာဘီ ကီတာအေနနဲ႔ အသင္းအတြက္ အေရးပါတဲ့ အခန္းက႑က ပါဝင္ဖို႔ ရွိေၾကာင္း နည္းျပ ယာဂန္ ကေလာ့ပ္က အားေပးလုိက္ၿပီး လင္ကြန္းနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ မီနာမီႏိုကိုလည္း ခ်ီးက်ဴး။

– ဘြန္ဒက္စ္လီဂါကလပ္ RB လိုက္ပ္ဇစ္အသင္း အားကစားဒါ႐ိုက္တာ ရာ့လ္ဖ္ ရန္းနစ္ခ္အေနနဲ႔ လီဗာပူးလ္လူငယ္ကြင္းလယ္လူ ကားတစ္ ဂ်ဳံးစ္ကို အလိုရွိေနၿပီး တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ ႀကဳိးစားခဲ့ေပမယ့္ အသင္းဘက္က ပယ္ခ်ခဲ့။

– လီဗာပူးလ္အသင္းဂႏၴဝင္တစ္ဦးျဖစ္တဲ့ ေနာက္ခံလူေဟာင္း စတိဗ္ နီကိုလ္က ကူလီေဘလီကို အသင္းမွာ ျမင္ခ်င္ေပမယ့္ နာပိုလီပုိင္ရွင္ ဒီေလာ္ရန္တီးစ္ရဲ႕ ႐ူးေၾကာင္ေၾကာင္ ေဈးသတ္မွတ္ခ်က္ေတြက အတားအဆီးျဖစ္ေစေၾကာင္းနဲ႔ ေဈးမွန္နဲ႔ ေခၚယူႏုိင္ဖို႔ေတာ့ ေမွ်ာ္လင့္ေၾကာင္းဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ဒီဗော့ခ် အော်ရီဂီဟာ လိုဗရန်အသစ်ဖြစ်လာခဲ့တယ်လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ ခရစ္စ ဘရက်ခ်က အသံလွှင့် အစီအစဉ်မှာ ပြောကြားလိုက်ပြီး လူတွေက သူ့ကို အသင်းရဲ့ မမြင်ချင်တော့တဲ့ လူဟောင်းတစ်ဦးအဖြစ် သတ်မှတ်ထားတယ်လို့ဆို။

– ချဲလ်ဆီးနဲ့ပွဲမှာ ရရှိသွားခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင် ဟန်ဒါဆန်အနေနဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်လည်း ဒဏ်ရာကြောင့် မပါဝင်နိုင်သေး။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းမှာ ပါဝင်ရမယ့် အခန်းကဏ္ဍကို သဘောကျနေတာကြောင့် လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတား အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ဂိုးမှ မရသေးတဲ့ ခရစ္စ ဝိုင်လ်ဒါနဲ့ လက်တွဲဖို့ အပြောင်းအရွှေ့ကို အလိုရှိနေ။

– လင်ကွန်းစီးတီးနဲ့ပွဲမှာ နောက်ခံညာအတွင်းလူအဖြစ် Ball Playing Role က ကစားသွားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ရီးစ် ဝီလီယမ်စ်ရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေ ချီးကျူးနေကြပြီး ဘောလုံးပေးပို့မှု ၉၆.၅ ရာခိုင်နှုန်း သေချာခဲ့။

– ကစားထားပြီးခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းမပြနိုင်ပေမယ့်လည်း နာဘီ ကီတာအနေနဲ့ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ရှိကြောင်း နည်းပြ ယာဂန် ကလော့ပ်က အားပေးလိုက်ပြီး လင်ကွန်းနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မီနာမီနိုကိုလည်း ချီးကျူး။

– ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ်အသင်း အားကစားဒါရိုက်တာ ရာ့လ်ဖ် ရန်းနစ်ခ်အနေနဲ့ လီဗာပူးလ်လူငယ်ကွင်းလယ်လူ ကားတစ် ဂျုံးစ်ကို အလိုရှိနေပြီး တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အသင်းဘက်က ပယ်ချခဲ့။

– လီဗာပူးလ်အသင်းဂန္ထဝင်တစ်ဦးဖြစ်တဲ့ နောက်ခံလူဟောင်း စတိဗ် နီကိုလ်က ကူလီဘေလီကို အသင်းမှာ မြင်ချင်ပေမယ့် နာပိုလီပိုင်ရှင် ဒီလော်ရန်တီးစ်ရဲ့ ရူးကြောင်ကြောင် ဈေးသတ်မှတ်ချက်တွေက အတားအဆီးဖြစ်စေကြောင်းနဲ့ ဈေးမှန်နဲ့ ခေါ်ယူနိုင်ဖို့တော့ မျှော်လင့်ကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.