Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၅.၉.၂၀၂၀

– ဥေရာပ ဆူပါဖလားပြဲအၿပီးမွာ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီအတြက္ ယူ႐ို ၆၅ သန္းနဲ႔ မန္ခ်က္စတာစီးတီးဘက္က ကမ္းလွမ္းလိုက္ၿပီလို႔ စပိန္ဂ်ာနယ္လစ္ နာခ်ဳိ ဟီမီနက္ဇ္ ေဖာ္ျပသြားခဲ့ၿပီး အဲရစ္ ဂါစီယာကို ဘာစီလုိနာဆီ ေရာင္းခ်ဖို႔ကိုလည္း လိုက္ေလ်ာေပးဖို႔ ရွိလာ။

– လက္စတာစီးတီးနဲ႔ ကစားမယ့္ တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အသင္းမွာ ႀကံ့ခုိင္မွဳ ျပည့္ဝတဲ့ ပထမကစားသမား ၁၃ ဦးသာ ရွိတယ္လို႔ ဂြါဒီယိုလာ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ၿပီး ဒဏ္ရာနဲ႔ ကိုဗစ္ေၾကာင့္ အင္အားေလ်ာ့နည္းေန။

– ဘုန္းေမာက္နဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ အသင္းအတြက္ ပထမဆုံး ပြဲထြက္ခြင့္နဲ႔အတူ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ လူငယ္ တုိက္စစ္မွဴး လီယမ္ ဒီလက္ပ္က သူ႕အေနနဲ႔ အရမ္းေပ်ာ္ရႊင္ေၾကာင္းဆုိလုိက္ၿပီး ႏွစ္ပတ္ေလာက္ ၿပဳံးေနမိေတာ့မယ္လုိ႔ဆုိ။

– မန္စီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ လူငယ္တုိက္စစ္မွဴး ဒီလက္ပ္ရဲ႕ ေျခစြမ္းနဲ႔ စိတ္အားထက္သန္မွဳကို သေဘာက်ေနၿပီး အသင္းႀကီးကစားသမားေတြ ႀကံ့ခိုင္မွဳ မျပည့္တဲ့ အခ်ိန္မွာ လက္စတာနဲ႔ ကစားမယ့္ လူစာရင္းကို ဆက္လက္ေခၚေဆာင္သြားဖို႔ရွိေန။

– ဒီလက္ပ္နဲ႔အတူ မန္ခ်က္စတာစီးတီးအသင္းအတြက္ ဘုန္းေမာက္နဲ႔ပြဲမွာ ပြဲထြက္ခဲ့သူ ေနာက္တစ္ဦးကေတာ့ အေမရိကန္ဂိုးသမား ဇက္ခ္ စတက္ဖင္ျဖစ္ၿပီး ပင္ဆယ္လ္ေဗးနီးယားျပည္နယ္၊ ကို႔စ္ဗီးလ္ၿမဳိ႕သားေလးအတြက္ေတာ့ သမိုင္းသစ္လည္းျဖစ္ခဲ့။

– အက္သလက္တီကို မက္ဒရစ္ရဲ႕ ကိုဗစ္ဗုိင္းရပ္စ္ ကူးစက္ခံထားရတဲ့ ေနာက္ခံလူ ဟိုေဆး ဟီမီနက္ဇ္အတြက္ မန္စီးတီးတုိ႔အေနနဲ႔ ဒီရာသီမွာ ဆက္လက္ႀကဳိးစားေတာ့မွာ မဟုတ္ဘဲ ေနာက္ရာသီပစ္မွတ္အျဖစ္ ေရႊ႕ဆုိင္းလုိက္ၿပီး ဆီဗီလာရဲ႕ ကြန္ဒီနဲ႔ RB လုိက္ပ္ဇစ္ရဲ႕ အူပါမီကာႏိုတုိ႔ႏွစ္ဦးထဲကပဲ ႀကဳိးစားဖို႔ ရွိေန။

– လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါရဲ႕ ဦးစားေပး အသင္းဟာ မန္ခ်က္စတာစီးတီးျဖစ္ၿပီး အာဆင္နယ္မဟုတ္ေၾကာင္း ျပင္သစ္ ေဘာလုံးသတင္းဌာနက ထုတ္ေဖာ္လုိက္ၿပီး ကမ္းလွမ္းေနတဲ့ ေျမာက္လန္ဒန္သားေတြအတြက္ေတာ့ ေဒါသထြက္စရာျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဥရောပ ဆူပါဖလားပွဲအပြီးမှာ နောက်ခံလူ ဂျူးလ် ကွန်ဒီအတွက် ယူရို ၆၅ သန်းနဲ့ မန်ချက်စတာစီးတီးဘက်က ကမ်းလှမ်းလိုက်ပြီလို့ စပိန်ဂျာနယ်လစ် နာချို ဟီမီနက်ဇ် ဖော်ပြသွားခဲ့ပြီး အဲရစ် ဂါစီယာကို ဘာစီလိုနာဆီ ရောင်းချဖို့ကိုလည်း လိုက်လျောပေးဖို့ ရှိလာ။

– လက်စတာစီးတီးနဲ့ ကစားမယ့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အသင်းမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ပထမကစားသမား ၁၃ ဦးသာ ရှိတယ်လို့ ဂွါဒီယိုလာ ထုတ်ဖော်ပြောကြားသွားခဲ့ပြီး ဒဏ်ရာနဲ့ ကိုဗစ်ကြောင့် အင်အားလျော့နည်းနေ။

– ဘုန်းမောက်နဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်နဲ့အတူ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ် တိုက်စစ်မှူး လီယမ် ဒီလက်ပ်က သူ့အနေနဲ့ အရမ်းပျော်ရွှင်ကြောင်းဆိုလိုက်ပြီး နှစ်ပတ်လောက် ပြုံးနေမိတော့မယ်လို့ဆို။

– မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ လူငယ်တိုက်စစ်မှူး ဒီလက်ပ်ရဲ့ ခြေစွမ်းနဲ့ စိတ်အားထက်သန်မှုကို သဘောကျနေပြီး အသင်းကြီးကစားသမားတွေ ကြံ့ခိုင်မှု မပြည့်တဲ့ အချိန်မှာ လက်စတာနဲ့ ကစားမယ့် လူစာရင်းကို ဆက်လက်ခေါ်ဆောင်သွားဖို့ရှိနေ။

– ဒီလက်ပ်နဲ့အတူ မန်ချက်စတာစီးတီးအသင်းအတွက် ဘုန်းမောက်နဲ့ပွဲမှာ ပွဲထွက်ခဲ့သူ နောက်တစ်ဦးကတော့ အမေရိကန်ဂိုးသမား ဇက်ခ် စတက်ဖင်ဖြစ်ပြီး ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ကို့စ်ဗီးလ်မြို့သားလေးအတွက်တော့ သမိုင်းသစ်လည်းဖြစ်ခဲ့။

– အက်သလက်တီကို မက်ဒရစ်ရဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နောက်ခံလူ ဟိုဆေး ဟီမီနက်ဇ်အတွက် မန်စီးတီးတို့အနေနဲ့ ဒီရာသီမှာ ဆက်လက်ကြိုးစားတော့မှာ မဟုတ်ဘဲ နောက်ရာသီပစ်မှတ်အဖြစ် ရွှေ့ဆိုင်းလိုက်ပြီး ဆီဗီလာရဲ့ ကွန်ဒီနဲ့ RB လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုတို့နှစ်ဦးထဲကပဲ ကြိုးစားဖို့ ရှိနေ။

– လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါရဲ့ ဦးစားပေး အသင်းဟာ မန်ချက်စတာစီးတီးဖြစ်ပြီး အာဆင်နယ်မဟုတ်ကြောင်း ပြင်သစ် ဘောလုံးသတင်းဌာနက ထုတ်ဖော်လိုက်ပြီး ကမ်းလှမ်းနေတဲ့ မြောက်လန်ဒန်သားတွေအတွက်တော့ ဒေါသထွက်စရာဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.