မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညမှာ ယူရိုပါလိဂ် Play-offs ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ နူးကမ့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
သရဲနီတွေနဲ့ ကတ်တလန်ထိပ်သီးအသင်းကြီးတို့ကြား နောက်ဆုံးတွေ့ဆုံခဲ့တာက ၂၀၁၈-၂၀၁၉ ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တုန်းကဖြစ်ပြီး ၄ နှစ်နီးပါးအကြားမှာ ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ နောက်ထပ်တစ်ကြိမ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်တို့ရဲ့နောက် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရတာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ကလည်း ဂိုးကွာခြားချက်ကြောင့် ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ရီးရဲလ်ဆိုစီဒက်ရဲ့နောက်မှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရလဒ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို အလိုအလျောက်တက်ရောက်ခွင့် ဆုံးရှုံးခဲ့ပြီး ၂ သင်းစလုံးက ယခုရာသီ ပြည်တွင်းပြိုင်ပွဲမှာ ကောင်းကောင်း ကစားထားနိုင်တဲ့အသင်းတွေ ဖြစ်ပါတယ်။ ဇာဗီရဲ့ဘာစီလိုနာ စီမံကိန်းဟာ စတင်ရုပ်လုံးပေါ်လာပြီဖြစ်ပုံပေါ်ပြီး တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်ကလည်း ပုံစံကောင်း ရရှိနေတာ ဖြစ်ပါတယ်။
ယနေ့ညမှာ ဥရောပထိပ်တန်းအသင်း ၂ သင်းကြား တိုက်ပွဲမှာ ဘယ်သူက အနိုင်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပြီး ဘာစီလိုနာအသင်းက ဒီနေ့ညမှာ အနိုင်ရရှိသွားနိုင်တဲ့အကြောင်းအရင်း ၅ ခုအထိ ရှိနေပါတယ်။
၅။ ဒီရာသီ ဘာစီလိုနာရဲ့အိမ်ကွင်းမှတ်တမ်း
ဇာဗီလက်အောက်မှာ ဘာစီလိုနာက နူးကမ့်ကို ခံတပ်အသွင် ပြန်ပြောင်းနိုင်ခဲ့ပြီး ဒီရာသီ အိမ်ကွင်းမှာ တစ်ပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ အဲဒီရှုံးပွဲကလည်း ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ နူးကမ့်မှာ ဘာဆာကို တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးပါတယ်။ မန်ယူနိုက်တက်အတွက် ဒီနေ့ညမှာ အနိုင်ရဖို့က တော်တော်လေးကို ခက်ခဲမှာ သေချာပြီး နောက်တဆင့် တက်ရောက်ချင်တယ်ဆိုရင် ဒုတိယအကျော့မှာ အခြေအနေကောင်းဖို့ ပေးဂိုးတွေ မများဖို့ ထိန်းကစားသွားရမှာ ဖြစ်ပါတယ်။
၄။ အလွန်ကောင်းမွန်တဲ့ပုံစံရနေတဲ့ ဘာဆာ
ဘာစီလိုနာဟာ ပြိုင်ပွဲစုံ နောက်ဆုံး၁၆ ပွဲအထိ ရှုံးပွဲမရှိဘဲ နောက်ဆုံး ၁၁ ပွဲအထိ နိုင်ပွဲရထားပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာလည်း ၈ မှတ်အသာနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း ခြေစွမ်းအရမ်းဆိုးကြီးမဟုတ်ပေမယ့်လည်း ကတ်တလန်ထိပ်သီးအသင်းကြီးနဲ့ ယှဉ်လိုက်ရင်တော့ ကွာဟနေတာ ဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းသာ အင်အားအပြည့်ရှိနေခဲ့မယ်ဆိုရင်တော့ ကွဲပြားခြားနားတဲ့အရာတွေကို လုပ်နိုင်မှာဖြစ်ပေမယ့်လည်း ကံဆိုးစွာနဲ့ အဲဒီလို ဖြစ်မနေတာဖြစ်ပါတယ်။
၃။ အဓိကကစားသမားတွေ ပျောက်ဆုံးနေတဲ့ မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ နူးကမ့်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ယနေ့ညပွဲစဉ်ကို ခရစ်ရှန် အဲရစ်ဆင်၊ မာစီယယ်လ်၊ မက်တော်မီနေးနဲ့ ဗန်ဒီဘိခ်တို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး အဲဒီထက်ပိုပြီးဆိုးသွားစေတာက ဆဘစ်ဇာနဲ့ မာတီနက်ဇ်တို့လည်း တစ်ပွဲပယ်ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ ဒီလိုမျိုး အဓိကကစားသမားအများအပြား လွဲချော်မှာဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဘက်ပေါင်းစုံမှာ အားနည်းနေမယ်ဆိုတာ ပြောနေဖို့တောင် မလိုပါဘူး။
၂။ ကွင်းလယ်ကို လွှမ်းမိုးနိုင်ဖို့များနေတဲ့ ဘာဆာ
ဇာဗီဟာ အားကောင်းတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရင် ကွင်းလယ် ၄ ဦးနဲ့ ကစားချင်တဲ့ဆန္ဒကို ပြသခဲ့သူဖြစ်ပြီး ဘာစီလိုနာနည်းပြဟာ ယနေ့ညမှာလည်း မန်ယူနိုက်တက်ကွင်းလယ်က အနည်းငယ် ထိခိုက်လွယ်တယ်ဆိုတာကို သိနေတာကြောင့် အဲဒီကစားကွက်ကိုပဲ သုံးသွားမှာပါ။ ကာစီမီရိုနဲ့ အဲရစ်ဆင်တို့ ကွင်းလယ်အတွဲက ဒိန်းမတ်ကြယ်ပွင့် မနာခင်အထိ ကောင်းကောင်း အလုပ်ဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဖရက်ဒ်နဲ့ ဆဘစ်ဇာတို့ကွင်းလယ်အတွဲက တော်တော်လေး အခြေအနေဆိုးရွားခဲ့တာဖြစ်ပါတယ်။ ပယ်ဒရီ၊ ဂါဗီ၊ ဒီ ယုံး၊ ကက်ဆီတို့အားလုံးဟာ နည်းစနစ်ပိုင်း အရည်အသွေးရှိပြီး ကွင်းလယ်တိုက်ပွဲမှာ အသာစီးရရှိစေမယ့် ရုပ်ပိုင်းဆိုင်ရာ အားသာချက်လည်း ရှိနေတာဖြစ်ပါတယ်။ ဖရက်ဒ်အနေနဲ့ ၎င်းရဲ့ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာသေချာပြီး ယူနိုက်တက်အနေနဲ့ ဘာဆာနဲ့ပွဲမှာ ကွင်းလယ်မှာ ဘောလုံးထိန်းသိမ်းနိုင်ဖို့ ပြဿနာကြုံရဖို့ များနေပါတယ်။
၁။ လီဗန်ဒေါ့ဗ်စကီးရဲ့ ဂိုးသွင်းစွမ်းရည်
လီဗန်ဒေါ့ဗ်စကီးရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဘာစီလိုနာအသင်းရဲ့ အောင်ပွဲတွေမှာ အဓိကကျတဲ့အချက်ဖြစ်ခဲ့ပြီး ပိုလန်တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ ၂၇ ပွဲမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးဟာ အင်္ဂလိပ်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရာမှာလည်း အထင်ကြီးဖွယ်ဂိုးသွင်းမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီး အင်္ဂလိပ်အသင်းတွေနဲ့ နောက်ဆုံး ၃ ပွဲ တွေ့ဆုံခဲ့ရာမှာ ၉ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနေ့ည နူးကမ့်မှာ လီဗန်ဒေါ့ဗ်စကီး ဂိုးမသွင်းနိုင်အောင် ထိန်းသိမ်းဖို့ တော်တော်လေး ကြိုးပမ်းသွားရမှာဖြစ်ပြီး အဲဒီကြိုးပမ်းမှုကလည်း မအောင်မြင်ဖို့ ကျိန်းသေသလောက်ရှိပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ညမွာ ယူ႐ိုပါလိဂ္ Play-offs ပထမအေက်ာ့ပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းနဲ႔ ႏူးကမ့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။
သရဲနီေတြနဲ႔ ကတ္တလန္ထိပ္သီးအသင္းႀကီးတို႔ၾကား ေနာက္ဆုံးေတြ႕ဆုံခဲ့တာက ၂၀၁၈-၂၀၁၉ ရာသီ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္တုန္းကျဖစ္ၿပီး ၄ ႏွစ္နီးပါးအၾကားမွာ ယူ႐ိုပါလိဂ္ ရႈံးထြက္အဆင့္မွာ ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္တို႔ရဲ႕ေနာက္ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီးေနာက္ ယူ႐ိုပါလိဂ္ကို ဆင္းကစားခဲ့ရတာျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ မန္ခ်က္စတာယူႏိုက္တက္ကလည္း ဂိုးကြာျခားခ်က္ေၾကာင့္ ယူ႐ိုပါလိဂ္အုပ္စုအဆင့္မွာ ရီးရဲလ္ဆိုစီဒက္ရဲ႕ေနာက္မွာသာ ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ရလဒ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ဟာ ၁၆ သင္းရႈံးထြက္အဆင့္ကို အလိုအေလ်ာက္တက္ေရာက္ခြင့္ ဆုံးရႈံးခဲ့ၿပီး ၂ သင္းစလုံးက ယခုရာသီ ျပည္တြင္းၿပိဳင္ပြဲမွာ ေကာင္းေကာင္း ကစားထားႏိုင္တဲ့အသင္းေတြ ျဖစ္ပါတယ္။ ဇာဗီရဲ႕ဘာစီလိုနာ စီမံကိန္းဟာ စတင္႐ုပ္လုံးေပၚလာၿပီျဖစ္ပုံေပၚၿပီး တန္ဟက္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကလည္း ပုံစံေကာင္း ရရွိေနတာ ျဖစ္ပါတယ္။
ယေန႔ညမွာ ဥေရာပထိပ္တန္းအသင္း ၂ သင္းၾကား တိုက္ပြဲမွာ ဘယ္သူက အႏိုင္သြားမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းလာၿပီး ဘာစီလိုနာအသင္းက ဒီေန႔ညမွာ အႏိုင္ရရွိသြားႏိုင္တဲ့အေၾကာင္းအရင္း ၅ ခုအထိ ရွိေနပါတယ္။
၅။ ဒီရာသီ ဘာစီလိုနာရဲ႕အိမ္ကြင္းမွတ္တမ္း
ဇာဗီလက္ေအာက္မွာ ဘာစီလိုနာက ႏူးကမ့္ကို ခံတပ္အသြင္ ျပန္ေျပာင္းႏိုင္ခဲ့ၿပီး ဒီရာသီ အိမ္ကြင္းမွာ တစ္ပြဲသာ ရႈံးနိမ့္ထားတာျဖစ္ပါတယ္။ အဲဒီရႈံးပြဲကလည္း ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ႏူးကမ့္မွာ ဘာဆာကို တစ္ႀကိမ္သာ အႏိုင္ရခဲ့ဖူးပါတယ္။ မန္ယူႏိုက္တက္အတြက္ ဒီေန႔ညမွာ အႏိုင္ရဖို႔က ေတာ္ေတာ္ေလးကို ခက္ခဲမွာ ေသခ်ာၿပီး ေနာက္တဆင့္ တက္ေရာက္ခ်င္တယ္ဆိုရင္ ဒုတိယအေက်ာ့မွာ အေျခအေနေကာင္းဖို႔ ေပးဂိုးေတြ မမ်ားဖို႔ ထိန္းကစားသြားရမွာ ျဖစ္ပါတယ္။
၄။ အလြန္ေကာင္းမြန္တဲ့ပုံစံရေနတဲ့ ဘာဆာ
ဘာစီလိုနာဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး၁၆ ပြဲအထိ ရႈံးပြဲမရွိဘဲ ေနာက္ဆုံး ၁၁ ပြဲအထိ ႏိုင္ပြဲရထားၿပီး လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာလည္း ၈ မွတ္အသာနဲ႔ ဦးေဆာင္ထားတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ကလည္း ေျခစြမ္းအရမ္းဆိုးႀကီးမဟုတ္ေပမယ့္လည္း ကတ္တလန္ထိပ္သီးအသင္းႀကီးနဲ႔ ယွဥ္လိုက္ရင္ေတာ့ ကြာဟေနတာ ျဖစ္ပါတယ္။ တန္ဟက္ရဲ႕အသင္းသာ အင္အားအျပည့္ရွိေနခဲ့မယ္ဆိုရင္ေတာ့ ကြဲျပားျခားနားတဲ့အရာေတြကို လုပ္ႏိုင္မွာျဖစ္ေပမယ့္လည္း ကံဆိုးစြာနဲ႔ အဲဒီလို ျဖစ္မေနတာျဖစ္ပါတယ္။
၃။ အဓိကကစားသမားေတြ ေပ်ာက္ဆုံးေနတဲ့ မန္ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္ဟာ ႏူးကမ့္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ယေန႔ညပြဲစဥ္ကို ခရစ္ရွန္ အဲရစ္ဆင္၊ မာစီယယ္လ္၊ မက္ေတာ္မီေနးနဲ႔ ဗန္ဒီဘိခ္တို႔ မပါဝင္ဘဲ ကစားသြားရမွာျဖစ္ၿပီး အဲဒီထက္ပိုၿပီးဆိုးသြားေစတာက ဆဘစ္ဇာနဲ႔ မာတီနက္ဇ္တို႔လည္း တစ္ပြဲပယ္ျပစ္ဒဏ္က်ခံေနရတာျဖစ္ပါတယ္။ ဒီလိုမ်ိဳး အဓိကကစားသမားအမ်ားအျပား လြဲေခ်ာ္မွာျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ဘက္ေပါင္းစုံမွာ အားနည္းေနမယ္ဆိုတာ ေျပာေနဖို႔ေတာင္ မလိုပါဘူး။
၂။ ကြင္းလယ္ကို လႊမ္းမိုးႏိုင္ဖို႔မ်ားေနတဲ့ ဘာဆာ
ဇာဗီဟာ အားေကာင္းတဲ့ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရင္ ကြင္းလယ္ ၄ ဦးနဲ႔ ကစားခ်င္တဲ့ဆႏၵကို ျပသခဲ့သူျဖစ္ၿပီး ဘာစီလိုနာနည္းျပဟာ ယေန႔ညမွာလည္း မန္ယူႏိုက္တက္ကြင္းလယ္က အနည္းငယ္ ထိခိုက္လြယ္တယ္ဆိုတာကို သိေနတာေၾကာင့္ အဲဒီကစားကြက္ကိုပဲ သုံးသြားမွာပါ။ ကာစီမီ႐ိုနဲ႔ အဲရစ္ဆင္တို႔ ကြင္းလယ္အတြဲက ဒိန္းမတ္ၾကယ္ပြင့္ မနာခင္အထိ ေကာင္းေကာင္း အလုပ္ျဖစ္ေနခဲ့ၿပီး ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ဖရက္ဒ္နဲ႔ ဆဘစ္ဇာတို႔ကြင္းလယ္အတြဲက ေတာ္ေတာ္ေလး အေျခအေနဆိုး႐ြားခဲ့တာျဖစ္ပါတယ္။ ပယ္ဒရီ၊ ဂါဗီ၊ ဒီ ယုံး၊ ကက္ဆီတို႔အားလုံးဟာ နည္းစနစ္ပိုင္း အရည္အေသြးရွိၿပီး ကြင္းလယ္တိုက္ပြဲမွာ အသာစီးရရွိေစမယ့္ ႐ုပ္ပိုင္းဆိုင္ရာ အားသာခ်က္လည္း ရွိေနတာျဖစ္ပါတယ္။ ဖရက္ဒ္အေနနဲ႔ ၎ရဲ႕ အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့တာေသခ်ာၿပီး ယူႏိုက္တက္အေနနဲ႔ ဘာဆာနဲ႔ပြဲမွာ ကြင္းလယ္မွာ ေဘာလုံးထိန္းသိမ္းႏိုင္ဖို႔ ျပႆနာႀကဳံရဖို႔ မ်ားေနပါတယ္။
၁။ လီဗန္ေဒါ့ဗ္စကီးရဲ႕ ဂိုးသြင္းစြမ္းရည္
လီဗန္ေဒါ့ဗ္စကီးရဲ႕ ဂိုးသြင္းစြမ္းရည္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဘာစီလိုနာအသင္းရဲ႕ ေအာင္ပြဲေတြမွာ အဓိကက်တဲ့အခ်က္ျဖစ္ခဲ့ၿပီး ပိုလန္တိုက္စစ္မႉးဟာ ၿပိဳင္ပြဲစုံ ၂၇ ပြဲမွာ သြင္းဂိုး ၂၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားခဲ့တာ ျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးဟာ အဂၤလိပ္အသင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရာမွာလည္း အထင္ႀကီးဖြယ္ဂိုးသြင္းမွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ၿပီး အဂၤလိပ္အသင္းေတြနဲ႔ ေနာက္ဆုံး ၃ ပြဲ ေတြ႕ဆုံခဲ့ရာမွာ ၉ ဂိုးအထိ တိုက္႐ိုက္ပါဝင္ပတ္သက္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီေန႔ည ႏူးကမ့္မွာ လီဗန္ေဒါ့ဗ္စကီး ဂိုးမသြင္းႏိုင္ေအာင္ ထိန္းသိမ္းဖို႔ ေတာ္ေတာ္ေလး ႀကိဳးပမ္းသြားရမွာျဖစ္ၿပီး အဲဒီႀကိဳးပမ္းမႈကလည္း မေအာင္ျမင္ဖို႔ က်ိန္းေသသေလာက္ရွိပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.