Premier League Transfer News

ေနာက္ဆုံးရ ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႕သတင္းမ်ား – ၂၅.၉.၂၀၂၀

– အက္စ္တန္ဗီလာအသင္းက ၿပီးခဲ့တဲ့ ေဆာင္းရာသီမွာ ေခၚယူထားခဲ့တဲ့ တန္းဇန္းနီးယားတုိက္စစ္မွဴး အမ္ဘြာနာ ဆာမက္တာကို အငွားနဲ႔ ေခၚယူဖို႔ တူရကီကလပ္ ဖီနာဘာခ်ီ သေဘာတူညီခဲ့ၿပီး ေဆးစစ္မွဳ ေအာင္ျမင္။

– ဘ႐ိုက္တန္အသင္းရဲ႕ ၿပီးခဲ့တဲ့ ရာသီအထိ အဓိက ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ေဒးလ္ စတီဖင္စ္ကို ဘန္ေလအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္တစ္သန္းဝန္းက်င္နဲ႔ ေခၚယူခဲ့ၿပီး ႏွစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိသြား။

– ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ကို အငွားနဲ႔ ေခၚယူဖို႔ ေဆာက္သမ္တန္အသင္းက ႀကဳိးစားေနၿပီး နည္းျပ လမ္းပတ္ရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္တဲ့ သူ႕ကို ထြက္ခြာခြင့္ျပဳဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးလူငယ္အသင္းက အသက္ ၁၆ ႏွစ္အရြယ္ တုိက္စစ္မွဴး ေဂ်မီ ဘိုင္ႏုိး-ဂစ္တင္စ္ကို မေဖာ္ျပတဲ့ ေျပာင္းေရႊ႕ေၾကး တစ္ရပ္တဲ့ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္း ေခၚယူ။

– ပါရီစိန္႔ဂ်ာမိန္း(ပီအက္စ္ဂ်ီ)အသင္းအေနနဲ႔ စပါးစ္ကြင္းလယ္လူ ဒယ္လီ အယ္လီကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္လည္း ကစားသမားရဲ႕ လစာေငြ ေတာင္းဆုိမွဳက ႀကီးျမင့္လြန္းေနတဲ့အတြက္ ေခၚယူဖို႔ အစီအစဥ္ကို စြန္႔လႊတ္သြားခဲ့။

– ဘာစီလုိနာအသင္းရဲ႕ ကစားသမားေတြကို ပရီးမီးယားလိဂ္အသင္းေတြက စိတ္ဝင္စားေနၿပီး နယ္လ္ဆန္ ဆီမီဒိုကို ဝုလ္ဗ္စ္က ေခၚယူခဲ့သလို ဖူလ္ဟမ္အသင္းအေနနဲ႔ ေနာက္ခံလူ ယြန္း-ကလဲ တိုဘီဒိုကို ယူ႐ို ၁၈ သန္းနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းထားခ်ိန္မွာ ကြင္းလယ္ ကစားသမား ေကာ္တင္ညဳိနဲ႔ အာဆင္နယ္တုိ႔ အသံျပန္ထြက္လာ။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ အင္တာမီလန္အသင္းရဲ႕ ေနာက္ခံလူ မီလန္ ရွကရီညာကို ယူ႐ုိသန္း ၅၀ နဲ႔ ကမ္းလွမ္းထားၿပီး သန္း ၆၀ အထိ အလိုရွိေနတဲ့ အီတလီကလပ္အသင္းေၾကာင့္ သေဘာတူညီမွဳ မရေသးဘဲ ဆက္လက္ေဆြးေႏြးေနရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အက်စ်တန်ဗီလာအသင်းက ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ခေါ်ယူထားခဲ့တဲ့ တန်းဇန်းနီးယားတိုက်စစ်မှူး အမ်ဘွာနာ ဆာမက်တာကို အငှားနဲ့ ခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီ သဘောတူညီခဲ့ပြီး ဆေးစစ်မှု အောင်မြင်။

– ဘရိုက်တန်အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီအထိ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဒေးလ် စတီဖင်စ်ကို ဘန်လေအသင်းက ပြောင်းရွှေ့ကြေး ပေါင်တစ်သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုသွား။

– ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆောက်သမ်တန်အသင်းက ကြိုးစားနေပြီး နည်းပြ လမ်းပတ်ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တဲ့ သူ့ကို ထွက်ခွာခွင့်ပြုဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးလူငယ်အသင်းက အသက် ၁၆ နှစ်အရွယ် တိုက်စစ်မှူး ဂျေမီ ဘိုင်နိုး-ဂစ်တင်စ်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်တဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်း ခေါ်ယူ။

– ပါရီစိန့်ဂျာမိန်း(ပီအက်စ်ဂျီ)အသင်းအနေနဲ့ စပါးစ်ကွင်းလယ်လူ ဒယ်လီ အယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း ကစားသမားရဲ့ လစာငွေ တောင်းဆိုမှုက ကြီးမြင့်လွန်းနေတဲ့အတွက် ခေါ်ယူဖို့ အစီအစဉ်ကို စွန့်လွှတ်သွားခဲ့။

– ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေကို ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေပြီး နယ်လ်ဆန် ဆီမီဒိုကို ဝုလ်ဗ်စ်က ခေါ်ယူခဲ့သလို ဖူလ်ဟမ်အသင်းအနေနဲ့ နောက်ခံလူ ယွန်း-ကလဲ တိုဘီဒိုကို ယူရို ၁၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားချိန်မှာ ကွင်းလယ် ကစားသမား ကော်တင်ညိုနဲ့ အာဆင်နယ်တို့ အသံပြန်ထွက်လာ။

– တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ နောက်ခံလူ မီလန် ရှကရီညာကို ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းထားပြီး သန်း ၆၀ အထိ အလိုရှိနေတဲ့ အီတလီကလပ်အသင်းကြောင့် သဘောတူညီမှု မရသေးဘဲ ဆက်လက်ဆွေးနွေးနေရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.