ဘောလုံးကိုင်ကစားပြီး ခံစားသွားရတဲ့ အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိရခဲ့ပြီး မန်စီးတီးတို့လို တူညီတဲ့ ဗျူဟာနဲ့ ကစားကွက်ရှိတဲ့ အသင်းကို အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်မှာ ဘောလုံးကို မဆုံးရှုံးအောင် ကစားနိုင်ခဲ့လို့ ဒီလောက်များတဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဖိကစားလို့ ရခဲ့တာဖြစ်ပေမယ့် အာဆင်နယ်တို့အနေနဲ့ တလွဲ ဆံပင်ကောင်းဆိုသလို ဘောလုံးဆုံးမယ့်ဆုံးတော့ ခံစစ်ဇုန်မှာချည်း ဆုံးခဲ့တာပါ။ တိုမီယာစုက တစ်ကြိမ်၊ ဂါဘရီယယ်လ်က တစ်ကြိမ်နဲ့ ထရော့ဆတ်က တစ်ကြိမ် ဘောလုံးဆုံးခဲ့ပြီး ဒီသုံးကြိမ်က သုံးဂိုးဖြစ်သွားခဲ့လို့ အာဆင်နယ်တို့ မှောက်မြဲမှောက်ပြီး ဒုတိယနေရာကို ထိုးကျသွားခဲ့ရတာပါ။
36% – Manchester City had just 36% possession in their win at the Emirates; the lowest in a league game for a team managed by Pep Guardiola in his top-flight managerial career. Reversed. pic.twitter.com/YFnbeII2SV
— OptaJoe (@OptaJoe) February 15, 2023
ဘောလုံးမကိုင်ဘဲနဲ့ နိုင်ပွဲယူသွားတဲ့ မန်စီးတီး
ဘောလုံးပိုင်ဆိုင်မှုက ၃၆ ရာခိုင်နှုန်းဆိုတော့ အိမ်ရှင်နဲ့ ဧည့်သည်များ မှားကြည့်သလားလို့ မေးရမလိုဖြစ်ခဲ့ပေမယ့် တကယ်က ဖြစ်ရပ်မှန်ပါပဲ။ မန်စီးတီးတို့အနေနဲ့ အာဆင်နယ်တို့ကို ဘောလုံးပေးကိုင်ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာ ၇ ယောက်အထိ ရှိနေတဲ့ အားကြီးနဲ့ အိမ်ရှင်တွေရဲ့ ကွင်းခြမ်းမှာ Pressing ကစားသွားခဲ့တာဖြစ်ပါတယ်။ မာရက်ဇ်ကို မထုတ်ခင် အချိန်အထိ ခံစစ်ကို စိုးရိမ်နေရလို့ သိပ်မကောင်းခဲ့တဲ့ Pressing က သူ့နေရာ အာကန်ဂျီ ဝင်လာပြီး ခံစစ် ၄ ယောက်နဲ့ ရှေ့မှာ ၆ ယောက်က အသည်းအသန် လိုက်ဖိချိန်မှာတော့ အာဆင်နယ်တို့ အိုးတွေခွက်တွေ နင်းကုန်ပြီး နောက်ထပ်နှစ်ဂိုးကို ခွင့်ပြုပေးလိုက်ရတာကြောင့် မန်စီးတီးတို့ ဇယားထိပ် ပြန်တက်နိုင်ခဲ့တာပါ။
မတူညီတဲ့ နည်းစနစ်ပိုင်းနှစ်ခုရဲ့ တိုက်ပွဲ
အာဆင်နယ်တို့အနေနဲ့ မန်စီးတီး ကော်ပီလို့ ဆိုရမယ့် ၄-၃-၃ High Positioning ကစားကွက်ကို ရာသီအစကတည်းက တောက်လျှောက် တည်ဆောက်လာခဲ့ကြချိန်မှာ မန်စီးတီးတို့ကတော့ သူနဲ့ ဘိုင်ယန်မြူးနစ်တို့ ဒီရာသီမှာ တိုက်တိုက်ဆိုင်ဆိုင် စမ်းသပ်နေကြပြီး အသုံးပြုနေတဲ့ ၃-၆-၁ ကစားကွက်ကို ရွေးချယ်လာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တို့အနေနဲ့ ဘောလုံးကိုင်ကစားခဲ့ပြီး ပိုင်ဆိုင်မှု အများစုကို ရယူသွားခဲ့ပေမယ့် ဂိုးပေါက်ဆီ ၁၀ ကြိမ် ကန်ရာမှာ ၁ ကြိမ်သာ တည့်ခဲ့ပြီး မန်စီးတီးတို့ကတော့ ၉ ကြိမ်ကန်ရာမှာ ၆ ကြိမ်က ဂိုးပေါက်တည့်ခဲ့တာပါ။ ခံစစ်ဇုန်မှာ ဘောလုံးကိုင်ဖို့ကို စွန့်ပြီး အာဆင်နယ် စိတ်ကြိုက် ဘောပေးကိုင်သွားခဲ့တဲ့ မန်စီးတီးတို့ရဲ့ ဗျူဟာအပြောင်းအလဲက ခွင်တည့်ခဲ့ပြီး အိမ်ရှင်တွေကတော့ ထောက်ချောက်ထဲကိုမှ တည့်တည့်ဆင်းမိခဲ့သလို ပွဲပြီးမှသာ ဗီဒီယိုပြန်ကြည့်ပြီး တနုံ့နုံ့ဖြစ်ရတော့မှာဖြစ်ပါတယ်။
အာတီတာ ဆရာစားချန်ခံလိုက်ရပြီလား
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ မန်ချက်စတာစီးတီးနဲ့ ဒီနေ့ပွဲမတိုင်မီ တွေ့ဆုံမှု ၈ ကြိမ်မှာ ဝင်ဘလီ ဆီမီးဖိုင်နယ်က အက်ဖ်အေဖလား တစ်ပွဲမှာသာ နိုင်ခဲ့ဖူးတာဖြစ်ပြီး ကျန်တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၇ ကြိမ်ကို ရာနှုန်းပြည့်ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာလက်ထွက် စပိန်သားအနေနဲ့ သူ့ဆရာကို ကာပြန်နိုင်ဖို့တော့ မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပြီး စစချင်းနှစ်တွေမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့အပြီး နောက်ပိုင်းနှစ်တွေမှာ ယှဉ်ကစားနိုင်ခဲ့ပေမယ့် နှာတစ်ဖျားနဲ့ပဲ ခံစားသွားခဲ့ရတာပါ။ ဒီနေ့ပွဲမှာလည်း သူ့ကို သင်ပေးမထားတဲ့ ၃-၆-၁ ကစားကွက်ကို ဂွါဒီယိုလာက ထုတ်သုံးခဲ့ပြီး သင်ပေးထားခဲ့တဲ့ Play out from the Back ကစားကွက်နဲ့ ဘောလုံးပေးကိုင်ပြီးမှ လိုချင်တဲ့ ခွင်ထဲ ရောက်တိုင်း Pressing ကောင်းကောင်းနဲ့ တစ်ချက်ကောင်း ထိုးနှက်သွားခဲ့လို့ အာတီတာတစ်ယောက်တော့ ဆရာစားချန်ခံလိုက်ရပြီလို့ ပြောစရာဖြစ်ခဲ့ရပါတယ်။
မန်စီးတီးဒလန်လား မေးရမယ့် ဇင်ချန်ကို
ယူကရိန်းသားအနေနဲ့ အာဆင်နယ်ကို ပေါင် ၃၂ သန်းနဲ့ ရောက်လာခဲ့အပြီးမှာ တိုက်စစ်ပိုင်းအတွက် အားကိုးခဲ့ရပေမယ့် ခံစစ်ပိုင်းမှာတော့ အမှားတွေ အမြဲတမ်း ကျူးလွန်နေခဲ့သလို ဘောလုံးပျက်မှု၊ ဘောလုံးမနိုင်မှု၊ ဖိအားဒဏ် မခံနိုင်မှုတွေနဲ့ အသင်းကို ဆေးထိုးနေခဲ့ပြီး ဒီနေ့မှာလည်း တစ်ကြိမ်ရောင်းခဲ့တာပါ။ ဒီထက် ဆိုးတာကတော့ အမှားထက်ဆိုးတဲ့ ဗျူဟာပိုင်းဆိုင်ရာမှာ တရားခံဖြစ်ခဲ့ရတာဖြစ်ပါတယ်။ အာတီတာနဲ့ သူနဲ့ပေါင်းပြီး ဘယ်ခြမ်းကနေ အတွင်းဝင် ချိတ်ဆက်ကစားဖို့ လုပ်ထားတဲ့ ပုံစံက ဒီနေ့မှာ တော်တော်လေး နာကျင်စရာဖြစ်ခဲ့သလို သူ့ရဲ့ နေရာလွတ်ကို ဖြည့်ဆည်းဖို့ ဘယ်သူကမှ မတတ်နိုင်ခဲ့ချိန်မှာ ဗဟိုခံစစ်မှာ မနေနိုင်ဘဲ ထွက်ကစားခဲ့ရတဲ့ ဂါဘရီယယ်လ်ရဲ့ အပေါက်ကနေ အနိုင်ဂိုးနှစ်ဂိုးကိုလည်း ခွင့်ပြုခဲ့ရတာဖြစ်လို့ မန်စီးတီးတို့ သူ့ကို ရောင်းလိုက်တာ စေတနာနဲ့လား ဝေဒနာနဲ့လားဆိုတာတော့ ပြန်မေးချင်စရာဖြစ်ခဲ့ရပါတယ်။
ဂန်နားဆိုတာ ဆန်းသလားဆိုတဲ့ ဒီဘရိုင်းနား
အာဆင်နယ်ဆိုတာ ဒီဘရိုင်းနားအတွက်တော့ စားခွင်တစ်ခုလို ဖြစ်နေခဲ့တာကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ ဘယ်လ်ဂျီယမ် Assist King ကြီးအနေနဲ့ ပွဲချိန် ၂၄ မိနစ်မှာ တိုမီယာစုရဲ့ အမှားကနေ ကောက်စားခဲ့ပြီး ဘောလုံးကို ထိန်းတောင် မနေတော့ဘဲနဲ့ ကန်သွင်းရင်း ရှေ့ထွက်လာခဲ့တဲ့ ရမ်းစ်ဒေးလ်ကို အနိုင်ယူခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်ကို ၆ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက်တော့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထဲက တစ်သင်းတည်းကို သွင်းယူခဲ့တဲ့အထဲမှာ အများဆုံး မှတ်တမ်းလည်းဖြစ်ခဲ့ပြီး ဒီနေ့ပွဲမှာ သူ့အနေနဲ့ အသင်းဖော် ဟားလန်းအတွက်လည်း တစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သေးတာကြောင့် ဂန်းနားဆိုတာ ဆန်းသလားလို့ပဲ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။
3 – Tonight was only the third time in Premier League history that 2nd place beat 1st place in a match to overtake them in the table at least half-way into a season, after Chelsea v Man Utd (Apr 2010) & Man City v Man Utd (Apr 2012) – both of whom went on to win the title. Jump. pic.twitter.com/wN8NPltRj9
— OptaJoe (@OptaJoe) February 15, 2023
ဟွန်းမတီးဘဲ ကျော်တက်လိုက်တဲ့ စီးတီး
အဝေးပြေးလမ်းတွေမှာလို ဥပမာပေးပြီး ပြောရရင်တော့ ဟွန်းတီးမီးတောက်ပြီး လမ်းပေးမှ ကျော်တက်တာမျိုး လုပ်ကြပါတယ်။ မန်စီးတီးတို့အနေနဲ့ အာဆင်နယ်တို့ အမှတ်လျော့တိုင်းမှာ လိုက်လျော့နေခဲ့တာကြောင့် ကျော်မတက်နိုင်တဲ့ ကာလက တော်တော်လေးကြာခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ သတိမပေးဘဲနဲ့ ရင်ဆိုင်အတွေ့မှာ ဖင်ထိုင်မေ့အောင် တီးပြီး တစ်ပွဲပိုကစားထားခဲ့ပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ကျော်တက်သွားနိုင်ခဲ့တာပါ။ ဒီလိုမျိုး ထိပ်က အသင်းကို နောက်က အသင်းက ကျော်တက်ပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကတော့ ၂၀၀၉-၁၀ မှာ မန်ယူကို ကျော်တက်ခဲ့တဲ့ ချန်ပီယံ ချဲလ်ဆီး၊ ၂၀၁၁-၁၂ ရာသီမှာ မန်ယူကိုပဲ ကျော်တက်ခဲ့တဲ့ ချန်ပီယံ မန်စီးတီးတို့နဲ့ ဖြစ်ပွားခဲ့ဖူးပြီး ဒီတစ်ခါမှာရော အာဆင်နယ်တို့ မန်ယူလို သရုပ်ဆောင်ဦးမှာလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေဘာလုံးကိုင္ကစားၿပီး ခံစားသြားရတဲ့ အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၄ ရာခိုင္ႏႈန္းအထိရခဲ့ၿပီး မန္စီးတီးတို႔လို တူညီတဲ့ ဗ်ဴဟာနဲ႔ ကစားကြက္ရွိတဲ့ အသင္းကို အသာစီးရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္နဲ႔ တိုက္စစ္မွာ ေဘာလုံးကို မဆုံးရႈံးေအာင္ ကစားႏိုင္ခဲ့လို႔ ဒီေလာက္မ်ားတဲ့ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဖိကစားလို႔ ရခဲ့တာျဖစ္ေပမယ့္ အာဆင္နယ္တို႔အေနနဲ႔ တလြဲ ဆံပင္ေကာင္းဆိုသလို ေဘာလုံးဆုံးမယ့္ဆုံးေတာ့ ခံစစ္ဇုန္မွာခ်ည္း ဆုံးခဲ့တာပါ။ တိုမီယာစုက တစ္ႀကိမ္၊ ဂါဘရီယယ္လ္က တစ္ႀကိမ္နဲ႔ ထေရာ့ဆတ္က တစ္ႀကိမ္ ေဘာလုံးဆုံးခဲ့ၿပီး ဒီသုံးႀကိမ္က သုံးဂိုးျဖစ္သြားခဲ့လို႔ အာဆင္နယ္တို႔ ေမွာက္ၿမဲေမွာက္ၿပီး ဒုတိယေနရာကို ထိုးက်သြားခဲ့ရတာပါ။
36% – Manchester City had just 36% possession in their win at the Emirates; the lowest in a league game for a team managed by Pep Guardiola in his top-flight managerial career. Reversed. pic.twitter.com/YFnbeII2SV
— OptaJoe (@OptaJoe) February 15, 2023
ေဘာလုံးမကိုင္ဘဲနဲ႔ ႏိုင္ပြဲယူသြားတဲ့ မန္စီးတီး
ေဘာလုံးပိုင္ဆိုင္မႈက ၃၆ ရာခိုင္ႏႈန္းဆိုေတာ့ အိမ္ရွင္နဲ႔ ဧည့္သည္မ်ား မွားၾကည့္သလားလို႔ ေမးရမလိုျဖစ္ခဲ့ေပမယ့္ တကယ္က ျဖစ္ရပ္မွန္ပါပဲ။ မန္စီးတီးတို႔အေနနဲ႔ အာဆင္နယ္တို႔ကို ေဘာလုံးေပးကိုင္ၿပီး ကြင္းလယ္နဲ႔ တိုက္စစ္မွာ ၇ ေယာက္အထိ ရွိေနတဲ့ အားႀကီးနဲ႔ အိမ္ရွင္ေတြရဲ႕ ကြင္းျခမ္းမွာ Pressing ကစားသြားခဲ့တာျဖစ္ပါတယ္။ မာရက္ဇ္ကို မထုတ္ခင္ အခ်ိန္အထိ ခံစစ္ကို စိုးရိမ္ေနရလို႔ သိပ္မေကာင္းခဲ့တဲ့ Pressing က သူ႔ေနရာ အာကန္ဂ်ီ ဝင္လာၿပီး ခံစစ္ ၄ ေယာက္နဲ႔ ေရွ႕မွာ ၆ ေယာက္က အသည္းအသန္ လိုက္ဖိခ်ိန္မွာေတာ့ အာဆင္နယ္တို႔ အိုးေတြခြက္ေတြ နင္းကုန္ၿပီး ေနာက္ထပ္ႏွစ္ဂိုးကို ခြင့္ျပဳေပးလိုက္ရတာေၾကာင့္ မန္စီးတီးတို႔ ဇယားထိပ္ ျပန္တက္ႏိုင္ခဲ့တာပါ။
မတူညီတဲ့ နည္းစနစ္ပိုင္းႏွစ္ခုရဲ႕ တိုက္ပြဲ
အာဆင္နယ္တို႔အေနနဲ႔ မန္စီးတီး ေကာ္ပီလို႔ ဆိုရမယ့္ ၄-၃-၃ High Positioning ကစားကြက္ကို ရာသီအစကတည္းက ေတာက္ေလွ်ာက္ တည္ေဆာက္လာခဲ့ၾကခ်ိန္မွာ မန္စီးတီးတို႔ကေတာ့ သူနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ဒီရာသီမွာ တိုက္တိုက္ဆိုင္ဆိုင္ စမ္းသပ္ေနၾကၿပီး အသုံးျပဳေနတဲ့ ၃-၆-၁ ကစားကြက္ကို ေ႐ြးခ်ယ္လာခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္တို႔အေနနဲ႔ ေဘာလုံးကိုင္ကစားခဲ့ၿပီး ပိုင္ဆိုင္မႈ အမ်ားစုကို ရယူသြားခဲ့ေပမယ့္ ဂိုးေပါက္ဆီ ၁၀ ႀကိမ္ ကန္ရာမွာ ၁ ႀကိမ္သာ တည့္ခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ ၉ ႀကိမ္ကန္ရာမွာ ၆ ႀကိမ္က ဂိုးေပါက္တည့္ခဲ့တာပါ။ ခံစစ္ဇုန္မွာ ေဘာလုံးကိုင္ဖို႔ကို စြန႔္ၿပီး အာဆင္နယ္ စိတ္ႀကိဳက္ ေဘာေပးကိုင္သြားခဲ့တဲ့ မန္စီးတီးတို႔ရဲ႕ ဗ်ဴဟာအေျပာင္းအလဲက ခြင္တည့္ခဲ့ၿပီး အိမ္ရွင္ေတြကေတာ့ ေထာက္ေခ်ာက္ထဲကိုမွ တည့္တည့္ဆင္းမိခဲ့သလို ပြဲၿပီးမွသာ ဗီဒီယိုျပန္ၾကည့္ၿပီး တႏုံ႔ႏုံ႔ျဖစ္ရေတာ့မွာျဖစ္ပါတယ္။
အာတီတာ ဆရာစားခ်န္ခံလိုက္ရၿပီလား
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ ဒီေန႔ပြဲမတိုင္မီ ေတြ႕ဆုံမႈ ၈ ႀကိမ္မွာ ဝင္ဘလီ ဆီမီးဖိုင္နယ္က အက္ဖ္ေအဖလား တစ္ပြဲမွာသာ ႏိုင္ခဲ့ဖူးတာျဖစ္ၿပီး က်န္တဲ့ ပရီးမီးယားလိဂ္ ေတြ႕ဆုံမႈ ၇ ႀကိမ္ကို ရာႏႈန္းျပည့္ရႈံးနိမ့္ထားခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာလက္ထြက္ စပိန္သားအေနနဲ႔ သူ႔ဆရာကို ကာျပန္ႏိုင္ဖို႔ေတာ့ မျဖစ္ႏိုင္ခဲ့ဘူးလို႔ ဆိုရမွာျဖစ္ၿပီး စစခ်င္းႏွစ္ေတြမွာ အျပတ္အသတ္ ရႈံးနိမ့္ခဲ့အၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ ယွဥ္ကစားႏိုင္ခဲ့ေပမယ့္ ႏွာတစ္ဖ်ားနဲ႔ပဲ ခံစားသြားခဲ့ရတာပါ။ ဒီေန႔ပြဲမွာလည္း သူ႔ကို သင္ေပးမထားတဲ့ ၃-၆-၁ ကစားကြက္ကို ဂြါဒီယိုလာက ထုတ္သုံးခဲ့ၿပီး သင္ေပးထားခဲ့တဲ့ Play out from the Back ကစားကြက္နဲ႔ ေဘာလုံးေပးကိုင္ၿပီးမွ လိုခ်င္တဲ့ ခြင္ထဲ ေရာက္တိုင္း Pressing ေကာင္းေကာင္းနဲ႔ တစ္ခ်က္ေကာင္း ထိုးႏွက္သြားခဲ့လို႔ အာတီတာတစ္ေယာက္ေတာ့ ဆရာစားခ်န္ခံလိုက္ရၿပီလို႔ ေျပာစရာျဖစ္ခဲ့ရပါတယ္။
မန္စီးတီးဒလန္လား ေမးရမယ့္ ဇင္ခ်န္ကို
ယူကရိန္းသားအေနနဲ႔ အာဆင္နယ္ကို ေပါင္ ၃၂ သန္းနဲ႔ ေရာက္လာခဲ့အၿပီးမွာ တိုက္စစ္ပိုင္းအတြက္ အားကိုးခဲ့ရေပမယ့္ ခံစစ္ပိုင္းမွာေတာ့ အမွားေတြ အၿမဲတမ္း က်ဴးလြန္ေနခဲ့သလို ေဘာလုံးပ်က္မႈ၊ ေဘာလုံးမႏိုင္မႈ၊ ဖိအားဒဏ္ မခံႏိုင္မႈေတြနဲ႔ အသင္းကို ေဆးထိုးေနခဲ့ၿပီး ဒီေန႔မွာလည္း တစ္ႀကိမ္ေရာင္းခဲ့တာပါ။ ဒီထက္ ဆိုးတာကေတာ့ အမွားထက္ဆိုးတဲ့ ဗ်ဴဟာပိုင္းဆိုင္ရာမွာ တရားခံျဖစ္ခဲ့ရတာျဖစ္ပါတယ္။ အာတီတာနဲ႔ သူနဲ႔ေပါင္းၿပီး ဘယ္ျခမ္းကေန အတြင္းဝင္ ခ်ိတ္ဆက္ကစားဖို႔ လုပ္ထားတဲ့ ပုံစံက ဒီေန႔မွာ ေတာ္ေတာ္ေလး နာက်င္စရာျဖစ္ခဲ့သလို သူ႔ရဲ႕ ေနရာလြတ္ကို ျဖည့္ဆည္းဖို႔ ဘယ္သူကမွ မတတ္ႏိုင္ခဲ့ခ်ိန္မွာ ဗဟိုခံစစ္မွာ မေနႏိုင္ဘဲ ထြက္ကစားခဲ့ရတဲ့ ဂါဘရီယယ္လ္ရဲ႕ အေပါက္ကေန အႏိုင္ဂိုးႏွစ္ဂိုးကိုလည္း ခြင့္ျပဳခဲ့ရတာျဖစ္လို႔ မန္စီးတီးတို႔ သူ႔ကို ေရာင္းလိုက္တာ ေစတနာနဲ႔လား ေဝဒနာနဲ႔လားဆိုတာေတာ့ ျပန္ေမးခ်င္စရာျဖစ္ခဲ့ရပါတယ္။
ဂန္နားဆိုတာ ဆန္းသလားဆိုတဲ့ ဒီဘ႐ိုင္းနား
အာဆင္နယ္ဆိုတာ ဒီဘ႐ိုင္းနားအတြက္ေတာ့ စားခြင္တစ္ခုလို ျဖစ္ေနခဲ့တာၾကာခဲ့ပါၿပီ။ ဒီေန႔မွာေတာ့ ဘယ္လ္ဂ်ီယမ္ Assist King ႀကီးအေနနဲ႔ ပြဲခ်ိန္ ၂၄ မိနစ္မွာ တိုမီယာစုရဲ႕ အမွားကေန ေကာက္စားခဲ့ၿပီး ေဘာလုံးကို ထိန္းေတာင္ မေနေတာ့ဘဲနဲ႔ ကန္သြင္းရင္း ေရွ႕ထြက္လာခဲ့တဲ့ ရမ္းစ္ေဒးလ္ကို အႏိုင္ယူခဲ့တာျဖစ္ၿပီး အာဆင္နယ္ဘက္ကို ၆ ဂိုးေျမာက္ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါဟာ သူ႔အတြက္ေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြထဲက တစ္သင္းတည္းကို သြင္းယူခဲ့တဲ့အထဲမွာ အမ်ားဆုံး မွတ္တမ္းလည္းျဖစ္ခဲ့ၿပီး ဒီေန႔ပြဲမွာ သူ႔အေနနဲ႔ အသင္းေဖာ္ ဟားလန္းအတြက္လည္း တစ္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ေသးတာေၾကာင့္ ဂန္းနားဆိုတာ ဆန္းသလားလို႔ပဲ ေျပာစမွတ္ျဖစ္ခဲ့ပါတယ္။
3 – Tonight was only the third time in Premier League history that 2nd place beat 1st place in a match to overtake them in the table at least half-way into a season, after Chelsea v Man Utd (Apr 2010) & Man City v Man Utd (Apr 2012) – both of whom went on to win the title. Jump. pic.twitter.com/wN8NPltRj9
— OptaJoe (@OptaJoe) February 15, 2023
ဟြန္းမတီးဘဲ ေက်ာ္တက္လိုက္တဲ့ စီးတီး
အေဝးေျပးလမ္းေတြမွာလို ဥပမာေပးၿပီး ေျပာရရင္ေတာ့ ဟြန္းတီးမီးေတာက္ၿပီး လမ္းေပးမွ ေက်ာ္တက္တာမ်ိဳး လုပ္ၾကပါတယ္။ မန္စီးတီးတို႔အေနနဲ႔ အာဆင္နယ္တို႔ အမွတ္ေလ်ာ့တိုင္းမွာ လိုက္ေလ်ာ့ေနခဲ့တာေၾကာင့္ ေက်ာ္မတက္ႏိုင္တဲ့ ကာလက ေတာ္ေတာ္ေလးၾကာခဲ့ၿပီျဖစ္ၿပီး ဒီေန႔မွာေတာ့ သတိမေပးဘဲနဲ႔ ရင္ဆိုင္အေတြ႕မွာ ဖင္ထိုင္ေမ့ေအာင္ တီးၿပီး တစ္ပြဲပိုကစားထားခဲ့ေပမယ့္ ဂိုးကြာျခားခ်က္အသာနဲ႔ ေက်ာ္တက္သြားႏိုင္ခဲ့တာပါ။ ဒီလိုမ်ိဳး ထိပ္က အသင္းကို ေနာက္က အသင္းက ေက်ာ္တက္ၿပီး ခ်န္ပီယံဆုကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ ျဖစ္ရပ္ကေတာ့ ၂၀၀၉-၁၀ မွာ မန္ယူကို ေက်ာ္တက္ခဲ့တဲ့ ခ်န္ပီယံ ခ်ဲလ္ဆီး၊ ၂၀၁၁-၁၂ ရာသီမွာ မန္ယူကိုပဲ ေက်ာ္တက္ခဲ့တဲ့ ခ်န္ပီယံ မန္စီးတီးတို႔နဲ႔ ျဖစ္ပြားခဲ့ဖူးၿပီး ဒီတစ္ခါမွာေရာ အာဆင္နယ္တို႔ မန္ယူလို သ႐ုပ္ေဆာင္ဦးမွာလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.