ရိုမယ်လူ လူကာကူးဟာ တနင်္လာနေ့ညက ဆမ်ဒိုးရီးယားနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွင်း အင်တာမီလန် အသင်းဖော် နီကိုလို ဘာရယ်လာကို ဒေါသတကြီး ဆဲဆိုခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ ဆမ်ဒိုးရီးယားနဲ့ သရေကျခဲ့ပြီးနောက် အမှတ်ပေးဇယားဦးဆောင်သူ နာပိုလီအသင်းနဲ့ ၁၅ မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပြီး ပထမပိုင်းမှာ လူကာကူးအတွက် စိတ်ပျက်စရာအချိန်တွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၄၀ ရှိလာတဲ့အချိန်မှာ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးဟာ ဘာရယ်လာနဲ့ပတ်သက်ပြီး စိတ်မထိန်းနိုင်ဖြစ်ခဲ့တာဖြစ်ပြီး အင်တာမီလန်ဟာ ကွင်းလယ်မှာ ဘောလုံးကို ပေါပေါပဲပဲ ဆုံးရှုံးခဲ့ရပြီး ဘာရယ်လာက လက်တွေကို လေထဲမှာ မြှောက်ပြီး ၎င်းရဲ့ စိတ်ပျက်မှုကို ပြသခဲ့တာ ဖြစ်ပါတယ်။
အဲဒါက အီတလီကွင်းလယ်ကစားသမားဆီကနေ မြင်တွေ့နေကျအရာဖြစ်ပေမယ့်လည်း လူကာကူးက အဲဒီအတိုင်း မလုပ်ဖို့ ပြောကြားခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ အသင်းဖော်ကို လက်ညှိုးယမ်းပြပြီး အော်ဟစ်နေတာကို ရုပ်သံကင်မရာက ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။
Aria arcobaleno in casa Inter.
Lukaku chiama figlio di puttana Barella. Tutto sotto controllo. pic.twitter.com/FJGFADMaLR
— Il Fratello di Zielu (@zielulife2) February 13, 2023
Football Italia ရဲ့ ဖော်ပြချက်အရ လူကာကူးဟာ ဘာရယ်လာကို ခေါ်ပြီး ‘အဲဒီလို မလုပ်နဲ့။ မင်းလက်တွေ ဝှေ့ရမ်းနေတာ တော်လောက်ပြီ။ အဲဒါကို မလုပ်နဲ့တော့။ အဲဒါက မကောင်းဘူး။ အဲဒါက လေးစားမှုကင်းမဲ့တယ်။ အခု ရပ်လိုက်တော့’လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဘာရယ်လာဟာ လူကာကူးရဲ့ သတိပေးစကားကို ပြန်လည် ခွန်းတုံ့ပြန်ခဲ့ပုံပေါ်ပြီး အဲဒါက ဘယ်လ်ဂျီယမ်တိုက်စစ်မှူးကို ပိုလို့တောင် ဒေါသထွက်စေခဲ့တာဖြစ်တဲ့အတွက် ချဲလ်ဆီးစံချိန်တင်ပြောင်းရွှေ့ကြေးရှင်က ‘ဘောပဲ။ ခွေးမသား’လို့ အော်ဟစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ လူကာကူးနဲ့ ဘာရယ်လာတို့ စကားများခဲ့တဲ့ ဖြစ်စဉ်အပေါ် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ တုံ့ပြန်မှုအများအပြားရှိခဲ့ပြီး တော်တော်များများက ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ပြောတာမှန်တယ်လို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။
“ဘာရယ်လာကို ရပ်တန့်ဖို့ လူကာကူး ပြောတာက ကောင်းတဲ့ကိစ္စပဲ။ ဘာမှ အကြောင်းအရင်းမရှိဘဲ စိတ်ဆိုးဒေါသထွက်နေစရာမလိုပါဘူး။ စိတ်အေးအေးထားပြီး ကစားရမယ်”လု့ိ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “လူကာကူး တစ်ရာသီလုံးလုပ်ခဲ့တဲ့အထဲမှာ အသုံးအဝင်ဆုံးအရာပဲ။ တစ်စုံတယောက်က ဘာရယ်လာကို အဲဒီကိစ္စ ပြောမှကို ရမယ်”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ထောက်ခံခဲ့ပါတယ်။ နည်းပြ ဆီမီယွန်နီ အင်ဇာဂီက ပွဲအပြီးမှာ စကားများမှုကို မေးမြန်းခြင်းခံခဲ့ရပြီး အင်တာမီလန်ကစားသမားနှစ်ဦး စကားများခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပေမယ့်လည်း အဲဒီလိုမြင်ရတာကို မနှစ်သက်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“ဒီလိုကိစ္စတွေက ကွင်းထဲမှာ ဖြစ်တတ်တယ်။ သူတို့တွေ အဲဒီလို မဖြစ်ခဲ့သင့်ဘူး။ သူတို့ကို အဲဒီလိုမြင်ရတာ ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် ပထမပိုင်းအပြီးမှာ သူတို့တွေ အတူတူ ထိုင်ခဲ့ကြပြီး အရမ်းခင်တဲ့ သူငယ်ချင်းတွေပါ။ ကျွန်တော် မမြင်ချင်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တာတော့ သိသာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
႐ိုမယ္လူ လူကာကူးဟာ တနလၤာေန႔ညက ဆမ္ဒိုးရီးယားနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္အတြင္း အင္တာမီလန္ အသင္းေဖာ္ နီကိုလို ဘာရယ္လာကို ေဒါသတႀကီး ဆဲဆိုခဲ့ပါတယ္။
အင္တာမီလန္အသင္းဟာ ဆမ္ဒိုးရီးယားနဲ႔ သေရက်ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားဦးေဆာင္သူ နာပိုလီအသင္းနဲ႔ ၁၅ မွတ္အထိ ကြာဟေနခဲ့ၿပီျဖစ္ၿပီး ပထမပိုင္းမွာ လူကာကူးအတြက္ စိတ္ပ်က္စရာအခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ ၄၀ ရွိလာတဲ့အခ်ိန္မွာ ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉးဟာ ဘာရယ္လာနဲ႔ပတ္သက္ၿပီး စိတ္မထိန္းႏိုင္ျဖစ္ခဲ့တာျဖစ္ၿပီး အင္တာမီလန္ဟာ ကြင္းလယ္မွာ ေဘာလုံးကို ေပါေပါပဲပဲ ဆုံးရႈံးခဲ့ရၿပီး ဘာရယ္လာက လက္ေတြကို ေလထဲမွာ ေျမႇာက္ၿပီး ၎ရဲ႕ စိတ္ပ်က္မႈကို ျပသခဲ့တာ ျဖစ္ပါတယ္။
အဲဒါက အီတလီကြင္းလယ္ကစားသမားဆီကေန ျမင္ေတြ႕ေနက်အရာျဖစ္ေပမယ့္လည္း လူကာကူးက အဲဒီအတိုင္း မလုပ္ဖို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ အသင္းေဖာ္ကို လက္ညႇိဳးယမ္းျပၿပီး ေအာ္ဟစ္ေနတာကို ႐ုပ္သံကင္မရာက ႐ိုက္ကူးႏိုင္ခဲ့တာျဖစ္ပါတယ္။
Aria arcobaleno in casa Inter.
Lukaku chiama figlio di puttana Barella. Tutto sotto controllo. pic.twitter.com/FJGFADMaLR
— Il Fratello di Zielu (@zielulife2) February 13, 2023
Football Italia ရဲ႕ ေဖာ္ျပခ်က္အရ လူကာကူးဟာ ဘာရယ္လာကို ေခၚၿပီး ‘အဲဒီလို မလုပ္နဲ႔။ မင္းလက္ေတြ ေဝွ႔ရမ္းေနတာ ေတာ္ေလာက္ၿပီ။ အဲဒါကို မလုပ္နဲ႔ေတာ့။ အဲဒါက မေကာင္းဘူး။ အဲဒါက ေလးစားမႈကင္းမဲ့တယ္။ အခု ရပ္လိုက္ေတာ့’လို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ဘာရယ္လာဟာ လူကာကူးရဲ႕ သတိေပးစကားကို ျပန္လည္ ခြန္းတုံ႔ျပန္ခဲ့ပုံေပၚၿပီး အဲဒါက ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးကို ပိုလို႔ေတာင္ ေဒါသထြက္ေစခဲ့တာျဖစ္တဲ့အတြက္ ခ်ဲလ္ဆီးစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္က ‘ေဘာပဲ။ ေခြးမသား’လို႔ ေအာ္ဟစ္ခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။ လူကာကူးနဲ႔ ဘာရယ္လာတို႔ စကားမ်ားခဲ့တဲ့ ျဖစ္စဥ္အေပၚ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြၾကားမွာ တုံ႔ျပန္မႈအမ်ားအျပားရွိခဲ့ၿပီး ေတာ္ေတာ္မ်ားမ်ားက ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး ေျပာတာမွန္တယ္လို႔ ခံစားခဲ့ရတာ ျဖစ္ပါတယ္။
“ဘာရယ္လာကို ရပ္တန႔္ဖို႔ လူကာကူး ေျပာတာက ေကာင္းတဲ့ကိစၥပဲ။ ဘာမွ အေၾကာင္းအရင္းမရွိဘဲ စိတ္ဆိုးေဒါသထြက္ေနစရာမလိုပါဘူး။ စိတ္ေအးေအးထားၿပီး ကစားရမယ္”လု႔ိ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “လူကာကူး တစ္ရာသီလုံးလုပ္ခဲ့တဲ့အထဲမွာ အသုံးအဝင္ဆုံးအရာပဲ။ တစ္စုံတေယာက္က ဘာရယ္လာကို အဲဒီကိစၥ ေျပာမွကို ရမယ္”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း ေထာက္ခံခဲ့ပါတယ္။ နည္းျပ ဆီမီယြန္နီ အင္ဇာဂီက ပြဲအၿပီးမွာ စကားမ်ားမႈကို ေမးျမန္းျခင္းခံခဲ့ရၿပီး အင္တာမီလန္ကစားသမားႏွစ္ဦး စကားမ်ားခဲ့တယ္ဆိုတာကို အတည္ျပဳခဲ့ေပမယ့္လည္း အဲဒီလိုျမင္ရတာကို မႏွစ္သက္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
“ဒီလိုကိစၥေတြက ကြင္းထဲမွာ ျဖစ္တတ္တယ္။ သူတို႔ေတြ အဲဒီလို မျဖစ္ခဲ့သင့္ဘူး။ သူတို႔ကို အဲဒီလိုျမင္ရတာ ကြၽန္ေတာ္ မႀကိဳက္ဘူး။ ဒါေပမယ့္ ပထမပိုင္းအၿပီးမွာ သူတို႔ေတြ အတူတူ ထိုင္ခဲ့ၾကၿပီး အရမ္းခင္တဲ့ သူငယ္ခ်င္းေတြပါ။ ကြၽန္ေတာ္ မျမင္ခ်င္တဲ့ျဖစ္စဥ္ ျဖစ္ခဲ့တာေတာ့ သိသာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.