ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်လ်ယူနိုက်တက်တို့နဲ့ လျှို့ဝှက်ပြောဆိုဆွေးနွေးမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဘီလျံနာဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဘရာမိုဗစ်ချ်ဆီကနေ ချဲလ်ဆီးအသင်းကို လက်လွှဲဝယ်ယူခဲ့ပြီးနောက်ပိုင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း ၆၀၀ ကျော်အထိ သုံးစွဲထားခဲ့ပြီး ဖြစ်ပါတယ်။
တော့ဒ် ဘိုလီဟာ စက်တင်ဘာလမှာ နည်းပြ သောမတ်စ် တူဟယ်ရဲ့နေရာမှာ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တားကို အစားထိုးခန့်အပ်ခဲ့ပြီး နောက်ကွယ်မှာ အပြောင်းအလဲအများအပြားပြုလုပ်ပြီး အသင်းကို ကွင်းတွင်း၊ ကွင်းပြင်ပမှာပါ ပုံစံပြောင်းလဲခဲ့တာဖြစ်ပါတယ်။
တော့ဒ် ဘိုလီဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အလုပ်အမှုဆောင်ချုပ် ရစ်ချက် အာနိုးနဲ့ နယူးကာဆယ်လ်အသင်းတာဝန်ရှိသူ အမန်ဒါ စတေ့ဗ်လီနဲ့ လျှို့ဝှက်ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
ဒီ ၃ ဦးဟာ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ စလုံးရဲ့ အစုရှယ်ယာရှင်များနဲ့ အစည်းအဝေးမတိုင်ခင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မန်စီးတီးက ပရီးမီးယားလိဂ်ရဲ့ စွဲချက်တွေကို တရားဥပဒေကြောင်းအရ တိုက်ပွဲဝင်လာနိုင်ခြေအပေါ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ၁၄ နှစ်တာကာလအတွင်း စွဲချက်ပေါင်း ၁၁၅ ခုနဲ့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခံထားရပေမယ့်လည်း အပြစ်ကင်းစင်ကြောင်း အခိုင်အမာ ပြောဆိုနေဆဲဖြစ်ပြီး နည်းပြ ဂွါဒီယိုလာကလည်း “သူတို့တွေ(ကျန် ၁၉ သင်း)က စံနမူနာ လုပ်လိုက်တာပါ။ သူတို့တွေက အခုအချိန်မှာ ကျွန်တော်တို့ကို လုပ်ခဲ့တာကြောင့် စံနမူနာတစ်ခုကို လုပ်လိုက်တာပါ။ သတိထားကြပါ။ ရှေ့လျှောက် ဒီလိုမျိုး ကျွန်တော်တို့မှာ အပြစ်မရှိဘဲ စွပ်စွဲခံရတဲ့အသင်းတွေ ရှိလာနိုင်လို့ သတိထားကြပါ။ ဘယ်သူက အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ သိနိုင်မလဲ။ သူတို့တွေက ကျွန်တော်တို့ လျော်ကန်စွာ ပြုမူခဲ့ခြင်းမရှိဘူးလို့ ယုံကြည်ကြတယ်။ ကျွန်တော်တို့ အဲဒါကို လက်ခံပေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်ခဲ့တယ်လို့ ယုံကြည်တဲ့အချိန်မှာ ကာကွယ်ခွင့်ပေးပါ”
“ယူအီးအက်ဖ်အေနဲ့လည်း အဲဒီလို ဖြစ်ခဲ့ပါတယ်။ အဲဒါက အခု ဒီနေ့မှာလည်း ဖြစ်လာပြန်ပြီ။ ကျွန်တော်တို့ အဲဒီကနေ မသင်ယူရသေးပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီဟာ မန္ခ်က္စတာယူႏိုက္တက္၊ နယူးကာဆယ္လ္ယူႏိုက္တက္တို႔နဲ႔ လွ်ိဳ႕ဝွက္ေျပာဆိုေဆြးေႏြးမႈမွာ ပါဝင္ပတ္သက္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
အေမရိကန္ဘီလ်ံနာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေအဘရာမိုဗစ္ခ်္ဆီကေန ခ်ဲလ္ဆီးအသင္းကို လက္လႊဲဝယ္ယူခဲ့ၿပီးေနာက္ပိုင္း ကစားသမားသစ္ေခၚယူမႈအတြက္ ေပါင္သန္း ၆၀၀ ေက်ာ္အထိ သုံးစြဲထားခဲ့ၿပီး ျဖစ္ပါတယ္။
ေတာ့ဒ္ ဘိုလီဟာ စက္တင္ဘာလမွာ နည္းျပ ေသာမတ္စ္ တူဟယ္ရဲ႕ေနရာမွာ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တားကို အစားထိုးခန႔္အပ္ခဲ့ၿပီး ေနာက္ကြယ္မွာ အေျပာင္းအလဲအမ်ားအျပားျပဳလုပ္ၿပီး အသင္းကို ကြင္းတြင္း၊ ကြင္းျပင္ပမွာပါ ပုံစံေျပာင္းလဲခဲ့တာျဖစ္ပါတယ္။
ေတာ့ဒ္ ဘိုလီဟာ လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္အလုပ္အမႈေဆာင္ခ်ဳပ္ ရစ္ခ်က္ အာႏိုးနဲ႔ နယူးကာဆယ္လ္အသင္းတာဝန္ရွိသူ အမန္ဒါ စေတ့ဗ္လီနဲ႔ လွ်ိဳ႕ဝွက္ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။
ဒီ ၃ ဦးဟာ ပရီးမီးယားလိဂ္ကလပ္အသင္း ၂၀ စလုံးရဲ႕ အစုရွယ္ယာရွင္မ်ားနဲ႔ အစည္းအေဝးမတိုင္ခင္ ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး မန္စီးတီးက ပရီးမီးယားလိဂ္ရဲ႕ စြဲခ်က္ေတြကို တရားဥပေဒေၾကာင္းအရ တိုက္ပြဲဝင္လာႏိုင္ေျခအေပၚမွာ ေဆြးေႏြးခဲ့ၾကတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။
မန္ခ်က္စတာစီးတီးအသင္းဟာ ၁၄ ႏွစ္တာကာလအတြင္း စြဲခ်က္ေပါင္း ၁၁၅ ခုနဲ႔ ပရီးမီးယားလိဂ္ရဲ႕ စြဲခ်က္တင္ခံထားရေပမယ့္လည္း အျပစ္ကင္းစင္ေၾကာင္း အခိုင္အမာ ေျပာဆိုေနဆဲျဖစ္ၿပီး နည္းျပ ဂြါဒီယိုလာကလည္း “သူတို႔ေတြ(က်န္ ၁၉ သင္း)က စံနမူနာ လုပ္လိုက္တာပါ။ သူတို႔ေတြက အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ကို လုပ္ခဲ့တာေၾကာင့္ စံနမူနာတစ္ခုကို လုပ္လိုက္တာပါ။ သတိထားၾကပါ။ ေရွ႕ေလွ်ာက္ ဒီလိုမ်ိဳး ကြၽန္ေတာ္တို႔မွာ အျပစ္မရွိဘဲ စြပ္စြဲခံရတဲ့အသင္းေတြ ရွိလာႏိုင္လို႔ သတိထားၾကပါ။ ဘယ္သူက အနာဂတ္မွာ ဘာျဖစ္မလဲဆိုတာ သိႏိုင္မလဲ။ သူတို႔ေတြက ကြၽန္ေတာ္တို႔ ေလ်ာ္ကန္စြာ ျပဳမူခဲ့ျခင္းမရွိဘူးလို႔ ယုံၾကည္ၾကတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို လက္ခံေပးႏိုင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မွန္မွန္ကန္ကန္ လုပ္ခဲ့တယ္လို႔ ယုံၾကည္တဲ့အခ်ိန္မွာ ကာကြယ္ခြင့္ေပးပါ”
“ယူအီးအက္ဖ္ေအနဲ႔လည္း အဲဒီလို ျဖစ္ခဲ့ပါတယ္။ အဲဒါက အခု ဒီေန႔မွာလည္း ျဖစ္လာျပန္ၿပီ။ ကြၽန္ေတာ္တို႔ အဲဒီကေန မသင္ယူရေသးပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.