Premier League

ဂန်နားနဲ့စီးတီးတို့ကြား ဇယားထိပ်ဆုံးတိုက်ပွဲအတွက် ဟောကိန်းသစ်ထုတ်လိုက်တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က လာမယ့်ဗုဒ္ဓဟူးနေ့ အမ်းမရိတ်စ်က တွေ့ဆုံမှုမှာ အာဆင်နယ်က မန်ချက်စတာစီးတီးကို အလဲထိုးနိုင်ခဲ့မယ်ဆိုရင် အံ့အားသင့်မိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ စနေနေ့က ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ၁-၁ နဲ့ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ခေါ်ယူမှုဖြစ်တဲ့ လီအန်ဒရို ထရော့ဆာ့ဒ်က ၆၆ မိနစ်မှာ မာတီနယ်လီအစား လူစားဝင်ကစားပေးပြီးနောက် အသင်းသစ်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သောမတ်စ် ဖရန့်ခ်ရဲ့အသင်းအတွက် အရေးကြီးတဲ့ အဝေးကွင်း ၁ မှတ်ရရှိစေမယ့် ချေပဂိုးကို အိုင်ဗန် တိုနီက ၇၄ မိနစ်မှာ အငြင်းပွားဖွယ် လူကျွံအနေအထားကနေ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပေါလ် မာဆန်က လာမယ့်ဗုဒ္ဓဟူးနေ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အာဆင်နယ်ရဲ့ ပွဲစဉ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကို Sky Sports မှာ ပြောဆိုခဲ့ရာမှာ “အခုဆိုရင် ခက်ခဲတဲ့ပွဲ ရောက်လာတော့မယ်။ ကြီးမားတဲ့ဗုဒ္ဓဟူးနေ့ညပွဲပါ။ ခင်ဗျား ပရီးမီးယားလိဂ်ဖလားရချင်ရင်၊ ဘယ်လိုလိဂ်ဖလားကိုမဆို ရချင်ရင် ခင်ဗျား ဘယ်လို နိုင်ပွဲပြန်ယူမလဲဆိုတာက အရေးကြီးတယ်”

“ချိန်သားကိုက်ဖို့ အရေးကြီးပါတယ်။ ရာသီအစမှာ ခင်ဗျားက ‘ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်း၊ အဆိုးဆုံးတော့မဖြစ်နိုင်ဘူး’လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေ ကောင်းမွန်တဲ့ခြေစွမ်းနဲ့ အသင်းကောင်းတစ်သင်းပုံစံမျိုး၊ အရမ်းတော်တဲ့ ဘောလုံးအသင်းပုံစံမျိုး ကစားခဲ့တယ်။ သူတို့တွေ(အာဆင်နယ်) ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တဲ့အချိန်မှာ ခင်ဗျား သူတို့ အနိုင်ရလဒ်ကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်မှန်းထားမှာဖြစ်ပြီး သူတို့တွေ မထိန်းသိမ်းနိုင်ခဲ့ဘူး။ ဗုဒ္ဓဟူးနေ့မှာ ကြီးမားတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ အဲဒါက သူသေကိုယ်သေပွဲစဉ်ပဲလို့ ကျွန်တော် ထင်တယ်။ မန်စီးတီးသာ အနိုင်ရသွားရင် အာဆင်နယ် အဲဒီရှုံးပွဲကနေ ပြန်လာနိုင်ဖို့ ကျွန်တော် မမြင်တော့ဘူး”

“ဘရန့်တ်ဖို့ဒ်နဲ့ပွဲက စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက်မှာ သူတို့တွေ စီးတီးကို အနိုင်ရမယ်လို့ ကျွန်တော် မမြင်ဘူး။ သူတို့တွေ အနိုင်ရခဲ့ရင် ကျွန်တော် တော်တော်လေးကို အံ့အားသင့်မိမှာပါ။ သူတို့တွေက ခံစစ်မှာ အရမ်းပွင့်နေခဲ့ပါတယ်။ ဘရန့်တ်ဖို့ဒ်သာ အချိန်တော်တော်များများမှာ ဘောလုံးပေးပို့မှုမှန်မှန်ကန်ကန်လုပ်နိုင်ခဲ့ရင် သူတို့တွေ ဂိုးရသွားနိုင်ပြီး အနိုင်ရခဲ့မှာပါ”

“တိုနီက တကယ်ကောင်းတဲ့အခွင့်အရေးအစစ်အမှန်ကို လွဲချော်ခဲ့ပြီး ဂိုးဘားတန်းထိခဲ့တယ်။ မန်စီးတီးမှာက ပြိုင်ဘက် ခံစစ်ဧရိယာထဲကို တိကျတဲ့ပေးပို့မှုတွေပြုလုပ်နိုင်တဲ့ အရည်အသွေးပိုမိုကောင်းမွန်တဲ့ ကစားသမားတွေရှိတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ည အာဆင်နယ်သာ အဲဒီပွဲကို နိုင်ခဲ့ရင် ကျွန်တော် တော်တော်လေး အံ့အားသင့်တုန်လှုပ်မိမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က လာမယ့္ဗုဒၶဟူးေန႔ အမ္းမရိတ္စ္က ေတြ႕ဆုံမႈမွာ အာဆင္နယ္က မန္ခ်က္စတာစီးတီးကို အလဲထိုးႏိုင္ခဲ့မယ္ဆိုရင္ အံ့အားသင့္မိလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ စေနေန႔က ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္းအမ္းမရိတ္စ္မွာ ၁-၁ နဲ႔ သေရက်ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးကို ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလ ေခၚယူမႈျဖစ္တဲ့ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ၆၆ မိနစ္မွာ မာတီနယ္လီအစား လူစားဝင္ကစားေပးၿပီးေနာက္ အသင္းသစ္အတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေသာမတ္စ္ ဖရန႔္ခ္ရဲ႕အသင္းအတြက္ အေရးႀကီးတဲ့ အေဝးကြင္း ၁ မွတ္ရရွိေစမယ့္ ေခ်ပဂိုးကို အိုင္ဗန္ တိုနီက ၇၄ မိနစ္မွာ အျငင္းပြားဖြယ္ လူကြၽံအေနအထားကေန သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ေပါလ္ မာဆန္က လာမယ့္ဗုဒၶဟူးေန႔ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ အာဆင္နယ္ရဲ႕ ပြဲစဥ္နဲ႔ပတ္သက္ၿပီး ၎ရဲ႕ ထင္ျမင္ခ်က္ကို Sky Sports မွာ ေျပာဆိုခဲ့ရာမွာ “အခုဆိုရင္ ခက္ခဲတဲ့ပြဲ ေရာက္လာေတာ့မယ္။ ႀကီးမားတဲ့ဗုဒၶဟူးေန႔ညပြဲပါ။ ခင္ဗ်ား ပရီးမီးယားလိဂ္ဖလားရခ်င္ရင္၊ ဘယ္လိုလိဂ္ဖလားကိုမဆို ရခ်င္ရင္ ခင္ဗ်ား ဘယ္လို ႏိုင္ပြဲျပန္ယူမလဲဆိုတာက အေရးႀကီးတယ္”

“ခ်ိန္သားကိုက္ဖို႔ အေရးႀကီးပါတယ္။ ရာသီအစမွာ ခင္ဗ်ားက ‘ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္း၊ အဆိုးဆုံးေတာ့မျဖစ္ႏိုင္ဘူး’လို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြ ေကာင္းမြန္တဲ့ေျခစြမ္းနဲ႔ အသင္းေကာင္းတစ္သင္းပုံစံမ်ိဳး၊ အရမ္းေတာ္တဲ့ ေဘာလုံးအသင္းပုံစံမ်ိဳး ကစားခဲ့တယ္။ သူတို႔ေတြ(အာဆင္နယ္) ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တဲ့အခ်ိန္မွာ ခင္ဗ်ား သူတို႔ အႏိုင္ရလဒ္ကို ထိန္းသိမ္းထားႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားမွာျဖစ္ၿပီး သူတို႔ေတြ မထိန္းသိမ္းႏိုင္ခဲ့ဘူး။ ဗုဒၶဟူးေန႔မွာ ႀကီးမားတဲ့ပြဲစဥ္ျဖစ္လာမွာပါ။ အဲဒါက သူေသကိုယ္ေသပြဲစဥ္ပဲလို႔ ကြၽန္ေတာ္ ထင္တယ္။ မန္စီးတီးသာ အႏိုင္ရသြားရင္ အာဆင္နယ္ အဲဒီရႈံးပြဲကေန ျပန္လာႏိုင္ဖို႔ ကြၽန္ေတာ္ မျမင္ေတာ့ဘူး”

“ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲက စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္မွာ သူတို႔ေတြ စီးတီးကို အႏိုင္ရမယ္လို႔ ကြၽန္ေတာ္ မျမင္ဘူး။ သူတို႔ေတြ အႏိုင္ရခဲ့ရင္ ကြၽန္ေတာ္ ေတာ္ေတာ္ေလးကို အံ့အားသင့္မိမွာပါ။ သူတို႔ေတြက ခံစစ္မွာ အရမ္းပြင့္ေနခဲ့ပါတယ္။ ဘရန႔္တ္ဖို႔ဒ္သာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေဘာလုံးေပးပို႔မႈမွန္မွန္ကန္ကန္လုပ္ႏိုင္ခဲ့ရင္ သူတို႔ေတြ ဂိုးရသြားႏိုင္ၿပီး အႏိုင္ရခဲ့မွာပါ”

“တိုနီက တကယ္ေကာင္းတဲ့အခြင့္အေရးအစစ္အမွန္ကို လြဲေခ်ာ္ခဲ့ၿပီး ဂိုးဘားတန္းထိခဲ့တယ္။ မန္စီးတီးမွာက ၿပိဳင္ဘက္ ခံစစ္ဧရိယာထဲကို တိက်တဲ့ေပးပို႔မႈေတြျပဳလုပ္ႏိုင္တဲ့ အရည္အေသြးပိုမိုေကာင္းမြန္တဲ့ ကစားသမားေတြရွိတယ္။ လာမယ့္ ဗုဒၶဟူးေန႔ည အာဆင္နယ္သာ အဲဒီပြဲကို ႏိုင္ခဲ့ရင္ ကြၽန္ေတာ္ ေတာ္ေတာ္ေလး အံ့အားသင့္တုန္လႈပ္မိမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.