အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကိုပဲ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကိုပဲ မပြောင်းမလဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်မီး၊ အာယေးနဲ့ ပင်းနော့ခ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို ဟင်နရီ၊ ရိုအာဆလက်ဗ်၊ နော်ဂါ့ဒ်၊ ယန်ဆင်နဲ့ ယန်နဲ့လ်တို့ကို စုဖွဲ့ပေးလာခဲ့သလို တိုက်စစ်မှာတော့ တိုနီနဲ့ အမ်ဘူးမိုတို့ကိုပဲ တွဲဖက်ကစားစေခဲ့တာပါ။
ပွဲစကတည်းက အာဆင်နယ်တို့ ဘောလုံးကိုင်ပြီး ဖိကစားခဲ့တာကြောင့် ဘရန့်ဖို့ဒ်တို့ ဧရိယာထဲမှာ ပိတ်ဆို့ကစားနေပြီး သူတို့ရဲ့ ခံစစ်ကတော့ အဲဗာတန်နဲ့ နယူးကာဆယ်လ်တို့လောက် အကွက်မစေ့ပေမယ့် ကျဉ်းထဲကျပ်ထဲဆိုရင် အလုပ်မဖြစ်တဲ့ နကီးတီးယား၊ ဘန်ဝှိုက်နဲ့ ချာကာတို့လို ကစားသမားတွေရဲ့ အားနည်းမှုတွေကြောင့် ဖောက်ရခက်နေခဲ့ပါတယ်။
ပွဲချိန် ၁၆ မိနစ်မှာ ဆာကာရဲ့ ပင်နယ်တီအခွင့်အရေးကတော့ ပျော့လွန်းလို့ ပယ်ချခံခဲ့ရပြီး အာဆင်နယ်တို့ကတော့ ညာခြမ်းက ဘန်ဝှိုက်ရဲ့ ခံစစ်မှာ တပ်ပျက်နေမှုကြောင့် သူ့ကို ကူကစားရတဲ့ ဆာလီဘာက တိုနီကို မယှဉ်နိုင်ဘဲဖြစ်နေခဲ့သလို ကြံ့ခိုင်မှုမှာ သာလွန်တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူးရဲ့ ဖိအားက အိမ်ရှင်ခံစစ်တစ်တန်းလုံးကို သက်ရောက်စေခဲ့တာပါ။
ခံစစ်မှာ အမ်ဘူးမိုကို မထိန်းနိုင်သလို တိုက်စစ်မှာလည်း အချိန်ကိုက် ပြေးဝင်နိုင်ခြင်းမရှိတဲ့ ဘန်ဝှိုက်ကြောင့် ဆာကာရော အော်ဒီဂွါဒ်ပါ အထီးကျန်နေခဲ့ပြီး နှေးကွေးလွန်းတဲ့ ချာကာကြောင့်လည်း ဘယ်ခြမ်းတိုက်စစ်တြိဂံရဲ့ ကျန်ကစားသမားတွေဖြစ်ကြတဲ့ မာတီနယ်လီနဲ့ ဇင်ချန်ကိုတို့ အခွင့်အရေးတွေ ပျောက်ဆုံးကုန်သလို နကီးတီးယားကတော့ ကောင်တာ ဘယ်လိုကစားရမယ်ဆိုတာကို နားမလည်ဘဲဖြစ်နေခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဘက်က တိုနီနဲ့ ဟင်နရီတို့ အခွင့်အရေးတွေ မလွဲချော်ခဲ့ရင်နဲ့ ရမ်းစ်ဒေးလ် သတိမရှိခဲ့ရင် အာဆင်နယ်တို့ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ် ရှုံးသွားနိုင်ခဲ့ပေမယ့် ကံကောင်းနေခဲ့လို့ ဂိုးမရှိ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာလည်း မာတီနယ်လီနဲ့ ဆာကာကို Attacking Full Back တွေ မရှိဘဲ အတွင်းမှာ စောင့်ကစားခိုင်းနေတာက အလုပ်မဖြစ်ခဲ့သလို Pressing Shape ပါ ပျက်သွားခဲ့တာပါ။
အော်ဒီဂွါဒ်ရဲ့ ဘောလုံးပျက်မှုက များလွန်းသလို Quick Feet ရှိတဲ့ ဘောလုံးသမားများများ လိုနေပေမယ့် အာတီတာကတော့ ဘယ်အချိန်ထိ စောင့်မယ် မသိဘဲ ဘရန့်ဖို့ဒ်လို အမြင့်ဘော ကောင်းတဲ့ အသင်းကို ခံစစ်ကနေ လက်ပစ်ဘောအမြင့် မြှောက်ပေးဖို့ ကြိုးစားတဲ့ ဘန်ဝှိုက်ကြောင့် တစ်ဂိုးပေးရဖို့တောင် ထပ်ပြီး နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။
ပွဲချိန် ၆၂ မိနစ်မှာ အာဆင်နယ်တို့ဘက်က အလုပ်မဖြစ်တဲ့ မာတီနယ်လီကို ထုတ်ပြီး ထရော့ဆတ်နဲ့ လဲကစားခဲ့သလို ဘရန့်ဖို့ဒ်တို့ကတော့ တစ်ချိန်လုံး ခံစစ်ပိတ်နေခဲ့ရတဲ့ ကစားကွက်မှာ အတက်အဆင်း ကစားခဲ့ရတဲ့ တောင်ပံသမားတွေနဲ့ ကွင်းလယ်သမားတချို့ရဲ့ ကစားအားကျလာမှုကြောင့် အိမ်ရှင်တွေဘက်က ပိုပြီး ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၆ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ အော်ဒီဂွါဒ် ခင်းပေးလိုက်တာကို တောင်ပံကနေ ဆွဲဝင်လာတဲ့ ဆာကာက သိပ်မလိုက်နိုင်တော့တဲ့ ယန်ဆင်ကို ကျော်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဘယ်ဘက်တိုင်နားမှာ အဆင်သင့် စောင့်နေတဲ့ ထရော့ဆတ်က ဘယ်ခြေနဲ့ ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။
ဂိုးပေးလိုက်ရအပြီးမှာတော့ ဘရန့်ဖို့ဒ်တို့ဘက်က အမ်ဘူးမိုနဲ့ ယန်နဲ့လ်တို့အစား ဒါဆေးလ်ဗားနဲ့ ဝစ်ဆာတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို တိုနီရဲ့ အမြင်ကတ်စရာကောင်းလောက်အောင် ပါးနပ်မှုကတော့ အာဆင်နယ်ခံစစ်ကို ကောင်းကောင်းဒုက္ခပေးနေခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ ဖရီးကစ်ကနေ အထွက်နှေးတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကြောင့် နော်ဂါ့ဒ် ချိုးပေးတဲ့ ဘောလုံးကို တိုနီကပဲ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။
ဒီဂိုးမှာ နော်ဂါ့ဒ် လူကျွံနေခဲ့တာကို VAR ပြန်မကြည့်ခဲ့ဘဲ မဟုတ်တဲ့ ပင်းနော့ခ်ကို သွားကြည့်နေခဲ့တာကြောင့် အာဆင်နယ်တို့ နစ်နာခဲ့ရသလို ဒီနေ့ပွဲမှာတော့ အားနဲ့မာန်နဲ့ဆို ဘာမှ မလုပ်တတ်တဲ့ ဘန်ဝှိုက်ကို တိုမီယာစုနဲ့ လဲရမယ့်အစား ပွဲစပွဲဆုံးသုံးသွားတဲ့ အာတီတာကလည်း ဆက်လက်တုံးအနေခဲ့လို့ ချာကာအစား ဖာဘီယို ဗီယာရာကို ထည့်သွင်းခဲ့တာကလွဲပြီး ထူးထူးခြားခြား ပြောင်းလဲမှုမျိုး မလုပ်ဆောင်နိုင်ခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ဆီက သရေတစ်မှတ်သာ ရခဲ့ပြီး ဆက်လက် မျက်နှာပျက်ခဲ့ရသလို မန်စီးတီးတို့က မလိုက်ဘူး ဆိုတာကိုတောင် စောင့်ခေါ်နေပြီး ကြားရက်မှာ သူတို့နဲ့တွေ့လို့ ဘဝခါးသွားခဲ့ရင် ပရီးမီးယားလိဂ်မှာ ခွက်ပျောက်သွားနိုင်တယ်ဆိုတဲ့ အတွေးတွေပါ ဖိစီးနှိပ်စက်လာတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကိုပဲ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကိုပဲ မေျပာင္းမလဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္မီး၊ အာေယးနဲ႔ ပင္းေနာ့ခ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီကို ဟင္နရီ၊ ႐ိုအာဆလက္ဗ္၊ ေနာ္ဂါ့ဒ္၊ ယန္ဆင္နဲ႔ ယန္နဲ႔လ္တို႔ကို စုဖြဲ႕ေပးလာခဲ့သလို တိုက္စစ္မွာေတာ့ တိုနီနဲ႔ အမ္ဘူးမိုတို႔ကိုပဲ တြဲဖက္ကစားေစခဲ့တာပါ။
ပြဲစကတည္းက အာဆင္နယ္တို႔ ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့တာေၾကာင့္ ဘရန႔္ဖို႔ဒ္တို႔ ဧရိယာထဲမွာ ပိတ္ဆို႔ကစားေနၿပီး သူတို႔ရဲ႕ ခံစစ္ကေတာ့ အဲဗာတန္နဲ႔ နယူးကာဆယ္လ္တို႔ေလာက္ အကြက္မေစ့ေပမယ့္ က်ဥ္းထဲက်ပ္ထဲဆိုရင္ အလုပ္မျဖစ္တဲ့ နကီးတီးယား၊ ဘန္ဝႈိက္နဲ႔ ခ်ာကာတို႔လို ကစားသမားေတြရဲ႕ အားနည္းမႈေတြေၾကာင့္ ေဖာက္ရခက္ေနခဲ့ပါတယ္။
ပြဲခ်ိန္ ၁၆ မိနစ္မွာ ဆာကာရဲ႕ ပင္နယ္တီအခြင့္အေရးကေတာ့ ေပ်ာ့လြန္းလို႔ ပယ္ခ်ခံခဲ့ရၿပီး အာဆင္နယ္တို႔ကေတာ့ ညာျခမ္းက ဘန္ဝႈိက္ရဲ႕ ခံစစ္မွာ တပ္ပ်က္ေနမႈေၾကာင့္ သူ႔ကို ကူကစားရတဲ့ ဆာလီဘာက တိုနီကို မယွဥ္ႏိုင္ဘဲျဖစ္ေနခဲ့သလို ႀကံ့ခိုင္မႈမွာ သာလြန္တဲ့ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉးရဲ႕ ဖိအားက အိမ္ရွင္ခံစစ္တစ္တန္းလုံးကို သက္ေရာက္ေစခဲ့တာပါ။
ခံစစ္မွာ အမ္ဘူးမိုကို မထိန္းႏိုင္သလို တိုက္စစ္မွာလည္း အခ်ိန္ကိုက္ ေျပးဝင္ႏိုင္ျခင္းမရွိတဲ့ ဘန္ဝႈိက္ေၾကာင့္ ဆာကာေရာ ေအာ္ဒီဂြါဒ္ပါ အထီးက်န္ေနခဲ့ၿပီး ေႏွးေကြးလြန္းတဲ့ ခ်ာကာေၾကာင့္လည္း ဘယ္ျခမ္းတိုက္စစ္ႀတိဂံရဲ႕ က်န္ကစားသမားေတြျဖစ္ၾကတဲ့ မာတီနယ္လီနဲ႔ ဇင္ခ်န္ကိုတို႔ အခြင့္အေရးေတြ ေပ်ာက္ဆုံးကုန္သလို နကီးတီးယားကေတာ့ ေကာင္တာ ဘယ္လိုကစားရမယ္ဆိုတာကို နားမလည္ဘဲျဖစ္ေနခဲ့ပါတယ္။
ဘရန႔္ဖို႔ဒ္ဘက္က တိုနီနဲ႔ ဟင္နရီတို႔ အခြင့္အေရးေတြ မလြဲေခ်ာ္ခဲ့ရင္နဲ႔ ရမ္းစ္ေဒးလ္ သတိမရွိခဲ့ရင္ အာဆင္နယ္တို႔ ပထမပိုင္းမွာတင္ ႏွစ္ဂိုးျပတ္ ရႈံးသြားႏိုင္ခဲ့ေပမယ့္ ကံေကာင္းေနခဲ့လို႔ ဂိုးမရွိ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း မာတီနယ္လီနဲ႔ ဆာကာကို Attacking Full Back ေတြ မရွိဘဲ အတြင္းမွာ ေစာင့္ကစားခိုင္းေနတာက အလုပ္မျဖစ္ခဲ့သလို Pressing Shape ပါ ပ်က္သြားခဲ့တာပါ။
ေအာ္ဒီဂြါဒ္ရဲ႕ ေဘာလုံးပ်က္မႈက မ်ားလြန္းသလို Quick Feet ရွိတဲ့ ေဘာလုံးသမားမ်ားမ်ား လိုေနေပမယ့္ အာတီတာကေတာ့ ဘယ္အခ်ိန္ထိ ေစာင့္မယ္ မသိဘဲ ဘရန႔္ဖို႔ဒ္လို အျမင့္ေဘာ ေကာင္းတဲ့ အသင္းကို ခံစစ္ကေန လက္ပစ္ေဘာအျမင့္ ေျမႇာက္ေပးဖို႔ ႀကိဳးစားတဲ့ ဘန္ဝႈိက္ေၾကာင့္ တစ္ဂိုးေပးရဖို႔ေတာင္ ထပ္ၿပီး နီးစပ္ခဲ့ေသးတာျဖစ္ပါတယ္။
ပြဲခ်ိန္ ၆၂ မိနစ္မွာ အာဆင္နယ္တို႔ဘက္က အလုပ္မျဖစ္တဲ့ မာတီနယ္လီကို ထုတ္ၿပီး ထေရာ့ဆတ္နဲ႔ လဲကစားခဲ့သလို ဘရန႔္ဖို႔ဒ္တို႔ကေတာ့ တစ္ခ်ိန္လုံး ခံစစ္ပိတ္ေနခဲ့ရတဲ့ ကစားကြက္မွာ အတက္အဆင္း ကစားခဲ့ရတဲ့ ေတာင္ပံသမားေတြနဲ႔ ကြင္းလယ္သမားတခ်ိဳ႕ရဲ႕ ကစားအားက်လာမႈေၾကာင့္ အိမ္ရွင္ေတြဘက္က ပိုၿပီး ၿခိမ္းေျခာက္လာႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စရခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ေအာ္ဒီဂြါဒ္ ခင္းေပးလိုက္တာကို ေတာင္ပံကေန ဆြဲဝင္လာတဲ့ ဆာကာက သိပ္မလိုက္ႏိုင္ေတာ့တဲ့ ယန္ဆင္ကို ေက်ာ္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ ဘယ္ဘက္တိုင္နားမွာ အဆင္သင့္ ေစာင့္ေနတဲ့ ထေရာ့ဆတ္က ဘယ္ေျခနဲ႔ ပိတ္သြင္းၿပီး ရယူသြားခဲ့တာပါ။
ဂိုးေပးလိုက္ရအၿပီးမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ဘက္က အမ္ဘူးမိုနဲ႔ ယန္နဲ႔လ္တို႔အစား ဒါေဆးလ္ဗားနဲ႔ ဝစ္ဆာတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့သလို တိုနီရဲ႕ အျမင္ကတ္စရာေကာင္းေလာက္ေအာင္ ပါးနပ္မႈကေတာ့ အာဆင္နယ္ခံစစ္ကို ေကာင္းေကာင္းဒုကၡေပးေနခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဖရီးကစ္ကေန အထြက္ေႏွးတဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ေၾကာင့္ ေနာ္ဂါ့ဒ္ ခ်ိဳးေပးတဲ့ ေဘာလုံးကို တိုနီကပဲ ေခါင္းတိုက္ၿပီး ေခ်ပဂိုးသြင္းယူသြားခဲ့ပါတယ္။
ဒီဂိုးမွာ ေနာ္ဂါ့ဒ္ လူကြၽံေနခဲ့တာကို VAR ျပန္မၾကည့္ခဲ့ဘဲ မဟုတ္တဲ့ ပင္းေနာ့ခ္ကို သြားၾကည့္ေနခဲ့တာေၾကာင့္ အာဆင္နယ္တို႔ နစ္နာခဲ့ရသလို ဒီေန႔ပြဲမွာေတာ့ အားနဲ႔မာန္နဲ႔ဆို ဘာမွ မလုပ္တတ္တဲ့ ဘန္ဝႈိက္ကို တိုမီယာစုနဲ႔ လဲရမယ့္အစား ပြဲစပြဲဆုံးသုံးသြားတဲ့ အာတီတာကလည္း ဆက္လက္တုံးအေနခဲ့လို႔ ခ်ာကာအစား ဖာဘီယို ဗီယာရာကို ထည့္သြင္းခဲ့တာကလြဲၿပီး ထူးထူးျခားျခား ေျပာင္းလဲမႈမ်ိဳး မလုပ္ေဆာင္ႏိုင္ခဲ့တာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ အိမ္ကြင္းမွာ ဘရန႔္ဖို႔ဒ္ဆီက သေရတစ္မွတ္သာ ရခဲ့ၿပီး ဆက္လက္ မ်က္ႏွာပ်က္ခဲ့ရသလို မန္စီးတီးတို႔က မလိုက္ဘူး ဆိုတာကိုေတာင္ ေစာင့္ေခၚေနၿပီး ၾကားရက္မွာ သူတို႔နဲ႔ေတြ႕လို႔ ဘဝခါးသြားခဲ့ရင္ ပရီးမီးယားလိဂ္မွာ ခြက္ေပ်ာက္သြားႏိုင္တယ္ဆိုတဲ့ အေတြးေတြပါ ဖိစီးႏွိပ္စက္လာေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.