ချဲလ်ဆီးအသင်းကစားသမားတွေ ပွဲနေ့မှာ ရောက်ရှိလာပြီး လေ့ကျင့်ရေးကို စွန့်ခွာသွားခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီး မျက်လုံးမလွှဲနိုင်လောက်စရာကောင်းတဲ့ ကားအချို့ ရှိနေခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာရော ကော့ဘ်ဟမ် လေ့ကျင့်ရေးစခန်းမှာပါ စောင့်ဆိုင်းနေခဲ့တဲ့ ပရိသတ်တွေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ မကြာသေးမီကမှ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျော်ဂျင်ညိုဟာ တောက်ပတဲ့ အနီရောင် ဖယ်ရာရီကားကို မောင်းနှင်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ နောက်ခံတောင်ပံကစားသမားတွေဖြစ်တဲ့ ဘန် ချေးဝဲလ်နဲ့ ရီးစ် ဂျိမ်းစ်တို့ဟာ Lamborghini Urus နဲ့ Mercedes G Wagon ကို မောင်းနှင်ခဲ့ကြပြီး မေဆန် မောင့်ကိုလည်း Mercedes ကားနဲ့ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ခိုင် ဟာဗတ်ဇ်နဲ့ ဝက်စ်လေ ဖိုဖာနာတို့ကလည်း Lamborghini Urus ကို မောင်းနှင်ခဲ့တာ မြင်တွေ့ခဲ့ရပြီး ပြောစရာဖြစ်ခဲ့တဲ့အရာတစ်ခုကတော့ အန်ဂိုလို ကွန်တေဟာ မီနီ ကူးပါးကားလေးကို မောင်းနှင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမားဟာ လက်စတာစီးတီးမှာ ကစားခဲ့တဲ့နေ့တွေတုန်းက ပေါင် ၁ သောင်းတန်ကားကို မောင်းနှင်နေတာကို မြင်တွေ့ခဲ့ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပေမယ့်လည်း နှစ်တွေ ကြာလာပြီဖြစ်တာကြောင့် ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟာ ပေါင် ၇ သောင်းဝန်းကျင် တန်ကြေးရှိတဲ့ Mercedes GLE ကားကို ပြောင်းလဲမောင်းနှင်နေပြီဖြစ်ပါတယ်။
ကွန်တေရဲ့ အသင်းဖော်ဟောင်း အန်တိုနီယို ရူဒီဂါက တစ်ခါတုန်းက ကွန်တေရဲ့ မီနီ ကူးပါးကားကို မောင်းနှင်ဖို့ ဆုံးဖြတ်ချက်နောက်ကွယ်က ဇာတ်လမ်းကို ရှင်းပြခဲ့ဖူးတာဖြစ်ပါတယ်။ “ကွန်တေနဲ့ပတ်သက်တဲ့အရာအားလုံးက အစစ်အမှန်တွေချည်းပဲ။ မီနီ ကူးပါးတောင်မှပေါ့။ လူတွေက အဲဒါနဲ့ပတ်သက်ပြီး ရယ်မောကြတယ်။ ဒါပေမယ့် အဲဒီနောက်ကွယ်မှာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခု ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားရဖို့က ကွန်တေအတွက် အိပ်မက်ဖြစ်ခဲ့ပါတယ်။ မီနီ ကူးပါးက သူ အင်္ဂလန်ကို စရောက်တဲ့အချိန်မှာ ပထမဆုံးဝယ်ခဲ့တဲ့ကားပါ။ အဲဒီတော့ သူ့အတွက်က အဲဒါက ကားတစ်စီးမဟုတ်ပါဘူး။ အဲဒါက လေးနက်တဲ့ အဓိပ္ပာယ်ရှိပါတယ်”
“ဟုတ်တာပေါ့။ ကောင်လေးတွေက သူ့ကို အဲဒါနဲ့ပတ်သက်ပြီး အမြဲတမ်း ဟာသဖောက်ကြတယ်။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် ပြောမယ်။ ဒီလူက အရမ်းကို ယဉ်ကျေးပြီး သူက ခင်ဗျား ကြားချင်တဲ့စကားတွေပဲ ပြောပါလိမ့်မယ်။ တစ်စုံတယောက်က ‘အန်ဂိုရေ ဘယ်ကားက တကယ်မိုက်လဲဆိုတာ မင်းသိလား။ မာစီးဒီးစ်ပေါ့ ဘရို။ မာစီးဒီးစ်အမည်းရောင်လေး မင်း မောင်းသင့်တယ်လို့ ငါ ထင်တယ်’လို့ ပြောလိမ့်မယ်။ အဲဒီအခါကျရင် ကွန်တေက သူတို့ကို တကယ်ဝယ်တော့မယ့်ပုံနဲ့ ကြည့်ပြီး ‘ဟုတ်တယ်။ ကောင်းပြီလေ။ ကျွန်တော်တို့ အဲဒီအကြောင်း စဉ်းစားတာပေါ့။ ကျေးဇူးပဲ။ အဲဒီအကြံကောင်းတယ်’ဆိုပြီး ပြောလိမ့်မယ်”
“ဒါပေမယ့် ခင်ဗျားကို သူ အဲဒါက ဝတ်ကျေတန်းကျေပြောနေတာဗျ။ နောက်ဆုံးမှာတော့ သူ့ကို နောက်ထပ် ၁၀ နှစ်လောက် လေ့ကျင့်ရေးကွင်းမှာ မီနီ ကူးပါးလေးနဲ့ပဲ ခင်ဗျား မြင်ရမှာပါ။ ကျွန်တော် လူတွေကို တစ်ချိန်လုံး ပြောတယ်။ နှိမ့်ချမှုဆိုတာ ရှိရတယ်။ နှိမ့်ချမှု ရှိရတယ်။ အဲဒီ နှိမ့်ချတတ်မှုက အန်ဂိုလိုပဲ”လို့ ပြောကြားခဲ့ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးအသင္းကစားသမားေတြ ပြဲေန႔မွာ ေရာက္ရွိလာၿပီး ေလ့က်င့္ေရးကို စြန႔္ခြာသြားခဲ့တဲ့ ဗီဒီယိုဖိုင္ထြက္ေပၚလာခဲ့ၿပီး မ်က္လုံးမလႊဲႏိုင္ေလာက္စရာေကာင္းတဲ့ ကားအခ်ိဳ႕ ရွိေနခဲ့တာျဖစ္ပါတယ္။
ခ်ဲလ္ဆီးရဲ႕အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာေရာ ေကာ့ဘ္ဟမ္ ေလ့က်င့္ေရးစခန္းမွာပါ ေစာင့္ဆိုင္းေနခဲ့တဲ့ ပရိသတ္ေတြ ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ထဲမွာ မၾကာေသးမီကမွ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳဟာ ေတာက္ပတဲ့ အနီေရာင္ ဖယ္ရာရီကားကို ေမာင္းႏွင္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ေနာက္ခံေတာင္ပံကစားသမားေတြျဖစ္တဲ့ ဘန္ ေခ်းဝဲလ္နဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ဟာ Lamborghini Urus နဲ႔ Mercedes G Wagon ကို ေမာင္းႏွင္ခဲ့ၾကၿပီး ေမဆန္ ေမာင့္ကိုလည္း Mercedes ကားနဲ႔ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။
ခိုင္ ဟာဗတ္ဇ္နဲ႔ ဝက္စ္ေလ ဖိုဖာနာတို႔ကလည္း Lamborghini Urus ကို ေမာင္းႏွင္ခဲ့တာ ျမင္ေတြ႕ခဲ့ရၿပီး ေျပာစရာျဖစ္ခဲ့တဲ့အရာတစ္ခုကေတာ့ အန္ဂိုလို ကြန္ေတဟာ မီနီ ကူးပါးကားေလးကို ေမာင္းႏွင္ျခင္း မရွိေတာ့တာ ျဖစ္ပါတယ္။
ျပင္သစ္ကြင္းလယ္ကစားသမားဟာ လက္စတာစီးတီးမွာ ကစားခဲ့တဲ့ေန႔ေတြတုန္းက ေပါင္ ၁ ေသာင္းတန္ကားကို ေမာင္းႏွင္ေနတာကို ျမင္ေတြ႕ခဲ့ရတဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရတာျဖစ္ေပမယ့္လည္း ႏွစ္ေတြ ၾကာလာၿပီျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ဟာ ေပါင္ ၇ ေသာင္းဝန္းက်င္ တန္ေၾကးရွိတဲ့ Mercedes GLE ကားကို ေျပာင္းလဲေမာင္းႏွင္ေနၿပီျဖစ္ပါတယ္။
ကြန္ေတရဲ႕ အသင္းေဖာ္ေဟာင္း အန္တိုနီယို ႐ူဒီဂါက တစ္ခါတုန္းက ကြန္ေတရဲ႕ မီနီ ကူးပါးကားကို ေမာင္းႏွင္ဖို႔ ဆုံးျဖတ္ခ်က္ေနာက္ကြယ္က ဇာတ္လမ္းကို ရွင္းျပခဲ့ဖူးတာျဖစ္ပါတယ္။ “ကြန္ေတနဲ႔ပတ္သက္တဲ့အရာအားလုံးက အစစ္အမွန္ေတြခ်ည္းပဲ။ မီနီ ကူးပါးေတာင္မွေပါ့။ လူေတြက အဲဒါနဲ႔ပတ္သက္ၿပီး ရယ္ေမာၾကတယ္။ ဒါေပမယ့္ အဲဒီေနာက္ကြယ္မွာ ျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ခု ရွိပါတယ္။ ပရီးမီးယားလိဂ္မွာ ကစားရဖို႔က ကြန္ေတအတြက္ အိပ္မက္ျဖစ္ခဲ့ပါတယ္။ မီနီ ကူးပါးက သူ အဂၤလန္ကို စေရာက္တဲ့အခ်ိန္မွာ ပထမဆုံးဝယ္ခဲ့တဲ့ကားပါ။ အဲဒီေတာ့ သူ႔အတြက္က အဲဒါက ကားတစ္စီးမဟုတ္ပါဘူး။ အဲဒါက ေလးနက္တဲ့ အဓိပၸာယ္ရွိပါတယ္”
“ဟုတ္တာေပါ့။ ေကာင္ေလးေတြက သူ႔ကို အဲဒါနဲ႔ပတ္သက္ၿပီး အၿမဲတမ္း ဟာသေဖာက္ၾကတယ္။ ဒါေပမယ့္ ခင္ဗ်ားကို ကြၽန္ေတာ္ ေျပာမယ္။ ဒီလူက အရမ္းကို ယဥ္ေက်းၿပီး သူက ခင္ဗ်ား ၾကားခ်င္တဲ့စကားေတြပဲ ေျပာပါလိမ့္မယ္။ တစ္စုံတေယာက္က ‘အန္ဂိုေရ ဘယ္ကားက တကယ္မိုက္လဲဆိုတာ မင္းသိလား။ မာစီးဒီးစ္ေပါ့ ဘ႐ို။ မာစီးဒီးစ္အမည္းေရာင္ေလး မင္း ေမာင္းသင့္တယ္လို႔ ငါ ထင္တယ္’လို႔ ေျပာလိမ့္မယ္။ အဲဒီအခါက်ရင္ ကြန္ေတက သူတို႔ကို တကယ္ဝယ္ေတာ့မယ့္ပုံနဲ႔ ၾကည့္ၿပီး ‘ဟုတ္တယ္။ ေကာင္းၿပီေလ။ ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္း စဥ္းစားတာေပါ့။ ေက်းဇူးပဲ။ အဲဒီအႀကံေကာင္းတယ္’ဆိုၿပီး ေျပာလိမ့္မယ္”
“ဒါေပမယ့္ ခင္ဗ်ားကို သူ အဲဒါက ဝတ္ေက်တန္းေက်ေျပာေနတာဗ်။ ေနာက္ဆုံးမွာေတာ့ သူ႔ကို ေနာက္ထပ္ ၁၀ ႏွစ္ေလာက္ ေလ့က်င့္ေရးကြင္းမွာ မီနီ ကူးပါးေလးနဲ႔ပဲ ခင္ဗ်ား ျမင္ရမွာပါ။ ကြၽန္ေတာ္ လူေတြကို တစ္ခ်ိန္လုံး ေျပာတယ္။ ႏွိမ့္ခ်မႈဆိုတာ ရွိရတယ္။ ႏွိမ့္ခ်မႈ ရွိရတယ္။ အဲဒီ ႏွိမ့္ခ်တတ္မႈက အန္ဂိုလိုပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.