Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၄.၉.၂၀၂၀

– ဟိုေဆး ဟီမီနက္ဇ္အတြက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေပါင္ ၇၈ သန္းတန္ ကမ္းလွမ္းမွဳကို ပယ္ခ်ခဲ့တယ္လို႔ အက္သလက္တီကို မက္ဒရစ္ ဥကၠ႒ အန္ရီေကး စီရီဇိုရဲ႕ ေျပာၾကားမွဳကို အစ္တီဟတ္ဘက္က ေဒါသထြက္ေနၾကၿပီး ေပါင္သန္း ၅၀ ပဲ တန္တဲ့ ကစားသမားကို သေဘာက်တာ မွန္ေပမယ့္ ကမ္းေတာင္ မကမ္းလွမ္းရေသးဘူးလို႔ တုံ႔ျပန္ထား။

– ရီးရဲလ္မက္ဒရစ္အသင္းဘက္က ခ်ိတ္ဆက္မွဳေတြ ျပဳလုပ္ေနတာ မွန္ေပမယ့္ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္ကေတာ့ ဒီေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔နဲ႔ စီးတီးဘက္က ေရာင္းခ်သြားဖို႔ စိတ္ကူးမရွိဘူးလို႔ ႐ိုမာႏို ေဖာ္ျပ။

– အေျပာင္းအေရႊ႕ေဈးကြက္ထဲမွာ တန္ဖိုးျမင့္မားတဲ့ ေနာက္ခံလူေတြကို လုိက္ေနခဲ့တဲ့ မန္စီးတီးအေနနဲ႔ ဂ်ဴဗင္တပ္အသင္းကေန ေရာင္းခ်မယ့္ ဒန္နီယယ္လီ ႐ူဂါနီကိုလည္း ယူ႐ို ၂၅ သန္းေလာက္နဲ႔ ေခၚယူသြားႏုိင္ေၾကာင္း တပ္တိုစပို႔စ္ ေရးသား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ နာပုိလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို သူ႕ရဲ႕ ဆီနီေဂါလက္ေရြးစင္အသင္းေဖာ္ ဆာဒီယို မာေနးရဲ႕ အကူအညီနဲ႔ အန္းဖီးလ္ဒ္ကို စည္း႐ုံးေခၚယူႏုိင္ဖို႔ လီဗာပူးလ္ျပင္ဆင္ေန။

– မန္စီးတီးေနာက္ခံလူ နီကုိလတ္စ္ ေအာ့တာမန္ဒီကို ေခၚယူဖို႔ အင္တာမီလန္အသင္းနဲ႔ ေပၚတုိအသင္းႏွစ္သင္းသာ ျဖစ္ႏုိင္ေျခအမ်ားဆုံးလို႔ အီတလီအေျခစိုက္ ကယ္လ္စီယို မာကာတုိ ထုတ္ေဖာ္ခဲ့ၿပီး အစ္တီဟတ္က ထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေန။

– ဂိုးေတြ ဖန္တီးမွဳေတြ လုပ္ေနတာထက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုပဲ ပုိလိုခ်င္ၿပီး တစ္ရာသီအတြင္း ငါးဂိုးသြင္း၊ ငါးဂိုး ဖန္တီးႏိုင္ရင္လည္း ဖလားရရင္ ေပ်ာ္ႏိုင္လိမ့္မယ္လုိ႔ လက္ေထာက္အသင္းေခါင္းေဆာင္ ဒီဘ႐ိုင္းနား ေျပာၾကား။

– ဗဟိုခံစစ္မွဴးေနရာအတြက္ ပစ္မွတ္ထဲမွာ ကစားသမား သုံးေလးဦး ရွိေနေပမယ့္ အေျခအေနအရပ္ရပ္ကို ေထာက္ခ်င့္ရင္ ဆီဗီလာရဲ႕ ဂ်ဴးလ္ ကြန္ဒီကပဲ ေခၚယူဖို႔ အသင္းေတာ္ဆုံးလုိ႔ မန္စီးတီးအေနနဲ႔ လက္ခံရမွာျဖစ္တယ္လို႔ မန္ခ်က္စတာညေနခင္းသတင္း ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဟိုဆေး ဟီမီနက်ဇ်အတွက် မန်ချက်စတာစီးတီးအသင်းရဲ့ ပေါင် ၇၈ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အက်သလက်တီကို မက်ဒရစ် ဥက္ကဋ္ဌ အန်ရီကေး စီရီဇိုရဲ့ ပြောကြားမှုကို အစ်တီဟတ်ဘက်က ဒေါသထွက်နေကြပြီး ပေါင်သန်း ၅၀ ပဲ တန်တဲ့ ကစားသမားကို သဘောကျတာ မှန်ပေမယ့် ကမ်းတောင် မကမ်းလှမ်းရသေးဘူးလို့ တုံ့ပြန်ထား။

– ရီးရဲလ်မက်ဒရစ်အသင်းဘက်က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ မှန်ပေမယ့် တောင်ပံကစားသမား ရီယက် မာရက်ဇ်ကတော့ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့နဲ့ စီးတီးဘက်က ရောင်းချသွားဖို့ စိတ်ကူးမရှိဘူးလို့ ရိုမာနို ဖော်ပြ။

– အပြောင်းအရွှေ့ဈေးကွက်ထဲမှာ တန်ဖိုးမြင့်မားတဲ့ နောက်ခံလူတွေကို လိုက်နေခဲ့တဲ့ မန်စီးတီးအနေနဲ့ ဂျူဗင်တပ်အသင်းကနေ ရောင်းချမယ့် ဒန်နီယယ်လီ ရူဂါနီကိုလည်း ယူရို ၂၅ သန်းလောက်နဲ့ ခေါ်ယူသွားနိုင်ကြောင်း တပ်တိုစပို့စ် ရေးသား။

– မန်ချက်စတာစီးတီးအသင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို သူ့ရဲ့ ဆီနီဂေါလက်ရွေးစင်အသင်းဖော် ဆာဒီယို မာနေးရဲ့ အကူအညီနဲ့ အန်းဖီးလ်ဒ်ကို စည်းရုံးခေါ်ယူနိုင်ဖို့ လီဗာပူးလ်ပြင်ဆင်နေ။

– မန်စီးတီးနောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီကို ခေါ်ယူဖို့ အင်တာမီလန်အသင်းနဲ့ ပေါ်တိုအသင်းနှစ်သင်းသာ ဖြစ်နိုင်ခြေအများဆုံးလို့ အီတလီအခြေစိုက် ကယ်လ်စီယို မာကာတို ထုတ်ဖော်ခဲ့ပြီး အစ်တီဟတ်က ထွက်ခွာဖို့ သေချာသလောက်ရှိနေ။

– ဂိုးတွေ ဖန်တီးမှုတွေ လုပ်နေတာထက် ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပဲ ပိုလိုချင်ပြီး တစ်ရာသီအတွင်း ငါးဂိုးသွင်း၊ ငါးဂိုး ဖန်တီးနိုင်ရင်လည်း ဖလားရရင် ပျော်နိုင်လိမ့်မယ်လို့ လက်ထောက်အသင်းခေါင်းဆောင် ဒီဘရိုင်းနား ပြောကြား။

– ဗဟိုခံစစ်မှူးနေရာအတွက် ပစ်မှတ်ထဲမှာ ကစားသမား သုံးလေးဦး ရှိနေပေမယ့် အခြေအနေအရပ်ရပ်ကို ထောက်ချင့်ရင် ဆီဗီလာရဲ့ ဂျူးလ် ကွန်ဒီကပဲ ခေါ်ယူဖို့ အသင်းတော်ဆုံးလို့ မန်စီးတီးအနေနဲ့ လက်ခံရမှာဖြစ်တယ်လို့ မန်ချက်စတာညနေခင်းသတင်း ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.