ပြီးခဲ့တဲ့ သောကြာနေ့ညက ကျင်းပခဲ့တဲ့ နိစ်အသင်းနဲ့ အာယက်စီယိုတို့ရဲ့ ပြင်သစ် လိဂန် အမှတ်ပေးပွဲစဉ်ကတော့ အိမ်ရှင်တွေအတွက် သုံးဂိုး-ဂိုးမရှိနိုင်ပွဲအဖြစ်နဲ့ ပြီးဆုံးသွားခဲ့ပြီး ဒီပြိုင်ပွဲမှာတော့ ဝါရင့်ခံစစ်မှူး ဒန်တေအနေနဲ့ ဒီပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်တဲ့ ကစာသမားစံချိန်ကို အသစ်တင်ရှိသွားနိုင်ခဲ့ပါတယ်။
ကစားသမားဘဝ အချိန်ကောင်းတွေကို ဘွန်ဒက်စ်လီဂါမှာ အောင်အောင်မြင်မြင် ဖြတ်သန်းခဲ့တဲ့ ဒန်တေအနေနဲ့ မွန်ချန်ဂလာဘက်ချ်၊ ဘိုင်ယန် မြူးနစ်နဲ့ ဝုလ်ဖ်ဘတ်အသင်းတွေမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်တို့ကို ဘာဗေးရီးယားအခြေစိုက် ဂျာမန်ဘီလူးတွေနဲ့ ရယူနိုင်ခဲ့တသူလည်းဖြစ်ပါတယ်။
ဘရာဇီးလ်သားကြီးဟာ လက်ရှိအသင်း နိစ်မှာ ကစားနေတာဟာ ၂၀၁၆-၁၇ ရာသီကတည်းကဖြစ်ပြီး ၇ ရာသီဆက်တိုက် အသင်းရဲ့ ပွဲထွက် ကစားသမားအဖြစ် အသုံးတော်ခံနေခဲ့တာဖြစ်သလို မနေ့ညကတော့ အသက် ၃၉ နှစ်၊ ၃ လ နဲ့ ၂၃ ရက် အရွယ်မှာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃ မိနစ်မှာ ကွင်းလယ်လူ ဘူနန်နီရဲ့ ဖြတ်တင်ဘောကနေ Volley ကန်သွင်းယူပြီး ရယူနိုင်ခဲ့တာပါ။
ဒီဂိုးကြောင့် ဒန်တေအနေနဲ့ လီလ်နောက်ခံလူ ဂျိုဆေး ဖွန်တေရဲ့ ဒီရာသီမှာပဲ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တင်ရှိထားခဲ့တဲ့ အသက် ၃၈ နှစ်၊ ၁၀ လနဲ့ ၁၅ ရက်အရွယ်မှာ တင်ရှိခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို အသက်အားဖြင့် နှစ်လပိုကြီးတဲ့ ဘရာဇီးလ်သားကို ပေါ်တူဂီသားတစ်ယောက် လိုက်မီနိုင်ဦးမလားကတော့ အချိန်သိပ်မကျန်ကြတော့တဲ့ အနာဂတ်မှာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဒန်တေဟာ နိစ်အသင်းအတွက် ဂိုးမသွင်းနိုင်တာ နွန့်စ်အသင်းကို သွင်းယူခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလ ၄ ရက်နေ့နောက်ပိုင်းကတည်းကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမှာတော့ လုံးဝ ဂိုးမသွင်းနိုင်ခဲ့ဘဲ ရောက်စ ၂၀၁၆-၁၇ ရာသီကနဲ့ တူညီခဲ့သလို ၂၀၁၇-၁၈ ရာသီကနေ ၂၀၂၀-၂၁ ရာသီအထိ လေးရာသီဆက်တိုက်ကိုတော့ အနည်းဆုံးတစ်ဂိုး ရယူပေးနိုင်ခဲ့တာပါ။
အင်္ဂလိပ်လူမျိုးပိုင်ရှင် ဆာဂျင်မ် ရက်ဒ်ကလစ်ဖ်ရဲ့ INEOS ဓာတုလုပ်ငန်းကုမ္ပဏီက ပိုင်ဆိုင်ထားတဲ့ နိစ်အသင်းအနေနဲ့ ဇန်နဝါရီလ ၃ ရက်နေ့က ရင်းနေးကို ရှုံးပြီးနောက်ပိုင်း လိဂန် ၆ ပွဲဆက်တိုက် အရှုံးမရှိအောင် ကစားထားနိုင်သလို ၅ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားခဲ့ချိန်မှာ ဒန်တေကတော့ ဒီရာသီမှာ အမှတ်ပေးပွဲ ၂၂ ပွဲနဲ့ ပြိုင်ပွဲစုံမှာ ၃၁ ပွဲ ကစားထားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်လိဂန် အသက်အကြီးဆုံး ဂိုးသွင်းရှင်စာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးကတော့ ၁။ ဒန်တေ (နိစ်) ၂။ ဖွန်တေ (လီလ်) ၃။ ရီယက် နူရီ (အာယက်စီယို) ၄။ ဆီးဒရစ် အာဗီနယ်လ် (အာယက်စီယို) ၅။ ဒမီထရီ ပါယက် (မာဆေးလ်) ၆။ ကီဗင် ဂါမေးရိုး (စထရာစ်ဘိုး) ၇။ ရိုမန် ဟာမူမာ (အာယက်စီယို) ၈။ လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ) ၉။ သောမတ်စ် မာဂါနီ (အာယက်စီယို)နဲ့ ၁၀။ ယိုဟန် ဂါစတီယန် (ကလယ်မွန်)တို့ဖြစ်ကြပြီး အာယက်စီယိုအသင်းရဲ့ ကစားသမား ၄ ဦးအထိ ထူးထူးခြားခြား ပါဝင်နေကြကြောင်းလည်း သိရှိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ၿပီးခဲ့တဲ့ ေသာၾကာေန႔ညက က်င္းပခဲ့တဲ့ နိစ္အသင္းနဲ႔ အာယက္စီယိုတို႔ရဲ႕ ျပင္သစ္ လိဂန္ အမွတ္ေပးပြဲစဥ္ကေတာ့ အိမ္ရွင္ေတြအတြက္ သုံးဂိုး-ဂိုးမရွိႏိုင္ပြဲအျဖစ္နဲ႔ ၿပီးဆုံးသြားခဲ့ၿပီး ဒီၿပိဳင္ပြဲမွာေတာ့ ဝါရင့္ခံစစ္မႉး ဒန္ေတအေနနဲ႔ ဒီၿပိဳင္ပြဲရဲ႕ အသက္အႀကီးဆုံး ဂိုးသြင္းယူႏိုင္တဲ့ ကစာသမားစံခ်ိန္ကို အသစ္တင္ရွိသြားႏိုင္ခဲ့ပါတယ္။
ကစားသမားဘဝ အခ်ိန္ေကာင္းေတြကို ဘြန္ဒက္စ္လီဂါမွာ ေအာင္ေအာင္ျမင္ျမင္ ျဖတ္သန္းခဲ့တဲ့ ဒန္ေတအေနနဲ႔ မြန္ခ်န္ဂလာဘက္ခ်္၊ ဘိုင္ယန္ ျမဴးနစ္နဲ႔ ဝုလ္ဖ္ဘတ္အသင္းေတြမွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတစ္ႀကိမ္တို႔ကို ဘာေဗးရီးယားအေျခစိုက္ ဂ်ာမန္ဘီလူးေတြနဲ႔ ရယူႏိုင္ခဲ့တသူလည္းျဖစ္ပါတယ္။
ဘရာဇီးလ္သားႀကီးဟာ လက္ရွိအသင္း နိစ္မွာ ကစားေနတာဟာ ၂၀၁၆-၁၇ ရာသီကတည္းကျဖစ္ၿပီး ၇ ရာသီဆက္တိုက္ အသင္းရဲ႕ ပြဲထြက္ ကစားသမားအျဖစ္ အသုံးေတာ္ခံေနခဲ့တာျဖစ္သလို မေန႔ညကေတာ့ အသက္ ၃၉ ႏွစ္၊ ၃ လ နဲ႔ ၂၃ ရက္ အ႐ြယ္မွာ အသင္းအတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ ၃ မိနစ္မွာ ကြင္းလယ္လူ ဘူနန္နီရဲ႕ ျဖတ္တင္ေဘာကေန Volley ကန္သြင္းယူၿပီး ရယူႏိုင္ခဲ့တာပါ။
ဒီဂိုးေၾကာင့္ ဒန္ေတအေနနဲ႔ လီလ္ေနာက္ခံလူ ဂ်ိဳေဆး ဖြန္ေတရဲ႕ ဒီရာသီမွာပဲ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္ေန႔က တင္ရွိထားခဲ့တဲ့ အသက္ ၃၈ ႏွစ္၊ ၁၀ လနဲ႔ ၁၅ ရက္အ႐ြယ္မွာ တင္ရွိခဲ့တဲ့ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို အသက္အားျဖင့္ ႏွစ္လပိုႀကီးတဲ့ ဘရာဇီးလ္သားကို ေပၚတူဂီသားတစ္ေယာက္ လိုက္မီႏိုင္ဦးမလားကေတာ့ အခ်ိန္သိပ္မက်န္ၾကေတာ့တဲ့ အနာဂတ္မွာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။
ဒန္ေတဟာ နိစ္အသင္းအတြက္ ဂိုးမသြင္းႏိုင္တာ ႏြန႔္စ္အသင္းကို သြင္းယူခဲ့တဲ့ ၂၀၂၀ ေအာက္တိုဘာလ ၄ ရက္ေန႔ေနာက္ပိုင္းကတည္းကျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမွာေတာ့ လုံးဝ ဂိုးမသြင္းႏိုင္ခဲ့ဘဲ ေရာက္စ ၂၀၁၆-၁၇ ရာသီကနဲ႔ တူညီခဲ့သလို ၂၀၁၇-၁၈ ရာသီကေန ၂၀၂၀-၂၁ ရာသီအထိ ေလးရာသီဆက္တိုက္ကိုေတာ့ အနည္းဆုံးတစ္ဂိုး ရယူေပးႏိုင္ခဲ့တာပါ။
အဂၤလိပ္လူမ်ိဳးပိုင္ရွင္ ဆာဂ်င္မ္ ရက္ဒ္ကလစ္ဖ္ရဲ႕ INEOS ဓာတုလုပ္ငန္းကုမၸဏီက ပိုင္ဆိုင္ထားတဲ့ နိစ္အသင္းအေနနဲ႔ ဇန္နဝါရီလ ၃ ရက္ေန႔က ရင္းေနးကို ရႈံးၿပီးေနာက္ပိုင္း လိဂန္ ၆ ပြဲဆက္တိုက္ အရႈံးမရွိေအာင္ ကစားထားႏိုင္သလို ၅ ပြဲႏိုင္ၿပီး ၁ ပြဲ သေရက်ထားခဲ့ခ်ိန္မွာ ဒန္ေတကေတာ့ ဒီရာသီမွာ အမွတ္ေပးပြဲ ၂၂ ပြဲနဲ႔ ၿပိဳင္ပြဲစုံမွာ ၃၁ ပြဲ ကစားထားခဲ့တာျဖစ္ပါတယ္။
ျပင္သစ္လိဂန္ အသက္အႀကီးဆုံး ဂိုးသြင္းရွင္စာရင္းရဲ႕ ထိပ္ဆုံး ၁၀ ဦးကေတာ့ ၁။ ဒန္ေတ (နိစ္) ၂။ ဖြန္ေတ (လီလ္) ၃။ ရီယက္ ႏူရီ (အာယက္စီယို) ၄။ ဆီးဒရစ္ အာဗီနယ္လ္ (အာယက္စီယို) ၅။ ဒမီထရီ ပါယက္ (မာေဆးလ္) ၆။ ကီဗင္ ဂါေမး႐ိုး (စထရာစ္ဘိုး) ၇။ ႐ိုမန္ ဟာမူမာ (အာယက္စီယို) ၈။ လီယြန္နယ္ မက္ဆီ (ပီအက္စ္ဂ်ီ) ၉။ ေသာမတ္စ္ မာဂါနီ (အာယက္စီယို)နဲ႔ ၁၀။ ယိုဟန္ ဂါစတီယန္ (ကလယ္မြန္)တို႔ျဖစ္ၾကၿပီး အာယက္စီယိုအသင္းရဲ႕ ကစားသမား ၄ ဦးအထိ ထူးထူးျခားျခား ပါဝင္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.