ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားပေးနေတဲ့ ကစားသမားဖြစ်ပြီး ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပေါ်တူဂီက စပို့တင်းလစ္စဘွန်းနဲ့ စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ကစားသမားဘဝ အောင်မြင်မှုလမ်းစဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အောင်မြင်တဲ့ကစားသမားဘဝ ၆ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာစေမယ့် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
၂၀၁၈ မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ပြီး ၂၀၂၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို မပြန်ခင် စီးရီးအေဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းနဲ့လည်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ကစားသမားဖြစ်ပြီး ယူရို ၂၀၁၆၊ နေးရှင်းလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်နဲ့ပတ်သက်ပြီး ပရိသတ်တွေ မသိသေးတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။
၁။ ယူအက်စ်အေသမ္မတရဲ့နာမည်ပေးခံခဲ့ရတဲ့ ရော်နယ်လ်ဒို
ရော်နယ်လ်ဒိုဟာ သရုပ်ဆောင်ဘဝကနေ နိုင်ငံရေးသမားဘဝကို ကူးပြောင်းခဲ့တဲ့ ရော်နယ် ရီဂန် အိမ်ဖြူတော်မှာ သမ္မတဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တစ်လအကြာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ မိခင်ဟာ အယောက် ၄၀ မြောက် အမေရိကန်သမ္မတရဲ့ အမာခံပရိသတ်ဖြစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
၂။ ပေါ်တူဂီကြယ်ပွင့်ရဲ့ပထမဆုံးအသင်းမှာ Kit man လုပ်ခဲ့တဲ့ ဖခင်
ရော်နယ်လ်ဒိုရဲ့ဖခင် ဂျိုဆေး ဒီနစ် အဗေရိုဟာ သားဖြစ်သူ အသက် ၈ နှစ်အရွယ်မှာ ဘောလုံးစကစားခဲ့တဲ့ အန်ဒိုရင်ဟာက ကလပ်အသင်းမှာ Kit Man အဖြစ် အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဘောလုံးအားကစားအတွက် မွေးရာပါ ပါရမီကို လျင်လျင်မြန်မြန် ပြသခဲ့ပြီး သိပ်မကြာခင်မှာ စပို့တင်းလစ္စဘွန်းရဲ့ လူငယ်အကယ်ဒမီရဲ့ ကင်းထောက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်မှာ ရော်နယ်လ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အကယ်ဒမီကို ပြောင်းရွှေ့ခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအဖြစ် အရည်အချင်းတွေ တိုးတက်လာခဲ့တာဖြစ်ပါတယ်။
၃။ အောင်မြင်တဲ့ စီးပွားရေးသမား
ရော်နယ်လ်ဒိုဟာ ဘောလုံးကွင်းထဲမှာ အောင်မြင်မှု ရရှိခဲ့တဲ့အပြင် စီးပွားရေးလောကမှာလည်း အဝတ်အထည်၊ ဖိနပ်နဲ့ အမွှေးနံ့သာတွေပါဝင်တဲ့ CR7 အမှတ်တံဆိပ်နဲ့လည်း အောင်မြင်မှုတွေ ရရှိနေတဲ့ကစားသမားဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဟိုတယ်တွေ၊ ပြတိုက်တွေနဲ့ မဒေရာမှာ စားသောက်ဆိုင်အများအပြားကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
၄။ ရော်နယ်လ်ဒိုနာမည်ပေးထားတဲ့ လေဆိပ်
မဒေရာနိုင်ငံတကာလေဆိပ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို နိုင်ငံတကာလေဆိပ်လို့လည်း လူသိများပြီး ၂၀၁၇ ခုနှစ်မှာ မဒေရာဇာတိဖွား ရော်နယ်လ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ အမည်ပြောင်းလဲခေါ်တွင်ခဲ့တာဖြစ်ပါတယ်။
၅။ ဒရိတ်ခ်ရဲ့သီချင်းထဲမှာ ထည့်ဆိုခံခဲ့ရတဲ့ ရော်နယ်လ်ဒို
၂၀၁၈ ခုနှစ်မှာ ကျော်ကြားတဲ့ ကနေဒါရက်ပါ ဒရိတ်ခ်က စကော်ပီယံလို့ အမည်ရတဲ့ သီချင်းအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲမှာ Blue Tint လို့ အမည်ရတဲ့ သီချင်းထဲမှာ ပေါ်တူဂီကြယ်ပွင့်ရဲ့နာမည်ကို ထည့်ဆိုခဲ့တာဖြစ်ပါတယ်။ သီချင်းထဲက စာသားတစ်ကြောင်းမှာ “Way this sh*t set up I live like Ronaldo, but I never been in Madrid.”လို့ သီဆိုခဲ့တာဖြစ်ပါတယ်။
၆။ ဇိမ်ခံကားအစီး ၂၀ ရဲ့ပိုင်ရှင်
ရော်နယ်လ်ဒိုဟာ ကားတွေကို နှစ်သက်သူဖြစ်ပြီး ဇိမ်ခံကား အစီး ၂၀ အထိ ပိုင်ဆိုင်ထားရာမှာ အကျော်ကြားဆုံးဖြစ်တဲ့ Bugatti Chiron၊ Ferrari 599 GTO နဲ့ Rolls-Royce Phantom တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
၇။ ပထဆုံး ပုရှ်ကက်ရှ်ဆုရှင်
ပြက္ခဒိန်တစ်နှစ်အတွင်း အကောင်းဆုံးသွင်းဂိုးကို ပေးအပ်တဲ့ ပုရှ်ကက်ရှ်ဆုကို ၂၀၀၉ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒီဆုကို ပထမဆုံး လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
၈။ တက္ကသိုလ်သင်ရိုးထဲမှာ ဘာသာရပ်တစ်ခုအဖြစ် သင်ကြားခံခဲ့ရတဲ့ ရော်နယ်လ်ဒိုရဲ့အကြောင်း
စိတ်ဝင်စားစရာကောင်းစွာနဲ့ပဲ ရော်နယ်လ်ဒိုဟာ ကနေဒါက ဗြိတိသျှ ကိုလံဘီယာ အိုကာနာဂန်တက္ကသိုလ်မှာ ဘာသာရပ်တစ်ခုအဖြစ် လေ့လာခြင်းခံခဲ့ရပါတယ်။ တက္ကသိုလ်က လူမှုဗေဒကျောင်းသားများဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ ကစားသမားဘဝနဲ့ လူနေမှုဘဝကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားဖို့ ရွေးချယ်ခွင့်ရှိတာ ဖြစ်ပါတယ်။
၉။ အလှူအတန်းရက်ရောသူ
ကွင်းပြင်ပမှာ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ကိုယ်ကျိုးမဖက်တဲ့ ပရဟိတလုပ်ဆောင်မှုတွေကြောင့် လူသိများကျော်ကြားသူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပေါ်တူဂီတိုက်စစ်မှူးက အကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေကို ကူညီဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒို ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး အဲဒီကတည်းက အခြား ပရဟိတလုပ်ဆောင်မှုတွေအများအပြားမှာလည်း ကမကထပြုလုပ်ပြီး ပါဝင်ခဲ့တာဖြစ်ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာနဲ႔ ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ကစားေပးေနတဲ့ ကစားသမားျဖစ္ၿပီး ၁၉၈၅ ခုႏွစ္ ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ေပၚတူဂီက စပို႔တင္းလစၥဘြန္းနဲ႔ စတင္ခဲ့ၿပီး ၂၀၀၃ ခုႏွစ္မွာ ကစားသမားဘဝ ေအာင္ျမင္မႈလမ္းစျဖစ္တဲ့ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေအာင္ျမင္တဲ့ကစားသမားဘဝ ၆ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ၂၀၀၉ ခုႏွစ္မွာ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာေစမယ့္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။
၂၀၁၈ မွာ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕ၿပီး ၂၀၂၁ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို မျပန္ခင္ စီးရီးေအဖလား ၂ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ လက္ေ႐ြးစင္အသင္းနဲ႔လည္း ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့တဲ့ ကစားသမားျဖစ္ၿပီး ယူ႐ို ၂၀၁၆၊ ေနးရွင္းလိဂ္ဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ မသိေသးတဲ့ အေၾကာင္းအရာေတြလည္း ရွိေနပါေသးတယ္။
၁။ ယူအက္စ္ေအသမၼတရဲ႕နာမည္ေပးခံခဲ့ရတဲ့ ေရာ္နယ္လ္ဒို
ေရာ္နယ္လ္ဒိုဟာ သ႐ုပ္ေဆာင္ဘဝကေန ႏိုင္ငံေရးသမားဘဝကို ကူးေျပာင္းခဲ့တဲ့ ေရာ္နယ္ ရီဂန္ အိမ္ျဖဴေတာ္မွာ သမၼတဒုတိယသက္တမ္းအတြက္ က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ တစ္လအၾကာမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုရဲ႕ မိခင္ဟာ အေယာက္ ၄၀ ေျမာက္ အေမရိကန္သမၼတရဲ႕ အမာခံပရိသတ္ျဖစ္ခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။
၂။ ေပၚတူဂီၾကယ္ပြင့္ရဲ႕ပထမဆုံးအသင္းမွာ Kit man လုပ္ခဲ့တဲ့ ဖခင္
ေရာ္နယ္လ္ဒိုရဲ႕ဖခင္ ဂ်ိဳေဆး ဒီနစ္ အေဗ႐ိုဟာ သားျဖစ္သူ အသက္ ၈ ႏွစ္အ႐ြယ္မွာ ေဘာလုံးစကစားခဲ့တဲ့ အန္ဒိုရင္ဟာက ကလပ္အသင္းမွာ Kit Man အျဖစ္ အလုပ္လုပ္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ေဘာလုံးအားကစားအတြက္ ေမြးရာပါ ပါရမီကို လ်င္လ်င္ျမန္ျမန္ ျပသခဲ့ၿပီး သိပ္မၾကာခင္မွာ စပို႔တင္းလစၥဘြန္းရဲ႕ လူငယ္အကယ္ဒမီရဲ႕ ကင္းေထာက္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ အသက္ ၁၂ ႏွစ္သားအ႐ြယ္မွာ ေရာ္နယ္လ္ဒိုဟာ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ အကယ္ဒမီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦးအျဖစ္ အရည္အခ်င္းေတြ တိုးတက္လာခဲ့တာျဖစ္ပါတယ္။
၃။ ေအာင္ျမင္တဲ့ စီးပြားေရးသမား
ေရာ္နယ္လ္ဒိုဟာ ေဘာလုံးကြင္းထဲမွာ ေအာင္ျမင္မႈ ရရွိခဲ့တဲ့အျပင္ စီးပြားေရးေလာကမွာလည္း အဝတ္အထည္၊ ဖိနပ္နဲ႔ အေမႊးနံ႔သာေတြပါဝင္တဲ့ CR7 အမွတ္တံဆိပ္နဲ႔လည္း ေအာင္ျမင္မႈေတြ ရရွိေနတဲ့ကစားသမားျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ဟိုတယ္ေတြ၊ ျပတိုက္ေတြနဲ႔ မေဒရာမွာ စားေသာက္ဆိုင္အမ်ားအျပားကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။
၄။ ေရာ္နယ္လ္ဒိုနာမည္ေပးထားတဲ့ ေလဆိပ္
မေဒရာႏိုင္ငံတကာေလဆိပ္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ႏိုင္ငံတကာေလဆိပ္လို႔လည္း လူသိမ်ားၿပီး ၂၀၁၇ ခုႏွစ္မွာ မေဒရာဇာတိဖြား ေရာ္နယ္လ္ဒိုကို ဂုဏ္ျပဳတဲ့အေနနဲ႔ အမည္ေျပာင္းလဲေခၚတြင္ခဲ့တာျဖစ္ပါတယ္။
၅။ ဒရိတ္ခ္ရဲ႕သီခ်င္းထဲမွာ ထည့္ဆိုခံခဲ့ရတဲ့ ေရာ္နယ္လ္ဒို
၂၀၁၈ ခုႏွစ္မွာ ေက်ာ္ၾကားတဲ့ ကေနဒါရက္ပါ ဒရိတ္ခ္က စေကာ္ပီယံလို႔ အမည္ရတဲ့ သီခ်င္းအယ္လ္ဘမ္ကို ျဖန႔္ခ်ိခဲ့ၿပီး အဲဒီအယ္လ္ဘမ္ထဲမွာ Blue Tint လို႔ အမည္ရတဲ့ သီခ်င္းထဲမွာ ေပၚတူဂီၾကယ္ပြင့္ရဲ႕နာမည္ကို ထည့္ဆိုခဲ့တာျဖစ္ပါတယ္။ သီခ်င္းထဲက စာသားတစ္ေၾကာင္းမွာ “Way this sh*t set up I live like Ronaldo, but I never been in Madrid.”လို႔ သီဆိုခဲ့တာျဖစ္ပါတယ္။
၆။ ဇိမ္ခံကားအစီး ၂၀ ရဲ႕ပိုင္ရွင္
ေရာ္နယ္လ္ဒိုဟာ ကားေတြကို ႏွစ္သက္သူျဖစ္ၿပီး ဇိမ္ခံကား အစီး ၂၀ အထိ ပိုင္ဆိုင္ထားရာမွာ အေက်ာ္ၾကားဆုံးျဖစ္တဲ့ Bugatti Chiron၊ Ferrari 599 GTO နဲ႔ Rolls-Royce Phantom တို႔ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။
၇။ ပထဆုံး ပုရွ္ကက္ရွ္ဆုရွင္
ျပကၡဒိန္တစ္ႏွစ္အတြင္း အေကာင္းဆုံးသြင္းဂိုးကို ေပးအပ္တဲ့ ပုရွ္ကက္ရွ္ဆုကို ၂၀၀၉ ခုႏွစ္မွာ စတင္ေပးအပ္ခဲ့တာျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ဒီဆုကို ပထမဆုံး လက္ခံရရွိခဲ့တာ ျဖစ္ပါတယ္။
၈။ တကၠသိုလ္သင္႐ိုးထဲမွာ ဘာသာရပ္တစ္ခုအျဖစ္ သင္ၾကားခံခဲ့ရတဲ့ ေရာ္နယ္လ္ဒိုရဲ႕အေၾကာင္း
စိတ္ဝင္စားစရာေကာင္းစြာနဲ႔ပဲ ေရာ္နယ္လ္ဒိုဟာ ကေနဒါက ၿဗိတိသွ် ကိုလံဘီယာ အိုကာနာဂန္တကၠသိုလ္မွာ ဘာသာရပ္တစ္ခုအျဖစ္ ေလ့လာျခင္းခံခဲ့ရပါတယ္။ တကၠသိုလ္က လူမႈေဗဒေက်ာင္းသားမ်ားဟာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ကစားသမားဘဝနဲ႔ လူေနမႈဘဝကို ဘာသာရပ္တစ္ခုအျဖစ္ သင္ၾကားဖို႔ ေ႐ြးခ်ယ္ခြင့္ရွိတာ ျဖစ္ပါတယ္။
၉။ အလႉအတန္းရက္ေရာသူ
ကြင္းျပင္ပမွာ ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ ကိုယ္က်ိဳးမဖက္တဲ့ ပရဟိတလုပ္ေဆာင္မႈေတြေၾကာင့္ လူသိမ်ားေက်ာ္ၾကားသူျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ေပၚတူဂီတိုက္စစ္မႉးက အကူအညီလိုအပ္ေနတဲ့ ကေလးငယ္ေတြကို ကူညီဖို႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေဖာင္ေဒးရွင္းကို တည္ေထာင္ခဲ့ၿပီး အဲဒီကတည္းက အျခား ပရဟိတလုပ္ေဆာင္မႈေတြအမ်ားအျပားမွာလည္း ကမကထျပဳလုပ္ၿပီး ပါဝင္ခဲ့တာျဖစ္ပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.