Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၄.၉.၂၀၂၀

– ဝက္စ္ဟမ္းနဲ႔ ပြဲမွာေရာ လက္စတာနဲ႔ပြဲမွာပါ ထိေရာက္တဲ့ ကစားဟန္နဲ႔ ေသြးေအးေအး အဆုံးသတ္ျပႏိုင္ခဲ့တဲ့ တုိက္စစ္မွဴး အက္ဒီ နကီးတီးယားအတြက္ အလြန္ေတာက္ပတဲ့ အနာဂတ္က ေစာင့္ႀကဳိေနၿပီလို႔ ပရီးမီးယားလိဂ္တုိက္စစ္မွဴးေဟာင္း ကလင္တန္ ေမာရစ္ဆန္ ခ်ီးက်ဴး။

– လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါနဲ႔ အက္သလက္တီကိုရဲ႕ ေသာမတ္စ္ ပါေတးတုိ႔ကို ေခၚယူႏုိင္ဖို႔ အာဆင္နယ္အသင္းဘက္က လာကာဇက္နဲ႔ ဘယ္လာရင္အပါအဝင္ ကစားသမား ခုနစ္ဦးကို ေရာင္းခ်ၿပီး ရန္ပုံေငြ ရွာေဖြသြားဖို႔ရွိေန။

– အက္သလက္တီကိုဘက္က ေတာ္ရဲရားကို လိုခ်င္ေနေပမယ့္ ပါေတးနဲ႔ အလဲအထပ္ မလုပ္ဘူးဆုိတာဟာ ဘဏၰာေရး အရွဳံးကို ကာမိေစဖို႔အတြက္ ဝင္ေငြစာရင္းကို မ်ားႏိုင္သမွ် မ်ားမ်ားျပသဖို႔ ျဖစ္ၿပီး မလိုအပ္ဘဲ ေဈးကိုင္ေနတာ မဟုတ္ဘူးလို႔ဆုိ။

– ကာရာေဘာင္းဖလားမွာ ပါဝင္မလာတဲ့ အုိေဇးလ္အတြက္ အာဆင္နယ္အနာဂတ္က ကုန္ဆုံးသြားၿပီလို႔ ဘလက္ဘန္းနဲ႔ ခ်ဲလ္ဆီး တုိက္စစ္မွဴးေဟာင္း ခရစၥ ဆပ္တန္က သုံးသပ္လိုက္ၿပီး ကစားသမားအေနနဲ႔ တကယ္တမ္းမွာ နည္းျပက လိုခ်င္တဲ့ ကစားဟန္နဲ႔ ႀကံ့ခုိင္မွဳမ်ဳိးလည္း ရွိမေနဘူးလို႔ ေဝဖန္။

– အာဆင္နယ္အသင္းအေနနဲ႔ ေအာဝါအတြက္ လိုအပ္ေနခဲ့တဲ့ ေငြေၾကးကို အခ်ိန္မီ မရွာေဖြႏုိင္ခဲ့ဘူးဆုိရင္ ဘာစီလိုနာကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိကိုပဲ တစ္ရာသီအငွားနဲ႔ ေခၚယူၿပီး ေနာက္ရာသီမွ ျပင္သစ္သားကို ဆက္လက္ႀကဳိးစားဖြယ္ရွိေန။

– မူစတာဖီကို လာဇီယိုဆီ ေရာင္းခ်ႏုိင္ဖို႔ မလြယ္ေတာ့ဘဲ ေရာမကလပ္အေနနဲ႔ တျခားပစ္မွတ္ေတြကို ေျပာင္းလဲစဥ္းစားေနခဲ့သလို ကြင္းလယ္ကစားသမား အယ္လ္နန္နီကလည္း ေျခစြမ္းျပေနႏိုင္မွဳနဲ႔အတူ အသင္းမွာ ဆက္ေနဖြယ္ရွိ။

– ဝီလီယန္နဲ႔ ဂါဘရီယယ္လ္တုိ႔ဟာ အာဆင္နယ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ရယူႏုိင္ဖို႔ ေျပာင္းေရႊ႕လာခဲ့ၾကတာျဖစ္တယ္လုိ႔ ဘရာဇီးလ္ဂႏၴဝင္ ညာေနာက္ခံလူ ကာဖူး ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဝက်စ်ဟမ်းနဲ့ ပွဲမှာရော လက်စတာနဲ့ပွဲမှာပါ ထိရောက်တဲ့ ကစားဟန်နဲ့ သွေးအေးအေး အဆုံးသတ်ပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး အက်ဒီ နကီးတီးယားအတွက် အလွန်တောက်ပတဲ့ အနာဂတ်က စောင့်ကြိုနေပြီလို့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ကလင်တန် မောရစ်ဆန် ချီးကျူး။

– လီယွန်ရဲ့ ဟူဆင်းမ် အောဝါနဲ့ အက်သလက်တီကိုရဲ့ သောမတ်စ် ပါတေးတို့ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းဘက်က လာကာဇက်နဲ့ ဘယ်လာရင်အပါအဝင် ကစားသမား ခုနစ်ဦးကို ရောင်းချပြီး ရန်ပုံငွေ ရှာဖွေသွားဖို့ရှိနေ။

– အက်သလက်တီကိုဘက်က တော်ရဲရားကို လိုချင်နေပေမယ့် ပါတေးနဲ့ အလဲအထပ် မလုပ်ဘူးဆိုတာဟာ ဘဏ္ဏာရေး အရှုံးကို ကာမိစေဖို့အတွက် ဝင်ငွေစာရင်းကို များနိုင်သမျှ များများပြသဖို့ ဖြစ်ပြီး မလိုအပ်ဘဲ ဈေးကိုင်နေတာ မဟုတ်ဘူးလို့ဆို။

– ကာရာဘောင်းဖလားမှာ ပါဝင်မလာတဲ့ အိုဇေးလ်အတွက် အာဆင်နယ်အနာဂတ်က ကုန်ဆုံးသွားပြီလို့ ဘလက်ဘန်းနဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က သုံးသပ်လိုက်ပြီး ကစားသမားအနေနဲ့ တကယ်တမ်းမှာ နည်းပြက လိုချင်တဲ့ ကစားဟန်နဲ့ ကြံ့ခိုင်မှုမျိုးလည်း ရှိမနေဘူးလို့ ဝေဖန်။

– အာဆင်နယ်အသင်းအနေနဲ့ အောဝါအတွက် လိုအပ်နေခဲ့တဲ့ ငွေကြေးကို အချိန်မီ မရှာဖွေနိုင်ခဲ့ဘူးဆိုရင် ဘာစီလိုနာကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကိုပဲ တစ်ရာသီအငှားနဲ့ ခေါ်ယူပြီး နောက်ရာသီမှ ပြင်သစ်သားကို ဆက်လက်ကြိုးစားဖွယ်ရှိနေ။

– မူစတာဖီကို လာဇီယိုဆီ ရောင်းချနိုင်ဖို့ မလွယ်တော့ဘဲ ရောမကလပ်အနေနဲ့ တခြားပစ်မှတ်တွေကို ပြောင်းလဲစဉ်းစားနေခဲ့သလို ကွင်းလယ်ကစားသမား အယ်လ်နန်နီကလည်း ခြေစွမ်းပြနေနိုင်မှုနဲ့အတူ အသင်းမှာ ဆက်နေဖွယ်ရှိ။

– ဝီလီယန်နဲ့ ဂါဘရီယယ်လ်တို့ဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ ပြောင်းရွှေ့လာခဲ့ကြတာဖြစ်တယ်လို့ ဘရာဇီးလ်ဂန္ထဝင် ညာနောက်ခံလူ ကာဖူး ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.