Premier League Transfer News

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ခံစစ္အားျဖည့္မွဳက ဘယ္သူျဖစ္လာမွာလဲ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လက္ရွိအခ်ိန္အထိ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ ဗင္းဆင့္ ကြန္ပနီရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းႏုိင္ျခင္း မရွိေသးဘဲ သူ႕ရဲ႕ေနရာအတြက္ ညာသန္ဗဟိုခံစစ္မွဴးတစ္ဦးကို အစားထိုးဖို႔ ႀကဳိးစားေနဆဲမွာ ေနာက္ဆုံးရ အေျခအေနေတြကေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။

လက္ရွိမွာ မန္စီးတီးရဲ႕ ေရဒါထဲမွာ အစ္တီဟတ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနသူေတြကေတာ့ နာပုိလီရဲ႕ ခါလီဒူး ကူလီေဘလီ၊ အက္သလက္တီကို မက္ဒရစ္ရဲ႕ ဟိုေဆး ဟီမီနက္ဇ္နဲ႔ ဆီဗီလာရဲ႕ ဂ်ဴးလ္ ကြန္ဒီတုိ႔ျဖစ္ၾကၿပီး အင္တာမီလန္ေနာက္ခံလူ မီလန္ ရွကရီညာကိုလည္း ေဈးေလွ်ာ့ေရာင္းခ်ရင္ စိတ္ဝင္စားဦးမယ့္ သေဘာမွာ ရွိေနခဲ့ပါတယ္။

ဗုဒၶဟူးေန႔အထိ ရရွိတဲ့ သတင္းေတြအရေတာ့ ဆီဗီလာရဲ႕ ကြန္ဒီနဲ႔ အေျပာင္းအေရႊ႕ျဖစ္ႏုိင္ဖို႔ အနီးစပ္ဆုံးျဖစ္ေနၿပီး ေအာ့တာမန္ဒီကို အလဲအထပ္အတြက္ စပိန္ကလပ္ဘက္က အလိုရွိေနတယ္လုိ႔ ဆုိေပမယ့္ အာဂ်င္တီးနားေနာက္ခံလူရဲ႕ ေရြးခ်ယ္မွဳအရေတာ့ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ေသးၿပီး ထပ္မံညႇိႏွဳိင္းရႏုိင္တာလည္းျဖစ္ပါတယ္။

ဂြါဒီယိုလာ အလိုခ်င္ဆုံး ေနာက္ခံလူျဖစ္တဲ့ တီကိုရဲ႕ ဟီမီနက္ဇ္အတြက္ေတာ့ မန္စီးတီးတုိ႔အေနနဲ႔ ေပါင္သန္း ၅၀ ကနဦး ေပးေခ်ၿပီး က်န္တဲ့ ပမာဏကို အရစ္က်ေဆြးေႏြးသေဘာတူႏုိင္ဖို႔ ရွိေနေပမယ့္ ကစားသမားရဲ႕ အဂၤါေန႔က ကိုဗစ္ေပါ့စတစ္ျဖစ္မွဳအရ ၁၄ ရက္ ခြဲျခားကုသရဦးမွာျဖစ္လုိ႔ သူ႕ကို မျဖစ္မေန ေခၚယူမယ္ဆုိရင္ အေျပာင္းအေရႊ႕ပိတ္ရက္ထက္ ေက်ာ္သြားႏုိင္တဲ့ ကာလကို ဖီဖာဆီမွာ သက္တမ္းတုိးဖို႔အတြက္ အယူခံတင္သြင္းရဖို႔ ခက္ခက္ခဲခဲ လုပ္ေဆာင္ရဦးမွာလည္းျဖစ္ပါတယ္။

ဒီၾကားထဲမွာ လီဗာပူးလ္က ဝင္ႏွဳိက္ဖို႔ လက္သြက္လာခဲ့တဲ့ ကူလီေဘလီအတြက္ေတာ့ အသက္အရြယ္အရ အသင္းရဲ႕ ကစားသမားေခၚယူေရး ေပၚလစီနဲ႔ ကိုက္ညီမွဳ မရွိလို႔ စပိန္ပစ္မွတ္ေတြကို ေသခ်ာႏုိင္မယ္ဆုိရင္ လက္လႊတ္သြားဖို႔ ရွိေနၿပီး ဟီမီနက္ဇ္အတြက္ စီစဥ္မွဳေတြ အဆင္မေျပရင္ေတာ့ ဆီဗီလာရဲ႕ အသက္ ၂၁ ႏွစ္အရြယ္ ေနာက္ခံလူ ကြန္ဒီကသာ စီးတီးတုိ႔အတြက္ လက္ေတြ႕က်တဲ့ ပစ္မွတ္ျဖစ္လာဖို႔ ရွိေနတယ္လုိ႔ သုံးသပ္လိုက္ရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ရှိအချိန်အထိ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီရဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိသေးဘဲ သူ့ရဲ့နေရာအတွက် ညာသန်ဗဟိုခံစစ်မှူးတစ်ဦးကို အစားထိုးဖို့ ကြိုးစားနေဆဲမှာ နောက်ဆုံးရ အခြေအနေတွေကတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

လက်ရှိမှာ မန်စီးတီးရဲ့ ရေဒါထဲမှာ အစ်တီဟတ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေသူတွေကတော့ နာပိုလီရဲ့ ခါလီဒူး ကူလီဘေလီ၊ အက်သလက်တီကို မက်ဒရစ်ရဲ့ ဟိုဆေး ဟီမီနက်ဇ်နဲ့ ဆီဗီလာရဲ့ ဂျူးလ် ကွန်ဒီတို့ဖြစ်ကြပြီး အင်တာမီလန်နောက်ခံလူ မီလန် ရှကရီညာကိုလည်း ဈေးလျှော့ရောင်းချရင် စိတ်ဝင်စားဦးမယ့် သဘောမှာ ရှိနေခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့အထိ ရရှိတဲ့ သတင်းတွေအရတော့ ဆီဗီလာရဲ့ ကွန်ဒီနဲ့ အပြောင်းအရွှေ့ဖြစ်နိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီး အော့တာမန်ဒီကို အလဲအထပ်အတွက် စပိန်ကလပ်ဘက်က အလိုရှိနေတယ်လို့ ဆိုပေမယ့် အာဂျင်တီးနားနောက်ခံလူရဲ့ ရွေးချယ်မှုအရတော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်သေးပြီး ထပ်မံညှိနှိုင်းရနိုင်တာလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာ အလိုချင်ဆုံး နောက်ခံလူဖြစ်တဲ့ တီကိုရဲ့ ဟီမီနက်ဇ်အတွက်တော့ မန်စီးတီးတို့အနေနဲ့ ပေါင်သန်း ၅၀ ကနဦး ပေးချေပြီး ကျန်တဲ့ ပမာဏကို အရစ်ကျဆွေးနွေးသဘောတူနိုင်ဖို့ ရှိနေပေမယ့် ကစားသမားရဲ့ အင်္ဂါနေ့က ကိုဗစ်ပေါ့စတစ်ဖြစ်မှုအရ ၁၄ ရက် ခွဲခြားကုသရဦးမှာဖြစ်လို့ သူ့ကို မဖြစ်မနေ ခေါ်ယူမယ်ဆိုရင် အပြောင်းအရွှေ့ပိတ်ရက်ထက် ကျော်သွားနိုင်တဲ့ ကာလကို ဖီဖာဆီမှာ သက်တမ်းတိုးဖို့အတွက် အယူခံတင်သွင်းရဖို့ ခက်ခက်ခဲခဲ လုပ်ဆောင်ရဦးမှာလည်းဖြစ်ပါတယ်။

ဒီကြားထဲမှာ လီဗာပူးလ်က ဝင်နှိုက်ဖို့ လက်သွက်လာခဲ့တဲ့ ကူလီဘေလီအတွက်တော့ အသက်အရွယ်အရ အသင်းရဲ့ ကစားသမားခေါ်ယူရေး ပေါ်လစီနဲ့ ကိုက်ညီမှု မရှိလို့ စပိန်ပစ်မှတ်တွေကို သေချာနိုင်မယ်ဆိုရင် လက်လွှတ်သွားဖို့ ရှိနေပြီး ဟီမီနက်ဇ်အတွက် စီစဉ်မှုတွေ အဆင်မပြေရင်တော့ ဆီဗီလာရဲ့ အသက် ၂၁ နှစ်အရွယ် နောက်ခံလူ ကွန်ဒီကသာ စီးတီးတို့အတွက် လက်တွေ့ကျတဲ့ ပစ်မှတ်ဖြစ်လာဖို့ ရှိနေတယ်လို့ သုံးသပ်လိုက်ရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.