Ligue1

ရာမို့စ်ရဲ့အလွန်ကောင်းမွန်တဲ့ခေါင်းတိုက်ချက်ကို မက်ဆီရဲ့တုံ့ပြန်မှုကြောင့် အံ့အားသင့်ခဲ့တဲ့ ပရိသတ်များ

ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညမှာ ပီအက်စ်ဂျီအသင်းက မာဆေးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ဆာဂျီယို ရာမို့စ်ရဲ့ သွင်းဂိုးကို လီယွန်နယ် မက်ဆီ အောင်ပွဲခံခဲ့တဲ့ပုံစံကို မြင်တွေ့ခဲ့ပြီးနောက် အပြိုင် ကမ္ဘာတစ်ခုမှာ နေထိုင်နေကြတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မာဆေးလ်အသင်းနဲ့ ပြင်သစ်ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် Stade Velodrome ကို သွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ဂယ်လ်တီယေးရဲ့အသင်းဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း အလက်ဆစ် ဆန်းချက်ဇ်က ပထမပိုင်းမှာ ပင်နယ်တီကနေတဆင့် မာဆေးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ပထမပိုင်းမပြီးဆုံးခင်မှာ ရာမို့စ်က ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

နေမာက ပထမပိုင်း နာကျင်အချိန်ပိုမှာရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဘရာဇီးလ်ကြယ်ပွင့်ရဲ့ဘောလုံးက ရာမို့စ်ရဲ့ အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ ကွက်တိဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္တဝင် ရာမို့စ်က ဂိုးညာဘက်အပေါ်ထောင့်ထဲကို ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် မာဆေးလ် ဂိုးသမား ပါအူ လိုပက်ဇ် ဘယ်လိုမှ မတတ်နိုင်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ လီယွန်နယ် မက်ဆီက စပိန်နောက်ခံလူရဲ့ ခေါင်းတိုက်ချက်ကို ပါးစပ်အဟောင်းသားနဲ့ လက်နှစ်ဖက် မြှောက်ခဲ့ပြီးနောက် အသင်းဖော်တွေနဲ့ အောင်ပွဲခံဖို့ ပြေးသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကြား အယ်လ်ကလက်စီကိုပွဲစဉ်တွေမှာ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေ ပြုလုပ်ခဲ့ကြသူတွေဖြစ်တဲ့အတွက် လီယွန်နယ် မက်ဆီရဲ့ ရာမို့စ်ရဲ့ သွင်းဂိုးကို အောင်ပွဲခံမှုကို မယုံနိုင်ဖြစ်နေကြသေးတာဖြစ်ပါတယ်။

“လီယွန်နယ် မက်ဆီက ရာမို့စ် ဂိုးသွင်းတာကို ဒီလိုမျိုး အောင်ပွဲခံတာကို မြင်နေရတာ ငါ အခုအထိ မယုံနိုင်သေးဘူး”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီလိုနေ့ရောက်လာမယ်လို့ ဘယ်သူသိခဲ့မှာလဲ။ အချိန်ခရီးသွားတွေတောင် ဒီလိုဖြစ်လာမှာကို မသိနိုင်ဘူး။ ငါတို့တွေက အပြိုင် ကမ္ဘာတစ်ခုမှာ နေထိုင်နေတာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြဟာ ဗုဒၶဟူးေန႔ညမွာ ပီအက္စ္ဂ်ီအသင္းက မာေဆးလ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က ဆာဂ်ီယို ရာမို႔စ္ရဲ႕ သြင္းဂိုးကို လီယြန္နယ္ မက္ဆီ ေအာင္ပြဲခံခဲ့တဲ့ပုံစံကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ အၿပိဳင္ ကမာၻတစ္ခုမွာ ေနထိုင္ေနၾကတယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မာေဆးလ္အသင္းနဲ႔ ျပင္သစ္ဖလား ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ Stade Velodrome ကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္လည္း ဂယ္လ္တီေယးရဲ႕အသင္းဟာ ပထမပိုင္းမွာ ဦးေဆာင္ဂိုးေပးခဲ့ရၿပီးေနာက္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း အလက္ဆစ္ ဆန္းခ်က္ဇ္က ပထမပိုင္းမွာ ပင္နယ္တီကေနတဆင့္ မာေဆးလ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ၿပီး ပထမပိုင္းမၿပီးဆုံးခင္မွာ ရာမို႔စ္က ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ေနမာက ပထမပိုင္း နာက်င္အခ်ိန္ပိုမွာရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔ခဲ့ရာမွာ ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ေဘာလုံးက ရာမို႔စ္ရဲ႕ အားပါျပင္းထန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ ကြက္တိျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ ရာမို႔စ္က ဂိုးညာဘက္အေပၚေထာင့္ထဲကို ေခါင္းတိုက္သြင္းယူသြားခဲ့တာေၾကာင့္ မာေဆးလ္ ဂိုးသမား ပါအူ လိုပက္ဇ္ ဘယ္လိုမွ မတတ္ႏိုင္ခဲ့တာျဖစ္ၿပီး လူမႈကြန္ရက္ေပၚမွာ ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္ထဲမွာ လီယြန္နယ္ မက္ဆီက စပိန္ေနာက္ခံလူရဲ႕ ေခါင္းတိုက္ခ်က္ကို ပါးစပ္အေဟာင္းသားနဲ႔ လက္ႏွစ္ဖက္ ေျမႇာက္ခဲ့ၿပီးေနာက္ အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံဖို႔ ေျပးသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ၾကား အယ္လ္ကလက္စီကိုပြဲစဥ္ေတြမွာ ျပင္းထန္တဲ့ယွဥ္ၿပိဳင္မႈေတြ ျပဳလုပ္ခဲ့ၾကသူေတြျဖစ္တဲ့အတြက္ လီယြန္နယ္ မက္ဆီရဲ႕ ရာမို႔စ္ရဲ႕ သြင္းဂိုးကို ေအာင္ပြဲခံမႈကို မယုံႏိုင္ျဖစ္ေနၾကေသးတာျဖစ္ပါတယ္။

“လီယြန္နယ္ မက္ဆီက ရာမို႔စ္ ဂိုးသြင္းတာကို ဒီလိုမ်ိဳး ေအာင္ပြဲခံတာကို ျမင္ေနရတာ ငါ အခုအထိ မယုံႏိုင္ေသးဘူး”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီလိုေန႔ေရာက္လာမယ္လို႔ ဘယ္သူသိခဲ့မွာလဲ။ အခ်ိန္ခရီးသြားေတြေတာင္ ဒီလိုျဖစ္လာမွာကို မသိႏိုင္ဘူး။ ငါတို႔ေတြက အၿပိဳင္ ကမာၻတစ္ခုမွာ ေနထိုင္ေနတာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.