Premier League

မန်ယူနိုက်တက်ဖလားရသွားနိုင်တဲ့အခွင့်အရေးရှိနေတယ်လို့ ယုံကြည်နေတဲ့ နဗီး

Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီ နဗီးက မန်ချက်စတာယူနိုက်တက်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ အားပြိုင်နေချိန်မှာ ဆုဖလားရရှိသွားနိုင်တဲ့ အခွင့်အရေးရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ပရီးမီးယားဖလားအတွက် ရေပန်းအစားဆုံးအသင်း ၂ သင်း ဖြစ်နေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း အထင်ကြီးဖွယ်ခြေစွမ်းအချို့ကို ပြသနေခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲဟာ ယခုအပတ်မှာ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ အံ့အားသင့်ဖွယ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အချိုးအကွေ့၊ အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာတော့မယ့်ပုံပေါ်ပြီး အာဆင်နယ်က အဲဗာတန်ကို စနေနေ့ အစောပိုင်းမှာ ရှုံးနိမ့်ခဲ့သလို မန်စီးတီးကလည်း တနင်္ဂနွေနေ့က စပါးစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေက အသင်းတစ်သင်းအတွက် အကျိုးအမြတ် ဖြစ်စေခဲ့တာဖြစ်ပြီး အဲဒီအသင်းကတော့ မန်ချက်စတာယူနိုက်တက်ဆိုတာ အားလုံးလည်း သိကြမှာဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ ၃ မှတ်အကွာ၊ တစ်ပွဲလျော့နေတဲ့ အာဆင်နယ်နဲ့ ၈ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို ရရှိသွားနိုင်တဲ့အခွင့်အရေး ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေ ဆုဖလားအနိုင်ရရှိသွားနိုင်တယ်လို့ ပြောရင် ရယ်စရာမဟုတ်ပါဘူး။ သူတို့တွေ ဖလားရမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် သူတို့တွေ ဒီရာသီမှာ ဖလားရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို ပြောဖို့အတွက် နည်းနည်းစောသေးလို့ပါ။ ဒါပေမယ့် ကျွန်တော်သာ မန်စီးတီးဆိုရင်တော့ စိုးရိမ်ပူပင်နေမှာပါ”

“ပရိသတ်တွေကလည်း သူတို့ကစားနေတဲ့ပုံစံနဲ့ပတ်သက်ပြီး စပြီး စိုးရိမ်လာပြီ။ ပက် ဂွါဒီယိုလာ ကစားနေတဲ့ပုံစံက အသင်းနဲ့ အဆင်မပြေဘူးဖြစ်နေတယ်။ ယူနိုက်တက်က ပျော်ရွှင်နေတဲ့အစုအဖွဲ့ဖြစ်နေပြီး စီးတီးက နည်းနည်းစိတ်ညစ်နေပါတယ်။ သူတို့တွေ အဲဒီကနေ ရုန်းထွက်ဖို့ လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူ ဂယ္ရီ နဗီးက မန္ခ်က္စတာယူႏိုက္တက္က ယခုရာသီ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ အားၿပိဳင္ေနခ်ိန္မွာ ဆုဖလားရရွိသြားႏိုင္တဲ့ အခြင့္အေရးရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ပရီးမီးယားဖလားအတြက္ ေရပန္းအစားဆုံးအသင္း ၂ သင္း ျဖစ္ေနခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း အထင္ႀကီးဖြယ္ေျခစြမ္းအခ်ိဳ႕ကို ျပသေနခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲဟာ ယခုအပတ္မွာ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ အံ့အားသင့္ဖြယ္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အခ်ိဳးအေကြ႕၊ အလွည့္အေျပာင္းေတြ ျဖစ္ေပၚလာေတာ့မယ့္ပုံေပၚၿပီး အာဆင္နယ္က အဲဗာတန္ကို စေနေန႔ အေစာပိုင္းမွာ ရႈံးနိမ့္ခဲ့သလို မန္စီးတီးကလည္း တနဂၤေႏြေန႔က စပါးစ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ဒီအေျခအေနက အသင္းတစ္သင္းအတြက္ အက်ိဳးအျမတ္ ျဖစ္ေစခဲ့တာျဖစ္ၿပီး အဲဒီအသင္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္ဆိုတာ အားလုံးလည္း သိၾကမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးနဲ႔ ၃ မွတ္အကြာ၊ တစ္ပြဲေလ်ာ့ေနတဲ့ အာဆင္နယ္နဲ႔ ၈ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက မန္ခ်က္စတာယူႏိုက္တက္က ပရီးမီးယားလိဂ္ဖလားကို ရရွိသြားႏိုင္တဲ့အခြင့္အေရး ရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူတို႔ေတြ ဆုဖလားအႏိုင္ရရွိသြားႏိုင္တယ္လို႔ ေျပာရင္ ရယ္စရာမဟုတ္ပါဘူး။ သူတို႔ေတြ ဖလားရမယ္လို႔ေတာ့ ကြၽန္ေတာ္ မထင္ပါဘူး။ ကြၽန္ေတာ္ သူတို႔ေတြ ဒီရာသီမွာ ဖလားရမယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒီလို ေျပာဖို႔အတြက္ နည္းနည္းေစာေသးလို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္သာ မန္စီးတီးဆိုရင္ေတာ့ စိုးရိမ္ပူပင္ေနမွာပါ”

“ပရိသတ္ေတြကလည္း သူတို႔ကစားေနတဲ့ပုံစံနဲ႔ပတ္သက္ၿပီး စၿပီး စိုးရိမ္လာၿပီ။ ပက္ ဂြါဒီယိုလာ ကစားေနတဲ့ပုံစံက အသင္းနဲ႔ အဆင္မေျပဘူးျဖစ္ေနတယ္။ ယူႏိုက္တက္က ေပ်ာ္႐ႊင္ေနတဲ့အစုအဖြဲ႕ျဖစ္ေနၿပီး စီးတီးက နည္းနည္းစိတ္ညစ္ေနပါတယ္။ သူတို႔ေတြ အဲဒီကေန ႐ုန္းထြက္ဖို႔ လိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.