မန်ချက်စတာစီးတီးပရိသတ်တွေဟာ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲစဉ်မှာ နည်းဗျူဟာပိုင်း အကြောင်းအရင်းကြောင့် ကီဗင် ဒီဘရိုင်းနားကို အရန်ခုံမှာ ချန်လှပ်ခဲ့တဲ့ ဂွါဒီယိုလာကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး အာဆင်နယ်ကို ဖလားရစေချင်နေတာလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့်ဟာ မန်ချက်စတာစီးတီးရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ဦးအဖြစ် ရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာက အာဆင်နယ်ကို ဆုဖလားပြိုင်ပွဲမှာ အမီလိုက်နိုင်ဖို့ လိုအပ်နေချိန်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ကစားခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဒီဘရိုင်းနားကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းစရာမလိုအပ်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီဘရိုင်းနားအစား ယူလီယန် အယ်ဗာရက်ဇ်က တိုက်စစ်မှာ အာလင်း ဟာလန်းနဲ့အတူ ပါဝင်လာခဲ့ပြီး ဂွါဒီယိုလာကို ပွဲမတိုင်ခင် ဒီဘရိုင်းနားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့မှုက နည်းဗျူဟာပိုင်း သက်သက်လားလို့ မေးမြန်းခဲ့ရာမှာ မန်စီးတီးနည်းပြက ရယ်မောပြီး ‘ဟုတ်တယ်။ ကျိန်းသေပေါက်ပဲ’လို့ ပြန်ပြောခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေဟာ ဂွါဒီယိုလာရဲ့ လူစာရင်းရွေးချယ်မှုကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လျင်လျင်မြန်မြန်ပဲ ပြစ်တင်ဝေန်ခဲ့ကြပြီး “ဒီဘရိုင်းနားမပါဘူးဟုတ်လား။ ပက်က အာဆင်နယ်ကို လိဂ်ဖလား တကယ် အနိုင်ရစေချင်နေတာပဲ”လို့ ပရိသတ်တစ်ဦးက စွပ်စွဲခဲ့ပြီး “အာဆင်နယ်က မနေ့က ရှုံးနိမ့်ခဲ့ပြီးနောက် အရမ်းကြီးမားတဲ့ပွဲမှာ ဒီဘရိုင်းနားကို အရန်ခုံထိုင်ခိုင်းထားဖို့ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချခဲ့တာက အာတီတာကို ပရီးမီးယားလိဂ်ရစေချင်နေတဲပုံပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ အဓိက နောက်ခံတောင်ပံကစားသမား ဂျာအို ကန်ဆယ်လိုကိုလည်း ဆုံးရှုံးခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ ချောင်ထိုးခြင်းကို ခံခဲ့ရတဲ့ ပေါ်တူဂီနောက်ခံလူဟာ ဘိုင်ယန်မြူးနစ်ကို ရာသာီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက ဒီဘရိုင်းနားကလည်း နောက်ထပ် အစ်တီဟတ်ကနေ ထွက်ခွာနိုင်တဲ့သူဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပြီး “ဒီဘရိုင်းနားက အရန်ခုံထိုင်နေရတယ်။ အာဆင်နယ်က ပက်သာ သူ့ကို မလိုချင်ဘူးဆိုရင် သူ့ကို ဒီနွေရာသီမှာ ခေါ်ယူဖို့ လုပ်လိမ့်မယ်”လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာစီးတီးပရိသတ္ေတြဟာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲစဥ္မွာ နည္းဗ်ဴဟာပိုင္း အေၾကာင္းအရင္းေၾကာင့္ ကီဗင္ ဒီဘ႐ိုင္းနားကို အရန္ခုံမွာ ခ်န္လွပ္ခဲ့တဲ့ ဂြါဒီယိုလာကို ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး အာဆင္နယ္ကို ဖလားရေစခ်င္ေနတာလားလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
ဘယ္လ္ဂ်ီယမ္ကြင္းလယ္ၾကယ္ပြင့္ဟာ မန္ခ်က္စတာစီးတီးရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔ ကမာၻ႔ေဘာလုံးေလာကမွာ ထိပ္တန္းပါရမီရွင္ေတြထဲက တစ္ဦးအျဖစ္ ရွိေနတဲ့ ကစားသမား ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဂြါဒီယိုလာက အာဆင္နယ္ကို ဆုဖလားၿပိဳင္ပြဲမွာ အမီလိုက္ႏိုင္ဖို႔ လိုအပ္ေနခ်ိန္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ကစားခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ ဒီဘ႐ိုင္းနားကို ပြဲထြက္လူစာရင္းမွာ ထည့္သြင္းစရာမလိုအပ္ဘူးလို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ဒီဘ႐ိုင္းနားအစား ယူလီယန္ အယ္ဗာရက္ဇ္က တိုက္စစ္မွာ အာလင္း ဟာလန္းနဲ႔အတူ ပါဝင္လာခဲ့ၿပီး ဂြါဒီယိုလာကို ပြဲမတိုင္ခင္ ဒီဘ႐ိုင္းနားကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခဲ့မႈက နည္းဗ်ဴဟာပိုင္း သက္သက္လားလို႔ ေမးျမန္းခဲ့ရာမွာ မန္စီးတီးနည္းျပက ရယ္ေမာၿပီး ‘ဟုတ္တယ္။ က်ိန္းေသေပါက္ပဲ’လို႔ ျပန္ေျပာခဲ့တာျဖစ္ပါတယ္။
ပရိသတ္ေတြဟာ ဂြါဒီယိုလာရဲ႕ လူစာရင္းေ႐ြးခ်ယ္မႈေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ လ်င္လ်င္ျမန္ျမန္ပဲ ျပစ္တင္ေဝန္ခဲ့ၾကၿပီး “ဒီဘ႐ိုင္းနားမပါဘူးဟုတ္လား။ ပက္က အာဆင္နယ္ကို လိဂ္ဖလား တကယ္ အႏိုင္ရေစခ်င္ေနတာပဲ”လို႔ ပရိသတ္တစ္ဦးက စြပ္စြဲခဲ့ၿပီး “အာဆင္နယ္က မေန႔က ရႈံးနိမ့္ခဲ့ၿပီးေနာက္ အရမ္းႀကီးမားတဲ့ပြဲမွာ ဒီဘ႐ိုင္းနားကို အရန္ခုံထိုင္ခိုင္းထားဖို႔ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာက အာတီတာကို ပရီးမီးယားလိဂ္ရေစခ်င္ေနတဲပုံပဲ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။
မန္ခ်က္စတာစီးတီးအသင္းဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ ေနာက္ဆုံးေန႔မွာ အဓိက ေနာက္ခံေတာင္ပံကစားသမား ဂ်ာအို ကန္ဆယ္လိုကိုလည္း ဆုံးရႈံးခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ ေခ်ာင္ထိုးျခင္းကို ခံခဲ့ရတဲ့ ေပၚတူဂီေနာက္ခံလူဟာ ဘိုင္ယန္ျမဴးနစ္ကို ရာသာီကုန္အထိ အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။
ပရိသတ္တစ္ဦးက ဒီဘ႐ိုင္းနားကလည္း ေနာက္ထပ္ အစ္တီဟတ္ကေန ထြက္ခြာႏိုင္တဲ့သူျဖစ္လာႏိုင္တယ္လို႔ ေျပာၾကားခဲ့ၿပီး “ဒီဘ႐ိုင္းနားက အရန္ခုံထိုင္ေနရတယ္။ အာဆင္နယ္က ပက္သာ သူ႔ကို မလိုခ်င္ဘူးဆိုရင္ သူ႔ကို ဒီေႏြရာသီမွာ ေခၚယူဖို႔ လုပ္လိမ့္မယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါေသးတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.