Premier League

၂၀၂၃ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အာဆင်နယ်နဲ့ စီးတီးတို့ထက် သာလွန်နေတဲ့ ဖောရက်စ်

နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်က အနိုင်ရလဒ်ဟာ ၎င်းတို့အနေနဲ့ ၂၀၂၃ ပြက္ခဒိန်နှစ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဘရန်နန် ဂျွန်ဆင်ရဲ့ ပထမပိုင်း သွင်းဂိုးက နော်တင်ဟမ်ဖောရက်စ်ကို စီးတီးဂရောင်းမှာ ဂျက်ဆီ မာ့ရှ်ရဲ့ အသင်းကို အနိုင်ရရှိစေခဲ့တာဖြစ်ပြီး အနိုင် ၃ မှတ်အပြည့် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲအပြီးမှာ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၁၁ မှတ်အထိ ရရှိခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်က ၄ ပွဲကနေ ၇ မှတ်၊ မန်စီးတီးက ၉ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းက ၅ ပွဲ ကစားထားရာမှာ ၁၀ မှတ် ရရှိထားခဲ့တာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ဟာ လိဒ်စ်ကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း နည်းပြ စတိဗ် ကူးပါးက ၎င်းတို့အနေနဲ့ ဒီထက်ပိုမိုမြင့်မားတဲ့အဆင့်အတန်းကို ရောက်ရှိနိုင်သေးတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ ခက်ခက်ခဲခဲ ရရှိခဲ့တဲ့နိုင်ပွဲဆိုတာ ကျိန်းသေပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့၊ ကျွန်တော်တို့ လုပ်ဖို့လိုတဲ့ စွမ်းဆောင်ရည်အဆင့်အတန်းမျိုးကို မရောက်ရှိခဲ့ပါဘူး”

“သေချာတာတော့ ကျွန်တော်တို့က ပထမပိုင်းမှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူးဆိုတဲ့အချက်ကိုတော့ ဖုံးကွယ်ထားလို့မရနိုင်တာပါ။ နားဗက်စ်က ကျွန်တော်တို့အတွက် တကယ်ကြီးမားတဲ့ကာကွယ်မှုအချို့ ပြုလုပ်ပေးခဲ့ရတယ်။ ကျွန်တော်တို့ ဘရန်နန်ရဲ့ အဆုံးအသတ်ကြောင့် အရမ်းကောင်းတဲ့ဂိုးကို သွင်းယူနိုင်ခဲ့တယ်။ ပထမပိုင်းအပြီးက ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်သင့်သလောက် မြန်မြန် ရောက်မလာခဲ့ဘူး။ ကျွန်တော်တို့ အရာအနည်းငယ်ကို အပြောင်းအလဲလုပ်ခဲ့ပြီး နည်းဗျူဟာပိုင်းအရ အပြောင်းအလဲ လုပ်ခဲ့တယ်”

“ကျွန်တော်တို့က ဘောလုံးမကိုင်ထားဘဲ ဒုတိယပိုင်းမှာ အရမ်းကောင်းမွန်ခဲ့တယ်လို့ ထင်မိခဲ့တယ်။ ဒုတိယပိုင်းမှာ သူတို့တွေ စစ်မှန်တဲ့အခွင့်အရေးမျိုးရခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ပွဲကို ကောင်ေးကာင်း စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ အဲဒီတော့ ကောင်းမွန်တဲ့နိုင်ပွဲပါ။ အရမ်းကောင်းတဲ့နိုင်ပွဲပါ။ ခင်ဗျား ကောင်းကောင်း မကစားနိုင်တဲ့အချိန်မှာ အဲဒါက အရေးအကြီးဆုံးအရာပဲလို့ ကိုယ့်ဘာသာကိုယ် ကျွန်တော် ဆက်ပြောနေမှာပါ။ ကျွန်တော် လေ့လာသင်ယူနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် နားထောင်။ အဲဒါက ကြီးမားတဲ့နိုင်ပွဲပါ”

“ကျွန်တော်တို့ စွမ်းဆောင်ရည်အဆင့်အတန်းမှာ မြင့်မားတဲ့အဆင့်အတန်းတစ်ခုကို မရောက်ရှိခဲ့တဲ့ ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ နိုင်ပွဲနဲ့ပတ်သက်ပြီး တစ်ခုခုတော့ ရခဲ့ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက ရှုံးနိမ့်ခဲ့တုန်းက အရမ်းကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ ကစားသမားတွေက ကံကောင်းမှုအနည်းငယ်နဲ့ ထိုက်တန်ခဲ့တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့အလုပ်က အတွင်းကျကျ ကြည့်ဖို့ပါ။ ကျွန်တော်နိုင်ပွဲနဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်နေတာသိသာပေမယ့် ကျွန်တော်တို နည်းနည်း အတွင်းကျကျပိုကြည့်ပြီး ‘လာစမ်းပါ။ ငါတို့တွေ ပထမပိုင်းတုန်းက ဘောလုံးကိုင်ကစားခဲ့တာထက် နည်းနည်းပိုကောင်းအောင် ကစားရမယ်’လို့ ပြောရမှာပါ”

“ကောင်လေးတွေကလည်း ဒါကို သိမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ခံယူချက်ကြောင့်ပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အဲဒါက တကယ်ကို ကောင်းမွန်တဲ့နိုင်ပွဲဆိုတာကို မေ့ထားလို့မပါဘူး။ ကစားသမားတွေဆီက ခံယူချက်က အမြဲတမ်း ဖြစ်ခဲ့တဲ့အတိုင်းပဲ အရမ်းကောင်းမွန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းရဲ႕ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲစဥ္က အႏိုင္ရလဒ္ဟာ ၎တို႔အေနနဲ႔ ၂၀၂၃ ျပကၡဒိန္ႏွစ္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ဘရန္နန္ ဂြၽန္ဆင္ရဲ႕ ပထမပိုင္း သြင္းဂိုးက ေနာ္တင္ဟမ္ေဖာရက္စ္ကို စီးတီးဂေရာင္းမွာ ဂ်က္ဆီ မာ့ရွ္ရဲ႕ အသင္းကို အႏိုင္ရရွိေစခဲ့တာျဖစ္ၿပီး အႏိုင္ ၃ မွတ္အျပည့္ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လိဒ္စ္ယူႏိုက္တက္အသင္းကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့မႈေၾကာင့္ ၂၀၂၃ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ပြဲစဥ္ ၅ ပြဲအၿပီးမွာ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းဟာ ၁၁ မွတ္အထိ ရရွိခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္က ၄ ပြဲကေန ၇ မွတ္၊ မန္စီးတီးက ၉ မွတ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ မန္ခ်က္စတာယူႏိုက္တက္အသင္းက ၅ ပြဲ ကစားထားရာမွာ ၁၀ မွတ္ ရရွိထားခဲ့တာျဖစ္ၿပီး ေနာ္တင္ဟမ္ေဖာရက္စ္ဟာ လိဒ္စ္ကို အႏိုင္ရခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၁၃ ေနရာကို တက္လွမ္းႏိုင္ခဲ့ေပမယ့္လည္း နည္းျပ စတိဗ္ ကူးပါးက ၎တို႔အေနနဲ႔ ဒီထက္ပိုမိုျမင့္မားတဲ့အဆင့္အတန္းကို ေရာက္ရွိႏိုင္ေသးတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ဟုတ္ပါတယ္။ ခက္ခက္ခဲခဲ ရရွိခဲ့တဲ့ႏိုင္ပြဲဆိုတာ က်ိန္းေသပါတယ္။ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တဲ့၊ ကြၽန္ေတာ္တို႔ လုပ္ဖို႔လိုတဲ့ စြမ္းေဆာင္ရည္အဆင့္အတန္းမ်ိဳးကို မေရာက္ရွိခဲ့ပါဘူး”

“ေသခ်ာတာေတာ့ ကြၽန္ေတာ္တို႔က ပထမပိုင္းမွာ ေကာင္းေကာင္း မကစားႏိုင္ခဲ့ဘူးဆိုတဲ့အခ်က္ကိုေတာ့ ဖုံးကြယ္ထားလို႔မရႏိုင္တာပါ။ နားဗက္စ္က ကြၽန္ေတာ္တို႔အတြက္ တကယ္ႀကီးမားတဲ့ကာကြယ္မႈအခ်ိဳ႕ ျပဳလုပ္ေပးခဲ့ရတယ္။ ကြၽန္ေတာ္တို႔ ဘရန္နန္ရဲ႕ အဆုံးအသတ္ေၾကာင့္ အရမ္းေကာင္းတဲ့ဂိုးကို သြင္းယူႏိုင္ခဲ့တယ္။ ပထမပိုင္းအၿပီးက ပြင့္ပြင့္လင္းလင္း ေျပာရရင္ ျမန္သင့္သေလာက္ ျမန္ျမန္ ေရာက္မလာခဲ့ဘူး။ ကြၽန္ေတာ္တို႔ အရာအနည္းငယ္ကို အေျပာင္းအလဲလုပ္ခဲ့ၿပီး နည္းဗ်ဴဟာပိုင္းအရ အေျပာင္းအလဲ လုပ္ခဲ့တယ္”

“ကြၽန္ေတာ္တို႔က ေဘာလုံးမကိုင္ထားဘဲ ဒုတိယပိုင္းမွာ အရမ္းေကာင္းမြန္ခဲ့တယ္လို႔ ထင္မိခဲ့တယ္။ ဒုတိယပိုင္းမွာ သူတို႔ေတြ စစ္မွန္တဲ့အခြင့္အေရးမ်ိဳးရခဲ့တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ပြဲကို ေကာင္ေးကာင္း စီမံခန႔္ခြဲႏိုင္ခဲ့ပါတယ္။ အဲဒီေတာ့ ေကာင္းမြန္တဲ့ႏိုင္ပြဲပါ။ အရမ္းေကာင္းတဲ့ႏိုင္ပြဲပါ။ ခင္ဗ်ား ေကာင္းေကာင္း မကစားႏိုင္တဲ့အခ်ိန္မွာ အဲဒါက အေရးအႀကီးဆုံးအရာပဲလို႔ ကိုယ့္ဘာသာကိုယ္ ကြၽန္ေတာ္ ဆက္ေျပာေနမွာပါ။ ကြၽန္ေတာ္ ေလ့လာသင္ယူေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါေပမယ့္ နားေထာင္။ အဲဒါက ႀကီးမားတဲ့ႏိုင္ပြဲပါ”

“ကြၽန္ေတာ္တို႔ စြမ္းေဆာင္ရည္အဆင့္အတန္းမွာ ျမင့္မားတဲ့အဆင့္အတန္းတစ္ခုကို မေရာက္ရွိခဲ့တဲ့ ပထမဆုံးအႀကိမ္ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔ ႏိုင္ပြဲနဲ႔ပတ္သက္ၿပီး တစ္ခုခုေတာ့ ရခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အရင္တုန္းက ရႈံးနိမ့္ခဲ့တုန္းက အရမ္းေကာင္းေကာင္း မကစားႏိုင္ခဲ့ဘူး။ ကစားသမားေတြက ကံေကာင္းမႈအနည္းငယ္နဲ႔ ထိုက္တန္ခဲ့တာျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ့္ရဲ႕အလုပ္က အတြင္းက်က် ၾကည့္ဖို႔ပါ။ ကြၽန္ေတာ္ႏိုင္ပြဲနဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္႐ႊင္ေနတာသိသာေပမယ့္ ကြၽန္ေတာ္တို နည္းနည္း အတြင္းက်က်ပိုၾကည့္ၿပီး ‘လာစမ္းပါ။ ငါတို႔ေတြ ပထမပိုင္းတုန္းက ေဘာလုံးကိုင္ကစားခဲ့တာထက္ နည္းနည္းပိုေကာင္းေအာင္ ကစားရမယ္’လို႔ ေျပာရမွာပါ”

“ေကာင္ေလးေတြကလည္း ဒါကို သိမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕ စိတ္ဓာတ္ပိုင္းနဲ႔ ခံယူခ်က္ေၾကာင့္ပါ။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔ အဲဒါက တကယ္ကို ေကာင္းမြန္တဲ့ႏိုင္ပြဲဆိုတာကို ေမ့ထားလို႔မပါဘူး။ ကစားသမားေတြဆီက ခံယူခ်က္က အၿမဲတမ္း ျဖစ္ခဲ့တဲ့အတိုင္းပဲ အရမ္းေကာင္းမြန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.