ပရိသတ်တွေဟာ မန်ချက်စတာစီးတီးအသင်းက တော့တင်ဟမ်ဟော့စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုအတွက် ပက် ဂွါဒီယိုလာ ပေးခဲ့တဲ့ ဆင်ခြေကို မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။
ဟာရီ ကိန်းဟာ မန်ချက်စတာစီးတီးကို အနိုင်ရရှိစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဂျင်မီ ဂရိဗ်စ်ရဲ့ ၂၆၆ ဂိုး စံချိန်ကို ကျော်ဖြတ်ပြီးနောက် တော့တင်ဟမ်ဟော့စပါးရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ရိုဒရီဂို ဟာနန်ဒက်ဇ်က ဘောလုံးကို ကပျက်ကချော် ပေးပို့ခဲ့တာဖြစ်ပြီး ဟော့ဗျက်က ဘောလုံးပေးပို့မှုကို ရယူခဲ့ပြီးနောက် ဟာရီ ကိန်းကို ခင်းပေးခဲ့ရာမှာ စပါးစ်အသင်းခေါင်းဆောင်က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ ၅ ကြိမ် ကစားခဲ့ရာမှာ ပွဲတိုင်းကို ရှုံးနိမ့်ခဲ့ပြီး မြောက်လန်ဒန်ကို လာရောက်ကစားခဲ့တဲ့ ပွဲစဉ်အားလုံးမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ နောက်ထပ်တစ်ကြိမ် ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့ပြန်တာဖြစ်ပြီး လက်ရှိမှာတော့ နောက်ဆုံး အဝေးကွင်း ၃ ပွဲမှာ အရှုံးအရသာကို မြည်းစမ်းခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအတွက် မေ့ပစ်ချင်စရာနေ့တစ်နေ့ဖြစ်ခဲ့ပြီး နေရာပေါင်းစုံမှာ အမှားအယွင်းတွေ အများကြီး ပြုလုပ်ခဲ့ပေမယ့်လည်း ဂွါဒီယိုလာက မန်ချက်စတာကနေ လန်ဒန်ကို အဝေးကွင်းပွဲစဉ်လာရောက်ကစားရတာနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်း ပြောဆိုခဲ့ပြီးနောက် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့တာဖြစ်ပါတယ်။
“မန်ချက်စတာကနေ လန်ဒန်ကို လာရတာက ဥရောပမြောက်ပိုင်းကို သွားရသလိုပဲ။ ဟိုတယ်ကို ရောက်ဖို့ ၄ နာရီခွဲလောက် ကြာတယ်။ အဲဒါက အရမ်းကို မောပန်းပါတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် စိတ်မကောင်းပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကလည်း ထူးထူးဆန်းဆန်း ဆင်ခြေတွေ ပေးတတ်တဲ့ နည်းပြအဖြစ် လူသိများပေမယ့်လည်း စပိန်လူမျိုးနည်းပြရဲ့ ဆင်ခြေက လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကို စိတ်ပျက်ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။
“ညံ့ဖျင်းလိုက်တဲ့ ဆင်ခြေ။ ကလော့ပ်အတိုင်းပဲ။ ငါတို့တွေ ၉ ရက်ရှိခဲ့ပြီး သူတို့ကတော့ ရထားပေါ်မှာ ပထမတန်းစီးပြီး ခရီးထွက်ခဲ့ကြလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မေဂျာလိဂ်မှာသာ နည်းပြရင် အဝေးကွင်း ခရီးထွက်ရလို့ သေလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပရိသတ္ေတြဟာ မန္ခ်က္စတာစီးတီးအသင္းက ေတာ့တင္ဟမ္ေဟာ့စပါးကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈအတြက္ ပက္ ဂြါဒီယိုလာ ေပးခဲ့တဲ့ ဆင္ေျခကို မယုံႏိုင္ျဖစ္ခဲ့ၾကပါတယ္။
ဟာရီ ကိန္းဟာ မန္ခ်က္စတာစီးတီးကို အႏိုင္ရရွိေစမယ့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဂ်င္မီ ဂရိဗ္စ္ရဲ႕ ၂၆၆ ဂိုး စံခ်ိန္ကို ေက်ာ္ျဖတ္ၿပီးေနာက္ ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕စံခ်ိန္တင္ဂိုးသြင္းရွင္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ႐ိုဒရီဂို ဟာနန္ဒက္ဇ္က ေဘာလုံးကို ကပ်က္ကေခ်ာ္ ေပးပို႔ခဲ့တာျဖစ္ၿပီး ေဟာ့ဗ်က္က ေဘာလုံးေပးပို႔မႈကို ရယူခဲ့ၿပီးေနာက္ ဟာရီ ကိန္းကို ခင္းေပးခဲ့ရာမွာ စပါးစ္အသင္းေခါင္းေဆာင္က အမွားအယြင္းမရွိ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးအသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းမွာ ၅ ႀကိမ္ ကစားခဲ့ရာမွာ ပြဲတိုင္းကို ရႈံးနိမ့္ခဲ့ၿပီး ေျမာက္လန္ဒန္ကို လာေရာက္ကစားခဲ့တဲ့ ပြဲစဥ္အားလုံးမွာ ဂိုးသြင္းယူႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးအသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနခဲ့ျပန္တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေနာက္ဆုံး အေဝးကြင္း ၃ ပြဲမွာ အရႈံးအရသာကို ျမည္းစမ္းခဲ့ရတာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအတြက္ ေမ့ပစ္ခ်င္စရာေန႔တစ္ေန႔ျဖစ္ခဲ့ၿပီး ေနရာေပါင္းစုံမွာ အမွားအယြင္းေတြ အမ်ားႀကီး ျပဳလုပ္ခဲ့ေပမယ့္လည္း ဂြါဒီယိုလာက မန္ခ်က္စတာကေန လန္ဒန္ကို အေဝးကြင္းပြဲစဥ္လာေရာက္ကစားရတာနဲ႔ပတ္သက္ၿပီး ထူးထူးဆန္းဆန္း ေျပာဆိုခဲ့ၿပီးေနာက္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့တာျဖစ္ပါတယ္။
“မန္ခ်က္စတာကေန လန္ဒန္ကို လာရတာက ဥေရာပေျမာက္ပိုင္းကို သြားရသလိုပဲ။ ဟိုတယ္ကို ေရာက္ဖို႔ ၄ နာရီခြဲေလာက္ ၾကာတယ္။ အဲဒါက အရမ္းကို ေမာပန္းပါတယ္။ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ဂြါဒီယိုလာရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကလည္း ထူးထူးဆန္းဆန္း ဆင္ေျခေတြ ေပးတတ္တဲ့ နည္းျပအျဖစ္ လူသိမ်ားေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပရဲ႕ ဆင္ေျခက လူမႈကြန္ရက္ေပၚက ပရိသတ္ေတြကို စိတ္ပ်က္ေဒါသထြက္ေစခဲ့တာျဖစ္ပါတယ္။
“ညံ့ဖ်င္းလိုက္တဲ့ ဆင္ေျခ။ ကေလာ့ပ္အတိုင္းပဲ။ ငါတို႔ေတြ ၉ ရက္ရွိခဲ့ၿပီး သူတို႔ကေတာ့ ရထားေပၚမွာ ပထမတန္းစီးၿပီး ခရီးထြက္ခဲ့ၾကလိမ့္မယ္”လို႔ ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေမဂ်ာလိဂ္မွာသာ နည္းျပရင္ အေဝးကြင္း ခရီးထြက္ရလို႔ ေသလိမ့္မယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.