Analysis Article Match Report Premier League

ဂန်းနားလူငယ်ရဲ့ သမိုင်းဝင်ဂိုးနဲ့ ပွဲပြီးခဲ့တဲ့ စပါးစ် 1-0 မန်စီးတီးပွဲက ပြောစရာများ

လူချန်ရှုံးရဲ့ အနိုင်မရတဲ့ မဲပြာပုဆိုးပွဲ
လူချန်ရှုံး ဂွါဒီယိုလာအတွက်တော့ ဒီနေ့လို စပါးစ်နဲ့ ခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်မျိုးမှာ ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့လို ဝါရင့်ကစားသမားတွေကို ဘာဖြစ်လို့ ချန်လှပ်ခဲ့မှန်း တွေးလို့ မရနိုင်အောင်ဖြစ်ခဲ့တာပါ။ ကွင်းလယ်မှာ ပလာတာများလာပြီး တောင်ပံတိုက်စစ်လောက်ပဲ ကစားတတ်တော့တဲ့ ဘာနာဒို ဆေးလ်ဗားကို သုံးခဲ့တာက သူတို့အတွက် အဖျားရှူးစေခဲ့သလို အလိမ်အခေါက်တွေ လုပ်ဆောင်နိုင်ခဲ့ပေမယ့် စပါးစ်တို့ရဲ့ ဂိုးဧရိယာထဲမှာ အပိုင် အခွင့်အရေး ရရှိမှု နည်းပါးလွန်းခဲ့သလို ဟားလန်း တစ်ကြိမ်မှ ကန်ခွင့်မရတာကို ကြည့်ရင်တော့ ရှုံးဖို့ ထိုက်တန်ခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဂန်းနားလူငယ်ရဲ့ သမိုင်းဝင်ဂိုးနဲ့ အကျိုးပြုမှု
ကလေးဘဝတုန်းက မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ကို အားပေးခဲ့တဲ့ ဟေးလ်အန့်ဒ် လူငယ်ကစားသမားဟောင်း ဟာရီကိန်းကတော့ ဒီနေ့ပွဲမှာ အသင်းဟောင်း အာဆင်နယ်ကို အကျိုးပြုခဲ့သလို သူတို့နှစ်သင်းကြားက တစ်ပွဲလျော့ ငါးမှတ်ကွာမှုကို ဆက်လက်ထိန်းသိမ်းပေးခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးကတော့ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ၂၆၇ ဂိုးနဲ့ ပွဲခံနိုင်စေခဲ့သလို ပရီးမီးယားလိဂ်ရဲ့ စံချိန်တွေထဲမှာလည်း သွင်းဂိုး ၂၀၀ မြောက်ကို ၃၀၃ ပွဲနဲ့ အနည်းဆုံး ကစားပြီး ရရှိနိုင်ခဲ့တာကြောင့် ဒီနေ့က သူ့ရဲ့ သမိုင်းဝင်နေ့ပဲ ဖြစ်ခဲ့တာပါ။

ကွန်တီ မပါနိုင်ခဲ့တဲ့ အဖိုးတန်နိုင်ပွဲ
စပါးစ်အသင်းရဲ့ နည်းပြ အန်တိုနီယို ကွန်တီကတော့ ဒီနေ့ပွဲကို သူ့ရဲ့ သည်းခြေအိတ် ခွဲစိတ်မှုကြောင့် မပါဝင်နိုင်ခဲ့ဘဲ အီတလီက သူ့အိမ်မှာ ပြန်ပြီး အနားယူနေခဲ့ရတာကြောင့် လက်ထောက်နည်းပြ ခရစ္စတီယန် စတယ်လီနီက သတင်းစာရှင်းလင်းပွဲကိုပါ တက်ရောက်ခဲ့ရပြီး အရေးကြီးတဲ့ ပွဲစဉ်ကိုလည်း ကိုယ်စားကိုင်တွယ်ခဲ့ရတာဖြစ်ပါတယ်။ ကွန်တီ မရှိပေမယ့် ဟာရီကိန်းတို့ အုပ်စုက သူလေ့ကျင့်ပေးထားခဲ့တဲ့အတိုင်း အကောင်းဆုံး ကစားနိုင်ခဲ့သလို တစ်ဂိုးထက် ပိုပြီးတောင် ရနိုင်ခဲ့တာဖြစ်ပြီး စတယ်လီနီကတော့ အရေးကြီးတဲ့ အချိန်တွေမှာ လူစားလဲမှုတွေကို မှန်မှန်ကန်ကန် လုပ်ဆောင်သွားခဲ့သလို နောက်ခံလူ ရိုမဲရိုး နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပေမယ့် နိုင်ပွဲကို ထိန်းသိမ်းရယူသွားနိုင်ခဲ့တာပါ။

အာဆင်နယ်ကို စေတနာရှိနေတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ဒီနေ့ပွဲကို ချဉ်းကပ်ခဲ့တဲ့ လူစာရင်းက ဟိုလူမပါ ဒီလူမပါနဲ့ ရှုံးဖို့ ဦးတည်လာခဲ့တာလားလို့တောင် မေးခွန်းထုတ်စရာဖြစ်ခဲ့ရတာပါ။ စပိန်သားနည်းပြအနေနဲ့ ဖိုဒန်ကို ဒဏ်ရာကြောင့် ချန်လှပ်ခဲ့ရချိန်မှာ ကွင်းလယ်ကို ဦးစားမပေးဘဲ ဒီဘရိုင်းနားကိုရော ဂွန်ဒိုးဝမ်ကိုပါ အရန်ခုံမှာ ထားခဲ့သလို လူငယ်ကစားသမား ရီကို လူးဝစ္စကိုတော့ ကန်ဆယ်လိုရဲ့ ဘယ်ခြမ်းမှာ ဆာဂျီ ဂိုမက်ဇ်အစား ကစားခိုင်းခဲ့တာပါ။ ကွင်းလယ်ရော ဘယ်ခြမ်းကပါ အားနည်းခဲ့လို့ ဆွန်၊ ကိန်း၊ ကူလူရှက်ဗ်စကီးတို့ ကောင်းကောင်းအလုပ်လုပ်သွားနိုင်ခဲ့တဲ့ ဒီနေ့ပွဲက အရှုံးက ဦးဆောင်နေတဲ့ အာဆင်နယ်တို့အတွက်တော့ ဝမ်းသာစရာဖြစ်ခဲ့ပြီး တပည့်ဟောင်း အာတီတာကို ဂွါဒီယိုလာရဲ့ စောင့်ရှောက်မှုလို့လည်း ဆိုစရာဖြစ်လာခဲ့ပါတယ်။

အီဒါဆန်နေရာ အစားထိုးခဲ့တဲ့ ရိုဒရီ
အသင်းရဲ့ အမှားမခံတဲ့ အခြေအနေမျိုးတွေမှာ ဂိုးသမား အီဒါဆန်တစ်ယောက် အမှားလုပ်လိုက်ရမှဆိုတဲ့ ဇာတ်ညွှန်းက နည်းနည်းရိုးလာခဲ့လို့ ဒီနေ့မှာတော့ မန်စီးတီးတို့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒီတစ်ခါမှာ အလှည့်ကျသူကတော့ ကွင်းလယ်အဖျက်ကစားသမား ရိုဒရီဖြစ်ပြီး အကျပ်ထဲမှာ ဂိုးသမားဆီ ပြန်ပေးရမယ့်အစား ကြုံသလို လှည့်ပတ်ပြီး ရီကို လူးဝစ္စဆီ အပေးမှာ ဟွိုင်ဘယာ့ဂ်က ဖြတ်ယူသွားခဲ့တဲ့ ဘောလုံးကတော့ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော ဂိုးဖြစ်သွားခဲ့တာပါ။ လက်ကျန် ပွဲချိန် ၇၅ မိနစ်မှာတော့ ရိုဒရီတစ်ယောက် အမှားအတွက် ရှက်ရမ်းရမ်းပြီး လိုက်ကစားနေခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ မန်စီးတီးရဲ့ ရှုံးပွဲက သူ့ကြောင့်ပဲဖြစ်သွားခဲ့ပါတယ်။

ဟားလန်းရဲ့ ဆွံ့အမှုနဲ့ ပြဿနာရှိလာတဲ့ စီးတီး
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ဒီနေ့မှာ ဘောလုံး ၂၇ ချက် ထိခဲ့ရာမှာ ဂိုးပေါက်ကန်ခွင့် တစ်ကြိမ်မှ မရခဲ့ဘဲ အသင်းဖော်တွေကို ပြန်ပေးတာနဲ့ ဘောလုံးပျက်တာတွေပဲ ကြုံခဲ့ရတာဖြစ်ပါတယ်။ အတွင်းသတင်းတွေအရတော့ ဟားလန်းဟာ သူ့ကို ပံ့ပိုးပေးနိုင်မယ့် တွဲဖက်ကစားသမားတွေကို နေရာချထားမှု နည်းနေတဲ့ ဂွါဒီယိုလာနဲ့ ဆက်ဆံရေး တင်းမာနေတယ်လို့ ဆိုနေကြပြီး တကယ်တမ်းမှာလည်း ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်တို့နဲ့ နောက်ကနေ ဝန်းရံပေးထားရမယ့်အစား ဘောလုံးလုကစားရမယ့် အယ်လ်ဗာရက်ဇ်နဲ့ တွဲပေးခဲ့တာကတော့ တမင်ကို ဂျင်းထည့်တာလားလို့ မေးစရာဖြစ်ခဲ့ရပါတယ်။

အဆင့် ၄ ကို ပြန်ခြိမ်းခြောက်တော့မယ့် စပါးစ်
တော့တင်ဟမ်တို့အနေနဲ့ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီး(ပထမအကျော့)ပွဲစဉ်တွေကို ရှုံးပွဲတွေ့လိုက်တာက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သူတို့ကို ဝေးကွာစေခဲ့တာပါ။ ဒါပေမယ့် ဖူလ်ဟမ်ကို အဝေးကွင်းမှာ နိုင်ပြီး မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာကတော့ သူတို့ကို လမ်းကြောင်းမှန်ဆီ ရောက်လာနိုင်ခဲ့စေတာပဲဖြစ်ပါတယ်။ စပါးစ်တို့အနေနဲ့ အဆင့် ၄ နေရာမှာ သရေတွေချည်း လှိမ့်ကျနေတဲ့ နယူးကာဆယ်လ်တို့ကို ကျော်တက်နိုင်ခွင့် ရှိလာမှာဖြစ်ပြီး လာမယ့်ပွဲတွေကို အကောင်းဆုံး ကစားနိုင်ခဲ့မယ်ဆိုရင် နည်းပြ အက်ဒီဟောင်းရဲ့ တိုက်စစ်ပိုင်းမှာ ပုံမလာတဲ့ ငှက်ကျားတွေကို ကျော်တက် ပျံသန်းနိုင်ဖို့ ရှိလာခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူခ်န္ရႈံးရဲ႕ အႏိုင္မရတဲ့ မဲျပာပုဆိုးပြဲ
လူခ်န္ရႈံး ဂြါဒီယိုလာအတြက္ေတာ့ ဒီေန႔လို စပါးစ္နဲ႔ ခက္ခဲတဲ့ အေဝးကြင္းပြဲစဥ္မ်ိဳးမွာ ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္တို႔လို ဝါရင့္ကစားသမားေတြကို ဘာျဖစ္လို႔ ခ်န္လွပ္ခဲ့မွန္း ေတြးလို႔ မရႏိုင္ေအာင္ျဖစ္ခဲ့တာပါ။ ကြင္းလယ္မွာ ပလာတာမ်ားလာၿပီး ေတာင္ပံတိုက္စစ္ေလာက္ပဲ ကစားတတ္ေတာ့တဲ့ ဘာနာဒို ေဆးလ္ဗားကို သုံးခဲ့တာက သူတို႔အတြက္ အဖ်ားရႉးေစခဲ့သလို အလိမ္အေခါက္ေတြ လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ စပါးစ္တို႔ရဲ႕ ဂိုးဧရိယာထဲမွာ အပိုင္ အခြင့္အေရး ရရွိမႈ နည္းပါးလြန္းခဲ့သလို ဟားလန္း တစ္ႀကိမ္မွ ကန္ခြင့္မရတာကို ၾကည့္ရင္ေတာ့ ရႈံးဖို႔ ထိုက္တန္ခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ဂန္းနားလူငယ္ရဲ႕ သမိုင္းဝင္ဂိုးနဲ႔ အက်ိဳးျပဳမႈ
ကေလးဘဝတုန္းက ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ကို အားေပးခဲ့တဲ့ ေဟးလ္အန႔္ဒ္ လူငယ္ကစားသမားေဟာင္း ဟာရီကိန္းကေတာ့ ဒီေန႔ပြဲမွာ အသင္းေဟာင္း အာဆင္နယ္ကို အက်ိဳးျပဳခဲ့သလို သူတို႔ႏွစ္သင္းၾကားက တစ္ပြဲေလ်ာ့ ငါးမွတ္ကြာမႈကို ဆက္လက္ထိန္းသိမ္းေပးခဲ့ပါတယ္။ ပြဲခ်ိန္ ၁၅ မိနစ္မွာ သြင္းယူႏိုင္ခဲ့တဲ့ ဂိုးကေတာ့ ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံး စံခ်ိန္ရွင္အျဖစ္ ၂၆၇ ဂိုးနဲ႔ ပြဲခံႏိုင္ေစခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္ေတြထဲမွာလည္း သြင္းဂိုး ၂၀၀ ေျမာက္ကို ၃၀၃ ပြဲနဲ႔ အနည္းဆုံး ကစားၿပီး ရရွိႏိုင္ခဲ့တာေၾကာင့္ ဒီေန႔က သူ႔ရဲ႕ သမိုင္းဝင္ေန႔ပဲ ျဖစ္ခဲ့တာပါ။

ကြန္တီ မပါႏိုင္ခဲ့တဲ့ အဖိုးတန္ႏိုင္ပြဲ
စပါးစ္အသင္းရဲ႕ နည္းျပ အန္တိုနီယို ကြန္တီကေတာ့ ဒီေန႔ပြဲကို သူ႔ရဲ႕ သည္းေျခအိတ္ ခြဲစိတ္မႈေၾကာင့္ မပါဝင္ႏိုင္ခဲ့ဘဲ အီတလီက သူ႔အိမ္မွာ ျပန္ၿပီး အနားယူေနခဲ့ရတာေၾကာင့္ လက္ေထာက္နည္းျပ ခရစၥတီယန္ စတယ္လီနီက သတင္းစာရွင္းလင္းပြဲကိုပါ တက္ေရာက္ခဲ့ရၿပီး အေရးႀကီးတဲ့ ပြဲစဥ္ကိုလည္း ကိုယ္စားကိုင္တြယ္ခဲ့ရတာျဖစ္ပါတယ္။ ကြန္တီ မရွိေပမယ့္ ဟာရီကိန္းတို႔ အုပ္စုက သူေလ့က်င့္ေပးထားခဲ့တဲ့အတိုင္း အေကာင္းဆုံး ကစားႏိုင္ခဲ့သလို တစ္ဂိုးထက္ ပိုၿပီးေတာင္ ရႏိုင္ခဲ့တာျဖစ္ၿပီး စတယ္လီနီကေတာ့ အေရးႀကီးတဲ့ အခ်ိန္ေတြမွာ လူစားလဲမႈေတြကို မွန္မွန္ကန္ကန္ လုပ္ေဆာင္သြားခဲ့သလို ေနာက္ခံလူ ႐ိုမဲ႐ိုး ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရေပမယ့္ ႏိုင္ပြဲကို ထိန္းသိမ္းရယူသြားႏိုင္ခဲ့တာပါ။

အာဆင္နယ္ကို ေစတနာရွိေနတဲ့ ဂြါဒီယိုလာ
မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ဒီေန႔ပြဲကို ခ်ဥ္းကပ္ခဲ့တဲ့ လူစာရင္းက ဟိုလူမပါ ဒီလူမပါနဲ႔ ရႈံးဖို႔ ဦးတည္လာခဲ့တာလားလို႔ေတာင္ ေမးခြန္းထုတ္စရာျဖစ္ခဲ့ရတာပါ။ စပိန္သားနည္းျပအေနနဲ႔ ဖိုဒန္ကို ဒဏ္ရာေၾကာင့္ ခ်န္လွပ္ခဲ့ရခ်ိန္မွာ ကြင္းလယ္ကို ဦးစားမေပးဘဲ ဒီဘ႐ိုင္းနားကိုေရာ ဂြန္ဒိုးဝမ္ကိုပါ အရန္ခုံမွာ ထားခဲ့သလို လူငယ္ကစားသမား ရီကို လူးဝစၥကိုေတာ့ ကန္ဆယ္လိုရဲ႕ ဘယ္ျခမ္းမွာ ဆာဂ်ီ ဂိုမက္ဇ္အစား ကစားခိုင္းခဲ့တာပါ။ ကြင္းလယ္ေရာ ဘယ္ျခမ္းကပါ အားနည္းခဲ့လို႔ ဆြန္၊ ကိန္း၊ ကူလူရွက္ဗ္စကီးတို႔ ေကာင္းေကာင္းအလုပ္လုပ္သြားႏိုင္ခဲ့တဲ့ ဒီေန႔ပြဲက အရႈံးက ဦးေဆာင္ေနတဲ့ အာဆင္နယ္တို႔အတြက္ေတာ့ ဝမ္းသာစရာျဖစ္ခဲ့ၿပီး တပည့္ေဟာင္း အာတီတာကို ဂြါဒီယိုလာရဲ႕ ေစာင့္ေရွာက္မႈလို႔လည္း ဆိုစရာျဖစ္လာခဲ့ပါတယ္။

အီဒါဆန္ေနရာ အစားထိုးခဲ့တဲ့ ႐ိုဒရီ
အသင္းရဲ႕ အမွားမခံတဲ့ အေျခအေနမ်ိဳးေတြမွာ ဂိုးသမား အီဒါဆန္တစ္ေယာက္ အမွားလုပ္လိုက္ရမွဆိုတဲ့ ဇာတ္ၫႊန္းက နည္းနည္း႐ိုးလာခဲ့လို႔ ဒီေန႔မွာေတာ့ မန္စီးတီးတို႔ အေျပာင္းအလဲလုပ္ခဲ့ပါတယ္။ ဒီတစ္ခါမွာ အလွည့္က်သူကေတာ့ ကြင္းလယ္အဖ်က္ကစားသမား ႐ိုဒရီျဖစ္ၿပီး အက်ပ္ထဲမွာ ဂိုးသမားဆီ ျပန္ေပးရမယ့္အစား ႀကဳံသလို လွည့္ပတ္ၿပီး ရီကို လူးဝစၥဆီ အေပးမွာ ဟြိဳင္ဘယာ့ဂ္က ျဖတ္ယူသြားခဲ့တဲ့ ေဘာလုံးကေတာ့ ဒီေန႔ပြဲရဲ႕ တစ္လုံးတည္းေသာ ဂိုးျဖစ္သြားခဲ့တာပါ။ လက္က်န္ ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ႐ိုဒရီတစ္ေယာက္ အမွားအတြက္ ရွက္ရမ္းရမ္းၿပီး လိုက္ကစားေနခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ မန္စီးတီးရဲ႕ ရႈံးပြဲက သူ႔ေၾကာင့္ပဲျဖစ္သြားခဲ့ပါတယ္။

ဟားလန္းရဲ႕ ဆြံ႕အမႈနဲ႔ ျပႆနာရွိလာတဲ့ စီးတီး
မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ ဒီေန႔မွာ ေဘာလုံး ၂၇ ခ်က္ ထိခဲ့ရာမွာ ဂိုးေပါက္ကန္ခြင့္ တစ္ႀကိမ္မွ မရခဲ့ဘဲ အသင္းေဖာ္ေတြကို ျပန္ေပးတာနဲ႔ ေဘာလုံးပ်က္တာေတြပဲ ႀကဳံခဲ့ရတာျဖစ္ပါတယ္။ အတြင္းသတင္းေတြအရေတာ့ ဟားလန္းဟာ သူ႔ကို ပံ့ပိုးေပးႏိုင္မယ့္ တြဲဖက္ကစားသမားေတြကို ေနရာခ်ထားမႈ နည္းေနတဲ့ ဂြါဒီယိုလာနဲ႔ ဆက္ဆံေရး တင္းမာေနတယ္လို႔ ဆိုေနၾကၿပီး တကယ္တမ္းမွာလည္း ဖန္တီးမႈ ေကာင္းတဲ့ ကစားသမားေတြျဖစ္တဲ့ ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္တို႔နဲ႔ ေနာက္ကေန ဝန္းရံေပးထားရမယ့္အစား ေဘာလုံးလုကစားရမယ့္ အယ္လ္ဗာရက္ဇ္နဲ႔ တြဲေပးခဲ့တာကေတာ့ တမင္ကို ဂ်င္းထည့္တာလားလို႔ ေမးစရာျဖစ္ခဲ့ရပါတယ္။

အဆင့္ ၄ ကို ျပန္ၿခိမ္းေျခာက္ေတာ့မယ့္ စပါးစ္
ေတာ့တင္ဟမ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ မန္စီးတီး(ပထမအေက်ာ့)ပြဲစဥ္ေတြကို ရႈံးပြဲေတြ႕လိုက္တာက ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ သူတို႔ကို ေဝးကြာေစခဲ့တာပါ။ ဒါေပမယ့္ ဖူလ္ဟမ္ကို အေဝးကြင္းမွာ ႏိုင္ၿပီး မန္စီးတီးကို အိမ္ကြင္းမွာ ရႈံးေႂကြးျပန္ဆပ္ႏိုင္ခဲ့တာကေတာ့ သူတို႔ကို လမ္းေၾကာင္းမွန္ဆီ ေရာက္လာႏိုင္ခဲ့ေစတာပဲျဖစ္ပါတယ္။ စပါးစ္တို႔အေနနဲ႔ အဆင့္ ၄ ေနရာမွာ သေရေတြခ်ည္း လွိမ့္က်ေနတဲ့ နယူးကာဆယ္လ္တို႔ကို ေက်ာ္တက္ႏိုင္ခြင့္ ရွိလာမွာျဖစ္ၿပီး လာမယ့္ပြဲေတြကို အေကာင္းဆုံး ကစားႏိုင္ခဲ့မယ္ဆိုရင္ နည္းျပ အက္ဒီေဟာင္းရဲ႕ တိုက္စစ္ပိုင္းမွာ ပုံမလာတဲ့ ငွက္က်ားေတြကို ေက်ာ္တက္ ပ်ံသန္းႏိုင္ဖို႔ ရွိလာခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.