Premier League

ဗီဒီယိုဖိုင်သစ်ထွက်လာပြီးနောက် ကာစီမီရိုအနီကတ် ပယ်ဖျက်ခံရနိုင်တယ်လို့ ထင်မြင်နေတဲ့ ပရိသတ်များ

ကာစီမီရိုဟာ စနေနေ့ညနေက မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ VAR နဲ့ စစ်ဆေးပြီးနောက် ကြမ်းတမ်းတဲ့ အပြုအမူကို ကျူးလွန်ခဲ့တယ်လို့ တွေ့ရှိခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားဟာ ပွဲကစားချိန် ၆၆ မိနစ်မှာ နှစ်ဖက်အသင်း ကစားသမားတွေကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပြီး အထူးသဖြင့် ပဲလေ့စ်ကွင်းလယ်ကစားသမား ဝီလ် ဟုချ်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်ရဲ့ ချေပဂိုးသွင်းရှင် ရှလွတ်ပ်က ဘောလုံးလုယူဖို့ ကြိးပမ်းခဲ့တဲ့ အန်တိုနီကို ကြေညာဘုတ်ဆီကို တွန်းထုတ်ခဲ့ပြီးနောက် နှစ်ဖက်အသင်းကစားသမားတွေကြား ရန်ပွဲစတင်ခဲ့တာဖြစ်ပြီး ကစားသမားတွေကြား အပြန်အလှန် တွန်းထိုးခဲ့ကြပြီးနောက် ကာစီမီရိုဟာ ဝီလ် ဟုချ်ရဲ့ လည်ပင်းကို ညှစ်ထားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် မာရီနာက VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ပရိသတ်တစ်ဦး ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်အသစ်အရ ဘရာဇီးလ်ကွင်းလယ်ကစားသမားရဲ့အခြေအနေက ထင်သလောက် မဆိုးပုံပေါ်နေတာဖြစ်ပါတယ်။

ကာစီမီရိုနဲ့ ဝီလ် ဟုချ်တို့ဟာ ခိုက်ရန်ဖြစ်ပွားပြီးနောက်မှာ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားပြီး ပြုံးရွှင်နေကြတာကို မြင်တွေ့ခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဒီဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ပြီးနောက်မှာ မူလထင်မြင်ခဲ့သလောက် မဆိုးရွားဘူးလို့ ခံစားခဲ့ရပြီး အလားတူလုပ်ဆောင်ခဲ့ကြတဲ့ အခြားကစားသမားတွေကို အပြစ်မပေးခဲ့တာကြောင့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

“အနှေးပြကွက်မဟုတ်တဲ့အချိန်မှာ ထင်သလောက် မဆိုးသလို ကြာလည်း ကြာခဲ့တဲ့ပုံ မပေါ်ပါဘူး။ ဒီဖြစ်စဉ်ကို အယူခံဝင်ရမယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီဟာကို ကြည့်လိုက်မိတော့ သူ့ကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာက ရယ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ သူက ရန်ပွဲထဲမှာ ဝင်ပါချိန်မှာ ဟုချ်ကို ဆွဲထားတာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာစီမီရိုရဲ့ အနီကတ်ဆုံးဖြတ်ချက်ကို အယူခံဝင်ချင်လားဆိုတာကို ဆုံးဖြတ်ရသေးခြင်းမရှိဘဲ အယူခံမအောင်မြင်ဘူးဆိုရင် ၄ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် တိုးမြှင့်ကျခံရမှာဖြစ်တာကြောင့် ကာရာဘောင်းဖလား ဗိုလ်လုပွဲကိုပါ လွဲချော်သွားနိုင်တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ကာစီမီ႐ိုဟာ စေနေန႔ညေနက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခရစၥတယ္ ပဲေလ့စ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ VAR နဲ႔ စစ္ေဆးၿပီးေနာက္ ၾကမ္းတမ္းတဲ့ အျပဳအမူကို က်ဴးလြန္ခဲ့တယ္လို႔ ေတြ႕ရွိခဲ့တာေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

အသက္ ၃၀ အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ပြဲကစားခ်ိန္ ၆၆ မိနစ္မွာ ႏွစ္ဖက္အသင္း ကစားသမားေတြၾကား ျဖစ္ပြားခဲ့တဲ့ ရန္ပြဲမွာ ပါဝင္ပတ္သက္ခဲ့တာျဖစ္ၿပီး အထူးသျဖင့္ ပဲေလ့စ္ကြင္းလယ္ကစားသမား ဝီလ္ ဟုခ်္နဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

ခရစၥတယ္ ပဲေလ့စ္ရဲ႕ ေခ်ပဂိုးသြင္းရွင္ ရွလြတ္ပ္က ေဘာလုံးလုယူဖို႔ ႀကိးပမ္းခဲ့တဲ့ အန္တိုနီကို ေၾကညာဘုတ္ဆီကို တြန္းထုတ္ခဲ့ၿပီးေနာက္ ႏွစ္ဖက္အသင္းကစားသမားေတြၾကား ရန္ပြဲစတင္ခဲ့တာျဖစ္ၿပီး ကစားသမားေတြၾကား အျပန္အလွန္ တြန္းထိုးခဲ့ၾကၿပီးေနာက္ ကာစီမီ႐ိုဟာ ဝီလ္ ဟုခ်္ရဲ႕ လည္ပင္းကို ညႇစ္ထားခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ကြင္းလယ္ဒိုင္ မာရီနာက VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားကို အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ၿပီး လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ပရိသတ္တစ္ဦး ႐ိုက္ကူးထားတဲ့ ႐ုပ္သံဖိုင္အသစ္အရ ဘရာဇီးလ္ကြင္းလယ္ကစားသမားရဲ႕အေျခအေနက ထင္သေလာက္ မဆိုးပုံေပၚေနတာျဖစ္ပါတယ္။

ကာစီမီ႐ိုနဲ႔ ဝီလ္ ဟုခ်္တို႔ဟာ ခိုက္ရန္ျဖစ္ပြားၿပီးေနာက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ဖက္ထားၿပီး ၿပဳံး႐ႊင္ေနၾကတာကို ျမင္ေတြ႕ခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ဒီဗီဒီယိုဖိုင္ကို ျမင္ေတြ႕ခဲ့ၿပီးေနာက္မွာ မူလထင္ျမင္ခဲ့သေလာက္ မဆိုး႐ြားဘူးလို႔ ခံစားခဲ့ရၿပီး အလားတူလုပ္ေဆာင္ခဲ့ၾကတဲ့ အျခားကစားသမားေတြကို အျပစ္မေပးခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာ ေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။

“အေႏွးျပကြက္မဟုတ္တဲ့အခ်ိန္မွာ ထင္သေလာက္ မဆိုးသလို ၾကာလည္း ၾကာခဲ့တဲ့ပုံ မေပၚပါဘူး။ ဒီျဖစ္စဥ္ကို အယူခံဝင္ရမယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီဟာကို ၾကည့္လိုက္မိေတာ့ သူ႔ကို အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာက ရယ္စရာေကာင္းတဲ့ ဆုံးျဖတ္ခ်က္ပဲ။ သူက ရန္ပြဲထဲမွာ ဝင္ပါခ်ိန္မွာ ဟုခ်္ကို ဆြဲထားတာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကာစီမီ႐ိုရဲ႕ အနီကတ္ဆုံးျဖတ္ခ်က္ကို အယူခံဝင္ခ်င္လားဆိုတာကို ဆုံးျဖတ္ရေသးျခင္းမရွိဘဲ အယူခံမေအာင္ျမင္ဘူးဆိုရင္ ၄ ပြဲအထိ ပြဲပယ္ျပစ္ဒဏ္ တိုးျမႇင့္က်ခံရမွာျဖစ္တာေၾကာင့္ ကာရာေဘာင္းဖလား ဗိုလ္လုပြဲကိုပါ လြဲေခ်ာ္သြားႏိုင္တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.