La Liga

ကာရင် ဘန်ဇီးမားကို ကူညီဖို့ နောက်ထပ် ကာရင်ကို ခေါ်ယူမယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာရင် ဘန်ဇီးမားရဲ့ နေရာမှာ ဖြည့်ကစားပေးနိုင်ဖို့ ဒေါ့မွန်တိုက်စစ်မှူး ကာရင် အဒီယယ်မီကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ စပိန်သတင်းဌာန Okdiario တည်ထောင်သူ အက်ဒွါဒို အင်ဒါက ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာအသင်းက လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နေတာကြောင့် ၎င်းတို့ရဲ့ လာလီဂါဖလားကို လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အန်ဆလော့တီရဲ့အသင်းဟာ ယခုရာသီ ၁၉ ပွဲမှာ ရမှတ် ၄၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အဲဒါကြောင့် လာမယ့် ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွက် ကြိုတင်ပြင်ဆင်နေပုံပေါ်ပြီး ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်နဲ့ ဘန်ဇီးမားအတွက် အထောက်အကူပေးနိုင်မယ့် တိုက်စစ်မှူးသစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ လာမယ့်နှစ်မှာ စာချုပ်လျော်ကြေး ယူရိုသန်း ၂၀၀ အသက်ဝင်လာတော့မယ့် မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေပုံပေါ်ပြီး အဲဒါကြောင့် လာမယ့်ရာသီ တစ်ရာသီလောက်သာ ကစားနိုင်မယ့် တိုက်စစ်မှူးကို ခေါ်ယူနိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

အင်ဒါက လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာရင် ဘန်ဇီးမားရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားခေါ်ယူမှု ပြုလုပ်ဖို့ ကြိုးပမ်းနေတာကြောင့် တိုက်စစ်မှူး အများအပြားကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ ဟာလန်းကို ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းမှာဖြစ်တာကြောင့် ကြယ်ပွင့်တိုက်စစ်မှူးတစ်ဦးကို ချက်ချင်းခေါ်ယူဦးမှာမဟုတ်သေးဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

“ရီးရဲလ်မက်ဒရစ်က တိုက်စစ်မှူးအများအပြားကို လိုက်နေတယ်။ ဘာနေဗျူးက ဘန်ဇီးမားရဲ့နေရာမှာ အစားထိုးဖို့ တစ်စုံတယောက်ရှိဖို့လိုတယ်ဆိုတာကို ရီးရဲလ်ဆိုစီဒက်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ အလှည့်အပြောင်းတွေဖြစ်လာတဲ့အချိန်မှာ ပန်းတိုင်တစ်ခုရှိလာတယ်။ မက်ဒရစ်မျိုးရိုးရှိပါတယ်”

“ဒါပေမယ့် သူတို့တွေ ဒုတိယတိုက်စစ်မှူးလိုပါတယ်။သူတို့တွေ ကြယ်ပွင့်ကစားသမားတစ်ဦးကိုတော့ ခေါ်ယူသွားမှာမဟုတ်တာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ဟာလန်းရဲ့ စာချုပ်ပါအချက်ကို အသက်သွင်းနိုင်တဲ့အချိန်ကျရင် ခေါ်ယူမှာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ ကာရင္ ဘန္ဇီးမားရဲ႕ ေနရာမွာ ျဖည့္ကစားေပးႏိုင္ဖို႔ ေဒါ့မြန္တိုက္စစ္မႉး ကာရင္ အဒီယယ္မီကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ စပိန္သတင္းဌာန Okdiario တည္ေထာင္သူ အက္ဒြါဒို အင္ဒါက ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ဘာစီလိုနာအသင္းက လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အသာနဲ႔ ဦးေဆာင္ေနတာေၾကာင့္ ၎တို႔ရဲ႕ လာလီဂါဖလားကို လက္လႊတ္ဆုံးရႈံးရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး အန္ဆေလာ့တီရဲ႕အသင္းဟာ ယခုရာသီ ၁၉ ပြဲမွာ ရမွတ္ ၄၅ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အဲဒါေၾကာင့္ လာမယ့္ ၂၀၂၃-၂၀၂၄ ရာသီမတိုင္ခင္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြက္ ႀကိဳတင္ျပင္ဆင္ေနပုံေပၚၿပီး ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္နဲ႔ ဘန္ဇီးမားအတြက္ အေထာက္အကူေပးႏိုင္မယ့္ တိုက္စစ္မႉးသစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

စပိန္လာလီဂါထိပ္သီးအသင္းႀကီးဟာ လာမယ့္ႏွစ္မွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၂၀၀ အသက္ဝင္လာေတာ့မယ့္ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ ျပင္ဆင္ေနပုံေပၚၿပီး အဲဒါေၾကာင့္ လာမယ့္ရာသီ တစ္ရာသီေလာက္သာ ကစားႏိုင္မယ့္ တိုက္စစ္မႉးကို ေခၚယူႏိုင္တယ္လို႔ ေျပာဆိုမႈေတြလည္း ရွိေနခဲ့တာ ျဖစ္ပါတယ္။

အင္ဒါက လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ကာရင္ ဘန္ဇီးမားရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ကစားသမားေခၚယူမႈ ျပဳလုပ္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ တိုက္စစ္မႉး အမ်ားအျပားကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ဟာ ဟာလန္းကို ၂၀၂၄ ခုႏွစ္အထိ ေစာင့္ဆိုင္းမွာျဖစ္တာေၾကာင့္ ၾကယ္ပြင့္တိုက္စစ္မႉးတစ္ဦးကို ခ်က္ခ်င္းေခၚယူဦးမွာမဟုတ္ေသးဘူးလို႔လည္း ေျပာဆိုခဲ့ပါတယ္။

“ရီးရဲလ္မက္ဒရစ္က တိုက္စစ္မႉးအမ်ားအျပားကို လိုက္ေနတယ္။ ဘာေနဗ်ဴးက ဘန္ဇီးမားရဲ႕ေနရာမွာ အစားထိုးဖို႔ တစ္စုံတေယာက္ရွိဖို႔လိုတယ္ဆိုတာကို ရီးရဲလ္ဆိုစီဒက္နဲ႔ပြဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ အလွည့္အေျပာင္းေတြျဖစ္လာတဲ့အခ်ိန္မွာ ပန္းတိုင္တစ္ခုရွိလာတယ္။ မက္ဒရစ္မ်ိဳး႐ိုးရွိပါတယ္”

“ဒါေပမယ့္ သူတို႔ေတြ ဒုတိယတိုက္စစ္မႉးလိုပါတယ္။သူတို႔ေတြ ၾကယ္ပြင့္ကစားသမားတစ္ဦးကိုေတာ့ ေခၚယူသြားမွာမဟုတ္တာ သိသာပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ဟာလန္းရဲ႕ စာခ်ဳပ္ပါအခ်က္ကို အသက္သြင္းႏိုင္တဲ့အခ်ိန္က်ရင္ ေခၚယူမွာမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.