အာဆင်နယ်တို့အနေနဲ့ အဲဗာတန်အသင်းကို အဝေးကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ သုံးရာသီဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ဆက်လက် ပိုင်ဆိုင်သွားခဲ့ပြန်ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့ ကစားသမားဘဝ အသင်းဟောင်းကို လုံးဝ အသာစီး မယူနိုင်ဘဲ ရှိနေခဲ့သလို ဒီနေ့မှာလည်း ဆက်လက်ပြီး ခါးသီးမှုတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ မစိမ်းလှတဲ့ နည်းပြသစ် ရှောင်ဒိုက်ချ်အနေနဲ့ အဲဗာတန်ခံစစ်ကို လုံခြုံအောင် တည်ဆောက်သွားနိုင်ခဲ့ပြီး ကွင်းလယ်မှာ လမ်းပတ်လက်ထက်က အပယ်ခံ ဒူကူရေးကို ပြန်သုံးခဲ့သလို ကစားအားကောင်းကောင်းနဲ့ အာဆင်နယ်တို့ကို တစ်ချိန်လုံး ဖိအားပေးပြီး ခံစစ်မှာတော့ တစ်သင်းလုံး ပြန်စုကစားခဲ့တာပါ။
ဒီပွဲမှာတော့ အဲဗာတန်တို့ ကောင်းလွန်းလို့ထက် အာဆင်နယ်တို့က ပိုမိုစုတ်ချာခဲ့တာဖြစ်ပြီး အရင်ပွဲတွေက စွမ်းဆောင်ရည်မျိုး ရှိမနေခဲ့တဲ့အပြင် ခြေစွမ်းက ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းနေခဲ့ပြီး ဇန်နဝါရီ အကောင်းဆုံးနည်းပြဆု ရခဲ့တဲ့ အာတီတာအတွက်တော့ ကျိန်စာသင့်ခဲ့ချိန်မှာ သူတို့တွေ ဘာတွေ မှားခဲ့သလဲဆိုတာ သုံးသပ်ထားပါတယ်။
၁။ ခန့်မှန်းရလွယ်ကူလွန်းခြင်း
အာဆင်နယ်တို့အနေနဲ့ ဒီလူစာရင်းကိုပဲ တစ်ချိန်လုံး ပွဲထုတ်နေခဲ့ပြီး ဘယ်အချိန်မှာ ဘာတွေ လုပ်မယ်ဆိုတာကို ပြိုင်ဘက်ကစားသမားတွေနဲ့ နည်းပြတွေ ခန့်မှန်းရ လွယ်ကူအောင် အခွင့်အရေးပေးသလိုဖြစ်နေခဲ့ပါတယ်။ တစ်ခါလာလည်း ချာကာ၊ ပါတေး၊ အော်ဒီဂွါဒ်ဖြစ်နေတဲ့ ကွင်းလယ်က ပွဲဆက်များပြီး အလုပ်မဖြစ်ခဲ့သလို တိုက်စစ်ကစားရင် ခံစစ်မှာ သုံးယောက်နဲ့ ၃-၄-၃ ဖြစ်သွားပြီး တောင်ပံတွေက လွတ်ကွက်တွေကို မရောက်မချင်း စိတ်ရှည်လက်ရှည် ပေးကစားတဲ့ ပုံစံက အဲဗာတန်တို့ အကြိုက်ဖြစ်သွားခဲ့တာပါ။ အာဆင်နယ်တို့ရဲ့ Final Ball တွေ ပေးမယ့်အချိန်မျိုးမှာ အဲဗာတန် တောင်ပံတွေက နှစ်ဖက်စလုံးကနေ ပိတ်ဆို့သွားနိုင်ခဲ့လို့ ဒီနေ့ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။
၂။ စိတ်ရှည်လက်ရှည် ကစားလွန်းခြင်း
ဒီနေ့ပွဲမှာလည်း သူတို့တွေအနေနဲ့ တိုက်စစ်ကို ဝုန်းဒိုင်းဆိုပြီး အမြန်သွားရမယ့်အစား စိတ်ရှည်လက်ရှည် စောင့်ကစားပြီး ပုံဖော်နေခဲ့တာတွေက ကစားကွက်ကို ကျပ်သွားစေခဲ့သလို အဲဗာတန်ကစားသမားတွေကို နေရာယူချိန်ပေးသလိုဖြစ်ခဲ့ပါတယ်။ ကွင်းလယ်က လေးလံမှုတွေကလည်း သူတို့ကို စိတ်ကြိုက်မကစားစေနိုင်ခဲ့သလို မာတီနယ်လီနဲ့ ဆာကာတို့ ဘောလုံးရတိုင်း ဧရိယာထဲကို အချိန်ကိုက်ပြေးဝင်ဖို့ ကြိုးစားရမယ့် နောက်ခံအစွန်လူတွေက ပျက်ကွက်နေခဲ့ပြီး ဖောက်လို့မရရင် နောက်ပြန်ပေးတဲ့ မြင်းခွာပုံ ကစားကွက်လည်း ရှုံးပွဲနဲ့ ထိုက်တန်စေခဲ့တာပါ။
၃။ ဗျူဟာမြောက် မကစားနိုင်ခြင်း
ဘောလုံးကိုင်တတ်တဲ့ အသင်းတွေအနေနဲ့ တစ်ဖက်အသင်းက ပိတ်ကစားနေခဲ့ချိန်မှာ တိုက်စစ်ကို တစ်ချက်ကောင်း အငိုက်ဖမ်းပြီး ထိုးဖောက်ဖို့ တစ်ကွက်ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ တောင်ပံကို ပေးလိုက်တိုင်း ခံစစ်နှစ်ထပ်ရှိနေတဲ့ အဲဗာတန်တို့ကို ရုတ်တရက် ကန်သွင်းဖို့ မလွယ်ချိန်မှာ ချာကာရဲ့ လေးလံမှုတွေက သိသာလွန်းပြီး မာတီနယ်လီကို လိုက်မတွဲနိုင်ခဲ့တာကြောင့် ဘယ်ခြမ်းက သေသွားခဲ့သလို ညာခြမ်းက ဆာကာ ဘောလုံးရတိုင်း နကီးတီးယား၊ အော်ဒီဂွါဒ်နဲ့ ဘန်ဝှိုက်တို့က လိုက်ပါပံ့ပိုးပေးရမယ့်အစား ဘောလုံးစောင့်တောင်းနေခဲ့ကြလို့ နည်းပြ အာတီတာရဲ့ ဗျူဟာက အပြစ်ပြောစရာဖြစ်ခဲ့ရပါတယ်။
၄။ လူစားလဲမှု ညံ့ဖျင်းလွန်းခြင်း
ပထမပိုင်းမှာ အာဆင်နယ်ဘက်က ဘယ်သူတွေ ညံ့နေခဲ့သလဲဆိုတာ ပရိသတ်တွေကတောင် သိနေခဲ့တာပါ။ အညံ့ဆုံး ကစားသမား သုံးဦးကတော့ ဘန်ဝှိုက်၊ ချာကာနဲ့ နကီးတီးယားတို့ဖြစ်ပြီး အဲဗာတန်ခံစစ်ကြားမှာ နစ်မြုပ်နေတဲ့ နကီးတီးယားနဲ့ ချာကာတို့က အိပ်ကောင်းနေခဲ့ချိန်မှာ ဘန်ဝှိုက်ကတော့ ခံစစ်လည်း မကူနိုင်၊ တိုက်စစ်လည်း မလိုက်နိုင်တဲ့ ညာခြမ်းမှာ ခြေပျက်နေခဲ့ပါတယ်။ သူ့ကို တိုမီယာစုနဲ့ ဒုတိယပိုင်းအစမှာလဲပြီး တောင်ပံခံစစ်နဲ့ တိုက်စစ်ကို မာအောင် တည်ဆောက်ရမယ့်အစား မန်ယူနဲ့ပွဲမှာ လဲမိတာကို အားနာနေပုံနဲ့ အာတီတာက ပွဲပြီးခါနီးအထိ သုံးသွားခဲ့တာပါ။ ခံစစ်မှာ မကောင်းလှပေမယ့်လည်း ဟိတ်ဟန်ရှိတဲ့ ပါတေးအစား ဂျော်ဂျင်ညိုကို ထည့်လိုက်ချိန်မှာတော့ ကွင်းလယ်မှာ သူနဲ့ ချာကာက နှေးကွေးလွန်းတဲ့ အတွဲအဖက်ဖြစ်သွားခဲ့ပြီး ထရော့ဆတ်နဲ့လည်း တွဲမယ့် အော်ဒီဂွါဒ်ကိုပါ ဖာဘီယို ဗီယာရာနဲ့ အံ့အားသင့်စရာ လူစားလဲသွားခဲ့လို့ အစွယ်မရှိ အဆိပ်မရှိဖြစ်သွားခဲ့ရပါတယ်။
၅။ မိုးထဲရေထဲဆို ဂိုးမသွင်းတတ်ခြင်း
အာဆင်နယ်တို့အနေနဲ့ ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် ခံစားရတာက နှစ်ပွဲရှိလာခဲ့ပြီး နယူးကာဆယ်လ်နဲ့ ပွဲမှာလည်း ဒီလိုပဲဖြစ်ခဲ့တာပါ။ တစ်ဂိုးမှ မပေးရရင် သရေ၊ တစ်ဂိုးပေးရရင် အရှုံးဆိုတာက ချန်ပီယံခြေစွမ်းနဲ့ လားလားမှ မဆိုင်ဘဲဖြစ်နေခဲ့ပြီး တိုက်စစ်က စပုတ်တံလေး နကီးတီးယားက တစ်ဖက်ခံစစ်ကို ဖြဲဖို့ခွဲဖို့ ဘာမှ မစွမ်းဆောင်နိုင်တာပါ။ ဂိုးတွေ ရနေလို့ ဝေဖန်သူတေွ အသံတိတ်နေခဲ့ပေမယ့် သူ့ရဲ့ တိုးအားနဲ့ အရပ်အမောင်းမရှိတဲ့ ကိစ္စက အားလုံးစိတ်ပူစရာလည်းဖြစ်ပြီး ဇန်နဝါရီမှာ အထောင်တိုက်စစ်မှူး မဝယ်ခဲ့ဘဲ ကလေးကစားသလို လုပ်ခဲ့တာကနေ အပြစ်ပေးမခံရဖို့တော့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဂျေဆူးစ် ပြန်မလာမချင်း ဘုရားနာနာရှိခိုးပြီး ဆုတောင်းရတော့မှာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာတင်မဟုတ်ဘဲ သူ့ရဲ့ နည်းပြအဖွဲ့အနေနဲ့ပါ အိုင်ဒီယာ ခြောက်ခန်းနေခဲ့ပုံရပြီး နကီးတီးယားမှ မဟုတ်ရင် မာတီနယ်လီက အထောင်ဝင်ကစားဖို့ မဖြစ်နိုင်ဘူးလားဆိုတဲ့ အတွေးမျိုးတောင် မရှိခဲ့ဘဲ အပြောင်းအလဲ မလုပ်ရဲခဲ့တာတွေက ဆိုးရွားလွန်းခဲ့သလို လာမယ့်ပွဲတွေမှာသာ ဒီလိုမျိုးဆက်ဖြစ်ခဲ့ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆုတောင်းရမယ့် အနေအထားကို ရောက်သွားနိုင်သလို နှစ်နှစ်ဆယ်ကျော်မှ စိတ်ကူးယဉ်တဲ့ ပရီးမီးယားလိဂ်ဖလားကိုတော့ မေ့ပစ်လိုက်ရမှာကြောင့် အချိန်မီပြင်ဆင်ဖို့ လိုအပ်နေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဆင္နယ္တို႔အေနနဲ႔ အဲဗာတန္အသင္းကို အေဝးကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ သုံးရာသီဆက္တိုက္ ရႈံးနိမ့္ခဲ့တဲ့ မွတ္တမ္းဆိုးကို ဆက္လက္ ပိုင္ဆိုင္သြားခဲ့ျပန္ၿပီး နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ရဲ႕ ကစားသမားဘဝ အသင္းေဟာင္းကို လုံးဝ အသာစီး မယူႏိုင္ဘဲ ရွိေနခဲ့သလို ဒီေန႔မွာလည္း ဆက္လက္ၿပီး ခါးသီးမႈေတြနဲ႔ပဲ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ပရိသတ္ေတြနဲ႔ မစိမ္းလွတဲ့ နည္းျပသစ္ ေရွာင္ဒိုက္ခ်္အေနနဲ႔ အဲဗာတန္ခံစစ္ကို လုံၿခဳံေအာင္ တည္ေဆာက္သြားႏိုင္ခဲ့ၿပီး ကြင္းလယ္မွာ လမ္းပတ္လက္ထက္က အပယ္ခံ ဒူကူေရးကို ျပန္သုံးခဲ့သလို ကစားအားေကာင္းေကာင္းနဲ႔ အာဆင္နယ္တို႔ကို တစ္ခ်ိန္လုံး ဖိအားေပးၿပီး ခံစစ္မွာေတာ့ တစ္သင္းလုံး ျပန္စုကစားခဲ့တာပါ။
ဒီပြဲမွာေတာ့ အဲဗာတန္တို႔ ေကာင္းလြန္းလို႔ထက္ အာဆင္နယ္တို႔က ပိုမိုစုတ္ခ်ာခဲ့တာျဖစ္ၿပီး အရင္ပြဲေတြက စြမ္းေဆာင္ရည္မ်ိဳး ရွိမေနခဲ့တဲ့အျပင္ ေျခစြမ္းက ၅၀ ရာခိုင္ႏႈန္းေအာက္ကို က်ဆင္းေနခဲ့ၿပီး ဇန္နဝါရီ အေကာင္းဆုံးနည္းျပဆု ရခဲ့တဲ့ အာတီတာအတြက္ေတာ့ က်ိန္စာသင့္ခဲ့ခ်ိန္မွာ သူတို႔ေတြ ဘာေတြ မွားခဲ့သလဲဆိုတာ သုံးသပ္ထားပါတယ္။
၁။ ခန႔္မွန္းရလြယ္ကူလြန္းျခင္း
အာဆင္နယ္တို႔အေနနဲ႔ ဒီလူစာရင္းကိုပဲ တစ္ခ်ိန္လုံး ပြဲထုတ္ေနခဲ့ၿပီး ဘယ္အခ်ိန္မွာ ဘာေတြ လုပ္မယ္ဆိုတာကို ၿပိဳင္ဘက္ကစားသမားေတြနဲ႔ နည္းျပေတြ ခန႔္မွန္းရ လြယ္ကူေအာင္ အခြင့္အေရးေပးသလိုျဖစ္ေနခဲ့ပါတယ္။ တစ္ခါလာလည္း ခ်ာကာ၊ ပါေတး၊ ေအာ္ဒီဂြါဒ္ျဖစ္ေနတဲ့ ကြင္းလယ္က ပြဲဆက္မ်ားၿပီး အလုပ္မျဖစ္ခဲ့သလို တိုက္စစ္ကစားရင္ ခံစစ္မွာ သုံးေယာက္နဲ႔ ၃-၄-၃ ျဖစ္သြားၿပီး ေတာင္ပံေတြက လြတ္ကြက္ေတြကို မေရာက္မခ်င္း စိတ္ရွည္လက္ရွည္ ေပးကစားတဲ့ ပုံစံက အဲဗာတန္တို႔ အႀကိဳက္ျဖစ္သြားခဲ့တာပါ။ အာဆင္နယ္တို႔ရဲ႕ Final Ball ေတြ ေပးမယ့္အခ်ိန္မ်ိဳးမွာ အဲဗာတန္ ေတာင္ပံေတြက ႏွစ္ဖက္စလုံးကေန ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ ဒီေန႔ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့တာလည္းျဖစ္ပါတယ္။
၂။ စိတ္ရွည္လက္ရွည္ ကစားလြန္းျခင္း
ဒီေန႔ပြဲမွာလည္း သူတို႔ေတြအေနနဲ႔ တိုက္စစ္ကို ဝုန္းဒိုင္းဆိုၿပီး အျမန္သြားရမယ့္အစား စိတ္ရွည္လက္ရွည္ ေစာင့္ကစားၿပီး ပုံေဖာ္ေနခဲ့တာေတြက ကစားကြက္ကို က်ပ္သြားေစခဲ့သလို အဲဗာတန္ကစားသမားေတြကို ေနရာယူခ်ိန္ေပးသလိုျဖစ္ခဲ့ပါတယ္။ ကြင္းလယ္က ေလးလံမႈေတြကလည္း သူတို႔ကို စိတ္ႀကိဳက္မကစားေစႏိုင္ခဲ့သလို မာတီနယ္လီနဲ႔ ဆာကာတို႔ ေဘာလုံးရတိုင္း ဧရိယာထဲကို အခ်ိန္ကိုက္ေျပးဝင္ဖို႔ ႀကိဳးစားရမယ့္ ေနာက္ခံအစြန္လူေတြက ပ်က္ကြက္ေနခဲ့ၿပီး ေဖာက္လို႔မရရင္ ေနာက္ျပန္ေပးတဲ့ ျမင္းခြာပုံ ကစားကြက္လည္း ရႈံးပြဲနဲ႔ ထိုက္တန္ေစခဲ့တာပါ။
၃။ ဗ်ဴဟာေျမာက္ မကစားႏိုင္ျခင္း
ေဘာလုံးကိုင္တတ္တဲ့ အသင္းေတြအေနနဲ႔ တစ္ဖက္အသင္းက ပိတ္ကစားေနခဲ့ခ်ိန္မွာ တိုက္စစ္ကို တစ္ခ်က္ေကာင္း အငိုက္ဖမ္းၿပီး ထိုးေဖာက္ဖို႔ တစ္ကြက္ကိုပဲ အသုံးျပဳရမွာျဖစ္ပါတယ္။ အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ေတာင္ပံကို ေပးလိုက္တိုင္း ခံစစ္ႏွစ္ထပ္ရွိေနတဲ့ အဲဗာတန္တို႔ကို ႐ုတ္တရက္ ကန္သြင္းဖို႔ မလြယ္ခ်ိန္မွာ ခ်ာကာရဲ႕ ေလးလံမႈေတြက သိသာလြန္းၿပီး မာတီနယ္လီကို လိုက္မတြဲႏိုင္ခဲ့တာေၾကာင့္ ဘယ္ျခမ္းက ေသသြားခဲ့သလို ညာျခမ္းက ဆာကာ ေဘာလုံးရတိုင္း နကီးတီးယား၊ ေအာ္ဒီဂြါဒ္နဲ႔ ဘန္ဝႈိက္တို႔က လိုက္ပါပံ့ပိုးေပးရမယ့္အစား ေဘာလုံးေစာင့္ေတာင္းေနခဲ့ၾကလို႔ နည္းျပ အာတီတာရဲ႕ ဗ်ဴဟာက အျပစ္ေျပာစရာျဖစ္ခဲ့ရပါတယ္။
၄။ လူစားလဲမႈ ညံ့ဖ်င္းလြန္းျခင္း
ပထမပိုင္းမွာ အာဆင္နယ္ဘက္က ဘယ္သူေတြ ညံ့ေနခဲ့သလဲဆိုတာ ပရိသတ္ေတြကေတာင္ သိေနခဲ့တာပါ။ အညံ့ဆုံး ကစားသမား သုံးဦးကေတာ့ ဘန္ဝႈိက္၊ ခ်ာကာနဲ႔ နကီးတီးယားတို႔ျဖစ္ၿပီး အဲဗာတန္ခံစစ္ၾကားမွာ နစ္ျမဳပ္ေနတဲ့ နကီးတီးယားနဲ႔ ခ်ာကာတို႔က အိပ္ေကာင္းေနခဲ့ခ်ိန္မွာ ဘန္ဝႈိက္ကေတာ့ ခံစစ္လည္း မကူႏိုင္၊ တိုက္စစ္လည္း မလိုက္ႏိုင္တဲ့ ညာျခမ္းမွာ ေျခပ်က္ေနခဲ့ပါတယ္။ သူ႔ကို တိုမီယာစုနဲ႔ ဒုတိယပိုင္းအစမွာလဲၿပီး ေတာင္ပံခံစစ္နဲ႔ တိုက္စစ္ကို မာေအာင္ တည္ေဆာက္ရမယ့္အစား မန္ယူနဲ႔ပြဲမွာ လဲမိတာကို အားနာေနပုံနဲ႔ အာတီတာက ပြဲၿပီးခါနီးအထိ သုံးသြားခဲ့တာပါ။ ခံစစ္မွာ မေကာင္းလွေပမယ့္လည္း ဟိတ္ဟန္ရွိတဲ့ ပါေတးအစား ေဂ်ာ္ဂ်င္ညိဳကို ထည့္လိုက္ခ်ိန္မွာေတာ့ ကြင္းလယ္မွာ သူနဲ႔ ခ်ာကာက ေႏွးေကြးလြန္းတဲ့ အတြဲအဖက္ျဖစ္သြားခဲ့ၿပီး ထေရာ့ဆတ္နဲ႔လည္း တြဲမယ့္ ေအာ္ဒီဂြါဒ္ကိုပါ ဖာဘီယို ဗီယာရာနဲ႔ အံ့အားသင့္စရာ လူစားလဲသြားခဲ့လို႔ အစြယ္မရွိ အဆိပ္မရွိျဖစ္သြားခဲ့ရပါတယ္။
၅။ မိုးထဲေရထဲဆို ဂိုးမသြင္းတတ္ျခင္း
အာဆင္နယ္တို႔အေနနဲ႔ ပိတ္ကစားတဲ့ အသင္းေတြနဲ႔ ေတြ႕ရင္ ခံစားရတာက ႏွစ္ပြဲရွိလာခဲ့ၿပီး နယူးကာဆယ္လ္နဲ႔ ပြဲမွာလည္း ဒီလိုပဲျဖစ္ခဲ့တာပါ။ တစ္ဂိုးမွ မေပးရရင္ သေရ၊ တစ္ဂိုးေပးရရင္ အရႈံးဆိုတာက ခ်န္ပီယံေျခစြမ္းနဲ႔ လားလားမွ မဆိုင္ဘဲျဖစ္ေနခဲ့ၿပီး တိုက္စစ္က စပုတ္တံေလး နကီးတီးယားက တစ္ဖက္ခံစစ္ကို ၿဖဲဖို႔ခြဲဖို႔ ဘာမွ မစြမ္းေဆာင္ႏိုင္တာပါ။ ဂိုးေတြ ရေနလို႔ ေဝဖန္သူေတြ အသံတိတ္ေနခဲ့ေပမယ့္ သူ႔ရဲ႕ တိုးအားနဲ႔ အရပ္အေမာင္းမရွိတဲ့ ကိစၥက အားလုံးစိတ္ပူစရာလည္းျဖစ္ၿပီး ဇန္နဝါရီမွာ အေထာင္တိုက္စစ္မႉး မဝယ္ခဲ့ဘဲ ကေလးကစားသလို လုပ္ခဲ့တာကေန အျပစ္ေပးမခံရဖို႔ေတာ့ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ေဂ်ဆူးစ္ ျပန္မလာမခ်င္း ဘုရားနာနာရွိခိုးၿပီး ဆုေတာင္းရေတာ့မွာျဖစ္ပါတယ္။
ဒီေန႔ပြဲမွာ အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာတင္မဟုတ္ဘဲ သူ႔ရဲ႕ နည္းျပအဖြဲ႕အေနနဲ႔ပါ အိုင္ဒီယာ ေျခာက္ခန္းေနခဲ့ပုံရၿပီး နကီးတီးယားမွ မဟုတ္ရင္ မာတီနယ္လီက အေထာင္ဝင္ကစားဖို႔ မျဖစ္ႏိုင္ဘူးလားဆိုတဲ့ အေတြးမ်ိဳးေတာင္ မရွိခဲ့ဘဲ အေျပာင္းအလဲ မလုပ္ရဲခဲ့တာေတြက ဆိုး႐ြားလြန္းခဲ့သလို လာမယ့္ပြဲေတြမွာသာ ဒီလိုမ်ိဳးဆက္ျဖစ္ခဲ့ရင္ေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဆုေတာင္းရမယ့္ အေနအထားကို ေရာက္သြားႏိုင္သလို ႏွစ္ႏွစ္ဆယ္ေက်ာ္မွ စိတ္ကူးယဥ္တဲ့ ပရီးမီးယားလိဂ္ဖလားကိုေတာ့ ေမ့ပစ္လိုက္ရမွာေၾကာင့္ အခ်ိန္မီျပင္ဆင္ဖို႔ လိုအပ္ေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.