လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ မာတစ်ပ်၊ ဂျိုးဂိုမက်ဇ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကီတာ၊ ဘိုင်ချက်တစ်ချ်နဲ့ သီယာဂိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂက်ခ်ပို၊ နူးညက်ဇ်နဲ့ ဆာလားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်အသင်းကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ လီမီနာ၊ ရူဘင် နာဗက်စ်၊ မက်သီယူးစ် နူးနက်စ်နဲ့ ဟွမ်းဟီးချန်းတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ မက်သီယူးစ် ကွန်ညာနဲ့ ဆာရားဘီးယားတို့ကို ကစားစေခဲ့တာပါ။
ပွဲချိန် ၅ မိနစ်မှာပဲ အိမ်ရှင်တွေ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ နူးနက်စ်ရဲ့ ပေးပို့မှုကို တောင်ပံကနေ ပြေးထွက်ခဲ့တဲ့ ဟွမ်းဟီးချန်းက ဂိုးရှေ့ကို ချိုးပေးဖို့ ကြိုးစားခဲ့ရာမှာ နောက်ခံလူ မာတစ်ချ်နဲ့ပြီး ဘောလုံးကို ဂိုးထဲကို ဝင်လာခဲ့လို့ အာနိုးလ်ဒ်နဲ့ အယ်လစ်ဆန်တို့ အငိုက်မိပြီး ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
ပွဲချိန် ၁၂ မိနစ်မှာ ဝုလ်ဗ်စ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်သလို ဖရီးကစ်ကတစ်ဆင့် မက်သီယူးစ် ကွန်ညာက ညာခြမ်းက ဖြတ်တင်ပေးတာကို ဂျိုးဂိုမက်ဇ် ရှင်းထုတ်လို့ ပြန်အကျမှာ ကေးလ်မန်း ကန်သွင်းခဲ့တာက ခံစစ်နဲ့ထိပြီး ပြန်ထွက်လာခဲ့တာကို ဒီနေ့ပွဲမှာမှ အသင်းနဲ့ စတင်ပွဲထွက်ခွင့်ရတဲ့ ဒေါ်ဆန်က အနီးကပ် Volley ကန်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။
ပွဲချိန် ၁၄ မိနစ်မှာ နူးညက်ဇ်ရဲ့ ဧရိယာထိပ်က ကန်ချက်ကို ဂျိုဆေးဆား ပုတ်ထုတ်သွားနိုင်ခဲ့သလို လီဗာပူးလ်တို့ရဲ့ တိုက်စစ်ပိုင်းက ဖန်တီးမှုတွေကလည်း ခြေပျက်နေတဲ့ ဂက်ခ်ပိုနဲ့အတူ ဂိုးသွင်းဘုရင် ဆာလားဆီကို ကောင်းကောင်းမရောက်ခဲ့လို့ ဝုလ်ဗ်စ်တို့ စိတ်အေးခဲ့ရပြီး ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာတော့ လီဗာပူးလ်တို့ တစ်သင်းလုံးတက်ပြီး ဖိတိုက်လာခဲ့သလို ကီတာက ဧရိယာထိပ်က ကန်ချက်နှစ်ကြိမ်နဲ့ ခြိမ်းခြောက်ခဲ့ပေမယ့် ဝုလ်ဗ်စ်တို့ ဂိုးစည်းရှေ့ကနေ ပိတ်ဆို့ရှင်းထုတ်သွားနိုင်ခဲ့ကြပြီး လက်ထိခဲ့တဲ့ ကေးလ်မန်းကိုတော့ သာမန်ဖြစ်ရပ်အဖြစ် ပင်နယ်တီ ပေးဖို့ မထိုက်တန်ဘူးလို့ ပယ်ချသွားခဲ့လို့ ဧည့်သည်တွေ စိတ်ပျက်ခဲ့ရတာပါ။
ပွဲချိန် ၅၅ မိနစ်မှာ ဆာလားက အနီးကပ် အခွင့်အရေးကို အသုံးမချနိုင်ဘဲ ချော်ကန်သွားခဲ့သလို သူ့ရဲ့ အဆုံးသတ်ပိုင်းတွေကတော့ ကျဆင်းနေတဲ့ လီဗာပူးလ်တိုက်စစ်နဲ့အတူ ပြဿနာရှိနေခဲ့ပြီဖြစ်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ ဖရိုဖရဲဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ ယာဂန် ကလော့ပ်တစ်ယောက် အလွယ်တကူ ပြင်ဆင်နိုင်ဖို့ မရှိသေးတဲ့ ပုံစံကိုလည်း ပေါ်လွင်နေစေခဲ့ပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝုလ်ဗ်စ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘိုင်ချက်တစ်ချ်ဆီက လုယူနိုင်ခဲ့တဲ့ လူစားဝင် ကွင်းလယ်လူ ဂျာအို မော်တင်ညိုက ညာခြမ်းကို လှမ်းခင်းပေးခဲ့ရာမှာ အဒါမာ ထရာအိုရေးက ပြေးလိုက်ပြီး တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်ချိုးပေးရာမှာ ရူဘင် နာဗက်စ်က ပြေးဝင်ရယူပြီး အယ်လစ်ဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ သွေးအေးအေး ကန်သွင်းယူသွားခဲ့တာပါ။
လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးလ်တို့အနေနဲ့ ဒီတိုက်စစ်သမားတွေဆီကနေ ဂိုးရဖို့ မမျှော်လင့်နိုင်တော့သလို ရုပ်ပျက်ဆင်းပျက် မဖြစ်ဖို့ကိုသာ ကွင်းလယ်နဲ့ ခံစစ်ကို ပြောင်းလဲကျားကန်သွားခဲ့ရသလို ဝုလ်ဗ်စ်တို့ကတော့ အနိုင်သုံးမှတ်နဲ့ Clean Sheet ရဖို့ လုပ်ဆောင်ခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ဒီပွဲရလဒ်ကြောင့် မိုလီနူးမှာ လီဗာပူးလ်တို့ အရှက်ကွဲခဲ့ရပြီး နောက်ဆုံးလေးပွဲမှာ သုံးပွဲရှုံးနိမ့်ခဲ့တဲ့ ရလဒ်နဲ့ အဆင့် ၁၀ မှာ ဆက်လက်ရပ်တည်နေခဲ့သလို ဥရောပ မျှော်လင့်ချက်တွေကတော့ ဝေလာဝေးဖြစ်ခဲ့ရချိန်မှာ ဝုလ်ဗ်စ်တို့ကတော့ နိုင်ပွဲကြောင့် တန်းဆင်းဇုန်ကနေ ရုန်းထွက်ပြီး အဆင့် ၁၅ မှာ ရပ်တည်နေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ မာတစ္ပ္၊ ဂ်ိဳးဂိုမက္ဇ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကီတာ၊ ဘိုင္ခ်က္တစ္ခ်္နဲ႔ သီယာဂိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂက္ခ္ပို၊ ႏူးညက္ဇ္နဲ႔ ဆာလားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
အိမ္ရွင္ ဝုလ္ဗာဟမ့္ပ္တန္အသင္းကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေဒၚဆန္၊ ေကးလ္မန္း၊ ဆီမီဒိုနဲ႔ အိုက္ႏူရီတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ လီမီနာ၊ ႐ူဘင္ နာဗက္စ္၊ မက္သီယူးစ္ ႏူးနက္စ္နဲ႔ ဟြမ္းဟီးခ်န္းတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ မက္သီယူးစ္ ကြန္ညာနဲ႔ ဆာရားဘီးယားတို႔ကို ကစားေစခဲ့တာပါ။
ပြဲခ်ိန္ ၅ မိနစ္မွာပဲ အိမ္ရွင္ေတြ အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ႏူးနက္စ္ရဲ႕ ေပးပို႔မႈကို ေတာင္ပံကေန ေျပးထြက္ခဲ့တဲ့ ဟြမ္းဟီးခ်န္းက ဂိုးေရွ႕ကို ခ်ိဳးေပးဖို႔ ႀကိဳးစားခဲ့ရာမွာ ေနာက္ခံလူ မာတစ္ခ်္နဲ႔ၿပီး ေဘာလုံးကို ဂိုးထဲကို ဝင္လာခဲ့လို႔ အာႏိုးလ္ဒ္နဲ႔ အယ္လစ္ဆန္တို႔ အငိုက္မိၿပီး ဂိုးေပးခဲ့ရတာ ျဖစ္ပါတယ္။
ပြဲခ်ိန္ ၁၂ မိနစ္မွာ ဝုလ္ဗ္စ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၾကျပန္သလို ဖရီးကစ္ကတစ္ဆင့္ မက္သီယူးစ္ ကြန္ညာက ညာျခမ္းက ျဖတ္တင္ေပးတာကို ဂ်ိဳးဂိုမက္ဇ္ ရွင္းထုတ္လို႔ ျပန္အက်မွာ ေကးလ္မန္း ကန္သြင္းခဲ့တာက ခံစစ္နဲ႔ထိၿပီး ျပန္ထြက္လာခဲ့တာကို ဒီေန႔ပြဲမွာမွ အသင္းနဲ႔ စတင္ပြဲထြက္ခြင့္ရတဲ့ ေဒၚဆန္က အနီးကပ္ Volley ကန္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။
ပြဲခ်ိန္ ၁၄ မိနစ္မွာ ႏူးညက္ဇ္ရဲ႕ ဧရိယာထိပ္က ကန္ခ်က္ကို ဂ်ိဳေဆးဆား ပုတ္ထုတ္သြားႏိုင္ခဲ့သလို လီဗာပူးလ္တို႔ရဲ႕ တိုက္စစ္ပိုင္းက ဖန္တီးမႈေတြကလည္း ေျခပ်က္ေနတဲ့ ဂက္ခ္ပိုနဲ႔အတူ ဂိုးသြင္းဘုရင္ ဆာလားဆီကို ေကာင္းေကာင္းမေရာက္ခဲ့လို႔ ဝုလ္ဗ္စ္တို႔ စိတ္ေအးခဲ့ရၿပီး ပထမပိုင္းမွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒုတိယပိုင္း ျပန္အစမွာေတာ့ လီဗာပူးလ္တို႔ တစ္သင္းလုံးတက္ၿပီး ဖိတိုက္လာခဲ့သလို ကီတာက ဧရိယာထိပ္က ကန္ခ်က္ႏွစ္ႀကိမ္နဲ႔ ၿခိမ္းေျခာက္ခဲ့ေပမယ့္ ဝုလ္ဗ္စ္တို႔ ဂိုးစည္းေရွ႕ကေန ပိတ္ဆို႔ရွင္းထုတ္သြားႏိုင္ခဲ့ၾကၿပီး လက္ထိခဲ့တဲ့ ေကးလ္မန္းကိုေတာ့ သာမန္ျဖစ္ရပ္အျဖစ္ ပင္နယ္တီ ေပးဖို႔ မထိုက္တန္ဘူးလို႔ ပယ္ခ်သြားခဲ့လို႔ ဧည့္သည္ေတြ စိတ္ပ်က္ခဲ့ရတာပါ။
ပြဲခ်ိန္ ၅၅ မိနစ္မွာ ဆာလားက အနီးကပ္ အခြင့္အေရးကို အသုံးမခ်ႏိုင္ဘဲ ေခ်ာ္ကန္သြားခဲ့သလို သူ႔ရဲ႕ အဆုံးသတ္ပိုင္းေတြကေတာ့ က်ဆင္းေနတဲ့ လီဗာပူးလ္တိုက္စစ္နဲ႔အတူ ျပႆနာရွိေနခဲ့ၿပီျဖစ္ၿပီး စိတ္ဓာတ္ပိုင္းဆိုင္ရာမွာပါ ဖ႐ိုဖရဲျဖစ္ေနတဲ့ ပုံစံကို ၾကည့္ရတာ ယာဂန္ ကေလာ့ပ္တစ္ေယာက္ အလြယ္တကူ ျပင္ဆင္ႏိုင္ဖို႔ မရွိေသးတဲ့ ပုံစံကိုလည္း ေပၚလြင္ေနေစခဲ့ပါတယ္။
ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဝုလ္ဗ္စ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘိုင္ခ်က္တစ္ခ်္ဆီက လုယူႏိုင္ခဲ့တဲ့ လူစားဝင္ ကြင္းလယ္လူ ဂ်ာအို ေမာ္တင္ညိဳက ညာျခမ္းကို လွမ္းခင္းေပးခဲ့ရာမွာ အဒါမာ ထရာအိုေရးက ေျပးလိုက္ၿပီး ေတာင္ပံကေန ဂိုးေရွ႕ကို ျဖတ္ခ်ိဳးေပးရာမွာ ႐ူဘင္ နာဗက္စ္က ေျပးဝင္ရယူၿပီး အယ္လစ္ဆန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေသြးေအးေအး ကန္သြင္းယူသြားခဲ့တာပါ။
လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ လီဗာပူးလ္တို႔အေနနဲ႔ ဒီတိုက္စစ္သမားေတြဆီကေန ဂိုးရဖို႔ မေမွ်ာ္လင့္ႏိုင္ေတာ့သလို ႐ုပ္ပ်က္ဆင္းပ်က္ မျဖစ္ဖို႔ကိုသာ ကြင္းလယ္နဲ႔ ခံစစ္ကို ေျပာင္းလဲက်ားကန္သြားခဲ့ရသလို ဝုလ္ဗ္စ္တို႔ကေတာ့ အႏိုင္သုံးမွတ္နဲ႔ Clean Sheet ရဖို႔ လုပ္ေဆာင္ခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။
ဒီပြဲရလဒ္ေၾကာင့္ မိုလီႏူးမွာ လီဗာပူးလ္တို႔ အရွက္ကြဲခဲ့ရၿပီး ေနာက္ဆုံးေလးပြဲမွာ သုံးပြဲရႈံးနိမ့္ခဲ့တဲ့ ရလဒ္နဲ႔ အဆင့္ ၁၀ မွာ ဆက္လက္ရပ္တည္ေနခဲ့သလို ဥေရာပ ေမွ်ာ္လင့္ခ်က္ေတြကေတာ့ ေဝလာေဝးျဖစ္ခဲ့ရခ်ိန္မွာ ဝုလ္ဗ္စ္တို႔ကေတာ့ ႏိုင္ပြဲေၾကာင့္ တန္းဆင္းဇုန္ကေန ႐ုန္းထြက္ၿပီး အဆင့္ ၁၅ မွာ ရပ္တည္ေနႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.