Match Report Premier League

ချန်ပီယံစော် မနံသေးဘဲ မန်နေဂျာဆု ဆေးမိတဲ့ အာတီတာနဲ့ အဲဗာတန်ကို ရှုံးတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ် ရှောင်ဒိုက်ချ်နဲ့ အိမ်ရှင် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ကိုဒီ၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာ၊ ဒူကူရေး၊ အီဝိုဘီနဲ့ မက်နီးလ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင် တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

အာဆင်နယ်တို့ရဲ့ စိတ်ရှည်လက်ရှည်ကစားပုံက ဒီနေ့မှာ Backfire ဖြစ်သွားခဲ့ပြီး သူတို့ရဲ့ စိတ်ရှည်မှုကြောင့် အဲဗာတန်တို့အနေနဲ့ ခံစစ်ဇုန်မှာ စနစ်တကျ နေရာယူခွင့် ရှိသွားခဲ့သလို နည်းပြ အာတီတာအနေနဲ့ ဒီနေ့ပွဲမှာ Passing ကောင်းကောင်းနဲ့ အမြန်ကစားရမယ့် ဗျူဟာပြောင်းလဲမှုကို မလုပ်ဆောင်နိုင်ခဲ့လို့ အိမ်ရှင်တွေရဲ့ စိတ်ကြိုက်ပိတ်ဆို့ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ခံစစ်က ဘန်ဝှိုက်ရဲ့ အတက်အဆင်းကစားပုံနဲ့ ကြံ့ခိုင်မှုက ပြောစရာဖြစ်နေခဲ့သလို ချာကာကလည်း လေးလံလွန်းနေခဲ့ပြီး လှုပ်ရှားမှုနည်းတဲ့ နကီးတီးယားကြောင့် မာတီနယ်လီရဲ့ ဘယ်တောင်ပံပါ ပိတ်သွားခဲ့တာကြောင့် အာဆင်နယ်တိုက်စစ်ကို အော်ဒီဂွါဒ်နဲ့ ဇင်ချန်ကိုတို့က လိုက်ပါပုံဖော်နေရပြီး ပါတေးကလည်း ကြံ့ခိုင်မှု ပြည့်ပုံမပေါ်လို့ တစ်သင်းလုံး ကစားအား ကျဆင်းနေခဲ့တာပါ။

အဲဗာတန်တို့ဘက်က ကဲလ်ဗတ်-လူဝင်နဲ့ ဒူကူရေးတို့ရဲ့ အပိုင်ခေါင်းတိုက်ချက်တွေ လွဲချော်ခဲ့သလို အာဆင်နယ်ဘက်က ဆာကာရဲ့ အမြော်အမြင်ရှိတဲ့ ကန်ချက်ကိုလည်း သူ့လိုပဲ ဉာဏ်ကောင်းနေတဲ့ ကိုဒီက ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ရှေ့ကနေ ဖျက်ထုတ်သွားခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။

ကစားအား မရှိတဲ့ ဘန်ဝှိုက်ကို တိုမီယာစုနဲ့ စောစောစီးစီး လဲရမယ့်အစား ဆက်ထားခဲ့တာက ဆာကာကို အထီးကျန်သွားစေခဲ့ပြီး အလုပ်မဖြစ်ခဲ့သလို ဒုတိယပိုင်းမှာလည်း လုပ်စားမရတဲ့ အာဆင်နယ်တို့အနေနဲ့ ချာကာကို ထုတ်ရမယ့်နေရာမှာ ပါတေးနဲ့ မာတီနယ်လီအစား ဂျော်ဂျင်ညိုနဲ့ ထရော့ဆတ်ကို လဲလိုက်ရာမှာတော့ ချက်ချင်းပဲ ငါးပါးမှောက်ခဲ့တာပါ။

ပွဲချိန်မိနစ် ၆၀ မှာတော့ အဲဗာတန်တို့ ဂိုးရသွားခဲ့ပြီး ထောင့်ကန်ဘောကနေ မက်နီးလ် ကန်ပို့ပေးတာကို တာကော့ဗ်စကီးက အော်ဒီဂွါဒ် တွန်းထားတဲ့ကြားက ခေါင်းတိုက်သွားခဲ့တာကြောင့် အာဆင်နယ်တို့ နောက်က လိုက်ကစားခဲ့ရပြီး တကယ်လို့ ဒီဂိုးမှာ အဖျက်ကို ကြိုးစားတဲ့ ပါတေးနဲ့ မာတီနယ်လီတို့ ရှိနေခဲ့ရင် ဒီလောက် အခြေအနေ ဆိုးချင်မှ ဆိုးသွားနိုင်မှာလည်းဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် အာဆင်နယ်တို့ရဲ့ စိတ်ဓာတ်ရော ဆာလောင်မှုကပါ တက်မလာခဲ့သလို ထရော့ဆတ်က လွဲချော်နေခဲ့ပြီး အော်ဒီဂွါဒ်ကလည်း ခြေစွမ်းပါမလာတဲ့ နိုင်လိုစိတ် တစ်ခုတည်းနဲ့ ဘာမှ မဖြစ်ခဲ့တာကြောင့် တစ်သင်းလုံး ပိတ်ကစားတဲ့ အဲဗာတန်တို့ ဖျက်ထုတ်သွားနိုင်ခဲ့ကြပြီး ဇယားထိပ်က ဘဲတွေ ဘာမှ မတတ်နိုင်ဘဲဖြစ်လာခဲ့တာပါ။

အာတီတာရဲ့ အော်ဒီဂွါဒ်အစား ဗီယာရာကို ထည့်တာက မလိုအပ်ဘဲ တိုက်စစ်ကို ကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်ခဲ့သလို စုတ်ပြတ်နေတဲ့ ဘန်ဝှိုက်အစား ပွဲချိန် ၈၅ မိနစ်မှာမှ တိုမီယာစုကို ထည့်ခဲ့တော့လည်း ကြီးကြီးမားမားတော့ တိုးတက်မှု ရှိမလာခဲ့ဘဲ အဲဗာတန်တို့ရဲ့ တစ်သင်းလုံးပိတ်၊ တစ်သင်းလုံးညစ်မှုတွေမှာ အားပျော့ပျက်ပြယ်သွားခဲ့ရပါတယ်။

အဲဗာတန်ကစားသမားတွေရော ပရိသတ်တွေပါ တတ်နိုင်သမျှ အချိန်ဆွဲမှုတွေကြောင့် နာကျင်အချိန်ပို ၇ မိနစ်အထိ ပေးခဲ့ပေမယ့် အာဆင်နယ်တို့ ဘာမှ မတတ်နိုင်ခဲ့သလို အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် လူလုံးလူဖန်ရှိတဲ့ တိုက်စစ်မှူးမျိုး ရှိမနေတာက သူတို့ကို အထိနာစေခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ရှုံးနိမ့်ခဲ့ရတာပါ။

ဒီပွဲရလဒ်ကြောင့် တန်းဆင်းဇုန်ရုန်းနေတဲ့ အဲဗာတန်တို့အတွက် အနိုင်သုံးမှတ်နဲ့အတူ အဆင့် ၁၇ နေရာကို တက်လှမ်းလာနိုင်ခဲ့သလို အာဆင်နယ်တို့ကတော့ ဒီတစ်ပတ်မှာ မန်စီးတီးတို့ နိုင်ပွဲဆက်ခဲ့မယ်ဆိုရင် ၂ မှတ်အထိ ကပ်သွားနိုင်တဲ့ စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပြီး နည်းပြ အာတီတာအနေနဲ့တော့ ပွဲအပေါ် ချဉ်းကပ်မှုတွေမှာ ဒီနေ့ထက်ပို ပါးနပ်ဖို့လိုကြောင်း သင်ခန်းစာရသွားလောက်ပြီလို့ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

နည္းျပသစ္ ေရွာင္ဒိုက္ခ်္နဲ႔ အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ကိုဒီ၊ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ အိုနာနာ၊ ဒူကူေရး၊ အီဝိုဘီနဲ႔ မက္နီးလ္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္ တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

အာဆင္နယ္တို႔ရဲ႕ စိတ္ရွည္လက္ရွည္ကစားပုံက ဒီေန႔မွာ Backfire ျဖစ္သြားခဲ့ၿပီး သူတို႔ရဲ႕ စိတ္ရွည္မႈေၾကာင့္ အဲဗာတန္တို႔အေနနဲ႔ ခံစစ္ဇုန္မွာ စနစ္တက် ေနရာယူခြင့္ ရွိသြားခဲ့သလို နည္းျပ အာတီတာအေနနဲ႔ ဒီေန႔ပြဲမွာ Passing ေကာင္းေကာင္းနဲ႔ အျမန္ကစားရမယ့္ ဗ်ဴဟာေျပာင္းလဲမႈကို မလုပ္ေဆာင္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြရဲ႕ စိတ္ႀကိဳက္ပိတ္ဆို႔ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ခံစစ္က ဘန္ဝႈိက္ရဲ႕ အတက္အဆင္းကစားပုံနဲ႔ ႀကံ့ခိုင္မႈက ေျပာစရာျဖစ္ေနခဲ့သလို ခ်ာကာကလည္း ေလးလံလြန္းေနခဲ့ၿပီး လႈပ္ရွားမႈနည္းတဲ့ နကီးတီးယားေၾကာင့္ မာတီနယ္လီရဲ႕ ဘယ္ေတာင္ပံပါ ပိတ္သြားခဲ့တာေၾကာင့္ အာဆင္နယ္တိုက္စစ္ကို ေအာ္ဒီဂြါဒ္နဲ႔ ဇင္ခ်န္ကိုတို႔က လိုက္ပါပုံေဖာ္ေနရၿပီး ပါေတးကလည္း ႀကံ့ခိုင္မႈ ျပည့္ပုံမေပၚလို႔ တစ္သင္းလုံး ကစားအား က်ဆင္းေနခဲ့တာပါ။

အဲဗာတန္တို႔ဘက္က ကဲလ္ဗတ္-လူဝင္နဲ႔ ဒူကူေရးတို႔ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ေတြ လြဲေခ်ာ္ခဲ့သလို အာဆင္နယ္ဘက္က ဆာကာရဲ႕ အေျမာ္အျမင္ရွိတဲ့ ကန္ခ်က္ကိုလည္း သူ႔လိုပဲ ဉာဏ္ေကာင္းေနတဲ့ ကိုဒီက ဂိုးသမား မရွိေတာ့တဲ့ ဂိုးေပါက္ေရွ႕ကေန ဖ်က္ထုတ္သြားခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကတာျဖစ္ပါတယ္။

ကစားအား မရွိတဲ့ ဘန္ဝႈိက္ကို တိုမီယာစုနဲ႔ ေစာေစာစီးစီး လဲရမယ့္အစား ဆက္ထားခဲ့တာက ဆာကာကို အထီးက်န္သြားေစခဲ့ၿပီး အလုပ္မျဖစ္ခဲ့သလို ဒုတိယပိုင္းမွာလည္း လုပ္စားမရတဲ့ အာဆင္နယ္တို႔အေနနဲ႔ ခ်ာကာကို ထုတ္ရမယ့္ေနရာမွာ ပါေတးနဲ႔ မာတီနယ္လီအစား ေဂ်ာ္ဂ်င္ညိဳနဲ႔ ထေရာ့ဆတ္ကို လဲလိုက္ရာမွာေတာ့ ခ်က္ခ်င္းပဲ ငါးပါးေမွာက္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ အဲဗာတန္တို႔ ဂိုးရသြားခဲ့ၿပီး ေထာင့္ကန္ေဘာကေန မက္နီးလ္ ကန္ပို႔ေပးတာကို တာေကာ့ဗ္စကီးက ေအာ္ဒီဂြါဒ္ တြန္းထားတဲ့ၾကားက ေခါင္းတိုက္သြားခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ေနာက္က လိုက္ကစားခဲ့ရၿပီး တကယ္လို႔ ဒီဂိုးမွာ အဖ်က္ကို ႀကိဳးစားတဲ့ ပါေတးနဲ႔ မာတီနယ္လီတို႔ ရွိေနခဲ့ရင္ ဒီေလာက္ အေျခအေန ဆိုးခ်င္မွ ဆိုးသြားႏိုင္မွာလည္းျဖစ္ပါတယ္။

ဂိုးေပးလိုက္ရေပမယ့္ အာဆင္နယ္တို႔ရဲ႕ စိတ္ဓာတ္ေရာ ဆာေလာင္မႈကပါ တက္မလာခဲ့သလို ထေရာ့ဆတ္က လြဲေခ်ာ္ေနခဲ့ၿပီး ေအာ္ဒီဂြါဒ္ကလည္း ေျခစြမ္းပါမလာတဲ့ ႏိုင္လိုစိတ္ တစ္ခုတည္းနဲ႔ ဘာမွ မျဖစ္ခဲ့တာေၾကာင့္ တစ္သင္းလုံး ပိတ္ကစားတဲ့ အဲဗာတန္တို႔ ဖ်က္ထုတ္သြားႏိုင္ခဲ့ၾကၿပီး ဇယားထိပ္က ဘဲေတြ ဘာမွ မတတ္ႏိုင္ဘဲျဖစ္လာခဲ့တာပါ။

အာတီတာရဲ႕ ေအာ္ဒီဂြါဒ္အစား ဗီယာရာကို ထည့္တာက မလိုအပ္ဘဲ တိုက္စစ္ကို က်ဆင္းေစတဲ့ လုပ္ရပ္ျဖစ္ခဲ့သလို စုတ္ျပတ္ေနတဲ့ ဘန္ဝႈိက္အစား ပြဲခ်ိန္ ၈၅ မိနစ္မွာမွ တိုမီယာစုကို ထည့္ခဲ့ေတာ့လည္း ႀကီးႀကီးမားမားေတာ့ တိုးတက္မႈ ရွိမလာခဲ့ဘဲ အဲဗာတန္တို႔ရဲ႕ တစ္သင္းလုံးပိတ္၊ တစ္သင္းလုံးညစ္မႈေတြမွာ အားေပ်ာ့ပ်က္ျပယ္သြားခဲ့ရပါတယ္။

အဲဗာတန္ကစားသမားေတြေရာ ပရိသတ္ေတြပါ တတ္ႏိုင္သမွ် အခ်ိန္ဆြဲမႈေတြေၾကာင့္ နာက်င္အခ်ိန္ပို ၇ မိနစ္အထိ ေပးခဲ့ေပမယ့္ အာဆင္နယ္တို႔ ဘာမွ မတတ္ႏိုင္ခဲ့သလို အေရးဟဲ့ အေၾကာင္းဟဲ့ဆိုရင္ လူလုံးလူဖန္ရွိတဲ့ တိုက္စစ္မႉးမ်ိဳး ရွိမေနတာက သူတို႔ကို အထိနာေစခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ရႈံးနိမ့္ခဲ့ရတာပါ။

ဒီပြဲရလဒ္ေၾကာင့္ တန္းဆင္းဇုန္႐ုန္းေနတဲ့ အဲဗာတန္တို႔အတြက္ အႏိုင္သုံးမွတ္နဲ႔အတူ အဆင့္ ၁၇ ေနရာကို တက္လွမ္းလာႏိုင္ခဲ့သလို အာဆင္နယ္တို႔ကေတာ့ ဒီတစ္ပတ္မွာ မန္စီးတီးတို႔ ႏိုင္ပြဲဆက္ခဲ့မယ္ဆိုရင္ ၂ မွတ္အထိ ကပ္သြားႏိုင္တဲ့ စိုးရိမ္စရာ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ၿပီး နည္းျပ အာတီတာအေနနဲ႔ေတာ့ ပြဲအေပၚ ခ်ဥ္းကပ္မႈေတြမွာ ဒီေန႔ထက္ပို ပါးနပ္ဖို႔လိုေၾကာင္း သင္ခန္းစာရသြားေလာက္ၿပီလို႔ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.