La Liga Match Report

ဗလင်စီယာကို အနိုင်ယူပြီး ဘာစီလိုနာကို အမှတ်ပြန်ကပ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ ရူဒီဂါ၊ နာချို ဖာနန်ဒက်ဇ်နဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ မိုဒရစ်ချ်နဲ့ ဒါနီ စီယာယော့စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာ၊ ဘင်ဇီးမားနဲ့ အဆန်စီယိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဗလင်စီယာတို့ကတော့ ဂိုးသမား မာမာဒက်ရှ်ဗီလီ၊ ခံစစ်မှာ ဂါဘရီယယ်လ် ပေါ်လစ္စတာ၊ ဒီယာခါဘီ၊ ဟိုဆေး ဂါယာနဲ့ ဖူလ်ကီယေးတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဟူဂို ဂီယာမွန်၊ မူဆာနဲ့ အန်ဒရေး အယ်လ်မေးဒါးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာမူ ကက်စတီယေဟို၊ လီနိုနဲ့ ကာဗာနီတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲစကတည်းက အိမ်ရှင်တွေ ဖိကစားခဲ့ပြီး ဗလင်စီယာနောက်ခံလူ ဟိုဆေး ဂါယာရဲ့ မအူမလည် လူကျွံဘောဖမ်းပုံကနေ လွတ်ထွက်သွားတဲ့ အဆန်စီယိုရဲ့ ကန်ချက်ကို မာမာဒက်ရှ်ဗီလီ ကာကွယ်နိုင်ခဲ့လို့ ရီးရဲလ်တို့ စောစောစီးစီး ဂိုးရခွင့်နဲ့ လွဲခဲ့ရသလို ပွဲချိန် ၁၉ မိနစ်မှာတော့ ဘင်ဇီးမားက ဧရိယာထဲမှ နောက်ပေါက်နဲ့ ချန်ထားပေးခဲ့တာကို အဆန်စီယိုပဲ ကြုံးကန်ခဲ့ပေမယ့် ခံစစ်မှူး ဂါဘရီယယ်လ်က လျှောထိုးပိတ်ဆို့သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးသွင်းဖို့ မကြိုးစားဘဲ အသင်းဖော်တွေအတွက် အခွင့်အလမ်းတွေ ရှာဖွေပေးနေတဲ့ ဘင်ဇီးမားရဲ့ ဖန်တီးမှုတွေကို အဆန်စီယိုနဲ့ ဗီနီးရှပ်စ်တို့ အသုံးမချနိုင်ခဲ့လို့ နာကျင်အချိန်ပိုမှာ ထောင့်ကန်ဘောကနေ ရူဒီဂါက ခေါင်းတိုက်ဂိုးသွင်းခဲ့ပေမယ့် သူ့ဆီကို ဘောလုံးမရောက်ခင်မှာပဲ ဘန်ဇီးမားက ဖောင်းဖြစ်နေခဲ့လို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နည်းပြ ဂတ်တူဆိုနဲ့ လမ်းခွဲထားခဲ့လို့ အသင်းရဲ့ သက်တော်ရှည် ယာယီနည်းပြ ဗိုရို ဝင်ကိုင်နေခဲ့ရတဲ့ ဗလင်စီယာတို့အနေနဲ့ ရီးရဲလ်တို့ရဲ့ အောက်မှာသာ ရှိနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း မရဘဲ အခွင့်အရေးတွေ မဖန်တီးတတ်ခဲ့သလို ကောင်တာတွေကပါ အလုပ်ဖြစ်အောင် မကစားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေအနေနဲ့ စိတ်ကြိုက်ကစားခွင့် ရလာခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဗီနီးရှပ်စ်က ဂိုးရှေ့ ချိုးပေးရာမှာ များသွားတဲ့ ဘောလုံးကို ဘင်ဇီးမားက လိုက်လံရယူပြီး ညာတောင်ပံကို ပြန်ချအပေးမှာ လွတ်နေတဲ့ အဆန်စီယိုက ဧရိယာအပြင်ကနေ အဝေးတိုင်ဘက်ကို အပြင်းကန်သွင်းယူနိုင်ခဲ့လို့ ဗလင်စီယာခံစစ်နဲ့ ဂိုးသမားတို့ အငိုက်မိပြီး အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

နှစ်မိနစ်အကြာမှာတော့ ရီးရဲလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဂိုးပေးရအပြီးမှာ ပြန်လည်ချေပနိုင်ဖို့ ကွင်းတဝက်အထိ တက်ကစားနေခဲ့တဲ့ ဗလင်စီယာတို့ကို တန်ပြန်တိုက်စစ်ကနေ ထိုးနှက်နိုင်ခဲ့တာဖြစ်ပြီး ဘင်ဇီးမားက ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ ဗီနီးရှပ်စ်က တောက်လျှောက်ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော အသာအယာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။


ဒီနောက်မှာတော့ ရီးရဲလ်တို့ဘက်က ဘင်ဇီးမား၊ တိုနီ ခရူးစ်နဲ့ မိုဒရစ်ချ်တို့ကို အနားပေးပြီး ရိုဒရီဂို၊ ချွာမင်နီနဲ့ ဗယ်လ်ဗာဒီတို့ကို လူစားလဲခဲ့သလို ဗလင်စီယာတို့ကတော့ ကက်စတီယေဟို၊ အယ်လ်မေးဒါးနဲ့ လီနိုတို့အစား အွန်ဒရေ၊ မိုရီဘာနဲ့ တိုနီ လာတိုတို့ကို ထည့်ပြီး ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၇၂ မိနစ်မှာ ဗီနီးရှပ်စ်ကို ခြေထိုးခံပြီး သိမ်းရိုက်တဲ့ ဂါဘရီယယ်လ် ပေါ်လစ္စတာ တိုက်ရိုက်အနီထိသွားခဲ့လို့ ပွဲပြီးသလိုဖြစ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ တစ်ယောက်သာသွားတဲ့ ရီးရဲလ်တို့ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား မာမာဒက်ရှ်ဗီလီ လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ မက်ဒရစ်သားတွေ အောင်ပွဲခံသွားခဲ့ပြီး ဘာစီလိုနာနဲ့ အမှတ်ကွာဟမှုကို ၅ မှတ်အထိ လျှော့ချနိုင်ခဲ့ချိန်မှာ နည်းပြမဲ့ ဗလင်စီယာတို့ကတော့ တန်းဆင်းဇုန်နဲ့ တစ်မှတ်သာ ကွာတော့တဲ့ အဆင့် ၁၄ နေရာကို ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အယ္ဒါ မီလီတို၊ ႐ူဒီဂါ၊ နာခ်ိဳ ဖာနန္ဒက္ဇ္နဲ႔ ကာမာဗင္ဂါတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုနီ ခ႐ူးစ္၊ မိုဒရစ္ခ်္နဲ႔ ဒါနီ စီယာေယာ့စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ဘင္ဇီးမားနဲ႔ အဆန္စီယိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဗလင္စီယာတို႔ကေတာ့ ဂိုးသမား မာမာဒက္ရွ္ဗီလီ၊ ခံစစ္မွာ ဂါဘရီယယ္လ္ ေပၚလစၥတာ၊ ဒီယာခါဘီ၊ ဟိုေဆး ဂါယာနဲ႔ ဖူလ္ကီေယးတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟူဂို ဂီယာမြန္၊ မူဆာနဲ႔ အန္ဒေရး အယ္လ္ေမးဒါးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာမူ ကက္စတီေယဟို၊ လီႏိုနဲ႔ ကာဗာနီတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲစကတည္းက အိမ္ရွင္ေတြ ဖိကစားခဲ့ၿပီး ဗလင္စီယာေနာက္ခံလူ ဟိုေဆး ဂါယာရဲ႕ မအူမလည္ လူကြၽံေဘာဖမ္းပုံကေန လြတ္ထြက္သြားတဲ့ အဆန္စီယိုရဲ႕ ကန္ခ်က္ကို မာမာဒက္ရွ္ဗီလီ ကာကြယ္ႏိုင္ခဲ့လို႔ ရီးရဲလ္တို႔ ေစာေစာစီးစီး ဂိုးရခြင့္နဲ႔ လြဲခဲ့ရသလို ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ဘင္ဇီးမားက ဧရိယာထဲမွ ေနာက္ေပါက္နဲ႔ ခ်န္ထားေပးခဲ့တာကို အဆန္စီယိုပဲ ႀကဳံးကန္ခဲ့ေပမယ့္ ခံစစ္မႉး ဂါဘရီယယ္လ္က ေလွ်ာထိုးပိတ္ဆို႔သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂိုးသြင္းဖို႔ မႀကိဳးစားဘဲ အသင္းေဖာ္ေတြအတြက္ အခြင့္အလမ္းေတြ ရွာေဖြေပးေနတဲ့ ဘင္ဇီးမားရဲ႕ ဖန္တီးမႈေတြကို အဆန္စီယိုနဲ႔ ဗီနီးရွပ္စ္တို႔ အသုံးမခ်ႏိုင္ခဲ့လို႔ နာက်င္အခ်ိန္ပိုမွာ ေထာင့္ကန္ေဘာကေန ႐ူဒီဂါက ေခါင္းတိုက္ဂိုးသြင္းခဲ့ေပမယ့္ သူ႔ဆီကို ေဘာလုံးမေရာက္ခင္မွာပဲ ဘန္ဇီးမားက ေဖာင္းျဖစ္ေနခဲ့လို႔ ဂိုးမရွိသေရရလဒ္ ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း နည္းျပ ဂတ္တူဆိုနဲ႔ လမ္းခြဲထားခဲ့လို႔ အသင္းရဲ႕ သက္ေတာ္ရွည္ ယာယီနည္းျပ ဗို႐ို ဝင္ကိုင္ေနခဲ့ရတဲ့ ဗလင္စီယာတို႔အေနနဲ႔ ရီးရဲလ္တို႔ရဲ႕ ေအာက္မွာသာ ရွိေနခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈလည္း မရဘဲ အခြင့္အေရးေတြ မဖန္တီးတတ္ခဲ့သလို ေကာင္တာေတြကပါ အလုပ္ျဖစ္ေအာင္ မကစားႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြအေနနဲ႔ စိတ္ႀကိဳက္ကစားခြင့္ ရလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဗီနီးရွပ္စ္က ဂိုးေရွ႕ ခ်ိဳးေပးရာမွာ မ်ားသြားတဲ့ ေဘာလုံးကို ဘင္ဇီးမားက လိုက္လံရယူၿပီး ညာေတာင္ပံကို ျပန္ခ်အေပးမွာ လြတ္ေနတဲ့ အဆန္စီယိုက ဧရိယာအျပင္ကေန အေဝးတိုင္ဘက္ကို အျပင္းကန္သြင္းယူႏိုင္ခဲ့လို႔ ဗလင္စီယာခံစစ္နဲ႔ ဂိုးသမားတို႔ အငိုက္မိၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ႏွစ္မိနစ္အၾကာမွာေတာ့ ရီးရဲလ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဂိုးေပးရအၿပီးမွာ ျပန္လည္ေခ်ပႏိုင္ဖို႔ ကြင္းတဝက္အထိ တက္ကစားေနခဲ့တဲ့ ဗလင္စီယာတို႔ကို တန္ျပန္တိုက္စစ္ကေန ထိုးႏွက္ႏိုင္ခဲ့တာျဖစ္ၿပီး ဘင္ဇီးမားက ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ ဗီနီးရွပ္စ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ အသာအယာ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။


ဒီေနာက္မွာေတာ့ ရီးရဲလ္တို႔ဘက္က ဘင္ဇီးမား၊ တိုနီ ခ႐ူးစ္နဲ႔ မိုဒရစ္ခ်္တို႔ကို အနားေပးၿပီး ႐ိုဒရီဂို၊ ခြၽာမင္နီနဲ႔ ဗယ္လ္ဗာဒီတို႔ကို လူစားလဲခဲ့သလို ဗလင္စီယာတို႔ကေတာ့ ကက္စတီေယဟို၊ အယ္လ္ေမးဒါးနဲ႔ လီႏိုတို႔အစား အြန္ဒေရ၊ မိုရီဘာနဲ႔ တိုနီ လာတိုတို႔ကို ထည့္ၿပီး ဂိုးျပန္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္ ၇၂ မိနစ္မွာ ဗီနီးရွပ္စ္ကို ေျခထိုးခံၿပီး သိမ္း႐ိုက္တဲ့ ဂါဘရီယယ္လ္ ေပၚလစၥတာ တိုက္႐ိုက္အနီထိသြားခဲ့လို႔ ပြဲၿပီးသလိုျဖစ္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ တစ္ေယာက္သာသြားတဲ့ ရီးရဲလ္တို႔ ဂိုးထပ္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမား မာမာဒက္ရွ္ဗီလီ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ မက္ဒရစ္သားေတြ ေအာင္ပြဲခံသြားခဲ့ၿပီး ဘာစီလိုနာနဲ႔ အမွတ္ကြာဟမႈကို ၅ မွတ္အထိ ေလွ်ာ့ခ်ႏိုင္ခဲ့ခ်ိန္မွာ နည္းျပမဲ့ ဗလင္စီယာတို႔ကေတာ့ တန္းဆင္းဇုန္နဲ႔ တစ္မွတ္သာ ကြာေတာ့တဲ့ အဆင့္ ၁၄ ေနရာကို ေရာက္ရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.