Bundesliga

ဂွါဒီယိုလာ နောင်တရသွားအောင် လုပ်ပြဖို့ ၁၇ မိနစ်ပဲ အချိန်ယူခဲ့တဲ့ ကန်ဆယ်လို

ဂျာအို ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်ပွဲဦးထွက်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး အကျိုးသက်ရောက်မှုပြသဖို့ အချိန်မဖြုန်းတီးခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာရဲ့ နေရာပေးခြင်းမခံခဲ့ရတဲ့နောက် ယခုရာသီကုန်တဲ့အထိ မန်ချက်စတာစီးတီးကနေ ဂျာမန်ထိပ်သီးအသင်းကြီးဆီ အငှားထွက်ကစားခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါအသင်းကြီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်ရက်မှာပဲ ကန်ဆယ်လိုဟာ DFB ပိုကယ်ဖလားပွဲစဉ်အဖြစ် မိုင့်ဇ်နဲ့ ဗုဒ္ဓဟူးနေ့ည ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးပွဲထွက်ကစားခွင့် ပေးအပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တူဂီနောက်ခံတောင်ပံကစားသမားဟာ အလွန်ကောင်းမွန်တဲ့ ဖန်တီးပေးပို့မှုနဲ့ ချူပို-မိုတင်းအတွက် ဂိုးဖန်တီးပေးပြီး ပွဲအပေါ် အကျိုးသက်ရောက်မှု ပြသနိုင်ဖို့အတွက် ၁၇ မိနစ်သာ အချိန်လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဂျာအို ကန်ဆယ်လိုဟာ ညာတောင်ပံကနေ ဘောလုံးကို လက်ခံရယူခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ပေးပို့မှုနဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကြယ်ပွင့်ဟောင်းဟာ ပင်နယ်တီဧရိယာထဲကို တိကျသေသပ်တဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ချူပို-မိုတင်းက ဘယ်ခြေနဲ့ ထောင့်ကျဉ်းအနေအထားကနေ ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဂျမဲလ် မူစီအားလားနဲ့ ဆာနေးတို့က ပထမပိုင်း မပြီးဆုံးခင်မှာ နောက်ထပ် ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး အယ်လ်ဖွန်ဆို ဒေးဗီးစ်က ၈၃ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မိုင့်ဇ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မူစီအားလားက ကန်ဆယ်လိုကို ချီးကျူးပြောဆိုခဲ့ပြီး “သူက တကယ်ကို ကောင်းကောင်း အံဝင်ပါတယ်။ သူက နည်းစနစ်ပိုင်းကောင်းမွန်တယ်။ သူ့ရဲ့ ဖြတ်တင်ပေးပို့မှုတွေက ထူးခြားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ နည်းပြ နာဂယ်စ်မန်းကလည်း “ဂျာအိုက အရမ်းကောင်းမွန်တဲ့ပွဲကို ကစားခဲ့ပါတယ်။ သူက အရမ်းဖန်တီးမှုကောင်းခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ပေးပို့မှုအချို့နဲ့ ဖြတ်တင်ဘောတွေကို ပြုလုပ်ခဲ့တယ်။ အရမ်းကောင်းမွန်တဲ့ ပြေးလွှားမှုတွေလည်း လုပ်ခဲ့ပါတယ်”

“သူက ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးလက်အောက်မှာ ကစားခဲ့တာပါ။ ကျွန်တော် သူ့ကို ကစားနေကျအတိုင်းပဲ ကစားဖို့နဲ့ အများကြီး မစဉ်းစားဖို့ပဲ ပြောခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဂ်ာအို ကန္ဆယ္လိုဟာ ဘိုင္ယန္ျမဴးနစ္ပြဲဦးထြက္ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ၿပီး အက်ိဳးသက္ေရာက္မႈျပသဖို႔ အခ်ိန္မျဖဳန္းတီးခဲ့တာျဖစ္ပါတယ္။

ကန္ဆယ္လိုဟာ အစ္တီဟတ္မွာ ဂြါဒီယိုလာရဲ႕ ေနရာေပးျခင္းမခံခဲ့ရတဲ့ေနာက္ ယခုရာသီကုန္တဲ့အထိ မန္ခ်က္စတာစီးတီးကေန ဂ်ာမန္ထိပ္သီးအသင္းႀကီးဆီ အငွားထြက္ကစားခဲ့တာ ျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါအသင္းႀကီးကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ တစ္ရက္မွာပဲ ကန္ဆယ္လိုဟာ DFB ပိုကယ္ဖလားပြဲစဥ္အျဖစ္ မိုင့္ဇ္နဲ႔ ဗုဒၶဟူးေန႔ည ကစားခဲ့တဲ့ပြဲစဥ္မွာ ပထမဆုံးပြဲထြက္ကစားခြင့္ ေပးအပ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

ေပၚတူဂီေနာက္ခံေတာင္ပံကစားသမားဟာ အလြန္ေကာင္းမြန္တဲ့ ဖန္တီးေပးပို႔မႈနဲ႔ ခ်ဴပို-မိုတင္းအတြက္ ဂိုးဖန္တီးေပးၿပီး ပြဲအေပၚ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔အတြက္ ၁၇ မိနစ္သာ အခ်ိန္လိုအပ္ခဲ့တာျဖစ္ပါတယ္။ ဂ်ာအို ကန္ဆယ္လိုဟာ ညာေတာင္ပံကေန ေဘာလုံးကို လက္ခံရယူခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

မန္စီးတီးၾကယ္ပြင့္ေဟာင္းဟာ ပင္နယ္တီဧရိယာထဲကို တိက်ေသသပ္တဲ့ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ခ်ဴပို-မိုတင္းက ဘယ္ေျခနဲ႔ ေထာင့္က်ဥ္းအေနအထားကေန ပိတ္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ဂ်မဲလ္ မူစီအားလားနဲ႔ ဆာေနးတို႔က ပထမပိုင္း မၿပီးဆုံးခင္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြကို သြင္းယူေပးခဲ့ၿပီး အယ္လ္ဖြန္ဆို ေဒးဗီးစ္က ၈၃ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

မိုင့္ဇ္ကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ မူစီအားလားက ကန္ဆယ္လိုကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး “သူက တကယ္ကို ေကာင္းေကာင္း အံဝင္ပါတယ္။ သူက နည္းစနစ္ပိုင္းေကာင္းမြန္တယ္။ သူ႔ရဲ႕ ျဖတ္တင္ေပးပို႔မႈေတြက ထူးျခားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ နည္းျပ နာဂယ္စ္မန္းကလည္း “ဂ်ာအိုက အရမ္းေကာင္းမြန္တဲ့ပြဲကို ကစားခဲ့ပါတယ္။ သူက အရမ္းဖန္တီးမႈေကာင္းခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈအခ်ိဳ႕နဲ႔ ျဖတ္တင္ေဘာေတြကို ျပဳလုပ္ခဲ့တယ္။ အရမ္းေကာင္းမြန္တဲ့ ေျပးလႊားမႈေတြလည္း လုပ္ခဲ့ပါတယ္”

“သူက ကမာၻေပၚက အေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးလက္ေအာက္မွာ ကစားခဲ့တာပါ။ ကြၽန္ေတာ္ သူ႔ကို ကစားေနက်အတိုင္းပဲ ကစားဖို႔နဲ႔ အမ်ားႀကီး မစဥ္းစားဖို႔ပဲ ေျပာခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.