Premier League

အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ ကြီးမားတဲ့ခေါ်ယူမှုလုပ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနဲ့ ပက် ဂွါဒီယိုလာတို့ဟာ အလွန်ရည်မှန်းချက်ကြီးမားတဲ့ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့ အငှားခေါ်ယူမှုကို ပြုလုပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ လှုပ်ရှားမှု မရှိခဲ့ဘဲ ဂျာအို ကန်ဆယ်လိုကို ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားချခဲ့တာသာ သိသာထင်ရှားတဲ့ လှုပ်ရှားမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်နောက်ခံလူဟာ ကမ္ဘာ့ဖလားကနေ ပြန်လာပြီးနောက်ပိုင်းကတည်းက ပွဲကစားချိန်မရခဲ့တဲ့အပေါ်မှာ မပျော်မရွှင်ဖြစ်လာခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၆၁ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ နေသန် အာကီ၊ ဆာဂီယို ဂိုးမက်ဇ်နဲ့ လာပေါ့တ်တို့ ဘယ်နောက်ခံနေရာအတွက် ရွေးချယ်စရာ ရှိနေတာကြောင့် ကန်ဆယ်လိုရဲ့နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီး The Athletic သတင်းထောက် ဆမ် လီးက ‘Why Always Us’ Podcast မှာ စီးတီးရဲ့ အပြီးသတ်ဝယ်ယူခွင့်နဲ့ အငှားခေါ်ယူမှုအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်စတာစီးတီးဟာ ၎င်းတို့ရဲ့ အဓိကဖန်တီးမှုပြုလုပ်ပေးနေတဲ့ ကစားသမားကို ဆုံးရှုံးလိုခြင်းမရှိတာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာာဖြစ်ပါတယ်။ “ကျွန်တော့် ကွန်ပျူတာမှာ iMessage တစ်ခုရခဲ့ပြီး အဲဒီထဲမှာ ‘စီးတီးက ဒီနေ့(အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့)မှာ မက်ဒီဆင်ကို ခေါ်ယူနိုင်မယ်ဆိုရင် ခေါ်လိမ့်မယ်။ လက်စတာကို အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ အငှားနဲ့ ကမ်းလှမ်းထားတယ်။ တုံ့ပြန်မှုကတော့ ဟင့်အင်းပါတဲ့’လို့ ရေးထားတယ်”လို့ ဆမ် လီးက ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဘာနာဒို ဆေးလ်ဗားနဲ့ ဂန်ဒိုဝမ်တို့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေဆဲဖြစ်တာကြောင့် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ နောဝစ်ချ်စီးတီးကြယ်ပွင့်ဟောင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ ခေါ်ယူမှု ပြုလုပ်ဖို့အတွက် စိတ်ဝင်စားနေခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနဲ႔ ပက္ ဂြါဒီယိုလာတို႔ဟာ အလြန္ရည္မွန္းခ်က္ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔ အငွားေခၚယူမႈကို ျပဳလုပ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာ လႈပ္ရွားမႈ မရွိခဲ့ဘဲ ဂ်ာအို ကန္ဆယ္လိုကို ဘိုင္ယန္ျမဴးနစ္အသင္းဆီ အငွားခ်ခဲ့တာသာ သိသာထင္ရွားတဲ့ လႈပ္ရွားမႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ေနာက္ခံလူဟာ ကမာၻ႔ဖလားကေန ျပန္လာၿပီးေနာက္ပိုင္းကတည္းက ပြဲကစားခ်ိန္မရခဲ့တဲ့အေပၚမွာ မေပ်ာ္မ႐ႊင္ျဖစ္လာခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္အသင္းကို ေပါင္ ၆၁ သန္းနဲ႔ အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ေနသန္ အာကီ၊ ဆာဂီယို ဂိုးမက္ဇ္နဲ႔ လာေပါ့တ္တို႔ ဘယ္ေနာက္ခံေနရာအတြက္ ေ႐ြးခ်ယ္စရာ ရွိေနတာေၾကာင့္ ကန္ဆယ္လိုရဲ႕ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းဟာ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆင္အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး The Athletic သတင္းေထာက္ ဆမ္ လီးက ‘Why Always Us’ Podcast မွာ စီးတီးရဲ႕ အၿပီးသတ္ဝယ္ယူခြင့္နဲ႔ အငွားေခၚယူမႈအေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လက္စတာစီးတီးဟာ ၎တို႔ရဲ႕ အဓိကဖန္တီးမႈျပဳလုပ္ေပးေနတဲ့ ကစားသမားကို ဆုံးရႈံးလိုျခင္းမရွိတာေၾကာင့္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာာျဖစ္ပါတယ္။ “ကြၽန္ေတာ့္ ကြန္ပ်ဴတာမွာ iMessage တစ္ခုရခဲ့ၿပီး အဲဒီထဲမွာ ‘စီးတီးက ဒီေန႔(အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔)မွာ မက္ဒီဆင္ကို ေခၚယူႏိုင္မယ္ဆိုရင္ ေခၚလိမ့္မယ္။ လက္စတာကို အၿပီးသတ္ဝယ္ယူခြင့္ပါတဲ့ အငွားနဲ႔ ကမ္းလွမ္းထားတယ္။ တုံ႔ျပန္မႈကေတာ့ ဟင့္အင္းပါတဲ့’လို႔ ေရးထားတယ္”လို႔ ဆမ္ လီးက ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂန္ဒိုဝမ္တို႔ရဲ႕ အနာဂတ္ဟာ မေရမရာျဖစ္ေနဆဲျဖစ္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ေဈးကြက္ ေနာက္ဆုံးေန႔မွာ ေနာဝစ္ခ်္စီးတီးၾကယ္ပြင့္ေဟာင္းကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ ေခၚယူမႈ ျပဳလုပ္ဖို႔အတြက္ စိတ္ဝင္စားေနခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.