Premier League
မန်ချက်စတာကြယ်ပွင့် ၂ ဦးလောက်တောင် မကောင်းတဲ့သူလို့ ဝေဖန်ခံခဲ့ရတဲ့ အန်ဇို ဖာနန်ဒက်ဇ်
လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဒန်နီ မာဖီက ချဲလ်ဆီးအသင်းဟာ အန်ဇို ဖာနန်ဒက်ဇ်ကို ဈေးကြီးပေးဝယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြိး မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးကွင်းလယ်ကစားသမား ၂ ဦးက ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ထက် ပိုမိုကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီအသင်းဟာ အာဂျင်တီးနားကွင်းလယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ကို အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဘင်ဖီကာအသင်းကနေ ပေါင် ၁၀၆ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဗြိတိန်ဘောလုံးလောကမှာ ဈေးအကြီးဆုံးကစားသမားခေါ်ယူမှု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘင်ဖီကာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်လည်း အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ကမ္ဘာပေါ်က စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဖာနန်ဒက်ဇ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၈ နှစ်ခွဲ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအတွက် အဓိကကစားသမားတစ်ဦးအဖြစ် တိုးတက်လာအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဒန်နီ မာဖီက ဖာနန်ဒက်ဇ်ဟာ ကစားသမားကောင်းလို့ ယုံကြည်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ကာစီမီရိုနဲ့ မန်စီးတီးကွင်းလယ်ကြယ်ပွင့် ရိုဒရီတို့နဲ့ တူညီတဲ့အဆင့်အတန်းမှာ မရှိတာကြောင့် ပေါင်သန်း ၁၀၀ မတန်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ချဲလ်ဆီးက ကစားသမားတွေအတွက် ဈေးပိုပေးနေပါတယ်။ ကျွန်တော် သူတို့ရဲ့ ပထမပွဲထွက် ၁၁ ဦးကစားသမားအများစုက မန်စီးတီးအသင်း အနီးအနားလောက်တောင် ရှိတယ်လို့ မထင်ပါဘူး။ ကျွန်တော် အန်ဇို ဖာနန်ဒက်ဇ်ကစားတာကို တိုက်ရိုက်ကြည့်ရှုခဲ့ပြီး သူက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် သူက ပေါင်သန်း ၁၀၀ မတန်ပါဘူး”
“သူတို့တွေ လုံးဝကို ဈေးကြီးပေးခဲ့တာပါ။ သူက ကွင်းလယ်ကစားသမားကောင်းပါ။ သူက လျင်မြန်ပါတယ်။ သူက ငယ်ရွယ်တယ်။ သူက ဘောလုံးကစားတာကောင်းပြီး ရဲရင့်တယ်။ ဒါပေမယ့် သူက ကာစီမီရိုမဟုတ်ဘူး။ သူက ရိုဒရီမဟုတ်ဘူး။ သူတို့တွေက ကစားသမားတွေအပေါ်မှာ အလွန်အကျွံငွေကြေးသုံးစွဲနေတယ်။ ကလပ်အသင်းတွေက ချဲလ်ဆီးရောက်လာတာကို မြင်တာနဲ့ ဈေးတင်တော့တာပဲ”လို့ ပြောကြားခဲ့ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဖာနန်ဒက်ဇ်ဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ၈ နှစ်ခွဲ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအတွက် အဓိကကစားသမားတစ်ဦးအဖြစ် တိုးတက်လာအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
SPORTS A2Z.