ဘရူနို ဂီမာရေးစ်ဟာ ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ကြောက်မက်ဖွယ် ဖျက်ထုတ်မှုကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
အက်ဒီ ဟောင်းရဲ့အသင်းဟာ ၇၃ မိနစ်မှာ ဂျိုလင်တန်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ကာရာဘောင်းဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ကျဉ်းမြောင်းတဲ့ဦးဆောင်မှုနဲ့အတူ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဒုတိယပွဲစဉ်မှာ နယူးကာဆယ်လ်ဟာ ရှောင် လောင်းစတက်ဖ်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် သက်တောင့်သက်သာနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၈၁ မိနစ်မှာ နယူးကာဆယ်လ် ယူနိုက်တက်အသင်းအတွက်အရာအားလုံးက ဆိုးရွားတဲ့အခြေအနေကို ပြောင်းလဲသွားခဲ့တာဖြစ်ပြီး ဘရူနို ဂီမာရေးစ်ဟာ ဆမ်မြူရယ် အီဒိုဇီကို ကြောက်မက်ဖွယ်ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကွင်းလယ်ဒိုင် ပေါလ် တီယာနီဟာ ၎င်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့အတွက် VAR မော်နီတာကို သွားရောက်ကြည့်ရှုဖို့ အကြံပေးခြင်းခံခဲ့ရပြီး ရုပ်သံအနှေးပြကွက်ကို ကြည့်ရှုခဲ့ပြီးနောက် တီယာနီက ဂီမာရေးစ်ကို အဝါကတ်ပြသခဲ့တဲ့ ကနဦး ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်အများစုဟာ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်အနေနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို လွဲချော်တော့မယ်လို့ ထင်ခဲ့ကြပေမယ့်လည်း စည်းမျဉ်းအရ ဂီမာရေးစ်ဟာ နယူးကာဆယ်လ်ရဲ့ လာမယ့် ၃ ပွဲဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ လီဗာပူးလ်အသင်းတို့နဲ့ ပွဲစဉ်တွေကိုသာ လွဲချော်မှာ ဖြစ်ပြီး ဝင်ဘလေကို သွားရောက်ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ပါဝင်ကစားပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
စည်းမျဉ်းအရ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ပြသတဲ့အနီကတ်ဟာ ကစားသမားတွေကို ပြည်တွင်းပြိုင်ပွဲအားလုံးမှာ ပွဲပယ်ပြစ်ဒဏ်ကျခံစေမှာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီအတွင်း စည်းမျဉ်းတွေကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အဝါကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမှုသာ သီးခြားပြိုင်ပွဲမှာ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပေမယ့်လည်း အနီကတ်ကတော့ ပြိုင်ပွဲစုံမှာ အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အတွင်း ဆောက်သမ်တန် နောက်ခံလူ ကလီတာ-ကားဟာ အဝါကတ် ပြသခံရနိုင်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ဒိုင်လူကြီးရဲ့ အနီကတ်ပြသခြင်းခံခဲ့ရပြီး စည်းမျဉ်းအရ ခရိုအေးရှားနောက်ခံလူဟာ ဆောက်သမ်တန်ရဲ့ ဘလက်ပူးလ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်ခဲ့ပြီး နယူးကာဆယ်လ်နဲ့ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မျာ ပြန်လည်ပါဝင်နိုင်ခဲ့ပေမယ့်လည်း အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။
နယူးကာဆယ်လ်အသင်းဟာ ယနေ့ည မန်ချက်စတာယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ လာမယ့်လ ဝင်ဘလေက ကာရာဘောင်းဖလားဗိုလ်လုပွဲအတွက် ပြိုင်ဘက်ကို သိရှိရတော့မှာဖြစ်ပြီး တန်ဟက်ရဲ့အသင်းက ပထမအကျော့မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲတက်နိုင်ဖို့ သေချာသလောက်ရှိနေတာဖြစ်ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဘ႐ူႏို ဂီမာေရးစ္ဟာ ကာရာေဘာင္း ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ေဆာက္သမ္တန္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္မႈေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္။
အက္ဒီ ေဟာင္းရဲ႕အသင္းဟာ ၇၃ မိနစ္မွာ ဂ်ိဳလင္တန္က တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ကာရာေဘာင္းဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ကို က်ဥ္းေျမာင္းတဲ့ဦးေဆာင္မႈနဲ႔အတူ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ဒုတိယပြဲစဥ္မွာ နယူးကာဆယ္လ္ဟာ ေရွာင္ ေလာင္းစတက္ဖ္ရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ သက္ေတာင့္သက္သာနဲ႔ ကာရာေဘာင္းဖလား ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ၈၁ မိနစ္မွာ နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းအတြက္အရာအားလုံးက ဆိုး႐ြားတဲ့အေျခအေနကို ေျပာင္းလဲသြားခဲ့တာျဖစ္ၿပီး ဘ႐ူႏို ဂီမာေရးစ္ဟာ ဆမ္ျမဴရယ္ အီဒိုဇီကို ေၾကာက္မက္ဖြယ္ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့တာေၾကာင့္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီဟာ ၎ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္လည္သုံးသပ္ဖို႔အတြက္ VAR ေမာ္နီတာကို သြားေရာက္ၾကည့္ရႈဖို႔ အႀကံေပးျခင္းခံခဲ့ရၿပီး ႐ုပ္သံအေႏွးျပကြက္ကို ၾကည့္ရႈခဲ့ၿပီးေနာက္ တီယာနီက ဂီမာေရးစ္ကို အဝါကတ္ျပသခဲ့တဲ့ ကနဦး ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ၿပီး တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။
ပရိသတ္အမ်ားစုဟာ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္အေနနဲ႔ ကာရာေဘာင္းဖလား ဗိုလ္လုပြဲကို လြဲေခ်ာ္ေတာ့မယ္လို႔ ထင္ခဲ့ၾကေပမယ့္လည္း စည္းမ်ဥ္းအရ ဂီမာေရးစ္ဟာ နယူးကာဆယ္လ္ရဲ႕ လာမယ့္ ၃ ပြဲျဖစ္တဲ့ ဝက္စ္ဟမ္း၊ ဘုန္းေမာက္၊ လီဗာပူးလ္အသင္းတို႔နဲ႔ ပြဲစဥ္ေတြကိုသာ လြဲေခ်ာ္မွာ ျဖစ္ၿပီး ဝင္ဘေလကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ကာရာေဘာင္းဖလား ဗိုလ္လုပြဲမွာ ပါဝင္ကစားေပးႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
စည္းမ်ဥ္းအရ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ျပသတဲ့အနီကတ္ဟာ ကစားသမားေတြကို ျပည္တြင္းၿပိဳင္ပြဲအားလုံးမွာ ပြဲပယ္ျပစ္ဒဏ္က်ခံေစမွာျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ရာသီအတြင္း စည္းမ်ဥ္းေတြကို ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။
အဲဒါေၾကာင့္ အဝါကတ္ေၾကာင့္ ပြဲပယ္ျပစ္ဒဏ္က်ခံရမႈသာ သီးျခားၿပိဳင္ပြဲမွာ အက်ိဳးသက္ေရာက္မႈရွိမွာျဖစ္ေပမယ့္လည္း အနီကတ္ကေတာ့ ၿပိဳင္ပြဲစုံမွာ အက်ိဳးသက္ေရာက္မႈ ရွိမွာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့အပတ္က ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္အတြင္း ေဆာက္သမ္တန္ ေနာက္ခံလူ ကလီတာ-ကားဟာ အဝါကတ္ ျပသခံရႏိုင္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈ ၂ ႀကိမ္ျပဳလုပ္ခဲ့ၿပီးေနာက္ ဒိုင္လူႀကီးရဲ႕ အနီကတ္ျပသျခင္းခံခဲ့ရၿပီး စည္းမ်ဥ္းအရ ခ႐ိုေအးရွားေနာက္ခံလူဟာ ေဆာက္သမ္တန္ရဲ႕ ဘလက္ပူးလ္ကို ၂-၁ နဲ႔အႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီး နယူးကာဆယ္လ္နဲ႔ ကစားခဲ့တဲ့ ဒုတိယအေက်ာ့ပြဲစဥ္မ်ာ ျပန္လည္ပါဝင္ႏိုင္ခဲ့ေပမယ့္လည္း အရန္ခုံမွာသာ ထိုင္ေနခဲ့ရတာျဖစ္ပါတယ္။
နယူးကာဆယ္လ္အသင္းဟာ ယေန႔ည မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ လာမယ့္လ ဝင္ဘေလက ကာရာေဘာင္းဖလားဗိုလ္လုပြဲအတြက္ ၿပိဳင္ဘက္ကို သိရွိရေတာ့မွာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းက ပထမအေက်ာ့မွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ဗိုလ္လုပြဲတက္ႏိုင္ဖို႔ ေသခ်ာသေလာက္ရွိေနတာျဖစ္ပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.